Thursday, September 14, 2017


အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ လာမည် မွတ်ဆလင်များ ထွက်ပြေးမှုများအပါအဝင် နိုင်ငံရေးနှင့် ပတ်သက်ပြီး မြန်မာနှင့် တွေ့ဆုံရန် အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီသည် ယခုသီတင်းပတ်ကုန် တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။ ပက်ထရစ်မာဖီသည် ရခိုင်ပြည် မြောက်ပိုင်းနှင့် ပတ်သက်ပြီး စိုးရိမ်မကင်းကြောင်း ဖော်ပြရန် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းကိုလည်း ဗုဒ္ဓဟူးနေ့က ဆင့်ခေါ်ခဲ့သည်ဟု CNN သတင်းတပုဒ်အရ သိရသည်။ မွတ်ဆလင် ၃၇၀၀၀၀ ကျော်တို့သည် သြဂုတ်လ ၂၅ ရက်နေ့တွင်ဖြစ်ပွားသော တိုက်ခိုက်မှုများမှ လွတ်မြောက်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြပြီး တနေ့လျှင် ပျှမ်းမျှ လူ ၂၀၀၀၀ ခန့် ထွက်ပြေးနေသည်ဟု ကုလသမဂ္ဂက ဆိုသည်။ ထရမ့်အစိုးရသည် ယခင်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ထွက်ပြေးနေကြသော ဘင်္ဂလီဒုက္ခသည်များအရေး စိုးရိမ်ကြောင်း မှတ်ချက်ချပြောကြားခဲ့ပြီးဖြစ်သော်လည်း မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်ဝေဖန်ပြောဆိုခြင်း မရှိခဲ့ပေ။ အမေရိကန်အစိုးရသည် လုံခြုံရေးတပ်ဖွဲ့များနှင့် မွတ်ဆလင်စစ်သွေးကြွများကြား တင်းမာမှု လျှော့ချရန်သာ ပြောပြီး မြန်မာအစိုးရအနေဖြင့် အကူအညီပေးရေးအဖွဲ့များနှင့် သတင်းသမားများကို ထိုဒေသသို့ ဝင်ခွင့်ပေးရန်သာ တောင်း ဆိုသည်။ ဒုက္ခသည်များကို လက်ခံထားပေးသော ဘင်္ဂလားဒေ့ရှ် အစိုးရကိုလည်း ထရမ့်အစိုးရက ကျေးဇူးတင်သည်။ “အကြမ်းဖက်တိုက်ခိုက်မှုမှ ထွက်ပြေးပြီး ပြေးစရာမြေမရှိဖြစ်နေသည့် ဒုက္ခသည် သိန်းနှင့်ချီ လက်ခံထားပေးသော ဘင်္ဂ လားဒေ့ရှ် နိုင်ငံအစိုးရကို မိမိတို့ကျေးဇူးတင်သည်” ဟု ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟေလီက တွစ် တာတွင် ရေးသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်က သတင်းစာရှင်းလင်းပွဲကျင်းပပြီး လူသားချင်း စာနာမှု အခြေအနေသည် ကပ်ဘေးကျသကဲ့သို့ ဖြစ်နေသည်ဟု ပြောကာ လုံခြုံရေးတပ်များ၏ လုပ်ရပ်များ ရပ်စဲရန် တိုက်တွန်းအပြီးတွင် နစ်ကီဟေလီက ထိုသို့ရေးသားခြင်းဖြစ်သည်။ ယမန်နေ့ကလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်က မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည် မြောက်ပိုင်းရှိ မွတ်ဆလင်များကို “လူမျိုးတုန်း သန့်စင်မှု”များ ပြုလုပ်နေကြောင်း ပြောဆိုလိုက်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးမင်းကြီး Zeid Ra’ad al-Hussein နှင့် သဘောတူ မတူ သတင်းထောက်များက မေးမြန်းရာ အန်တိုနီယို ဂူတာရက်က “ရိုဟင်ဂျာ လူဦးရေရဲ့ ၃ ပုံ ၁ ပုံ တိုင်းပြည်က ထွက်ပြေးချိန် ပိုကောင်းတဲ့ အသုံးအနှုန်း ခင်ဗျားမှာ ရှိသလား”ဟု ပြန်လည်ဖြေကြားကြောင်း သိရသည်။ The post အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ လာမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2jp9c3O
via IFTTT

No comments:

Post a Comment