Wednesday, September 13, 2017


ရခိုင်အရေး တိုင်းပြည်သို့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောမည် ရခိုင်အရေး အပါအဝင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ နိုင်ငံတော် အခြေပြ မိန့်ခွန်းတရပ်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စက်တင်ဘာလ ၁၉ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်၊ MICC – 2 ခန်းမ၌ ပြောကြားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ နေပြည်တော်ရှိ သမ္မတ အိမ်တော် Press Room တွင် စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၆ နာရီက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ပြီး ယင်းအခမ်းအနားသို့ ပြည်တွင်း၊ ပြည်ပ သတင်းထောက် အားလုံးကို ဖိတ်ကြားမည် ဖြစ်ကြောင်းလည်း သိရသည်။ ဦးဇော်ဌေးက “အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အခြေပြ မိန့်ခွန်းပါ”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ ယနေ့ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂသို့ မသွားဖြစ်ရသည့် အကြောင်းကို အဓိက ရှင်းလင်းခဲ့ပြီး ပြည်တွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမို အလေးပေးနိုင်ရန်နှင့် သမ္မတ ဦးထင်ကျော် ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေချိန်တွင် ပြည်တွင်းတွင် နိုင်ငံခေါင်းဆောင်တဦး ရှိနေရန် လိုအပ်၍ ဖြစ်ကြောင်း သိရသည်။ “ကျနော်တို့ လုပ်ရကိုင်ရတာ တော်တေ်ာကို ခက်ပါတယ်။ ဒီနေ့မှာကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တယ်လီဖုန်းတွေ ပြောရတယ်။ အချက်အလက်တွေ ပြင်ပေးရတယ်။ ကျနော်တို့ လိမ်လည် လုပ်ကြံထားတာ မဟုတ်ဘူး။ တကယ့် အဖြစ်မှန်တွေ။ Source တွေက ကကကြည်းရယ်၊ ပြည်ထဲရေးရယ်၊ ရခိုင်အစိုးရရယ်။ ဒီက ရတဲ့ အချက်အလက်တွေနဲ့ ပြန်ရှင်းပြရတာပေါ့”ဟု ဦးဇော်ဌေးက ပြောသည်။ မောင်တောဒေသတွင် လက်တွေ့ ဖြစ်နေသည့် အနေအထားကို ရှင်းပြရကြောင်း၊ ရခိုင်ဒေသကို မရောက်ဖူး၊ မမြင်ဘူးဘဲ နိုင်ငံ တကာ မီဒီယာများတွင် ရေးသား ဖော်ပြနေသည်ကို ယုံကြည်နေ၍ ရှင်းပြရခြင်း ဖြစ်ကြောင်း၊ အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော် တင့်ဆွေသည် ရခိုင်အရေး ရှင်းပြနိုင်ရန် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ ခရီးထွက်နေကြောင်း သမ္မတရုံးက ပြောသည်။ “သွားပြီး စည်းရုံးရတာပေါ့။ သံအမတ်တွေကို ခေါ်ပြောရတာ ရှိတယ်။ တယ်လီဖုန်းနဲ့ ပြောရတာ ရှိတယ်။ စာနဲ့ ရေးပို့ရတာ ရှိတယ်။ မျိုးစုံတော့ ကျနော်တို့ လုပ်နေပါတယ်။ ပြည်တွင်းမှာကျတော့ လုံခြုံရေးအရ ဂရုစိုက်ရမှာတွေ အများကြီး၊ ထုတ်ပြောပြဖို့က ခက်တယ်”ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စတခုတည်းတင် မဟုတ်ဘဲ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အခြား လက်နက်ကိုင် အဖွဲ့များအတွက်ပါ လိုအပ်သည့် အချက်များ၊ တိုင်းပြည်တွင် စီးပွားရေးကို ပြန်လည် ဦးမော့လာအောင် ဆောင်ရွက်မည့် အစီအစဉ်များပါ ရှိနေကြောင်း ဦးဇော်ဌေးက ပြောသည်။ “အခု အဲဒီ အရှိန်အဟုန်တွေ တန့်သွားတယ်။ ပြန်ကြည့်ရင် သြဂုတ် ၂၄ မှာ ကိုဖီအာနန် ရီပို့ထွက်တယ်။ ၂၅ မနက်မှာ နေရာပေါင်း ၃၀ ကျော် အတိုက်ခံရတယ်။ ပထမအကြိမ်ကလည်း ကိုဖီအာနန် ကော်မရှင်ဖွဲ့ပြီးတာနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ခံရတယ်။ အဲတော့ ကိုဖီအာနန် ကော်မရှင် ဖွဲ့တာကို လက်မခံဘဲ ဖြစ်လာအောင် တိုက်ခိုက်မှုတွေ လုပ်တာ”ဟု ဦးဇော်ဌေးက သတင်း ထောက်များကို ပြောသည်။ အစိုးရကမူ ကိုဖီအာနန် ရီပို့ကို ကြိုဆိုပြီး အကြံပြုချက် အများစုကို လက်ခံကြောင်း၊ တချို့ကိုမူ မြေပြင် အခြေအနေပေါ် မူတည်၍ ဆောင်ရွက်ရန် ဆုံးဖြတ်ထားကြောင်း၊ ထိုအချိန်တွင် ARSA ၏ နောက်ကွယ်တွင် ရှိသည့် အဖွဲ့များက မီးစိမ်းပြသည့်အခါ တိုက်ခိုက် မှုများ ဖြစ်ပေါ်လာကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။ ယခုအချိန်တွင် ဘင်္ဂလီများသည် ၎င်းတို့ကိုယ်ကို ရိုဟင်ဂျာဟု ခေါ်ဆိုပြီး ကမ္ဘာပေါ်တွင် အဖိနှိပ်ခံရဆုံး လူတစုအဖြစ် ပုံဖော်ထား သည်မှာ ကြာပြီဖြစ်ကြောင်း၊ နိုင်ငံတကာ မီဒီယာများကလည်း မောင်တောဒေသသို့ မလာဘဲ ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ထွက်ပြေးနေသည့် ဘင်္ဂလီများကို တွေ့ဆုံ၍ သတင်း လုပ်နေကြကြောင်း သမ္မတရုံးက ပြောဆိုသည်။ The post ရခိုင်အရေး တိုင်းပြည်သို့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2xy3xip
via IFTTT

No comments:

Post a Comment