ဒေါ်လာ ၁၂ ဒသမ ၉ ဘီလျံ တန်သည့် လေယာဉ်တင် သင်္ဘောကြီးအား အမေရိကန်ရေတပ်က လက်ခံရရှိ အမေရိကန်ရေတပ်သည် အတန်းအစားသစ် လေယာဉ်တင်သင်္ဘော အုပ်စုထဲမှ ပထမဆုံး လေယာဉ်တင်သင်္ဘောကြီးကို တရားဝင် လက်ခံရရှိခဲ့သည်ဟု သိရသည်။ အဆိုပါ USS Gerald R.Ford လေယာဉ်တင်သင်္ဘောကြီးသည် ၂၀၂၀ ပြည့်နှစ်တွင် စတင် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပင်လယ်ထဲ၌ လေ့ကျင့်မှုမျိုးစုံကို လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ရေတပ်က ဇွန် ၁ ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ ၁၅ လကြာနှောင့်နှေးမှု၊ ကုန်ကျစရိတ် ကျော်လွန်မှု၊ လေယာဉ်တင်သင်္ဘောမှ လေယာဉ်များကို လေထဲသို့ ပင့်တင့်ပေးသည့် သံလိုက်စနစ် အပါအဝင် နည်းပညာသစ်နှင့် ပတ်သက်သည့် ပြဿနာများအပြီးတွင် ဒေါ်လာ ၁၂ ဒသမ ၉ ဘီလျံ တန်ဖိုးရှိသည့် လေယာဉ်တင်သင်္ဘောကြီးမှာ ရေတပ်၏ လက်ဝယ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ လေယာဉ်တင်သင်္ဘောက လေယာဉ်များကို လေထဲသို့ ပင့်တင်ပေးရာ၌ စနစ်သစ်ဖြစ်သည့် သံလိုက်စနစ်သည် ဒေါ်လာ သန်းပေါင်း ရာနှင့်ချီ၍ ပိုမို ကုန်ကျစေသော်လည်း ကောင်းကွက် မရှိသဖြင့် ရေတပ်သည် ယခင်သုံးနေကျ ရေငွေ့စနစ်ကိုသာ ပြန်လည် သုံးသင့်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တိုင်းမ်မဂ္ဂဇင်းသို့ ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။ သံလိုက်စနစ်သစ်သည် ပျံတက်ရေးမစ်ရှင်ကို သုံးပုံတစ်ပုံအထိ တိုးတက်စေနိုင်သည်ဟု ဆိုနေသော ရေတပ်ကမူ ထရန့်၏ အဆိုပါမှတ်ချက်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခဲ့ခြင်း မရှိပေ။ USS Gerald R.Ford လေယာဉ် တင်သင်္ဘောကြီးကို ၁၂ နှစ်ကြာ တည်ဆောက် စမ်းသပ်ခဲ့ရသည်ဟု သိရသည်။ USS Gerald R.Ford သည် The Ford အတန်းအစား လေယာဉ်တင်သင်္ဘောများ၏ ပထမဆုံး ဦးဆောင်သင်္ဘော ဖြစ်သည်။ ယင်းသင်္ဘောသည် ယခင် လေယာဉ်တင်သင်္ဘောများထက် ပိုမိုကျယ်ဝန်းသော ကုန်းပတ်ရှိပြီး လေယာဉ်၊ လက်နက်၊ လောင်စာတို့ကို ပိုမိုသယ်ဆောင်နိုင်သည့် စွမ်းရည်ရှိကာ နည်းပညာသစ်များ ပါဝင်သည်။ သို့သော် The Ford အတန်းအစား လေယာဉ်တင် သင်္ဘော အုပ်စု၏ ကုန်ကျစရိတ်သည် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ဒေါ်လာ ၂၇ ဘီလျံ မှ ၃၆ ဘီလျံအထိ ဖောင်းပွလာသဖြင့် ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ Ref: AFP
Source : http://ift.tt/2rt1IgS
via IFTTT
No comments:
Post a Comment