Tuesday, September 19, 2017

ဒီတပတ္ ရန္ကုန္မွာ လည္ပတ္စရာ

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ ၁။ မြန်မာ့ ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ၂၀.၉.၂၀၁၇ မှ ၂၁. ၉.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီပြုလုပ်သွားမည် ဖြစ်သည်။ ဝင်းကြေး အခမဲ့ဖြစ်ပြီး ခေတ်သစ်ကြေးမုံ၊ လူငယ်စတား၊ ရွှေညာမြေရဲ့ ကြယ်ပွင့်များ၊ ဖူးသစ်ကြယ်စင်၊ ဇွဲမန်းစတား၊ စကားဝါမြေ၊ မော်ဒယ်လ်ဟား စသည့် အငြိမ့်အဖွဲ့များ ပါဝင်ယှဉ် ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။ ၂။ ဥရောပ ရုပ်ရှင်ပွဲတော် ၂၀၁၇ ကို နေပြည်တော် ရုပ်ရှင်ရုံတွင် ၂၂.၉.၂၀၁၇ မှ ၁.၁၀.၂၀၁၇ ရက်နေ့ အထိ ပြုလုပ် သွားမည် ဖြစ်သည်။ အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ဥရောပနိုင်ငံများမှ ဆုရရုပ်ရှင်ဇာတ်ကားများကို အခမဲ့ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ၃။ နိုင်ငံတကာနှင့် ပြည်တွင်း အဆိုတော်များ ပါဝင်မည့် Monsoon Madness Music Festival ကို သုဝဏ္ဏ အားကစားရုံတွင် ၂၃.၉.၂၀၁၇ ရက်နေ့ ညနေ ၄ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ကျပ် ၃ သောင်းမှ ၁၀ သိန်း အထိသတ်မှတ်ထားပြီးSeinnLann So Pyay Garden ၊Balance Fitness 1 & 2၊ Vestige Cafe (Myanmar Plaza & Junction City)၊ FUSE (Myanmar Plaza)၊ Ice Cream Bar (Junction Square)၊ Brave Bar တို့တွင် ဝယ်ယူနိုင်ကြောင်းသိရသည်။ ၄။ ကိုင်ဇာ၊ ဇော်ဝင်းထွဋ်၊ ဂျေမောင်မောင်၊ တူးတူး၊ ချစ်ကောင်း အပါအဝင် နိုင်ငံကျော် အဆိုတော်များ ပါဝင်မည့် လိမ္မော်ရောင် ကောလိပ်ဂီတညကို မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ၂၃.၉.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ကျပ် ၁ သောင်းမှ ၅ သောင်း သတ်မှတ်ထားပြီး မင်းဓမ္မလမ်းရှိThida Myanmar Kitchen တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။ ၅။ အဆိုတော် ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ ဝိုင်းလေး၊ ဆိုဖီယာတု့ိ ဖျော်ဖြေမည့် Four Ladies Show Music Concert ဂီတပွဲကို ပန်းဆိုးတန်း(အထက်) လမ်းရှိ Rose Garden Hotel တွင် ၂၃.၉.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဦးချစ်မောင်လမ်းရှိ Dior by Heart Studio တွင် Gift Vouchers များ ဝယ်ယူပြီး လက်မှတ်များ အခမဲ့ ရယူနိုင်ပါကြောင်း သိရသည်။ ၆။ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ အထိမ်းအမှတ် မြန်မာနိုင်ငံ ဘာသာပြန်စာပေပွဲတော်ကို လမ်းမတော်သံဈေးရှိ Yangon Book Plaza တွင် ၂၃.၉.၂၀၁၇ မှ ၂၄.၉.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပွဲတော်တွင် ဘာသာပြန် စာပေဆွေးနွေးပွဲများ၊ ဘာသာပြန် စာအုပ် ဈေးရောင်းပွဲများကို အထူးလျော့ဈေးများဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ၇။ Rose Garden Hotel နှင့် DIOR by Heart တို့ ပူးပေါင်းတင်ဆက်သော 2017 Wedding Showcase Rose ပွဲကို Garden Hotel တွင် ၁၈.၉.၂၀၁၇ မှ ၂၃.၉.၂၀၁၇ အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပွဲကျင်းပရက်များတွင် ဝယ်ယူ အားပေးသော ဧည့်သည်များ အတွက် အထူးဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ၈။ ပန်းချီ ပန်းကြည်၏ Into The Forest ပန်းချီပြပွဲကို ပြည်သူ့ဥယျာဉ်ရှိ Yangon Gallery တွင် ၂၃.၉.၂၀၁၇ မှ ၂၇.၉.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ပန်းချီကားများနှင့် အတူ paper mache dolls များ ကိုလည်း ပြသသွားမည် ဖြစ်သည်။ ၉။ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း မိုးသီးဇွန်၏ တကိုယ်တော် ပန်းချီပြပွဲကို ပန်းဆိုးတန်း (အထက်)လမ်း ပန်းဆိုတန်း ပန်းချီပြခန်းတွင် ၂၃.၉.၂၀၁၇ မှ ၂၅.၉.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် မြန်မာနိုင်ငံရေးနှင့် ပတ်သက်သည့် သရုပ်ဖော်ပန်းချီများကိုပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ၁၀။ ပန်းချီရဲမင်း၏ WAVES IN MINDS ပန်းချီပြပွဲကို ယောမင်းကြီးလမ်းရှိ နဝဒေးသာလာ ပန်းချီပြခန်းတွင် ၂၃.၉.၂၀၁၇ မှ ၂၉.၉.၂၀၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။ ပြပွဲတွင် ဆာရီယယ်လစ်ဇင် ပန်းချီကားပေါင်း ၁၆ ကား ပြသမည် ဖြစ်ကြောင်းသိရသည်။ ။ The post ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ appeared first on ဧရာဝတီ.
Source : http://ift.tt/2w3Zy8V
via IFTTT

No comments:

Post a Comment