မြန်မာဘိလိယက်အဖွဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမားရွေးချယ် ပုံ - ဘိလိယက်လက်ရွေးစင် မင်းစည်သူထွန်း ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်) မြန်မာဘိလိယက်အဖွဲ့သည် (၂၉) ကြိမ်မြောက် မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမားများ ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ မြန်မာဘိလိယက်အဖွဲ့သည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဘိလိယက်ပြိုင်ပွဲအပြင် စနူကာပြိုင်ပွဲ၊ 9 Ball အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲများတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာဘိလိယက်အဖွဲ့သည် လူရွေးပွဲများပြုလုပ်ပြီးနောက် အပြီးသတ်လူရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် အသစ်ပြန်လည်ဖွဲ့စည်းပြီး နောက်ပိုင်းဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရန် ပြင်ဆင်လျက်ရှိပြီး ဘိလိယက်ပြိုင်ပွဲ၌ လေးဦး၊ စနူကာပြိုင်ပွဲ၌ သုံးဦး၊ 9 Ball ပြိုင်ပွဲ၌ အမျိုးသားသုံးဦး၊ အမျိုးသမီးနှစ်ဦး ရွေးချယ်ထားသည်။ မြန်မာဘိလိယက်အဖွဲ့သည် ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတစ်ခု၊ ငွေလေးခု၊ ကြေးသုံးခု ဆွတ်ခူးရရှိခဲ့ပြီး ရွှေတံဆိပ်ဆုကို အောင်ဌေးနှင့် မင်းစည်သူထွန်းအတွဲက နာမည်ကြီးကစားသမားဖြစ်သူ စင်ကာပူမှ ပီတာဂေးလ်ခရစ်အတွဲကို အနိုင်ယူကာ ရရှိခဲ့ခြင်းဖြစ်သည်။
Source : http://ift.tt/2sT9UqJ
via IFTTT
No comments:
Post a Comment