Tuesday, June 13, 2017

Kumudra

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာထိပ်မှာ မနေ့ညက ကားနဲ့ရထားတိုက်မိတာကြောင့် လူ ၃ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ “ ရထားကလည်း မောင်းလာတယ်။ ကားကအရှိန်နဲ့ရထားခေါင်းခန်းကိုဖျက်တိုက်တယ်။ ကားက ရထားနောက်ပါသွားပြီးပေ၂ဝ၊၃ဝလောက်လွင့်ထွက်သွားတယ်။ရထားခေါင်းခန်းကတော့ပျက်စီးသွားတယ်။ရထားပေါ်ပါလာသူတွေအားလုံးကတော့ထိခိုက်မှုမရှိပါဘူး။”လို့မုဒုံမြို့မရဲစခန်းကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဆိုပါကားဟာ ဟွန်ဒါဖစ် ခဲရောင်ယာဥ်ဖြစ်ပြီး တာပသွန်ကျေးရွာမှ ဖားအောက်တောရွာဘက်ကိုမောင်းနှင်လာခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ ဟွန်ဒါဖစ် ခဲရောင်ယာဥ်ပေါ်မှာ အမျိုးသား ၄ဦးပါရှိပြီး ဘုန်းကြီး ၁ပါး ပါလာခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ ဟွန်ဒါဖစ် ခဲရောင်ယာဥ်ကို ဦးစိုးသိန်း အသက်(၅ဝ)နှစ်မောင်းနှင်လာခဲ့တာဖြစ်ပြီး အဆိုပါယာဥ်မောင်းဟာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ ယာဥ်ပေါ်မှာလိုက်ပါလာတဲ့ ဦးမြင့်(ခ)ဦးသိန်းဇော် အသက်(၅၄)နှစ်ကတော့ မော်လမြိုင်ဆေးရုံတင်ပို့ရာလမ်းမှာသေဆုံးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ ဒါ့အပြင် ယာဥ်ပေါ်လိုက်ပါလာတဲ့ အောင်သူ အသက်(၁၄)နှစ် ဟာ ဇွန်လ ၁၃ရက်နေ့မနက်ပိုင်း မော်လမြိုင် ပြည်သူ့ဆေးရုံမှာသေဆုံးသွားခဲ့တယ်လို့လည်းသိရပါတယ်။ ဒဏ်ရာရှိသူဘုန်းကြီး တစ်ပါးနဲ့ ယာဥ်ပေါ်လိုက်ပါလာသူ အမျိုးသားတစ်ဦးကတော့ မော်လမြိုင်ပြည်သူ့ဆေးရုံမှာဆေးကုသမှုခံယူနေဆဲဖြစ်တယ်လို့ သိရပါတယ်။ Author နှင်းနှင်း
Source : http://ift.tt/2sX6ovw
via IFTTT

No comments:

Post a Comment