Tuesday, September 19, 2017


အလှူခံပုံးမှ ပိုက်ဆံ ၃၀၀ ကျပ် ခိုးသည်ဟုဆိုကာ ကလေး ၃ ဦး ထိန်းသိမ်းခံထားရ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ အောင်ဗောဓိဘုရားဝင်းအတွင်းရှိ အလှူခံပုံးတခုထဲမှ ပိုက်ဆံ ၃၀၀ ကျပ် နှိုက် ယူသည်ဆိုကာ တောင်ဒဂုံမြို့ရဲစခန်းတွင် ခိုးမှုဖြင့်အမှုဖွင့်ခံထားရသော ကျောင်းသားအရွယ် ကလေးငယ် ၃ ဦးအတွက် အာမခံရရှိရန် ကြိုးစားနေကြောင်း တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးမှ သိရသည်။ “တိုင်းကိုယ်စားလှယ်ဦးညီညီက သက်ဆိုင်ရာ တရားသူကြီး၊ မြို့နယ်စခန်းမှူးနဲ့ သွားရောက်တွေ့ဆုံပြီး ဒီကလေးတွေကို အာမခံလုပ်ချင်တယ်။ အချုပ်လွတ်ထုချေခွင့်လုပ်ချင်ပါတယ်။ ကလေးတွေမှာလည်း များစွာနစ်နာနေပါပြီ။ ထိန်းသိမ်းခွင့်ကို ၂၉ ရက်ထိ ယူထားတာဆိုတော့ ကြားမှာတင်ပဲ ရုံးချိန်းလုပ်ပြီး အာမခံယူချင်ပါတယ်လို့ ပြောထားတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး(၁) မဲဆန္ဒနယ်ရုံးမှ ရုံးတာဝန်ခံ ဦးမြင့်ဝင်းက ဧရာဝတီကို ပြောသည်။ ဆက်လက်၍ ၎င်းက ပုဒ်မ ၃၇၉ သည် အာမခံပေးနိုင်သည့်အမှုမျိုး မဟုတ်သည့်အတွက် အာမခံပေးနိုင်မည့် အထောက် အထားများတင်ပြကာ ကလေးသူငယ်များအတွက် တာဝန်ယူပြီး အာမခံလျှောက်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၃ ရက်တွင် ၃ တန်း၊ ၅ တန်းနှင့် ၇ တန်းအရွယ် ညီအစ်ကို(ဝမ်းကွဲတဦး)၃ ယောက်သည် အောင် ဗောဓိဘုရားဝင်းအတွင်း ဆော့ကစားရင်း ဘိုးတော်၊ နတ်သမီးရုပ်ထုအရှေ့ရှိ ပိုက်ဆံပုံးအပေါက်ဝမှ ပုံးအတွင်း မကျဘဲ ကပ်၍ ကျန်နေသည့် ငွေ ၃၀၀ ကျပ်ကို သွားကြားထိုးတံဖြင့် ကော်ပြီး ထုတ်ယူနေသည်ကို ဂေါပကအဖွဲ့ဝင်တဦးက တွေ့ရှိပြီး ရဲစခန်းသို့ ပို့ဆောင် ခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသော ဦးညီညီက ရှင်းပြသည်။ ရဲစခန်းမှ တာဝန်ရှိသူများက ကလေးများကို ကမာရွတ် စည်ပင်ထိန်းသိမ်ရေးစခန်းသို့ ပို့ဆောင်ရန် စီစဉ်ခဲ့သော်လည်း က လေးများမှာ ငယ်ရွယ်နေခြင်း၊ အုပ်ထိန်းသူရှိနေခြင်း၊ လက်ရှိကျောင်းတက်နေသူများဖြစ်နေခြင်း၊ ပြစ်မှု တကြိမ်တခါမှ မရှိခဲ့ ဖူးခြင်းတို့ကြောင့် ကလေးမိဘများထံ ပြန်အပ်ရန်အကြောင်းပြန်လာမှုအပေါ် တောင်ဒဂုံမြို့နယ်စခန်းမှူးကိုယ်တိုင် ကလေး များကို ဆုံးမစကားပြောကာ မိဘများကို လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။ သို့သော် ယင်းနေ့ ညနေတွင်ပင် အောင်ဗောဓိဘုရား ဂေါပကအဖွဲ့ဝင်တဦးက ပုဒ်မ ၃၇၉(ခိုးမှု)ဖြင့် အမှုဖွင့်ခဲ့သောကြောင့် ကလေးများကို ရဲစခန်းသို့ ပြန်ပို့ပေးခဲ့ရပြီး စက်တင်ဘာ ၁၈ ရက်နေ့ မနက်အထိ တောင်ဒဂုံရဲစခန်း အချုပ်ခန်းတွင် ဖမ်းဆီးခံထားရကြောင်း သိရသည်။ “လက်ရှိအခြေအနေမှာ ဘာကြောင့် ပြန်ဖမ်းရသလဲဆိုတာ အရေးကြီးဆုံး အချက်တခု ဖြစ်နေတယ်။ ဒါကို စုံစမ်းစစ် ဆေးဖို့ လိုအပ်တယ်။ ကလေးတွေဟာ တကြိမ်တခါမှလည်း မခိုးဖူးဘူး။ ယူတဲ့ပိုက်ဆံကလည်း ၃၀၀။ ဒါကို ပုဒ်မအကြီးကြီး တပ်ထားတယ်ဆိုတော့ ရဲစခန်းဘက်မှာလည်း တစုံတရာသော ဖိအားတွေရှိနေလားဆိုတဲ့ အတွေးမျိုး တွေးမိတယ်။ ကလေးသူငယ်နဲ့ မျှတတဲ့ဥပဒေနဲ့ ဆောင်ရွက်ဖို့လိုတယ်။ အကယ်၍ ဖိအားပေးမှုတွေ ရှိတယ်ဆိုရင်လည်း အဲဒီဖိအားပေးမှု တွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားဖို့ လိုအပ်တယ်” ဟု တောင်ဒဂုံလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။ ဆက်လက်၍ ၎င်းက အဆိုပါကလေး ၃ ဦးသည် လာမည့် ၂၆ ရက်တွင် ပထမလပတ်အစမ်းစာမေးပွဲ စတင်ဖြေဆိုရမည် ဖြစ်ရာ ဥပဒေဘောင်အတွင်းမှ ကလေးငယ်များအတွက် အာမခံရရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး လူမှုရေးဝန်ကြီးနှင့် လွှတ်တော်ဥက္ကဋ္ဌများထံသို့လည်း စာတင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။ “ဒီကလေးတွေမှာ အကျင့်စာရိတ္တပျက်ပြားတာမျိုး မရှိသလို ဒီလိုလည်း တခါမှ မဖြစ်ဖူးဘူး။ မိဘတယောက်အနေနဲ့ စိတ်မ ကောင်းဘူး။ ကလေးအမေဆို ထိုင်ငိုနေတာပဲ။ ကလေးတွေကလည်း တငိုငို တရီရီနဲ့။ ကျနော့်မှာလည်း အလုပ်အကိုင်ပျက် အလုပ်မလုပ်ရဘဲ ရုံးချည်းသွားနေရတယ်။ ကလေးတွေ အမြန်ဆုံးပြန်လွတ်ပြီး စာမေးပွဲဖြေစေချင်တယ်” ဟု ၇ တန်း ကျောင်းသားကလေး၏ဖခင် ဦးဇော်မြင့်ထူးက ပြောသည်။ ယင်းကလေးငယ်သုံးဦးကို အမှုဖွင့် ရမန်(ထိန်းသိမ်းခွင့်)ယူပြီးနောက် စက်တင်ဘာ ၁၃ ညနေမှ စက်တင်ဘာ ၁၈ ရက် မနက်အထိ တောင်ဒဂုံရဲစခန်းအချုပ်တွင် ထိန်းသိမ်းထားခဲ့ပြီး ယခုအခါ သန်လျင်လူငယ်သင်တန်းကျောင်းသို့ ပို့ထား ကြောင်း၊ ရမန်ပြည့်သည့် ၂၉ ရက်တွင် တောင်ဒဂုံမြို့နယ်တရားရုံး၌ အမှုတင်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း တောင်ဒဂုံ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။ The post အလှူခံပုံးမှ ပိုက်ဆံ ၃၀၀ ကျပ် ခိုးသည်ဟုဆိုကာ ကလေး ၃ ဦး ထိန်းသိမ်းခံထားရ appeared first on ဧရာဝတီ.
Source : http://ift.tt/2wtcVn7
via IFTTT

No comments:

Post a Comment