Wednesday, September 13, 2017


လူသတ်ရန် လမ်းပေါ်ထွက် အော်ဟစ်ခြိမ်းခြောက်သူကို ရန်ကုန်ရဲပြန်လွှတ် ရန်ကုုန်တိုုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်အတွင်း အစ္စလာမ် ဘာသာဝင်များကိုု သတ်ပစ်မည်ဟု စက်တင်ဘာ ၁၂ ရက် ည ၁ဝ နာရီခန့်က တလမ်းဝင် တလမ်းထွက် အော်ဟစ်နေသူကို ဒေသခံပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးခဲ့သော်လည်း ရဲတပ်ဖွဲ့က ထိုသူ့ကို ညတွင်းချင်း ပြန်လွှတ်ပေးခဲ့သည်။ “ကုုလားတွေ ဒီလမ်းထဲမှာရှိရင် ထွက်ခဲ့။ ကုုလားကိုု သတ်မယ်။ မွတ်စလင်တွေကိုု ပြောတာ၊ ဟိန္ဒူတွေ မပါဘူး” ဟုု အသက် ၂၇ နှစ် အရွယ်ခန့်ရှိသူ အမျိုးသားတဦးက လင်းလွန်းတောင်ရပ်ကွက်ရှိ ရွှေလောင်းလမ်း၊ ဝါးခယ်မလမ်း နှင့် ကျိုက်လတ် လမ်းများတွင် ဝင်ရောက်၍ အော်ဟစ်ခဲ့သည်။ ကျိုက်လတ်လမ်းအရောက်တွင် ရပ်ကွက်သူရပ်ကွက်သားများက ထိုသူကို ဖမ်းဆီး၍ ရဲထံ အပ်နှံခဲ့ကြောင်း၊ စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့က လာရောက်အပ်နှံသူများကိုယ်တိုင် အမှှုဖွင့်ရန် ပြောဆိုရာ အာဏာပိုင်များကိုယ်တိုင် အရေးယူမည်ဟု ယူဆပြီး အမှှုမဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ဖမ်းဆီးရာတွင် ပါဝင်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုစိန်လှှိုင်က ဆိုုသည်။ ထိုကဲ့သိုု့ အော်ဟစ်ခဲ့သူ အောင်သိန်းထွေးသည် ကြည့်မြင်တိုင်ဘူတာတွင် မီးရထားဝန်ထမ်းအဖြစ် လုပ်ကိုင်နေပြီး ဘူတာရှိ ဝန်ထမ်းအိမ်ရာတွင် နေထိုင်ကြောင်း DVB သတင်းဌာန သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ယခုရက်ပိုုင်းအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသောအခြေအနေများကြောင့် လူမျိုးရေးဘာသာရေး အပေါ်အခြေခံ၍ သွေးထိုုးလှုံ့ဆော်ခြင်း၊ နိုုင်ငံရေးအရ အမြတ်ထုုတ်ရန် အဓိကရုုဏ်း ဖန်တီးခြင်းတို့ ပြုလုပ်မည်ကိုု ပြည်သူအများ စိုုးရိမ်မကင်း ဖြစ်နေချိန်ဖြစ်သည်။ သိုု့သော်လည်း မတူညီသည့် ကိုးကွယ်ယုံုကြည်မှုများအပေါ် အခြေခံပြီး လူသတ်ရန်အော်ဟစ်ခဲ့သူ အောင်သိန်းထွေးမှာ သူ့ခံစားချက်များကိုု ပေါက်ကွဲသွားခြင်းသာဖြစ်ပြီး၊ မည်သည့် ဘာသာရေး၊ လူမျိုးရေး လှှုံ့ဆော်မှှုများ မလုပ်ခဲ့သဖြင့် အမှှုမဖွင့်ဘဲ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်လပြည့်က Myanmar Now ကိုု ပြောကြားသည်။ “သူ့ဟာသူ ဖီးလ်ဖြစ်ပြီး (ခံစားချက် ပြင်းထန်ပြီး) ပေါက်ကွဲတာပါ။ တခြား သွေးထိုုးလှှုံ့ဆော်တာ မရှိပါဘူး” ဟု ၎င်းက စက်တင်ဘာ ၁၃ ရက်နေ့တွင် ပြောကြားသည်။ သမ္မတ ဦးထင်ကျော်က စက်တာဘာ ၆ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုုလ်ချုပ်မှူးကြီး မင်းအောင်လှှိုင်၊ ပြည်ထဲရေးဝန်ကြီး ဒုုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ အပါအဝင် စစ်ဘက်အရပ်ဘက် ခေါင်းဆောင်များကို တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အခြေအနေများကြောင့် ပြည်သူတို့၏ စိုးရိမ်ပူပန်မှုများကို အသုံးချပြီး ယုံကြည်မှု အစွန်းရောက်သူများက ဆူပူမှု ဖြစ်အောင် လုပ်မည် ဆိုသည့် အန္တရာယ်ကလည်း ရှိနေပြန်ကြောင်း၊ ဤသို့သော အခြေအနေမျိုးတွင် လုံခြုံရေးအဖွဲ့အစည်းများ အနေဖြင့် ဥပဒေနှင့် အညီ ထိထိရောက်ရောက် ဟန့်တားပေးရမည် ဖြစ်ကြောင်း ပြောကြားထားသည်။ The post လူသတ်ရန် လမ်းပေါ်ထွက် အော်ဟစ်ခြိမ်းခြောက်သူကို ရန်ကုန်ရဲပြန်လွှတ် appeared first on ဧရာဝတီ.
Source : http://ift.tt/2fhlJlA
via IFTTT

No comments:

Post a Comment