တပ်မတော်လေယာဥ် ပျက်ကျမှုတွင် ပါဝင်သူများကို ရှာဖွေသည့် တတိယမြောက်နေ့၌ ရာသီဥတုဆိုးရွားနေသဖြင့် ရှာဖွေရေးလုပ်ငန်းများ ခက်ခက်ခဲခဲ ဆောင်ရွက်ပြီး ရုပ်အလောင်း တစ်လောင်း ရှာဖွေနိုင်ခဲ့သည်။ လေယာဥ်ပျက်ကျသည့် လောင်းလုံးမြို့နယ်နှင့်ထိစပ်နေ သည့် ပင်လယ်အတွင်း တပ်မ တော်က ကယ်ဆယ်ရှာဖွေရေးပြု လုပ်သည့် ဇွန်လ ၉ ရက် နံနက် အစောပိုင်းက စတင်ကာ လောင်း လုံးနှင့် ထားဝယ်ဒေသ၌ မိုးသည်း ထန်စွာရွာသွန်းခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထို့အပြင် ရာသီဥတုအခြေအနေ ဆိုးရွားနေ သော်လည်း ရှာဖွေရေးလုပ်ငန်း များဆက်လက်ဆောင်ရွက်နေ ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်သည်။ ‘‘ရာသီဥတုက အရမ်းဆိုး တယ်။ မိုးအရမ်းရွာတယ်။ ဦးပဉ္စင်း တို့က ဒေသခံတွေဆိုတော့ သိ တယ်။ ပင်လယ်မှာဆို မိုးရော၊ လေရော ပိုဆိုးမယ်။ နေ့လယ် ဘက်မှာတော့ နေနည်းနည်းပွင့် လို့ တော်သေးတယ်’’ဟု လောင်း လုံးမြို့မှ လူမှုရေးအဖွဲ့တစ်ခု၏ ခေါင်းဆောင် ဆရာတော်တစ်ပါး က မိန့်ကြားသည်။ နံနက်တွင် ရာသီဥတု ဆိုးရွား နေ၍ ငါးဖမ်းစက်လှေများသည် သွားလိုသည့် နေရာကို သွားခွင့်မရဘဲ လှိုင်းကြီးနေသောကြောင့် ရှာဖွေရန် ခက်ခဲခဲ့ကြောင်း ရှာဖွေရေးတွင် ပါဝင်လုပ်ကိုင်ပေးနေ သော ဒေသခံကိုရဲက ပြောသည်။ ပင်လယ်ပြင်တွင် တပ်မ တော်ပိုင်ရေယာဥ်နှင့်အတူ စက် လှေများက ရှာဖွေရာ၌ ငါးဖမ်း သည့် ဒေသအခေါ် ပိုက်ဆွဲများဖြင့်လည်း ရှာဖွေခဲ့ပြီး ယမန်နေ့က ထိုသို့ရှာဖွေမှုမှ ရုပ်အလောင်းအများစုတွေ့ခဲ့ကြောင်း ကိုရဲက ပြောသည်။ ထို့အပြင် ဆိုနာအသုံးပြု၍ ရှာဖွေခြင်း၊ကျွမ်းကျင်ရေငုပ်စစ်သည်များဖြင့် ရှာဖွေခြင်းလည်းပြုလုပ်ခဲ့ကြောင်း တပ်မတော်ကထုတ်ပြန်ခဲ့သည်။ လောင်းလုံးဘုတ်ကျွန်းအနီးနှင့် လေယာဥ်ပျက်ကျသည်ဟု ယူဆရသော လောင်းလုံးကျွန်း၏အစွန်ဆုံး ပင်လယ်ဝ ရှင်မော်အငူတွင် ဆက်လက်ရှာဖွေနေကြောင်း ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြော ကြားသည်။ ရှာဖွေသောနေရာကို ဒေသ ခံများထံမှ ရသော သတင်းအရ မြောပြင်နှင့် မြင်းခွာအုပ်ရွာကမ်း ခြေများပါ တိုးချဲ့ရှာဖွေနေကြောင်း လောင်းလုံးမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးအောင်စိုးက ပြောသည်။ လူသူအရောက်နည်းသော ကျွန်းအချို့တွင် ငါးဖမ်းစက်လှေ အချို့က လေယာဥ်အပိုင်းအစ အချို့တွေ့ရှိခဲ့သည်ဟု သတင်းပို့ လာသော်လည်း ရှာဖွေရေးသဘင်္ော များသည် ရာသီဥတုဆိုးရွားနေ၍ ကျွန်းအနီးကပ်ရန် မလွယ်သဖြင့် စက်လှေများနှင့်သာ ဆက်လက် ရှာဖွေနေကြောင်း ၎င်းက ဆို သည်။ မွန်းလွဲ ၁ နာရီခန့်တွင် မိုး တိတ်သွားပြီး ညနေ ၅ နာရီ ၄၅ မိနစ်၌ အမျိုးသားရုပ်အလောင်း တစ် လောင်း ထပ်မံ ဆယ်ယူရရှိခဲ့ ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်သည်။ ဇွန်လ ၈ ရက် ရှာဖွေမှုတွင် အမျိုးသားရုပ်အ လောင်း နှစ်လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၂၁ လောင်း၊ ကလေးရုပ်အလောင်း ရှစ်လောင်းစုစုပေါင်း ၃၁ လောင်း ဆယ်ယူရရှိ ခဲ့ပြီး ဇွန်လ ၉ ရက်၌ အမျိုးသား အလောင်းတစ်လောင်းတွေ့သ ဖြင့် ၃၂ လောင်း ဆယ်ယူနိုင်ခဲ့ သည်။ ရှာဖွေတွေ့ရှိသည့် ရုပ်အလောင်းများကို ထားဝယ်ဆေးရုံတွင် ကျွမ်းကျင်ဆရာဝန်များဖြင့် စစ်ဆေးပြီး အမျိုးအမည်ခွဲခြားနိုင် သည့် ရုပ်အလောင်း ၁၆ လောင်း အနက် ၁ဝ လောင်းကို ထားဝယ် မြို့နယ် ဇဟာကျေးရွာရှိ သံဝေဂ လမ်းသခင်္ျိုင်းတွင် မိသားစုဝင်များ ရှေ့မှောက်၌ ဇွန်လ ၉ ရက်ညနေ က သဂင်္ြိုဟ်ခဲ့သည်။ ပျက်ကျလေယာဥ် ရှာဖွေ ရေးနှင့် လိုက်ပါသူများကယ်ဆယ် ရှာဖွေနေမှုသတင်းများကို တပ်မ တော်က စဥ်ဆက်မပြတ် ထုတ်ပြန် ပြီး ဇွန်လ ၉ ရက် ည ၈ နာရီအထိ (၁၅)ကြိမ် ထုတ်ပြန်ခဲ့သည်။ ပင်လယ်ပြင်အတွင်း ရာသီဥတုဆိုး ရွားနေသော်လည်း တပ်မတော် (ရေ)မှ စစ်ရေယာဥ် ရှစ်စီးနှင့် ဒေ သခံငါးဖမ်းစက်လှေ ၂ဝ တို့ ပူးပေါင်းပြီး ငါးဖမ်းပိုက်များဖြင့် ရှာဖွေခြင်းအပါအဝင် ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများကို ဆက် လက်လုပ်ဆောင်နေပြီး ရှာဖွေ တွေ့ရှိချက်များကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်မည် ဖြစ် ကြောင်း သတင်းထုတ်ပြန်သည်။ ပျောက်ဆုံးနေသူများကို ရှာ ဖွေကယ်ဆယ်ရေး လုပ်ဆောင် နေချိန်တွင် ဘင်္ဂလားပင်လယ် အော်၌ လေဖိအားနည်းရပ်ဝန်း တစ်ခု တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ခဲ့ သည်။ ယင်းလေဖိအားနည်းရပ် ဝန်းအရှိန်ကြောင့် ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသများတွင် လှိုင်း ရော လေပါ အားကောင်းနေသည်။ လေယာဥ်ပျက်ကျမှုမှ ကျန် ရစ်သူမိသားစုများကို ထောက်ပံ့ နိုင်ရန် ဇွန်လ ၉ ရက် ညနေအထိ အလှူငွေစုစုပေါင်း ကျပ်သိန်း ငါး ထောင်ကျော်ရရှိကြောင်း တပ်မ တော်က သတင်းထုတ်ပြန်ထား သည်။
Source : http://ift.tt/2sMGMBF
via IFTTT
No comments:
Post a Comment