Saturday, June 3, 2017


လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ မဲပေးရွေးချယ် ကုလသမဂ္ဂ၊ ဇွန် ၃ ။ ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင် ဆယ်နိုင်ငံတွင် ခြောက်နိုင်ငံကို နယ်သာလန်၊ ပီရူး၊ အီကွေတာဂီနီ၊ အိုင်ဗရီကို့စ်၊ ကူဝိတ်နှင့် ပိုလန်တို့ကို ကုလသမဂ္ဂက ဇွန် ၂ ရက်တွင် မဲပေးရွေးချယ်သည်။ နယ်သာလန်အနေဖြင့်က ၎င်းနှင့် အီတလီနိုင်ငံတို့ကြား ၂၀၁၆ ခုနှစ်အတွင်းက သဘောတူခဲ့သည့် ၂၀၁၇-၁၈ လုံခြုံရေးကောင်စီအဖွဲ့ဝင်နေရာ လက်လွှဲဆက်ခံရေးကို အထွေထွေညီလာခံက အတည်ပြုလိုက်ခြင်းဖြစ်သည်။ အီတလီနိုင်ငံက လုံခြုံရေးကောင်စီအဖွဲ့ဝင်နေရာကို နယ်သာလန်ထံ လာမည့်နှစ်စတွင် စတင် လက်လွှဲပေးအပ်ရမည်ဖြစ်သည်။ နယ်သာလန်နှင့် အီတလီတို့၏ အဆိုပါ သဘောတူညီမှုအပေါ် အထွေထွေညီလာခံက လက်ခံအတည်ပြုလိုက်ပြီးနောက် ၂၀၁၈-၂၀၁၉ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအဖြစ် ပီရူး၊ အီကွေတာဂီနီ၊ အိုင်ဗရီကို့စ်၊ ကူဝိတ်နှင့် ပိုလန်တို့ကို ထပ်မံရွေးချယ်လိုက်ခြင်းဖြစ်သည်။ http://ift.tt/2souX4e
Source : http://ift.tt/2souX4e
via IFTTT

No comments:

Post a Comment