Sunday, September 17, 2017


လန်ဒန် ဘူတာရုံ တိုက်ခိုက်မှု ဆက်နွယ်သူ နောက်တဦးကို ထပ်မံဖမ်းဆီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ဖူလ်ဟမ်အရပ်က ပါဆန်ဂရင်းမြေအောက်ဘူတာရုံ ပေါက်ကွဲမှုနှင့် ပတ်သက် ပြီး သံသယရှိသူ နောက်တဦးကို ရဲက ထပ်မံဖမ်းဆီးခဲ့ပါတယ်။ အသက် ၂၁ နှစ်ရှိ အဆိုပါ မသင်္ကာဖွယ်ရာသူကို လန်ဒန်အနောက်ပိုင်းမှာ မနေ့က ဖမ်းဆီးခဲ့တာဖြစ် ပြီး၊ ယခုအခါ စစ်ဆေးမေးမြန်းမှုပြုလုပ်ဖို့ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ လန်ဒန်မြို့ ပါဆန်ဂရင်း မြေအောက်ဘူတာရုံ တိုက်ခိုက်မှုမှာ ပေါက်ကွဲမှုဟာ အားပျော့တဲ့အတွက် လူပေါင်း ၂၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ထို့အတွက် ၁၈နှစ်အရွယ်ရှိ လူငယ်တဦးကို ဖမ်းဆီးထားပြီးနောက် ယခု နောက်ထပ်တယောက် ဖမ်းဆီးခြင်းဖြစ်ပါတယ်။ ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး IS အကြမ်းဖက်အဖွဲ့က သူတို့လက်ချက်လို့ ကြေညာထားပါတယ်။ ဗြိတိန်နိုင်ငံတွင် ဗုံးဖောက်ခွဲ တိုက်ခိုက်မှုများကို မူလပထမက IRA ခေါ် အိုင်ရစ် ရီပတ်ဗလီကန် တပ်မတော်က ခြိမ်းခြောက်သတ်ဖြတ်ခြင်း ပြုလုပ်ခဲ့သော်လည်း ၂၀၀၅ ခုနှစ် ဇူလိုင် ၇ ရက် လန်ဒန်မြို့လယ် အသေခံဗုံးခွဲမှုက စတင်ကာ ဘာသာရေးအစွန်းရောက်အကြမ်းဖက်သမားများက ပြုလုပ်ခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုဟာ မနက်ခင်း လူအများသွားလာနေချိန်ဖြစ်တဲ့အတွက် လူပေါင်း ၅၆ဦးသေဆုံးကာ ၇၀၀ ဒဏ်ရာရခဲ့ပါတယ်။ ယခုနှစ်အတွင်းမှာပဲ မတ်လ၊ မေလ၊ ဇွန်လ တွေမှာ ဘာသာရေး အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ The post လန်ဒန် ဘူတာရုံ တိုက်ခိုက်မှု ဆက်နွယ်သူ နောက်တဦးကို ထပ်မံဖမ်းဆီး appeared first on ဧရာဝတီ.
Source : http://ift.tt/2yh7OUy
via IFTTT

No comments:

Post a Comment