Thursday, September 14, 2017


မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး အဆင့်မြှင့်ရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား အရည်အသွေး နိမ့်ကျပြီး လုံခြုံမှု မရှိဖြစ်နေသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးကို အဆင့်မြှင့်တင်၍ လိုအပ်သည့် ကုန်ကျစရိတ်ကို နိုင်ငံတော်က ချက်ချင်း ဖြည့်ဆည်းပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားကြောင်း သတင်းရရှိသည်။ သမ္မတရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက“အတိုင်ပင်ခံရဲ့ လမ်းညွှန်ချက်က လက်ရှိ ခြံစည်းရိုးကို ပိုပြီးတော့ အဆင့် အတန်း မြင့်မားအောင် လုပ်ဖို့။ အဲဒီအတွက် လိုတဲ့ ကုန်ကျစရိတ်ကိုလည်း ချက်ချင်း ဖြည့်ဆည်းပေးဖို့ဆိုတဲ့ လမ်းညွှန် ချက် ပေးထားတာ ရှိတယ်။ အခုက သံဆူးကြိုးလေးနဲ့တင် လုပ်နေတယ်။ ပြီးရင် ခြံစည်းရိုးက နည်းနည်းလည်း နိမ့် တယ်။ အနိမ့်ကိုရော ခိုင်မာမှုကိုရော ထပ်လုပ်ဖို့ ရှိပါတယ်”ဟု ပြောသည်။ ယမန်နေ့က နေပြည်တော် သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဧရာဝတီ သတင်းဌာန၏ မေးမြန်းချက်ကို ဦးဇော်ဌေးက အထက်ပါအတိုင်း ဖြေကြားလိုက်ခြင်း ဖြစ်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ်အတွက် ခြံစည်းရိုး ကာရန်ရေး ဘတ်ဂျက်ကို ခွင့်ပြုထားပြီး ကျပ် ၅ ဘီလီယံ ခွင့်ပြုပေးထားကြောင်း သိရသည်။ “ကျနော်တို့ ပေးထားပါတယ်။ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်ချုပ်ကြီး ရဲအောင်လည်း သွားနေတယ်။ ခြံစည်းရိုးတွေကို ကြည့်ပါမယ်။ ခြံစည်းရိုးက ပေါက်တဲ့ နေရာတွေလည်း ရှိတယ်။ ပျက်နေတဲ့ နေရာတွေက မိုင်တိုင်အမှတ် ၃၀ က နေပြီးတော့ ၄၇ ကြားမှာ တော်တော်လေး အပေါက်တွေ ရှိတယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။ ထိုနေရာများမှ ဘင်္ဂါလီများ ထွက်ပြေးနေကြ၍ ယင်းအပေါက်များကို ပြုပြင်မှုများ စတင် ဆောင်ရွက်နေပြီး ခြံစည်းရိုး ကာရန် ကျန်သည့်မိုင် ၄၀ တွင် ၂၅ ရာခိုင်နှုန်းအတွက် ဘတ်ဂျက်ကျပြီ ဖြစ်ကြောင်း၊ မိုင် ၄၀ စလုံးကို အပြည့်အဝ ကာရန်မည် ဖြစ်ကြောင်းလည်း သမ္မတရုံးမှ သိရသည်။ နယ်စပ် ခြံစည်ရိုး မလုံခြုံမှုကြောင့် မြန်မာပြည်သူများတွင် အထူးစိုးရိမ် ပူပန်မှုများ ရှိနေပြီး ခြံစည်းရိုး ကာရန် အစိုးရတွင် ပိုက်ဆံမရှိပါက ပြည်သူများ စုပေါင်း၍ ရန်ပုံငွေ ကောက်ခံကာ ကာရန်မည်ဟု စည်းရုံး ပြောဆိုမှုများ ရှိနေသည့်အပြင် အလှူခံရန်ပင် ပြင်ဆင်မှုများ ပြုလုပ်လာသဖြင့် ပြည်သူလူထုထံမှ ကောက်ခံမည် မဟုတ်ကြောင်း အစိုးရက ပြောဆိုခဲ့သည်။ ကိုဖီအာနန်၏ ရခိုင်အကြံပေး ကော်မရှင်ကမူ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအစိုးရကြား ၂ နိုင်ငံ ပြဿနာများကို ပူးတွဲ ဖြေရှင်းနိုင်ရေး ကော်မရှင်တခု ဖွဲ့စည်း၍ အနည်းဆုံး ၄ လ ၁ ကြိမ် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး၊ တရားမဝင် နယ်စပ် ဖြတ်ကျော်နေသူများ အရေး၊ ဒုက္ခသည်နှင့် IDP(ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်) များ စာရင်း ပြုစုရေး၊ မူးယစ် ဆေးဝါးနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် အစွန်းရောက် အကြမ်းဖက်တို့အား ချေမှုန်းသွားနိုင်ရေးအတွက် လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ ပြုလုပ်သင့်ကြောင့် အကြံပြုထားသည်။ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားရာဒေသတွင် ဘင်္ဂါလီရွာပေါင်း ၄၇၁ ရွာ ရှိရာ ရွာလုံးကျွတ် ထွက် ပြေးသည့်ရွာ ၁၇၆ ရွာ ရှိကြောင်း၊ လုံးဝ ထွက်မပြေးသည့်ရွာ ၂၆၀ ရှိကြောင်း၊ ထွက်ပြေးသူများကို ပြန်လည် လက်ခံ ရန် စုရပ် ၇ ခု ပြုလုပ်ပေးထားကြောင်း၊ ထွက်ပြေးသူတချို့မှာ အစိုးရကို အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့၍ မနေရဲသောကြောင့် ထွက်ပြေးခြင်း ဖြစ်ကြောင်း သိရသည်။ “နယ်စပ်က ဟိုဘက်ထဲ ရောက်နေတဲ့ သူတွေကတော့ အားလုံး ၁၀၀ ရှိ၊ ၁၀၀ လုံးလာ ဆိုပြီးတော့ လက်ခံလို့ မရဘူး။ လာတဲ့ အချိန်မှာတော့ ကျနော်တို့က ပြန်စိစစ်ရမယ်။ စိစစ်ပြီးမှ လက်ခံလို့ရမယ်။ သူတို့ ပြေးရခြင်းအကြောင်းက အစိုး ရ လုံခြုံရေးတပ်ဖွဲ့တွေက တိုက်နေလို့ ပြေးတာ မဟုတ်ဘူး” ဟု သမ္မတရုံး ညွှန်ချုပ်က ပြောသည်။ ထို့ပြင် နိုင်ငံတကာ အဖွဲ့အစည်းတချို့က ရခိုင်မြောက်ပိုင်း မောင်တောဒေသတွင် Safe Zone တခု တည်ဆောက် ပေးရန် တောင်းဆိုနေသည့် အပေါ်တွင်လည်း မြန်မာအစိုးရက လုံးဝ လက်ခံမည်မဟုတ်ကြောင်း၊ Safe Zone၊ No Plane Zone စသည့် အမည် အခေါ်အဝေါ်ကိုမဆို လက်ခံမည် မဟုတ်ကြောင်းလည်း သမ္မတရုံးက ပြောသည်။ ယခု ရိုဟင်ဂျာ အမည်ခံ အင်အားစုများသည် ယခင်ကတည်းက တပ်မတော် အစိုးရ ပြုတ်ကျရေးအတွက် တိုက်ပွဲ ဝင်ခဲ့သူများ ဖြစ်ကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်၊ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ကဲ့သို့ ဒီမိုကရေစီ တော်လှန် ရေး သမားများ၏ အောက်တွင် ထင်ထင်ရှားရှား မဖြစ်ခဲ့ဘဲ ယခုအခါ ကမ္ဘာတွင် မြန်မာအရေးမှာ ရိုဟင်ဂျာ အရေးသာ ကျန်ရှိတော့၍ အရေးပါလာကြောင်း သိရသည်။ “ကျန်တဲ့ဟာတွေ မရှိတော့ချိန်မှာ ဒီကောင်က အရမ်း Strong ဖြစ်သွားတယ်။ ဒီလူတွေက သန်းနဲ့ချီပြီးတော့ ကမ္ဘာကို ပြန့်နေတယ်။ အဲဒါကြီးက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ ဖြစ်ပါစေ၊ ဒေါ်အောင်ဆန်းစုကြည်ကို တည်ပြီး တော့ ဖိအားတွေ ပေးတယ်”ဟု ဦးဇော်ဌေးက ပြောသည်။ ရခိုင်ဖြစ်စဉ်နှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသည့် တောင်တွင်းကြီး ကိစ္စသည်လည်း တိုင်းပြည်အတွက် စိုးရိမ်စရာ ကောင်း ပြီး အချိန်မီ မတားဆီးနိုင်ပါက တနိုင်ငံလုံးသို့ ကူးစက်သွားနိုင်သည့် အနေအထား ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ အနေဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို တိုင်ကြားနိုင်သည့် Hot Line တခု ဖွင့်လှစ်ပေးရန် စီစဉ်နေကြောင်း သိရ သည်။ The post မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး အဆင့်မြှင့်ရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား appeared first on ဧရာဝတီ.
Source : http://ift.tt/2y0pwKM
via IFTTT

No comments:

Post a Comment