အခွန်ဆောင်နိုင်သည့် ၀င်ငွေမရှိသဖြင့် ကြိုတင်၀င်ငွေခွန် ထမ်းရမည့် စာရင်းတွင် မပါ၀င်ဟု တာဝန်ရှိသူပြော မြန်မာနိုင်ငံမှ တောင်သူလယ်သမား အများစုသည် အခွန်စည်းကြပ်နိုင်သည့် ၀င်ငွေအဆင့်တွင် မရှိသောကြောင့် ကြိုတင်၀င်ငွေခွန် ထမ်း ဆောင်ရမည့်စာရင်း၌ မပါ၀င်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဇွန်လ ၂ ရက်တွင် ပြောသည်။ မြန်မာနိုင်ငံမှ လယ်သမားအများစု၏ တစ် နှစ်၀င်ငွေသည် ၀င်ငွေခွန်ဥပဒေတွင်ပြဋ္ဌာန်းထား သည့် အခွန်စည်းကြပ်ရမည့်ပမာဏ၌ မပါ၀င် ခြင်းကြောင့် အခွန်ကောက်ခံမည်မဟုတ်ဟု ၎င်းက ဆိုသည်။ လယ်သမားများအား အခွန်စည်းကြပ်နိုင် သည့် ၀င်ငွေအဆင့်ကို ပြည်တွင်းအခွန်များဦးစီး ဌာနက သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ဦးမင်း ထွဋ်က ‘‘လယ်သမားတစ်ဦးက တစ်နှစ်ကို သီးနှံ ရောင်းချမှုက သိန်း ၁၀၀ ၀င်ငွေရှိရင်တောင် မျိုးစေ့ဖိုး၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးဖိုး၊ လုပ်အားခတွေ အပါအ၀င် လယ်ယာလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ကုန်ကျစရိတ်တွေ နုတ်ရပါမယ်။ ပြီးတော့ လက်ရှိအခွန်ဥပဒေအရ အခြေခံသက် သာခွင့် ၂၀ ရာခိုင်နှုန်းကိုလည်း ဖယ်ထုတ်ရမယ်။ ဒါ့အပြင် လယ်သမားမှာ ဇနီးရှိလျှင် ၁၀ သိန်း၊ အဖေ၊ အမေတစ်ဦးဦးရှိလျှင် ၁၀၊သားသမီးတစ်ဦးရှိလျှင် ၅ သိန်း ဒါတွေနုတ်ပယ်ရမယ်။ ဒါမှ နုတ်ပြီးမှ ကျန်တဲ့၀င်ငွေအပေါ်မှာ သိန်း ၂၀ ကျော်မှ အခွန်စကောက်မှာပါ’’ဟု ရှင်းပြသည်။ အခွန်ကောက်ခံရမည်ကို လျှော့ပေါ့ပယ်ဖျက်ပေးခြင်း မရှိ သော်လည်း လယ်သမားများ၏ မူလ၀င်ငွေ အခြေအနေကြောင့် လုပ်ကွက်ငယ်လယ်သမားများထံ မှ ကြိုတင်၀င်ငွေခွန်ကောက်ခံ မည်ဆိုပါက နှစ်ကုန်လျှင် ပြန်ပေး ရမည့် အခြေအနေမျိုးဖြစ်နေသ ဖြင့် စည်းကြပ်ထိုက်သည့် ၀င်ငွေ မျိုးမဟုတ်ကြောင်း ဦးမင်းထွဋ်က ဆက်လက်ပြောကြားသည်။ ၂၀၁၇ တွင် ထုတ်ပြန်ထား သော ပြည်တွင်းအခွန်ဦးစီးဌာန၏ ၁/၂၀၁၇ ၌ ပြည်တွင်းအခွန်များဦးစီးဌာန အသိပေးကြေညာချက် တွင် ပြည်တွင်း၌ မြန်မာကျပ်ငွေဖြင့် ပေးချေမှုများ ကျပ်ငါးသိန်း ကျော်ပါက ပြည်တွင်းနေ နိုင်ငံ သား၊ နိုင်ငံခြားသားများအားလုံး ကြိုတင်၀င်ငွေခွန် ၂ ရာခိုင်နှုန်း ပေးရမည်ဟု သတ်မှတ်ကာ ပြည် ပနေ နိုင်ငံခြားသားများဖြစ်ပါက ၂ ဒသမ ၅ ရာခိုင်နှုန်းပေးရမည် ဟု ဖော်ပြထားသည်။ ၀င်ငွေခွန်အမျိုးအစားတွင် ပါ၀င်သော ပင်ရင်းမှနုတ်ယူပေး သွင်းခွန်(ကြိုတင်၀င်ငွေခွန်) ကို တင်ဒါစနစ်၊ ကန်ထရိုက်စနစ်၊ ဈေးနှုန်းခေါ်ယူသည့်စနစ် (သို့ မဟုတ်) အခြားစနစ်တစ်ခုခုဖြင့် နိုင်ငံတော်အတွင်း ပစ္စည်း၀ယ်ယူ ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်း၊ ၀န်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်း တို့ကို ယင်းအခွန်ပေးဆောင်ရ မည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အသိပေးကြေညာချက်၌ ပါရှိသည်။ ထို့အပြင် စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်၀င်းက လွှတ်တော်တွင် သတင်းမီဒီယာများအား ဖြေကြားချက်တွင် ကြိုတင်ခွန် ၂ ရာခိုင်နှုန်းသည် လက်ရှိတည်ဆဲဥပဒေအတိုင်းဖြစ်ကာ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်မည်ဟု ပြောကြားထားသည်။ ၂ ရာခိုင်နှုန်း ကောက်မည့်အထဲတွင် အကျုံး၀င်ပါက ကောက်ခံမည်ဟု ပြောကြားထားသည်။ သို့သော် လယ်သမားများထံ မှ ၂ ရာခိုင်နှုန်းအခွန်ကောက်ခံမှု ကို အစိုးရထိပ်ပိုင်းခေါင်းဆောင် များက ခေတ္တဆိုင်းငံ့ထားရန် စီ စဉ်နေသည်ဟူသော သတင်းများ ဇွန်လ ၁ ရက်တွင် ထွက်ပေါ် လာသည်။ လယ်ယာထွက်သီးနှံများ ရောင်းချမှုမှ ကြိုတင်၀င်ငွေခွန် ကောက်ခံမည့် အစီအစဉ်ကို တောင်သူလယ်သမားများနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် တာ၀န်ရှိသူများက ၀ေဖန်ခဲ့သည်။
Source : http://ift.tt/2rlMlZ0
via IFTTT
No comments:
Post a Comment