အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် လူပေါင်း ၅,ဝဝဝ ကျော်သည် နှာခေါင်းကိုညှစ်ကာ လျှာကို ထုတ်လျက် ပန်းနာရင်ကျပ်ရောဂါအတွက် ပုံမှန်မဟုတ်သော ကုထုံး ခံယူရန် တန်းစီ စောင့်ဆိုင်းနေကြသည်။ နှစ်စဥ် ဇွန်လတွင် ပန်းနာရင်ကျပ်ရောဂါ ရှိသူများသည် ၎င်းတို့အား အသက်ရှူရ ပိုမိုလွယ်ကူစေရန် အထောက်အကူပြုမည်ဟု မျှော်လင့်လျက် အဝါရောင်ဗိနေ္ဓာဆေးရည်များ သွတ်သွင်းထားသည့် ငါးကလေးများကိုမျိုချရန် အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုက်ဒါရာဘတ်မြို့သို့ စုဝေးရောက်ရှိလာတတ်သည်။ လူးလွန့်နေသည့် ငါးစင်တီမီတာ (နှစ်လက်မ) အရွယ် ငါးကလေးများသည် ထူးဆန်းသော ကုထုံးအဖြစ် လူနာ၏ လည်ချောင်းအတွင်းသို့ ဝင်ရောက်ပြီး လူနာကို ပျို့အန်စေသည်။ အဆိုပါကုထုံးကိုပေးသည့် ဘာသီနီဂေါက်မိသားစုက ငါးသည် ဆင်းသွားရာ လမ်းတစ်လျှောက် လည်ချောင်းကို ရှင်းပစ်ခဲ့သောကြောင့် အခြားအသက်ရှူလမ်းကြောင်း ပြဿနာများနှင့်အတူ ပန်းနာရင်ကျပ်ရောဂါကို အမြစ်ပြတ် ကုသနိုင်သည်ဟု ဆိုသည်။ သို့သော် ဟိန္ဒူသူတော်စင်တစ်ဦးထံမှ ၁၈၄၅ ခုနှစ်က ရရှိခဲ့သည် ဟုဆိုသော ယင်းဆေးနည်းလျှို့ဝှက်ချက်ကို အဆိုပါ မိသားစုက ပြောပြခဲ့ခြင်း မရှိပေ။ ငါးများ လူးလွန့်နေသည့်နေရာတွင် ငိုယိုကာ တွန့်ဆုတ်နေသည့် ကလေးများကို မိဘများက အတင်းအကျပ် ပါးစပ်ဖြဲရန် ကြိုးပမ်းကြပြီး အခြားသူများက နှာခေါင်းညှစ်ကာ ခေါင်းကို နောက်သို့ ဆွဲလှန်လျက် မျက်စိများပိတ်ရန် ကြိုးပမ်းတတ်ကြသည်။ နှစ်ရက်တာ အချိန်ကာလအတွင် လွတ်လပ်သော ဆေးကုထုံးအတွက် အိန္ဒိယနိုင်ငံတစ်လွှားမှ လူများ ရောက်လာတတ်ကြသည့်အချိန်ကို နှစ်စဥ် ဇွန်လ မုတ်သုံရာသီ စတင်မှုဖြင့် ဆုံးဖြတ်သည်။ လူ့အခွင့်အရေးအဖွဲ့များနှင့် ဆရာဝန်များက ယင်းကုထုံးကို သိပ္ပံ နည်းမကျဘဲ လူ့အခွင့်အရေးကို ချိုးဖောက်ကာ သန့်ရှင်းမှုမရှိဟု ဝေဖန် နေသော်လည်း ယင်းမိသားစုက ပယ်ချခဲ့သည်။ Writer: Ref: AFPkl
Source : http://ift.tt/2t9s4nz
via IFTTT
No comments:
Post a Comment