Tuesday, September 19, 2017


လုပ်ခလစာ နှုန်းထားသစ် ပြောင်းလဲသတ်မှတ်ရန် အမျိုးသားကော်မတီထံ တင်ပြမည် အနိမ့်ဆုံးလုပ်ခလစာ နှုန်းထားသစ် ပြောင်းလဲ သတ်မှတ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံး အခကြေးငွေ သတ်မှတ် ရေးဆိုင်ရာ ကော်မတီက စစ်တမ်းများကို ယခုလဆန်းပိုင်းအတွင်း ကောက်ယူပြီးစီးပြီဖြစ်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်းပြီး လစာနှုန်းထားများကို နေပြည်တော်ရှိ အမျိုးသားကော်မတီထံ တင်ပြမည်ဖြစ်ကြောင်း ယင်းကော်မတီမှ သိရသည်။ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီတွင် အစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ ၊ အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များ ၊ အလုပ်ရှင်အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် စီးပွားရေး ပညာရှင်များ ပါဝင်ကာ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် တရားဝင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ၊ ရခိုင်တိုင်းရင်းသား လူမျိုး ရေးရာနှင့် အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က “ရန်ကုန်တိုင်း ဒေသကြီး အနိမ့်ဆုံးအခကြေးငွေ သတ်မှတ်ရေး ကော်မတီ အစည်းအဝေးခေါ်ပြီးတော့ စက်မှုဇုန်တွေက ရထားတဲ့ ဒေတာ တွေအားလုံး စုပြီးတော့ အစီရင်ခံစာ ရေးပါ မယ်။ ရေးပြီးတော့ အမျိုးသားကော်မတီကို အစီရင်ခံစာ တင်ပါ့မယ်” ဟု ဧရာဝတီကို ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီအစည်းအဝေးကို ယခုတပတ်အတွင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ စစ်တမ်းကောက်ယူရာတွင် စက်မှုဇုန်မြို့နယ်များဖြစ်သည့် မှော်ဘီ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ ဒဂုံ အစရှိသည့် မြို့နယ်များရှိ စက်ရုံများတွင် ကောက်ယူခဲ့ပြီး မေးခွန်း ၁၅ ခုကို အခြေခံ၍ ကောက်ယူထားကာ ရလဒ်များကို တိုင်းဒေသကြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီတွင် အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရတို့ သုံးပွင့်ဆိုင် ဆွေးနွေးပြီး သဘောတူသည့် အကြမ်းဖျင်း နှုန်းထားတရပ်ကို အမျိုးသားကော်မတီထံ တင်ပေးရမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီဝင် ကိုရဲဝင်းထွန်း (အလုပ် သမား ကိုယ်စားလှယ်) က ဧရာဝတီသို့ ပြောသည်။ ကိုရဲဝင်းထွန်းက “အဓိကကတော့ အလုပ်သမားတွေရဲ့နေထိုင်မှု ကုန်ကျစရိတ်တွေ ပါတယ်။ အစားအသောက် ကုန်ကျ စရိတ်တွေ ပါမယ်။ နောက် အဝတ်အစားအတွက် ကုန်ကျစရိတ်တွေ ပါမယ်။ လုပ်ငန်းလာဖို့အတွက် သွားလာစရိတ်တွေ ပါမယ်။ ဆက်သွယ်ရေးအရ မဖြစ်မနေ လိုအပ်လာတဲ့ အသုံးစရိတ်တွေပါတယ်။ တကယ်လို့ ကျောင်းဆက်တက်နေတယ် ဆိုလည်း ကျောင်းစရိတ်ပါမယ်” ဟု ပြောသည်။ အဆိုပါ ကော်မတီကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အသစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ကော်မတီ၏ ညှိနှိုင်းအစည်း အဝေးကို မတ်လ ၈ ရက်နေ့က ပထမအကြိမ် ၊ ဇူလိုင်လ ၇ ရက်နေ့က ဒုတိယအကြိမ် ပြုလုပ်ခဲ့သည်။ အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ခုနှစ်၊ မတ်လ ၂၂ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေများကို ၂၀၁၃ခုနှစ် ဇူလိုင် ၂၂ရက်တွင် ပြဋ္ဌာန်းခဲ့သည်။ အနည်းဆုံး အခကြေးငွေ နှုန်းထားကို ၂၀၁၅ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ပထမဦးဆုံးအကြိမ် သတ်မှတ်နိုင်ခဲ့ပြီး နေရာ ဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တနာရီလျှင် ၄၅၀ ကျပ်နှုန်း၊ တနေ့လျှင် အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၃၆၀၀ နှုန်း သတ်မှတ် ထုတ်ပြန်ခဲ့သည်။ The post လုပ်ခလစာ နှုန်းထားသစ် ပြောင်းလဲသတ်မှတ်ရန် အမျိုးသားကော်မတီထံ တင်ပြမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2wsiCln
via IFTTT

No comments:

Post a Comment