သံတမန်ရေး ခံစစ် ကျိုးနေပြီလား ရခိုင်ပြည်နယ်၏ ပြဿနာများကို ဘက်စုံမှ ရေရှည်ဖြေရှင်းရန်၊ ရခိုင်ရှိ မွတ်စလင်အသိုင်းအဝိုင်းနှင့် ဒေသခံ ရခိုင်တိုင်းရင်းသားများကြား ပြန်လည် သဟဇာတ ဖြစ်စေရန် ပေါင်းစည်းပေးမည့် အကြံပြုချက်များကို ကုလသမဂ္ဂ အထွေထွေအတွင်း ရေး မှူးချုပ်ဟောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန်က တင်ပြခဲ့ပြီး နာရီပိုင်းအကြာ ARSA အကြမ်းဖက် အဖွဲ့ဟာ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့ တောင်စတဲ့မြို့နယ်တွေက ရဲကင်း ၃၀ ကို သြဂုတ်လ ၂၅ ရက် နေ့တွင် အချိန် ကိုက်တိုက်ခိုက်ခဲ့ပြီး ဒေသခံ ရခိုင်၊ မြို၊ ဒိုင်း နက် စတဲ့ တိုင်းရင်းသားတွေကို လူစုလူဝေးနဲ့ တိုက်ခိုက်သတ် ဖြတ် မီးရှို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ မွတ်ဆလင် ၃သိန်း ၇သောင်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်ကို ထွက်ပြေးသွားသည်ဟု ကုလသမဂ္ဂနဲ့ဘင်္ဂလားဒေ့ရှ် သတင်းတွေက ဆိုပါတယ်။ တိုက်ပွဲများနှင့် တပ်မတော်၏ နှိမ်နင်းမှုကြောင့် လူ ၄၀၀ နီးပါး သေဆုံးပြီး မွတ်ဆလင်မဟုတ်သော ဒေသခံတိုင်းရင်းသား ၁၁၇၀၀ ကျော်လည်း ထိုဒေသမှ ထွက်ပြေးခဲ့ရကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နောက်ဆုံး တိုက်ခိုက်မှုများ အပြီးတွင် မြန်မာအစိုးရက ထိုအဖွဲ့ကို “အစွန်းရောက် အကြမ်းဖက်”ဟု ကြေညာ သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုများနဲ့ ပတ်သက်ပြီး အခြေအနေအရပ်ရပ်ကို သုံး သပ်ထားတဲ့ ဧရာဝတီသတင်းဌာနရဲ့အယ်ဒီတာချုပ် ကိုအောင်ဇော်နဲ့ ဧရာဝတီ အကြီးတန်းသတင်းထောက် ကိုရန်ပိုင်တို့ရဲ့ ဆွေးနွေးချက်များကို ဖော်ပြလိုက်ပါတယ်။ မေး။ ။ အခု လက်ရှိ မြန်မာပြည်ရဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ ကုလ သမဂ္ဂမှာလည်း ဆွေးနွေးတော့မယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုုင်ငံက လက်ရှိ ပြင်ဆင်ထားတဲ့ အခြေအနေတွေ အ ပေါ် ကိုအောင်ဇော် သုံးသပ်ပေးပါဦး။ ဖြေ။ ။ ဘယ်လောက် ပြင်ဆင်ထားလဲတော့ မသိဘူးပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့ အခု မြန်မာနိုင်ငံရော မြန်မာအစိုးရရော အလူးအလဲပဲ International Front နိုင်ငံတကာ စာမျက်နှာမှာ အကြီးအကျယ် ခံနေရတာတော့ အသေအချာပဲ။ နေ့စဉ် လိုလို ဒီ ဘင်္ဂါလီ ရိုဟင်ဂျာ Issueနဲ့ အမြဲတမ်း အထုခံနေရတာ။ ဆိုတော့ ကျနော်တို့ ပြောတဲ့စကား ရှိပါတယ် ကိုရန်ပိုင်ရာ၊ အနောက်စည်းရိုး တံခါးကျိုးသွားပြီပေါ့။ အခုက အနောက်တံခါးကျိုးတဲ့အဆင့် မဟုတ်တော့ဘူး။ သံတမန်ရေးအရ ခံစစ်မှာရော မခံနိုင်တော့ဘူးလား။ ကျိုးနေပြီ လားလို့ အဲဒီလို မေးခွန်းထုတ်ရမလိုဖြစ်နေပြီ။ ဘာကြောင့်လဲဆို ဒီဘက်က တုံ့ပြန်မှုတွ ေတန်ပြန်မှုတွေ Counter လုပ်တာတွေမှာ Public Relations တွေမှာ အရမ်းအားနည်းတာကို တွေ့ရတယ်။ အခု ခင်ဗျားမေးခွန်း ပြန်သွားရရင် အခု UN မှာ ပထမ ဒေါ်အောင်ဆန်းစုကြည် သွားမယ်ဆိုပြီး သတင်းထွက်တယ်။ အခု ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို လွှတ်တယ်ပေါ့။ ဒါကိုတော့ မှန်တဲ့ဆုံးဖြတ်ချက်လို့ ကျနော် ထင်တယ်။ သူ သွားပြီဆို ဟိုက UN မှာ ရိုဟင်ဂျာ ဘင်္ဂါလီ ကိစ္စကို ဘယ်လိုဆွေးနွေးမလဲ၊ ဘယ်လောက် ပြင်ဆင်ထားသလဲပေါ့။ သေချာတာကတော့ ဟိုဘက်ကနေ ကျနော်တို့ မရေမရာ သတင်းပေါ့ အတည်ပြုလို့တော့မရသေးဘူး၊ တမိနစ် silence လုပ် မယ်ပေါ့။ ဒီကိစ္စကြောင့် ဒီလို လုပ်မယ်ဆိုရင်လည်း ဒီမှာရှိတဲ့ မြန်မာလူမျိုးတွေ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ တိုင်းရင်းသား တွေ၊ တကယ့်ဌာနေ တိုင်းရင်းသားတွေရဲ့ဒေါသတွေကို ပိုဆွပေးသလိုတောင် ဖြစ်သွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀-၃၀ အတွင်းမှာ စစ်အာဏာရှင်တွေ အုပ်စိုးခဲ့တဲ့အချိန်တုန်းက နှိပ်စက်ခံခဲ့ရတဲ့ ဒုက္ခသည် တိုင်းရင်းသား အစစ်အမှန်တွေ ကရင်တွေ မွန်တွေ ရှမ်းတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ရခိုင်တွေ အပါအဝင် ပေါ့လေ။ UN က အဲလောက် ထိတုန်းက One miniute Silence မလုပ်ဘဲ ဒီကိစ္စကျမှ ၁ မိနစ် ဆိုင်းလင့်လုပ်မယ်ဆိုတော့ ဒေါသတွေတောင် ပိုထွက်သွားစေမယ်။ UN ဘက်က ရပ်တည်ချက် ဘယ်လိုလဲဆိုပြီး ပြန်ပြီးတော့ မေးခွန်းထုတ်စရာရှိတယ်။ မြန်မာအစိုးရကနေပြီးတော့။ အရမ်း အကျပ်အတည်း ရိုက်နေတဲ့ကာလတခုလို့ပဲ ကျနော် ဆိုချင်ပါတယ်။ မေး။ ။ အခု ဒီ ARSA လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့အစည်း ဘင်္ဂါလီအကြမ်းဖက်အဖွဲ့အစည်းက သူများတွေက ပြောကြ တယ်။ ပြည်တွင်းက ပေါက်ဖွားလာတဲ့အကြမ်းဖက်အဖွဲ့လို့ ပြောတယ်။ နိုင်ငံတကာ အကူအညီ မပါနိုင်ဘူးလား။ အဲဒီအပေါ် မှာရော ကိုအောင်ဇော် ဘယ်လိုထင်လဲ။ ဖြေ။ ။ ARSA ဆိုရင် Cross Border Training လို့ခေါ်တဲ့ နယ်စပ်ဖြတ်ကျော်ပြီးတော့ ဒီလက်နက်ကိုင်ဆောင်တာတွေ၊ အကြမ်းဖက်လုပ်တဲ့လုပ်ငန်းတွေ သင်ပေးနေတယ်ဆိုတဲ့ သတင်းတွေက မနှစ်ကတည်းက ထွက်ပြီးသား ဖြစ်ပါတယ်။ ပြီးတော့ ဘရပ်ဆဲလ် အခြေစိုက်တဲ့ ဥရောက EU အခြေစိုက် ICG international Crisis Group က ဆိုရင်လည်း မနှစ်က အောက်တိုဘာတိုက်ခိုက်မှု နောက်ပိုင်း ကစပြီးတော့ ဒီ Militants စစ်သွေးကြွတွေ၊ Radical militants တွေပေါ့၊ မွတ်ဆလင် အစွန်းရောက် စစ်သွေးကြွတွေဟာ ဒီ တိုက်ခိုက်မှုတွေ ဆက်လုပ်ဖို့အတွက် အင်အားစုနေ တယ်။ မေယုတောင်တန်းမှာ သူတို့ ပုန်းခိုနေတယ်။ ဒါအပြင် ဒီ ISIS လိုဟာမျိုးတွေ တာလီဘန်တို့ အယ်လ်ကိုင်းဒါးတို့ ပါကစ္စတန်မှာ အခြေစိုက်တဲ့ ဒီ Terrorists အဖွဲ့အစည်းတွေနဲ့ အရင်ကတည်းက အဆက်သွယ်ရှိတယ်။ ARSA မှာ ရှိတဲ့ ခေါင်းဆောင်တွေဆိုလည်း အရင်ကတည်းက ပါကစ္စတန်မှာ အခြေစိုက်ခဲ့ဖူးတယ်ဆိုတဲ့ ရေးသားချက်တွေ ဟာ အရင်တည်းက ရှိခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ARSA သည် Homegrown အဆင့်မဟုတ်ပါဘူး။ ပြည်တွင်းမှာ ကြီးထွားလာတဲ့အဖွဲ့ မဟုတ်ဘူး။ ဒီ ပေါက်ဖွားလာတဲ့ အရင်းခံ အကြောင်းရင်းတွေကလည်း ဆန်းစစ်ဖို့ လိုတာပေါ့။ အရင် ကတည်းက မဖြေရှင်းခဲ့တဲ့ ပြဿနာတွေပေါ့။ ဒီ Immigrant တဖက်က ဝင်ရောက်လာတဲ့ ဘင်္ဂါလီကိစ္စတွေကို ဟိုလွန်ခဲ့တဲ့ ၁၉၅၀- ၆၀ – ၇၀တည်းက မဖြေရှင်းခဲ့တဲ့ဟာ တွေကို အခုမှ ကျနော်တို့ ထပ်ပြီးခံရတယ်လို့ အဲဒီလို ကျနော် ထင်တယ်။ ဒီ ARSA ဆိုတာ စစ်လက်နက်တွေလက်နက်ပစ္စည်း ထရိန်နင်တွေရှိနိုင်သလို တချိန်တည်းမှာပဲ သူတိုု့ တွေကို ပြန်ကြည့် မယ် ဆိုရင် မီဒီယာကရော အနောက်နိုင်ငံမီဒီယာ အထူးသဖြင့် တခြားအဖွဲ့အစည်းတွေကရော လော်ဘီ လုပ်ပေးတဲ့လူတွေက ရော NGO လို ကန်မ်ပိန်းလုပ်နေတဲ့ အုုပ်စုတွေကရော သေချာတဲ့ အထောက်အပံ့တွေ ရှိနေတယ်ဆိုတာ သူတို့ အပေါ်မှာ ထောက်ပံ့မှုတွေ ရှိနေတယ်။ သူတိုု့အပေါ်မှာ ထောက်ခံမှုတွေ ရှိနေတယ်။ သူတိုု့အပေါ်မှာ သနားကြင်နာမှုတွေ ပိုများ တယ်ဆိုတာကတော့ ကျနော်တိုု့ အထင်အရှား တွေ့နေရတယ်ပေါ့နော်။ ဒီဟာကတော့ ငြင်းလို့မရပါဘူး။ မေး။ ။ ကိုအောင်ဇော်ပြောသွားတဲ့အထဲမှာ ထောက်လှမ်းရေးသတင်းတွေအကြောင်း ပါတယ်ပေါ့။ ကျနော်တို့ နိုင်ငံမှာ ထောက်လှမ်းရေးသတင်းနဲ့ပတ်သက်ရင် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်လို၊ အိန္ဒိယလို ပါကစ္စတန် နိုင်ငံလိုမျိုးနဲ့ ဘယ်လောက် များ ကျနော်တို့ sharing လုပ်ကြသလဲ။ ပျော့ကွက် ဟာကွက်ရှိသလား မြင်မိသလား။ Sharing လုပ်နိုင်တဲ့ဟာမျိုးတွေ တွေ့မိလား။ ဖြေ ။ ။ ရှိတာပေါ့။ အားနည်းချက်တွေ ရှိတယ်။ အားနည်းချက်တွေဆိုတာ Intelligence gathering မှာ အားနည်းချက် တွေရှိတယ်။ Intelligence failure ဖြစ်သလားလို့တောင် သုံးသပ်တဲ့သူတွေ ရှိနေပြီ။ ဘာကြောင့်လဲဆို ကိုးကန့် ဖြစ်တဲ့ အ ချိန်ကစပြီး မြန်မာ့တပ်မတော်အနေနဲ့ Intelligence gathering လည်းပါတာပေါ့။ တခြားနိုင်ငံတွေနဲ့ ဆက်သွယ်လုပ်ရတာ တွေ ပါတာပေါ့။ အဲဒီကိစ္စတွေမှာဆို အားနည်းချက်တွေ မဆက်သွယ်နိုင်တာတွေ ပူးပေါင်းဆောင်ရွက်တာတွေ မရှိဘူးလို့ သုံးသပ်ချက်တွေ ရသွားတယ်။ ဘာကြောင့်လဲဆို ဒီအခု တိုက်ခိုက်မှုဆို ရာမာဒန် မတိုင်ခင်မှာ တိုက်ခိုုက်မှုတွေ လာနိုင်တယ်ဆိုတာကို မြန်မာနိုင်ငံရဲ့ အိမ် နီးချင်းနိုင်ငံတချို့က သိနေတာတွေ ရှိတယ်။ ကျနော်တို့ မီဒီယာတွေကတောင် ကြိုပြီးတော့ သတင်းအစွန်းအစ ရနေတာရှိ တယ်။ ဒါကြောင့်လည်း ကြိုပြီးရေးခဲ့တာတွေရှိတယ်။ မီဒီယာကနေပြီးတော့ အသိ ပေးတာပေါ့။ ဒါတွေ လာတော့မယ်။ တိုက်ခိုက်မှုတွေ ရှိနိုင်တယ်။ ပြင်နေပြီဆိုတာမျိုးတွေ ပြန်ကြည့်မယ်ဆို တွေ့နိုင်ပါတယ်။ ကျနော်တို့ ရဲ့ဝက်ဘ်ဆိုက်မှာတွေရော Asia Times မှာ ရေးခဲ့တဲ့ ဆောင်းပါးတွေအရဆိုရင်ကော ပြန်ရှာရင် တွေ့ပါလိမ့် မယ်။ တပ်မတော်အနေနဲ့ ဒီ Infantry Forces ပေါ့ ကြည်းတပ်ကို ပို့ပြီးတော့ Terrorists အကြမ်းဖက်သမားတွေကို ရေရှည် တိုက် လို့မရဘူး။ ထိုင်းနိုင်ငံမှာပဲ ကြည့်ကြည့် အင်ဒိုနီးရှားမှာပဲ ကြည့်ကြည့် တရုတ် ဘယ်နေရာမှာပဲ ကြည့်ကြည့် အိန္ဒိယမှာပဲ ကြည့်ကြည့် အထူးသဖြင့် ဒီနိုင်ငံတွေမှာလည်း Terrorism Threat ကို အကြီးအကျယ်ခံခဲ့ရတယ်။ ခံနေရဆဲ ဖြစ်ပါ တယ်။ သူတို့ဆီမှာ တကယ် ထရိန်းလုပ်ပြီးသားဆို Elite Forces တွေရှိတယ်။ Counter Terrorism Training တွေ ပေးရပါ တယ်။ Terrorism ကို တုံ့ပြန်တဲ့ သီးသန့် Police Forces တွေ ရဲတွေရှိမယ်။ Special Forces တွေရှိမယ်။ တပ်ထဲမှာဆို လည်း တပ်က ဒါကို ထရိန်းလုပ်ပေးထားတဲ့ Special Forces တွေရှိမယ်။ ပြီးတော့ Task Forces တွေ ရှိ မယ်။ ပြီးတော့ Intelligence gathering ဆိုတဲ့ ထောက်လှမ်းရေးသတင်းယူတာအပြင် ဒီ ဘေးပတ်ဝန်းကျင် နိုင်ငံတွေနဲ့ပါ Intelligence Sharing လုပ်ရပါတယ်။ အဲဒါတွေက အရမ်းအရေးကြီးတယ်။ အဲဒါတွေကို မလုပ်ဘူးလားပေါ့။ ဒါတွေ Failure ဖြစ်သလား ပေါ့။ ဘာလို့ ဒီဟာတွေ မကာကွယ်နိုင်ရတာလဲဆိုတာပေါ့။ Accountable ဖြစ်ရမယ် ထင်တယ်။ Security Forces တွေအ နေနဲ့ တပ်မတော်အနေနဲ့ကော အစိုးရအနေနဲ့ကော တာဝန်ရှိတယ်လိုု့ ကျနော် ထင်ပါတယ်။ မေး ။ ။ ကျနော်တို့ နိုင်ငံမှာ ဒီ အကြမ်းဖက်နှိမ်နင်းမှုနဲ့ပတ်သက်တဲ့ နိုင်ငံတကာအဆင့်မီ တပ်ဖွဲ့လိုဟာမျိုး ထရိန်နင်တွေ အများကြီး လိုတယ်ပေါ့။ ဖြေ ။ ။ စံနှုန်းမီ နိုင်ငံတကာတပ်ဖွဲ့ မရှိဘူး။ ကျနော်ပြောချင်တာက ပဲခူးရိုးမကို သွားပြီးတော့ ကွန်မြူနစ်ခေတ်တုန်းက သခင်သန်းထွန်းတို့ သခင်ဇင်တို့ သခင်ချစ်တိုု့ကို ဝိုင်းတုန်းကတော့ ဖြတ်လေးဖြတ် ဆိုပြီး သူတို့ သုံးကြတယ်။ Four-Cut campaign သုံးတဲ့အခါ အောင်မြင်တယ်။ အောင်မြင်တာပေါ့ဗျ ဒီနေရာက landlock ဖြစ်တာကို။ ဝိုင်းတဲ့အခါ ရွာတွေကို အောက်ကိုဆွဲချလိုက်တယ်။ ပြီးတော့ သူတို့ပတ်ဝိုင်း လိုက်ပြီးတော့ ရိက္ခာတွေ သတင်းရော အကုန်ဖြတ်ချလိုက်ပြီးတော့ ရန်သူ့ကို မြန်မာ့တပ်မတော်က အကုန်တိုက်ချလိုက်နိုင်တယ်။ အလွန်ကို အောင်မြင်တဲ့ Impress ဖြစ်စရာကောင်းတဲ့ စစ်ဆင်ရေးတခုပါ။ ဒါပေမယ့် နယ်စပ်နဲ့ ထိတွေ့နေတဲ့အခါ KNU/ KNLA ကိုပဲ ကြည့်ပေါ့ဗျာ။ သူတို့ အမြစ်ဖြတ်လို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံက တဖက်က ခံနေတယ်။ အခု ၀ ကိုပဲ ကြည့်။ သူတို့ ဖြတ်လေးဖြတ်နဲ့ တိုက်လို့ မရဘူး။ ဘာကြောင့်လဲဆိုရင် တရုတ်နောက်မှာ ရှိတယ်။ အဲဒီလိုပဲ အခု ARSA လို Terrorist အဖွဲ့အစည်းတွေ ပေါ်လာရင် သူတို့ တွေ ပိုပြီး အင်အားကြီးလာရင် ကြောက်စရာကောင်းတာက မေယုတောင်တန်းမှာ ဘူးသီးတောင် မောင်တောဘက်မှာ ဟို တလောကလုုပ်တဲ့ သတင်းစာရှင်းပွဲမှာ စစ်တပ်ပြောသလို တကယ်ပဲ သူတို့က အခြေချဖိုု့ တကယ်ပဲ Territorial Claim လုပ်ပြီးတော့ အခြေစိုက်မယ်ဆို ပြဿနာရှိလာနိုင်တယ်။ ဘင်္ဂလားဒေ့ရှ်လည်း ရှိတဲ့အခါကျတော့ ကျနော်တို့က ဒါကို ဘယ် လိုမှ ဖြတ်လေးဖြတ် တိုက်လို့ မရဘူး။ အဲဒါတွေကို တပ်မတော်ဘက်က Well-Planned ရှိဖိုု့လိုတယ်။ Strategic Thinking ရှိဖို့လိုတယ်။ သင့်သလို ထင်သလို ပေါ်လာတာ၊ ကြုံသလို လုပ်တဲ့ဟာမျိုးကို ပြောတာ အဲဒီလိုမျိုးသွားပြီး ဘကြီးတော် ဘိုးတော်ဘုရားခေတ်ကလို သွားတိုက် နေလို့ ရမယ်လို့ ကျနော်မထင်ဘူး။ မေး။ ။ ဒီ လက်ရှိ ရခိုင်ပြည်နယ်ဘက်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာကလည်း အာ ရုံစူးစိုက်ပြီး သေချာလုပ်လာသလို ပြည်ပသတင်းမီဒီယာတွေကလည်း မီးပေါင်မြှင့်ပြီးတော့ ရိုဟင်ဂျာ ရိုဟင်ဂျာဆိုပြီး သုံး လာတာ တွေ့ရတယ်။ အဲဒီအပေါ်မှာ ကိုအောင်ဇော့်အမြင်ကရော ဘယ်လိုုလဲ။ ဖြေ ။ ။ ရိုဟင်ဂျာဆိုတာ ဘယ်လိုလဲဆိုတာထက်စာရင် ပြဿနာက တော်တော်ခက်တယ်။ ဒီပြဿနာလိုဟာမျိုးကို အင်ဒို နီးရှားနဲ့ ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့ရင် အဲဒီနိုင်ငံမှာရှိတဲ့ အစိုးရတွေက၊ နိုင်ငံရေး Figures တွေက ဘယ်လို တုံ့ပြန်မလဲ၊ တပ်က ဘယ်လိုတုံ့ပြန်မလဲ ကျနော် စဉ်းစားကြည့်တယ်။ ဖြစ်ခဲ့ရင်ကော တခြား Media တွေကရော international တွေကရော ဘယ်လိုတင်ပြမလဲဆိုတာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ဒါကြောင့် မကြာသေးခင်က ဘန်ကောက်ပို့စ်သတင်းစာမှာ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရက ဒီ ရိုဟင်ဂျာ Crisis ကို ကိုင်တွယ်ဖြေရှင်းတာ Handle လုပ်တာ အရမ်းညံ့လို့တယ် ပြောတယ်။ အဲဒါကို ကျနော် သဘောတူတယ်။ ကျနော်တို့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကရော တပ်ကရော ဒီဟာကို ရှင်းတဲ့အခါမှာ မရှင်းနိုင်ဘူး။ Narratives ကို မပြောင်း နိုင်ဘူး။ Narratives က နေ့စဉ်နဲ့အမျှ ဟိုဘက်က Narratives တခုလုံးကို ပြောင်းယူသွားတာ တွေ့ရတယ်။ အဲဒီတော့ အစိုးရက မှားတယ်။ တပ်က မှားတယ်။ ဟိုဘက်က မှန်တယ် ဖြစ်တယ်။ ဒါပေမယ့် ဟိုဘက်က စပြီးတော့ Initiate အစပြု ပြီးတော့ တိုက်ခိုက်တာ ဖြစ်တယ်။ ဟုတ်တယ် မလား။ ခုနက ရိုဟင်ဂျာ ဆိုတဲ့ကိစ္စကို တောင် ရိုုဟင်ဂျာသည် Ethnic Minority တိုင်းရင်းသားလူနည်းစု ဖြစ်ပါတယ်ဆိုတဲ့ Narratives ကို မပြောင်းဘူး။ မပြောင်းတဲ့အပြင် ပိုပြီး ဆိုးလာတယ်။ အခု Ceasefire (အပစ်အခတ်ရပ်စဲရေး)ကို သူတို့က ခေါ်နေတဲ့သဘောဖြစ်နေတယ်။ အခု Ceasefire ခေါ်တဲ့ကိစ္စမှာဆိုလည်း သူ့နောက်မှာ အကြံပေးတဲ့သူတွေရှိတယ်။ ဒါ Strategy တခုပဲ၊ သူတို့ကနေ ပြီး တော့ ဒီကမ်ပိန်းကို အဆင့်မြှင့်လာတာပေါ့။ အရင်တုန်းက KNU/KNLA ကိုလည်း တပ်က Terrorist လို့ ခေါ်ခဲ့ဖူးတဲ့ ကာ လတွေ ရှိခဲ့ဖူးတယ်။ အခု TNLA/ AA ကို ခေါ်သလိုမျိုးပေါ့။ ဒါပေမယ့် တချိန်ကျရင်တော့ စစ်တပ်က သိပြီးသားပဲ။ ဗိုလ် ချုပ် ကြီးမြနဲ့ စကားပြောရမှာပဲ။ မူတူးစေးဖိုးတို့၊ ဗိုလ်ချုပ် ဂွန်မော်တို့ ဗိုလ်ချုပ်ကြီး အင်ဘန်လတို့နဲ့ စကားပြောရမှာပဲဆို တာ သိ ပြီးသား။ ဒါက ပြောစရာမလိုဘူး။ သူတို့က ဌာနေတိုင်းရင်းသားအစစ်အမှန်ဖြစ်တာကြောင့်။ အခုဖြစ်တဲ့ ပြဿနာကျတော့ ကျနော်တို့ကို ဟိုဘက်က ပြောတာက သူတို့ကို Advisor လုပ်နေတာ။ တိုက်ဖို့ခိုက်ဖို့ တခု တည်းတင်မဟုတ်ဘဲ နိုင်ငံရေးအရကို အကြံပေးနေတဲ့လူတွေရှိနေတယ်ဆိုတာ ပေါ်နေတယ်။ ဘာကြောင့်လဲဆို သူတို့ရဲ့ ARSA ထုတ်တဲ့စတိတ်မန့်ကို ကြည့်မယ်ဆိုရင် အဲဒါကို တွေ့နေရတယ်။ သူတို့က Ceasefire လုုပ်ချင်တယ်။ မကြာသေးခင်က Asia Times မှာ လုုပ်ခဲ့တဲ့ သတင်းအင်တာဗျူးတခုမှာဆိုရင် ARSA ဘက်က ပြောရေးဆိုခွင့်ရှိသူ ပြောတာ၊ သူတို့က Political Dialogue အထိ သွားချင်တယ်ပေါ့။ ဒါဆိုရင် အစိုးရအတွက်လည်း ပြဿနာ ရှိပြီ။ တပ်အတွက်လည်း ပြဿနာ ရှိသွားပြီ။ ဒီဟာကို Ethnic issue ကို တိုင်းရင်း သားလူနည်းစု ဖြစ်ပါတယ်ဆိုတဲ့ Issue ကို မရရအောင် တင်တယ်။ တင်တဲ့အခါမှာ သူတို့နောက်မှာ ကြီးမားတဲ့ အကြံပေး နေတဲ့ ဒီ Political Advisor အဆင့်လောက်ထိ။ မဟာဗျူဟာအရ အကြံပေးနေတဲ့ ဒီIssue ကို နိုင်ငံတကာအထိ ဘယ်လို မြှင့်တင်သွားရမလဲဆိုတာ လုပ်နေတဲ့လူတွေ ရှိတယ်ဆိုတာ သေချာသွားပြီ။ မေး ။ ။ သူတို့ က ဒီလို ရည်ရွယ်ချက်ကြီးနဲ့ Political Dialogue အထိ သွားတယ်ဆိုတော့ ရိုဟင်ဂျာဆိုတာကရော ကျ နော်တို့ နိုင်ငံမှာ ရှိသလား။ ဘယ်လိုမြင်လဲ။ ဖြေ ။ ။ ကျနော်က အခုချိန်မှာ ဆုံးသွားတဲ့ အန်ကယ်ကြီး ဦးဝင်းတင်ရော။ နိုင်ငံရေး Front ပေါ့နော်၊ တချိန်ထဲမှာပဲ သမိုင်း ပါမောက္ခ ဆရာကြီးဒေါက်တာသန်းထွန်း၊ သူတို့တွေ နှစ်ယောက်ကို ကျနော် ရှိစေချင်တယ်။ သူတို့ က အစိုးရဘက်က လိုက်ပြောမယ့်လူတွေလည်း မဟုတ်ဘူး။ သမာသမတ်ကျကျနဲ့ ပြောမှာပဲ။ သူတို့ကတော့ ပြော မှာပဲ။ ရိုဟင်ဂျာ ဆိုတာ မရှိဘူးပြောမှာပဲ။ ဒီနေ့လမ်းပေါ်မှာ လမ်းလျှောက်နေတဲ့ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည် နယ်၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းက လူ ငယ်တွေ အကုန်သွားမေးကြည့်ပါ။ ရိုဟင်ဂျာဆိုတာ နာမည်တခုပဲ ဖြစ်တယ်။ ရို ဟင်ဂျာဆိုတာ မြန်မာပြည်က တိုင်းရင်း သားမဟုတ်ဘူး ဆိုတာ အားလုံးသိပါတယ်။ ၉၀ ရာနှုန်းကျော်ကျော်က သိပါတယ်။ ဆိုတော့ ရိုဟင်ဂျာဆိုတာ နာမည်တခု သာ ဖြစ်တယ်။ တိုင်းရင်းသားလူမျိုး မဟုတ်ဘူး။ ကျနော်တို့က လက်တွေ့ကျကျ စဉ်းစားရမှာ။ ခုနက ပြောခဲ့သလို ဒီပြဿနာကို မဖြေရှင်းဘဲထားခဲ့တာ နှစ်ပေါင်း ၃-၄-၅၀ ဖြစ်သွားပြီ။ မရှင်းဘဲ ဆက်ပြီးထားတဲ့အတွက် ကြောင့် ဒီအခြေအနေကို ရောက်နေပြီ။ တဖြည်းဖြည်းနဲ့ ကျနော်တို့ အဲဒီ ပြဿနာကို ရင်ဆိုင်နေရပြီ။ နံပါတ် ၁ က နယ်မြေပြဿနာ။ ဘူးသီးတောင်၊ မောင်တော၊ မေယု Frontier နယ်ခြားခရိုင်ဆိုတာ ရှိခဲ့ဖူးတယ်။ ဦးနုခေတ် တုန်းက ဖြစ်ခဲ့ဖူးတဲ့ ကိစ္စပေါ့။ ဘူးသီးတောင် မောင်တော မေယုခရိုင်ကိုု ကြည့်မယ်ဆိုရင် ကျနော်တို့ ဟာ Identity ပြဿ နာကို ကြုံရပြီ။ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်တယ်ဆိုတဲ့ လူမျိုးစုတိုုင်းရင်းသား ရှိလာပြီဆိုတဲ့ Claim ကို ကျနော်တို့ ရင်ဆိုင်ရပြီ။ ပြဿနာတွေ မရှင်းခဲ့လိုု့။ နံပါတ် ၂ Territorial – နယ်မြေပြဿနာ။ အဲဒါတွေကို ကျနော်တို့ အလျှော့ပေး လိုက်ပြီဆိုရင် အဲဒီကနေ လူဦးရေ ၁ သန်း။ သာမန် အခု အင်းသားတို့ လားဟူတို့ ထက်တောင်များနေပြီ။ ကျနော်တို့ဆီက တိုင်းရင်းသားလူမျိုးငယ်တွေထက်တောင် များနေတယ်။ ၁ သန်းဆိုတာ နည်းတဲ့အင်အား မဟုတ်ဘူး။ ၁ သန်းဆိုတာ အဲဒီမှာ ရသွားပြီဆိုရင် အခု ပြန်သွားတဲ့လူတွေကို နိုင်ငံတကာက ဖိအားပေးလိုု့ ထပ်ပြီး လက်ခံရမယ်ဆိုရင် Terrorists တွေ ဘယ်လောက်ပါလာမလဲ။ အဲဒီကနေပြီးတော့ မွတ်ဆလင်တွေဟာ နောက် နှစ်ပေါင်း ၃၀- ၄၀ မှာ ဘာတွေ ဆက်ပြီး တောင်းလာမလဲဆိုတာ ခင်ဗျားတို့ ကျနော်တို့ တွေးကြည့်လိုု့ရတယ်။ ဒီပြဿနာဟာ လက်တွေ့ကျကျ ရှင်းရမယ့် ပြဿနာဖြစ်တယ်။ ပင်လယ်ထဲလည်း မောင်းချ လို့ရတဲ့ ပြဿနာ မဟုတ်ဘူး။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်တာ မှန်တယ်လို့ ကျနော် ထင်တယ်။ ကိုဖီအာနန်ကို ခေါ်သွင်းလာတဲ့ကိစ္စတွေ။ ဒီကိစ္စက တကယ့်ကို သမိုုင်းမှာ သူ့ကို အမှတ်ပေးကြမယ်လိုု့ ထင်တယ်။ ကိုုဖီ အာနန်ကော်မရှင်ကို ဆန့်ကျင်နေတဲ့ကြားထဲက သူ ခေါ်သွင်းလာပြီးတော့ ပြီးခဲ့တဲ့အစီရင်ခံစာက Recommendations အကြံပြုချက်တွေကို ချက်ချင်း မနက်ဖြန် သန်ဘက်ခါ အကောင်အထည်ဖော်စရာမလိုပါဘူး၊ ဒါကို ဘယ်နေရာကို Phase 1, Phase 2, Phase 3 (အဆင့် ၁၊ အဆင့် ၂၊ အဆင့်၃)နဲ့ ဘယ်ဟာကို Urgent အရင်ရှင်းရမယ်၊ ဘယ်ဟာက ဒုတိယ ရှင်းရ မယ်၊ မနက်ဖြန် သန်ဘက်ခါ ရှင်းလို့ရတာရှိတယ်၊ နှစ်ပေါင်း ၂၀ – ၃၀ ရှင်းလို့ ရတာရှိတယ်၊ အချိန်ယူပြီး ရှင်းလို့ရ တာ ရှိတယ်။ Identity ကိစ္စတွေက သွားပေးလို့မရဘူး။ သွားပေးလိုက်တာနဲ့ ကျနော်တို့တိုင်းပြည်ပျက်ပြီ။ ကျနော်တို့ စဉ်းစားရမှာက Citizenship Issue, ID card တွေကို ဘယ်လောက်အဆင့်ထိ ဘယ်လိုလူမျိုးကို ထုတ်ပေးမှာ လဲ။ တခြားနိုင်ငံတွေရဲ့ standard အတိုင်း၊ ဘယ်လို စည်းမျဉ်းစံနှုန်းတွေနဲ့ ထုတ်ပေးမလဲဆိုတာပေါ့။ တချိန်တုန်းက ရိုဟင် ဂျာ အသံလွှင့်ဌာန ရှိခဲ့ဖူးလို့ တိုင်းရင်းသားပါလို့ လာပြောလို့မရဘူး။ ဦးနု မှားခဲ့တဲ့ အမှားတွေ။ အများကြီးရှိတယ်။ အဲဒီ ခေတ်က။ သမိုင်းကို ကျေဖို့လိုတယ်။ သမိုင်းကို သိဖို့ လိုတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို အင်္ဂလိပ် အသံလွှင့်လို့ အင်္ဂလိပ်က ကျနော်တို့တိုင်းရင်းသား ဖြစ်သွားရောလား။ ကျနော်တို့က တရုတ်အသံလွှင့်လိုု့ တရုတ်က ကျနော်တို့ တိုင်းရင်းသား ဖြစ်သွားရောလား။ အဲဒီလို မေးခွန်းထုတ်လို့ ရ တယ်။ ဦးနု မှားခဲ့တဲ့ အမှားတွေကို ကျနော်တို့က ပြန်ပြောတော့လည်း ကလေးတွေက လူငယ်တွေက၊ မြန်မာဂျာနယ် လစ် တွေကိုယ်တိုင် ကိုယ်က စာမဖတ်ဘူး။ သူတို့က Facebook လောက်ပဲ ဖတ်တာ။ ဆိုတော့ သမိုင်းလည်း မသိဘူး။ သမိုင်း မကျေတော့ အ တာပေါ့။ အဲဒီတော့ နိုင်ငံခြားသားတွေ အဖြူ ပြောတာကို ထင်တယ်။ ဒါဟာ လူ့အခွင့်အရေးတွေ လျှောက်ပြောတယ်။ ဒါပေမယ့် သ မိုုင်းမသိဘူး၊ သမိုင်းမသိတော့ အကုန်လုံး အ ကုန်ကြတယ်။ ဘေးနားမှာပဲ ကျနော်တို့ ညီအကိုမောင်နှမတွေ တွေ့နေရ တယ်။ စာမဖတ်ဘူး။ သမိုင်း မသိဘူး။ ဒါပေမယ့် ဂျာနယ်လစ်ဖြစ်တယ်။ သတင်းတွေရေးတယ်။ ရိုဟင်ဂျာ ဘာမှန်းမသိဘူး ဖြစ်နေကြတယ်။ နိုင်ငံတကာမှာ အ နေ ကြတယ်။ နားစွင့်နေရမယ်။ ကိုယ့်အိမ်မှာပဲ ကိုယ် အိမ်ကျယ်နေကြတယ်။ အကုန်လုံးက တကယ့်အခြေအနေမှန်ကို မသိဘူးဆိုတဲ့ ပြဿနာကို ကျနော်တို့ ရင်ဆိုင်နေရတယ်။ မေး ။ ။ ကိုအောင်ဇော် အခု သုံးသပ်ခဲ့တဲ့အထဲ ရှေ့က အစိုးရ အဆက်ဆက် မဖြေရှင်းခဲ့တဲ့ ပြဿနာကို အခု လက်ရှိအစိုး ရ ဖြေရှင်းနေတဲ့အခြေအနေကို အားရသလား။ ကျေနပ်သလား။ ဘာတွေဟာကွက်ရှိလဲ။ လက်ရှိ အစိုးရအပေါ်ရော တပ် မတော်ရော။ ဖြေ ။ ။ ကျနော်ခုနက ပြောခဲ့ပြီးပြီ။ Coordination ပူးပေါင်းဆက်ဆံမှု လိုတယ်။ Packaging စုစည်းတင်ပြမှု လိုတယ်။ PR offensiveတို့ Diplomatic offensive တို့ ဘယ်လိုသွားမှာလဲပေါ့။ ဘယ်လို Message ပေးမှာလဲ။ အဲဒါတွေ ဘာလိုု့ အား နည်းနေကြတာလဲ။ တယောက်နဲ့ တယောက် ရန်ဖြစ်နေကြတာလား။ တယောက်နဲ့တယောက် မတည့်ဘဲနဲ့ Undermine လုပ်နေကြတာလား။ အဲဒါဆိုရင်တော့ ကျနော်တို့တိုင်းပြည်အခြေအနေ မကောင်းဘူး။ နောက်တခုက တာဝန်ရှိတဲ့သူတွေ အစိုးရပဲဖြစ်ဖြစ် Tweet လုပ်တာတွေ ခေတ်စားလာတယ်။ Facebook တို့ ဆိုရှယ်မီဒီ ယာကို အရမ်းကာရော တာဝန်မဲ့ သုံးလာတာတွေ ရှိတယ်။ သာမန်ပြည်သူတယောက်ကို ပြောတာ မဟုတ်ဘူး။ တာဝန်ရှိ သူတွေကိုပြောတာ။ အာဏာပိုင်တွေ ကအစ။ ကျနော်တို့ က ဒီကိစ္စမှာ Islamphobia၊ မွတ်ဆလင် အစ္စလာမ် ဆန့်ကျင်ရေးသွားလုပ်ရင် ပိုဆိုးသွားမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့တိုင်းပြည်ထဲမှာ ဌာနေတိုင်းရင်းသားတွေရှိတယ်။ ဒါအပြင် ဒီမှာနေနေတဲ့ မွတ်ဆလင်လူမျိုးဆိုတာလည်း ရှိတယ်။ ကျနော်တို့တိုင်းပြည်အပေါ်မှာ သစ္စာရှိတဲ့ လူတွေကို ပြောတာ။ အဲဒီလူတွေပါ သွားထိခိုက်လိမ့်မယ်။ ကျနော်တို့ က အဲဒီလို လုပ်လို့ မရဘူး။ သွား တိုက်ခိုက်လို့မရဘူး။ အဲဒါတွေကို ထိန်းရမှာ အစိုးရနဲ့ အာဏာပိုင်တွေပဲ ဖြစ်တယ်။ မေး ။ ။ မနေ့တနေ့ကဆို တောင်တွင်းကြီးမှာ ပြဿနာဖြစ်သွားပြီ။ အဲဒါကို ထိန်းတယ်လို့တော့ ပြောတယ် အဲဒါကိုရော ဘယ်လိုထင်လဲ။ ဖြေ ။ ။ ကျနော်ထင်တယ်။ သေချာ ကြပ်မတ်ရမှာပေါ့။ အထဲမှာလည်း ဒီဟာနဲ့ပတ်သက်ပြီး ပြဿနာကို မဖြစ်ဖြစ်အောင် မတည်မငြိမ်ဖြစ်အောင် ဖန်တီးချင်တဲ့အုပ်စုတွေ (Usual Suspects) တွေ ရှိတယ်ပေါ့ဗျာ။ ဒါကလည်း အရင် ဦးသိန်းစိန်ခေတ်မှာလည်း တွေ့ခဲ့ဖူးတာပဲလေ။ အဲဒါတွေကို အခြေအနေတွေကို မတည်မငြိမ်ဖြစ်အောင် ဖန်တီးနေတဲ့ အုပ်စုတွေရှိတယ်။ ဖျက်လို ဖျက်ဆီး(Spoil )လုပ်နေတဲ့ အုပ်စုတွေရှိတယ်။ တချိန်တည်းမှာပဲ နိုင်ငံတကာမှာလည်း ရှိတာပဲ။ ကျနော်တို့ ပြောတဲ့ UN ကိုယ်တိုင်က BIASED ဗိုင်းရပ်စ်ဖြစ်တယ်၊ ဘက် လိုက်တယ်။ နိုင်ငံတကာ မီဒီယာတွေလည်း ဘက်လိုက်တယ်။ အနောက်နိုင်ငံက မီဒီယာတွေကလည်း ကျိုးကြောင်းဆင်ခြင် မှုမရှိဘဲ၊ နားမလည်ဘဲ တကယ့်အထဲမှာ ရှိတဲ့ complex ဖြစ်တဲ့ ရှုပ်ထွေးတဲ့အခြေအနေကို နားမလည်ဘဲ အဖြူအမဲဆို ပြီး ရေးချပစ်လိုက်တယ်။ တချို့ကမ်ပိန်းလုပ်တဲ့ အုပ်စုတွေဆိုလည်း ဒီ ရိုဟင်ဂျာ Issueသည် သူတို့အတွက် cash count cash cow ပိုက်ဆံရှာလို့ ကောင်းတဲ့ ပိုက်ဆံအရမ်းရတဲ့ပရောဂျက် ဖြစ်တယ်။ ဒါနဲ့ ပတ်သက်ပြီး ရေးရင် ပြောရင်လည်း တဖက်စောင်းနင်းတွေပဲ ပြော ကြတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဒီ Narratives ပြဿနာတွေကို MOFA လို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနတို့ အခု state counselor office တို့ တပ်တို့ ဘယ်လိုရှင်းမှာလဲ။ ဒီဟာတွေကို ဘယ်လို Coordinate ညီညာအောင် လုပ်ပြီးတော့ Diplomatic offensive လုပ်ပြီးတော့ ဘယ်လို ပြန်သွားမှာလဲ။ အဲဒါကြောင့် ကျနော်ခုနက မေးတာ ကျနော်တို့သံတမန်ရေးရာ ခြံစည်းရိုးလည်း ပြန်ကျိုးနေပြီလား။ အနောက်တံခါးကျိုး တာ တခုတည်းတင် မဟုတ်တော့ဘဲနဲ့။ အဲဒါဆိုရင်တော့ ကျနော်တို့ဒုက္ခရောက်မယ်။ အဲဒါကို ပြောတာပါ။ The post သံတမန်ရေး ခံစစ် ကျိုးနေပြီလား appeared first on ဧရာဝတီ.
Source : http://ift.tt/2x5zbDk
via IFTTT
No comments:
Post a Comment