သက်ဆင်နှင့် လန်ဒန်တွင် တွေ့ဆုံခြင်းမရှိဟု ထိုင်းကာကွယ်ရေးဝန်ကြီး ငြင်းဆို ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်နဲ့ အင်္ဂလန်နိုင်ငံ လန်ဒန်ခရီးစဉ်အတွင်းမှာ တွေ့ဆုံခဲ့ တယ်ဆိုတဲ့ ပြောဆိုမှုများဟာ ကောလာဟလ သာဖြစ်ကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးနှင့် ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝမ်က ငြင်းဆိုလိုက်တယ်လို့ The Nation သတင်းက ဆိုပါတယ်။ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်မှူးချုပ် Kongcheep Tantrawanichက ဗိုလ်ချုပ်ကြီး ပရာဝစ်ဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ တွေ့ဆုံခြင်းမရှိကြောင်း၊ ဒါဟာ တွေးတောချက်တခုသာ ဖြစ်ပြီး၊ ကာကွယ်ရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ အလုပ်သဘောဖြစ်သလို၊ တရားဝင် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ကာ သွားရောက်တာဖြစ်တယ်လို့ ပြောပါတယ်။ ထိုင်းကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်ရဲ့ အင်္ဂလန်ခရီးစဉ်ဟာ ဝန်ကြီးချုပ်ဟောင်း ယင့်လပ် ရှင်နာဝပ် တိုင်းပြည်မှ ထွက်ပြေးကာ အင်္ဂလန်မှာ နိုင်ငံရေးခိုလှုံမယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေ ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ လန်ဒန်ကို သွားရောက်ခဲ့တဲ့ ထိုင်းကာကွယ်ရေးဝန်ကြီးဟာ ဗြိတိန် ကာကွယ်ရေးဝန်ကြီးအပါအဝင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ နှမဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင့်လပ် ရှင်နာဝပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့မှာ ဆန်စပါးဝယ်ယူရေးနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှု များဖြစ်ပေါ်ခဲ့သည် ဆိုသော တရားစွဲဆိုချက်ကို ရင်ဆိုင်ခြင်းမရှိတော့ပဲ၊ တိုင်းပြည်ကနေ ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ The post သက်ဆင်နှင့် လန်ဒန်တွင် တွေ့ဆုံခြင်းမရှိဟု ထိုင်းကာကွယ်ရေးဝန်ကြီး ငြင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2x5xl5f
via IFTTT
No comments:
Post a Comment