Wednesday, June 7, 2017

The Irrawaddy - Burmese Edition

ရန်ကုန်- ထားဝယ်- မြိတ်- ဘုတ်ပြင်း- မြိတ်- ရန်ကုန် ခရီးစဉ်တိုင်း ပြေးဆွဲနေသည့် သက်သာ ချောင်ချိရေးပစ္စည်းနှင့် ခရီးသည်များ ပို့ဆောင်သော တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် တစီးဟာ မြိတ်မှ ရန်ကုန်သို့ ယနေ့ မွန်းလွဲ ၁နာရီ ၆မိနစ်မှာ အမြင့်ပေ ၁၈၀၀၀ ခန့်မှ ပျံသန်းလာ စဉ် မွန်းလွဲ ၁နာရီ ၃၅ မိနစ်ခန့်မှ ထားဝယ်မြို့ အနောက်ဘက် မိုင် ၂၀ခန့် အရောက် ရုတ်တရက် ဆက်သွယ်မှု ပြတ်တောက်ပျောက်ဆုံးလျှက်ရှိကြောင်းသိရသည်။ တပ်မတော်၊ သတင်းအမှန်ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မြတ်မင်းဦးက “ ခရီးသည် တွေပါပါတယ်။ ကျနော်တို့ စီစစ်နေပါတယ်။ ထုတ်ပြန်ပေးပါ့မယ်။ ပျောက်တာက Y-8 လည်းဟုတ်ပါတယ်။ ခရီးသည်ကျတော့ နည်းနည်းလေး Confirm လုပ်နေရလို့ပါ။ နားလည်ပေးပါ။ ၁၀၀ က နီးစပ်ပါတယ်။ ဦးရေက အဲ့ဒီနားပါပဲ “ဟု ဧရာဝတီကို ပြောသည်။ နောက်ဆုံးထုတ်ပြန်ချက်အရ တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8-200 F အမျိုးအစား လေယာဉ်အမှတ်-၅၈၂၀) တစ်စီးသည် မြိတ်လေတပ်စခန်းဌာနချုပ်မှ စစ်သည်/မိသားစု ၉၀ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦးအပါအဝင် ကုန်တန်ချိန် ၂.၄ တန်ခန့် တင်ဆောင်ထားကြောင်း သိရသည်။ နောက်ဆုံးအဆက်အသွယ်ရရှိသည့် နေရာတစ်ဝိုက်သို့ တပ်မတော်(ရေ)မှ စစ်သင်္ဘော ၄ စီးနှင့် တပ်မတော်(လေ)မှ လေယာဉ် ၂ စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား မွန်းလွဲ ၂ နာရီမှ စတင်ဆောင်ရွက်ဆဲဖြစ်သည်။
Source : https://goo.gl/d8v74N
via IFTTT

No comments:

Post a Comment