ကိုရီးယားထုတ် ရောင်းအားအကောင်းဆုံး2018 Hyundai Santa Fe Sport SUV မော်ဒယ်က တောင်ကိုရီးယား အခြေစိုက် Hyundaiရဲ့ ရောင်းအား အကောင်းဆုံး မော်ဒယ်တွေထဲက တခု ဖြစ်ပြီးတော့ လက်ရှိ ပြည်တွင်းမှာလည်း အရောင်းပြခန်း ရှိနေတဲ့အမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။ ဥရောပလို ဈေးကွက်မှာတောင် အောင်မြင်မှု ရနေပြီး ဈေးနှုန်းချိုသာမှုနဲ့အတူ အရည်အသွေးကောင်းလို့ လူကြိုက်များတာ လည်း တွေ့ရပါတယ်။ နောက်ဘက်ခရီးသည်ခန်းက များသောအားဖြင့် ကျဉ်းတတ်ပေမယ့် အခုတော့ မော်ဒယ်ရဲ့ နောက်ဘက် ခရီးသည်ခန်းက လည်း ကျယ်ဝန်းတယ်၊ နောက်ဘက်ဝန်တင်ခန်းကလည်း ပြိုင်ဘက်မော်ဒယ်တွေထက် ကျယ်တယ်၊ ဒါဆို အတွင်းခန်း အ ကျယ်ဆုံး မော်ဒယ်တခု ဖြစ်ပြီးတော့ ဇိမ်ခံမော်ဒယ် မဟုတ်ပေမယ့် ဇိမ်ခံမော်ဒယ်ဆန်ဆန် သုံးနိုင်အောင် နည်းပညာပိုင်းရော အပြင်အဆင်ပိုင်းမှာပါ အားထည့်ဖန်တီးထားတာလည်းတွေ့ရပါတယ်။ နောက်ဆုံး သဘောကျစရာကောင်းတဲ့အချက်ကတော့ အာမခံသက်တမ်း ရှည်ကြာမှုပဲ ဖြစ်ပြီး အခြားပြိုင်ဘက်မော်ဒယ်တွေ ထက် ပိုမို ရှည်ကြာတဲ့အာမခံသက်တမ်း ပေးထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မော်ဒယ်က အာရှထုတ်မော်ဒယ် ဖြစ်နေတဲ့တိုင်အောင် ဆီစားနှုန်း နည်းနည်း များချင်နေပါတယ်။ များသောအား ဖြင့် အာရှထုတ်မော်ဒယ်တွေက ဆီစားနှုန်း ချိုတတ်ပေမယ့် အခု မော်ဒယ်ကတော့ ဆီစားနည်းနည်း များချင်နေပါတယ်။ လိုက်ပါစီးနင်းရမှု အပိုင်းမှာ အရမ်းကြီး သက်တောင့်သက်သာ မရှိသလို ခံစားမိစေတယ်။ ပြီးတော့ အမိုးသားက ဖြစ်သင့်တဲ့ ပမာဏထက် ထူနေပြီး နည်းနည်းကြည့်ရတာ ဆွဲဆောင်မှု မကောင်းချင်သလို၊ ရှေးဆန်ချင်သလိုလို ဖြစ်နေစေပါ တယ်။ မော်ဒယ်ခွဲအနေနဲ့ဆိုရင် ရွေးချယ်နိုင်စရာ ၃ မျိုး ထုတ်လုပ်ရောင်းချတာ တွေ့ရပြီး Base(SE), 2.0T(SE Ultimate)နဲ့ 2.0T Ultimate(Limited Ultimate) အဖြစ် ရောင်းချတာ တွေ့ရပါတယ်။ အင်ဂျင်စနစ်အနေနဲ့ကတော့ ၂.၄လီတာသုံး လေးလုံးထိုး အင်ဂျင်က ရုန်းအား ၁၇၈ပေါင်-ပေထိအောင် ရှိပြီး စွမ်းအင် မြင်း ကောင်ရေ ၁၈၅ကောင်အား ထိအောင် ထွက်ရှိမယ်။ ဒီအင်ဂျင်က Base မော်ဒယ်မှာ တပ်ဆင်ထားမှာ ဖြစ်ပြီး ကျန်တဲ့ မော်ဒယ်ခွဲနှစ်ခုအတွက်ကတော့ Turbocharged စနစ် ပါရှိ တဲ့ ၂.ဝလီတာသုံး အင်ဂျင်ကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ဒီအင်ဂျင်ကတော့ ရုန်းအား ၂၆၀ပေါင်-ပေမှာ မြင်းကောင်ရေ ၂၄၀ အားထိအောင် ထွက်ရှိမှာလည်း ဖြစ်ပါတယ်။ မော်ဒယ်က ၁၇ လက်မအရွယ် Alloy ဘီးတွေ တပ်ဆင်ထားမယ်၊ နောက်ဘက်မှန်တွေက အနက်ရောင်နဲ့ လာတယ်၊ နောက် ဘက် ရိုက်ကူးကင်မရာစနစ်လည်း ပါတယ်၊ နောက်ဘက်ထိုင်ခုံတန်းကို လိုအပ်ရင် ခေါက်သိမ်းနိုင်အောင် ဖန်တီးထားတယ်၊ Bluetooth စနစ် ချိတ်ဆက်နိုင်မယ်၊ USB ပေါက်ပါမယ်။ နောက်ဘက် ပါကင်အာရုံခံစနစ်လည်း ပါတယ်၊ ၈လက်မအရွယ် မျက်နှာပြင်စနစ်ပါပြီး သတင်းအချက်ပြမှုရော ဖျော်ဖြေ ရေးစနစ်အတွက်ပါ သုံးနိုင်မှာ ဖြစ်ပါတယ်။ အသံစနစ်အတွက်ကတော့ စပီကာ ၁၂လုံးထိအောင် ထည့်ထားမှာ ဖြစ်ပြီး ဖျော်ဖြေရေးပိုင်းအတွက်ကတော့ ထပ်ထည့်ဖို့ မလို အောင် ကောင်းမွန်နေတာ ဖြစ်ပါတယ်။ မော်ဒယ်က ရှေ့ဘီးယက်စနစ်နဲ့လည်း ရနိုင်သလို ဘီးစုံယက်စနစ်နဲ့လည်း လာပါတယ်။ ဂီယာပိုင်းကတော့ ၆ ချက်သုံး Auto နဲ့ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်အပိုင်းမှာ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အနေနဲ့ မော်ဒယ်က တနာရီ မိုင် ၆၀နှုန်းကို အချိန် ၇.၄ စက္ကန့်နဲ့ ရောက်အောင် မောင်းနှင်နိုင်တာ တွေ့ရပါတယ်။ ဒီနှုန်းကတော့ တန်းတူမော်ဒယ်တွေကို အမီလိုက်နိုင်တာ တွေ့ရပြီး သင့်ပါ တယ်။ ဘရိတ်ပိုင်းမှာတော့ အဆိုပါ အမြန်နှုန်းကနေ ရပ်တန့်မယ် ဆိုရင် အကွာအဝေး ၁၂၇ ပေမှာ ရပ်တန့်မှာ ဖြစ်ပြီး သင့်ရုံလောက် ပဲ ရှိပါတယ်။ ဆီတဂါလံကိုတော့ ၂၄ မိုင်လောက်ထိအောင် ပျမ်းမျှ စီးနင်းနိုင်မှာလည်း ဖြစ်ပါတယ်။ မော်ဒယ်က တန်ဖိုးနည်းတယ်၊ ရွေးချယ်နိုင်စရာ မော်ဒယ်ခွဲ သိပ်မများပေမယ့် နောက်ထပ်နည်းပညာပိုင်း အဆင့်မြှင့်နိုင်မှုမှာ Value, Premium Equipmentနဲ့ Techတွေ စတဲ့ နည်းပညာပိုင်းတွေ ထပ်ပြီး အားဖြည့်နိုင်သေးတယ်။ အရည်အသွေးပိုင်း စိတ်ချရပြီး အတွင်းခန်းကျယ်ကျယ်နဲ့ မိသားစုသုံးအတွက် အဆင်ပြေမယ့် အခုမော်ဒယ်ကို ရွေးချယ်ဖို့ ကောင်းတဲ့ တန်ဖိုးသင့် SUVအဖြစ် သတ်မှတ်ချင်ပါတယ်။ ဈေးနှုန်းအနေနဲ့တော့ ၂၀၁၈ ခုနှစ်မော်ဒယ်ကို နိုင်ငံတကာဈေးကွက်မှာ အနိမ့်ဆုံး ဒေါ်လာ ၂၉၈၅၀ ကနေ အများဆုံး ၃၈၅၅၀နဲ့ မော်ဒယ်ခွဲအပေါ်မူတည်ပြီး ဈေးနှုန်း ကွာခြားချက်နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။ www.edmunds.com The post ကိုရီးယားထုတ် ရောင်းအားအကောင်းဆုံး2018 Hyundai Santa Fe Sport SUV appeared first on ဧရာဝတီ.
Source : http://ift.tt/2lkImuV
via IFTTT
No comments:
Post a Comment