Wednesday, September 13, 2017


လိင်အကြမ်းဖက်ခံ အမျိုးသမီးတို့အတွက် ခိုလှုံရာများ ပိုမိုလိုအပ် လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် အမျိုးသမီးတို့၏ ဘဝလုံခြုံရေးအတွက် ခိုလှုံရာ နေရာ (Safe House) များ အစိုးရအနေဖြင့် ပိုမိုဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း အမျိုးသမီးအရေး လှုပ်ရှား ဆောင်ရွက်နေသူ များက တိုက်တွန်း ပြောဆိုသည်။ ထားဝယ်အမျိုးသမီးသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မယ်းစိုးစိုးနွယ်က “ကျမတို့ လုပ်နိုင်တယ်ဆိုတာက အကန့်အသတ် အများကြီး ရှိတယ်။ လူအင်အား၊ ငွေကြေးအင်အားပေါ့။ အစိုးရအနေနဲ့ မြို့နယ်၊ ခရိုင်၊ တိုင်းအလိုက် ဖွင့်ထားပေးနိုင်ရင် အကောင်းဆုံးပဲ။ ကျယ်ကျယ်ပြန့်ပြန့်လည်း လုပ်နိုင်တယ်။ ပိုပြီး ထိထိရောက်ရောက်လည်း လုပ်နိုင်တယ်။ ကျမတို့ လုပ် တယ် ဆိုတာက တဖက်မှာ ဒီလိုမျိုး စီစဉ်ထားတဲ့ အနေအထားမရှိလို့ လုပ်နေရတာ” ဟု ဧရာဝတီကို ပြောသည်။ ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) ဒါရိုက်တာ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက သွေးရင်းမိသားစုဝင်များ ကျူးလွန်သည့် အဓမ္မပြုကျင့်မှုများတွင် အကြမ်းဖက်ခံရသည့် ကလေးငယ်များအတွက် နောက်ဆက်တွဲ နားခိုရန်နေရာ သည် အရေးကြီးကြောင်း၊ သက်ဆိုင်ရာ အစိုးရဌာနအနေဖြင့် ယင်းအပိုင်းတွင် ထိရောက်စွာ လုပ်ဆောင်နိုင်မှု အားနည်းနေ သေးသကဲ့သို့ အဓမ္မပြုကျင့်ခံရပြီးနောက် စိတ်ပိုင်းဆိုင်ရာ ခံစားသွားရသည့် ကလေးငယ်များအား စိတ်ပိုင်းဆိုင်ရာ ကုစားမှု လုပ်ဆောင်ပေးသည်ကိုလည်း မတွေ့ရသေးကြောင်း ပြောဆိုသည်။ ထားဝယ်အမျိုးသမီးသမဂ္ဂအနေဖြင့် လက်ရှိ ထားဝယ်တွင် Safe House တခုကို ၂၀၁၅ခုနှစ်လောက်ကတည်းက စတင် ဖွင့်လှစ်ခဲ့ပြီး အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်၊ အမျိုးသမီး၊ ကာမလိမ်လည်ခံရသူများ၊ အိမ်တွင်းအကြမ်းဖက် ခံရသူ များကို ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးနေသော်လည်း ၎င်းတို့၏ ရေရှည်ဘဝ ပြန်လည်ထူထောင်းရေးအတွက်ကိုမူ မလုပ်နိုင်သေးကြောင်း မယ်းစိုးစိုးနွယ်က ရှင်းပြသည်။ “ကျမတို့ဆီလာတဲ့ အမှုတော်တော်များများက ငွေကြေးမတတ်နိုင်တဲ့ မိသားစုက ပိုများတယ်။ အဲဒီလိုမျိုး ဖြစ်ပြီဆို သူ့ရဲ့ လုံခြုံမှုအရကိုမှ ကျူးလွန်တဲ့သူတွေက ခြိမ်းခြောက်တော့ သူ့ဒေသမှာ မနေနိုင်လို့ လာထားတာမျိုးဆို Safe House က လုံခြုံမှု ပေးနိုင်တယ်။ တရားမျှတမှု အပိုင်းကို သွားမယ်ဆိုလည်း ဒီလိုနေရာမျိုးတွေ(Safe House) မဖန်တီးပေးထား ဘူးဆိုရင် သူတို့မှာ ဆက်သွားနိုင်စွမ်း မရှိဘူး။ ဒီမှာကျ တဖက်မှာ နားခိုဖို့ နေရာပေးထားသလို တဖက်မှာ တရားရင်ဆိုင်ဖို့ ဥပဒေ အကြံပေးနဲ့ လိုက်လုပ်ပေးတာမျိုးရှိတယ်” ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအောက်ရှိ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဖွင့် လှစ်ထားသည့် ရန်ကုန်၊ မန္တလေးတို့တွင် Safe House ၄ ခု ရှိသကဲ့သို့ တနင်္သာရီတိုင်းနှင့် ကယားပြည်နယ်တို့တွင်လည်း အမျိုးသမီး အဖွဲ့များနှင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး နော်သာဝါး (အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုဌာနခွဲ)က ပြောသည်။ ဆက်လက်၍ ၎င်းက အကျိုးရှိသည့် Safe House များကို နေရာဒေသအစုံမှ လက်လှမ်းမီနိုင်ရေးအတွက် အစိုးရဘတ်ဂျက် ရရှိပါက တိုးချဲ့ဆောင်ရွက်သွားရန်ရှိသော်လည်း လက်ရှိမှာပင် ဝန်ထမ်းအင်အားမလုံလောက်သည့် အခက်အခဲရှိနေသော ကြောင့် အသစ်ထပ်ခန့်ပေးရန် တင်ပြထားရကြောင်း ရှင်းပြသည်။ နော်သာဝါးက “ဝန်ထမ်းမလောက်တဲ့ အခက်အခဲရှိတယ်။ တချို့လာတယ်။ ရောဂါပါလာတော့ ဆေးရုံ၊ ဆေးခန်းတွေ ကု ပေးရတယ်။ အခုဆို ကိုယ်ဝန်ဆောင်ပါလာတယ်။ ကလေးမွေးပေးရတယ်။ Ω ကလေးအတွက်ရော မိခင်အတွက်ရော အချိန် ပေးပြီး ဆောင်ရွက်ရတာပေါ့နော်။ ပင်မမှာရှိနေတဲ့ ပင်မအလုပ်လည်းလုပ်ရတယ်။ နောက် ဒီဆေးရုံ၊ ဆေးခန်းပြင်ပ အလုပ်လည်း လုပ်ရတယ်ဆိုတော့ ဝန်ထမ်းတွေအနေနဲ့ ကိုယ့်မိသားစုကိုတောင် ပစ်ထားရတဲ့ အနေအထားလေးတွေ ရှိတယ်” ဟု ဆိုသည်။ မကြာမီ လွှတ်တော်တင်တော့မည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေတွင် အမှုတရားစီ ရင်ပြီးသည့်အခါ ကျူးလွန်ခံရသူတို့၏ နားခိုရာအတွက် နိုင်ငံတော်က မည်သို့လုပ်ပေးရမည်ဆိုသည့် အဆင့်များ ပါဝင်သောကြောင့် ယင်းဥပဒေကို အတည်ပြု ပြဋ္ဌာန်းလိုက်ပြီဆိုပါက သက်ငယ်မုဒိမ်းအပါအဝင် အမျိုးသမီးများ အကြမ်းဖက် ခံရမှုများကို ပိုမိုကာကွယ်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ဒေါ်လှလှရီက ပြောဆိုသည်။ The post လိင်အကြမ်းဖက်ခံ အမျိုးသမီးတို့အတွက် ခိုလှုံရာများ ပိုမိုလိုအပ် appeared first on ဧရာဝတီ.
Source : http://ift.tt/2wZscuE
via IFTTT

No comments:

Post a Comment