Wednesday, October 25, 2017


Ooredoo နဲ့ ရတနာပုံတယ်လီပို့ ပူးပေါင်းပြီး ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုပေးမည် မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာတခုဖြစ်တဲ့ Ooredoo Myanmar နဲ့ အင်တာနက် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိတဲ့ ရတနာပုံတယ်လီပို့ (YTP)တို့ ပူးပေါင်းပြီး FTTH (Fiber to the Home) “ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှု” မကြာခင် ပေးအပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှာ ဖိုင်ဘာအင်တာနက်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး မန္တလေးမြို့အတွင်းမှာရှိတဲ့ မြို့နယ်များနဲ့ ပြင်ဦးလွင်မြို့နယ်တို့မှာ ပထမဆုံး စတင်ဝန်ဆောင်မှုများပေးသွားမှာဖြစ်ပြီး မကြာခင်မှာလည်း အခြားသောမြို့များမှာ ဆက်လက် ဝန်ဆောင်မှုများ ပေးအပ်သွားမယ်လို့ သိရပါတယ်။ “ရတနာပုံတယ်လီပို့နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ အခုလို ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုပေးအပ်နိုင်မှာ ဖြစ်တဲ့အတွက် ဝမ်းသာမိပါတယ်။ မြန်နှုန်းမြင့်ပြီး လိုင်းတည်ငြိမ်တဲ့ ဖိုင်ဘာနည်းပညာ အင်တာနက်ဝန်ဆောင်မှုကို သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ကောက်ခံပြီး ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ အသုံးပြုလိုသူများအနေနဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး မြန်နှုန်းအနေအထားမျိုးစုံကို အိမ်များနဲ့ လုပ်ငန်းများမှာ ရွေးချယ်တပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” လို့ Ooredoo Myanmar ရဲ့ CEO, Mr.Vikram Sinha က ပြောပါတယ်။ ယခု ပူးပေါင်းဆောင်ရွက်မှုက ထင်ရှားတဲ့ ISP (Internet Service Provider) နဲ့ နိုင်ငံတကာ မိုဘိုင်း အော်ပရေတာတို့ အနေနဲ့ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုကို ပေးအပ်ရန်အတူပူးပေါင်းလိုက်တဲ့ ဝန်ဆောင်မှုဖြစ်ပြီး ရတနာပုံ တယ်လီပို့မှ အဓိကကျတဲ့ ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကို ယူဆောင်ပေးမှာဖြစ်သလို အူရီဒူးကလည်း နိုင်ငံတကာအတွေ့အကြုံများကို အသုံးပြုပြီး မြန်မာနိုင်ငံအတွက် ပစ္စည်းသစ်များနဲ့ နောက်ဆုံးပေါ်စနစ်များ အသုံးပြုပြီး ဝန်ဆောင်မှုပေးသွားမယ်လို့ သိရပါတယ်။ “လုပ်ငန်းခြင်း ဆက်စပ်နေတဲ့ ဆက်သွယ်ရေး အော်ပရေတာ Ooredoo နဲ့ ကျနော်တို့ ရတနာပုံ တယ်လီပို့ ကုမ္ပဏီတို့ အတူပူးပေါင်းပြီး မြန်မာပြည်အတွက် အမြန်ဆုံး အင်တာနက်ကွန်ရက် ဝန်ဆောင်မှုပေးနိုင်မှုဟာ မြန်မာနိုင်ငံ ဆက်သွယ်ရေးမှာ အောင်မြင်တဲ့ မှတ်ကျောက်တခုဖြစ်ပါတယ်” လို့ ရတနာပုံတယ်လီပို့မှ CEO ဖြစ်သူ ဦးစိုးသိန်းက ပြောပါတယ်။ “လိုင်းက အိမ်မှာ တယောက်တည်း သုံးတဲ့သူတွေအတွက် လိုင်းဆွဲအား မြန်မယ်ဆို ပိုကောင်းမယ်။ တခုရှိတာက ဈေးနှုန်းတွေက လူများရင် သုံးရတာ တန်ပါတယ်။ အဓိကက Youtube တို့ ဘာတို့ လိုင်းမထစ်ရင် အိုကေတယ်။ အဓိကက Youtube ကို ကြည့်ချင်ကြတာလေ။ တော်ရုံ Googling လောက်ကတော့ ဖုန်းနဲ့လည်း အိုကေတာပဲ။ ဈေးလည်း အများကနိုင်တဲ့ ဈေးနဲ့ Streaming website တွေ ကြည့်လို့ရမယ့် Unlimited အင်တာနက် ဖြစ်မယ်ဆို အိုကေတယ်” လို့ မန္တလေးမြို့မှ အင်တာနက်အသုံးပြုသူ၊ အသက် ၂၄ နှစ်အရွယ် ကိုရဲမင်းထက်က ပြောပါတယ်။ “Internet Service တွေထဲမှာ ဖိုင်ဘာအင်တာနက်က အကောင်းဆုံးပဲ။ ဖိုင်ဘာထဲမှာမှ နှစ်ခုရှိတယ်။ FTTH ရယ် Metro ရယ်၊ Metro က ပိုပြီးကောင်းတယ်။ ဈေးလည်းကြီးတယ်။ ရုံးတွေမှာ အများကြီးသုံးကြတယ်။ အဓိကကတော့ Internet Service ပေးမယ်ဆိုရင် Service Level Agreement ကို ဘယ်လိုပေးမယ်ဆိုတာ တချက်ကြည့်ရမယ်။ သူတို့က အင်တာနက်လိုင်းပဲ ရောင်းပြီး လိုင်းကျရင် တာဝန်ယူတာတို့ ဘာတို့၊ အဲဒီလို Service ပေးနိုင်တဲ့ ကုမ္ပဏီဆို ပို အဆင်ပြေတယ်” လို့ OXFAM INGO ကုမ္ပဏီမှ IT Officer ကိုဖြိုးကိုကိုက ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အင်တာနက် ဝန်ဆောင်မှုပေးနေတဲ့ ISP (Internet Service Provider) ကုမ္ပဏီများအနေနဲ့ MPT, Fortune, Myanmar Net, Net Core, Ture Net, Yadanarpon Teleport စတဲ့ ကုမ္ပဏီများက ဝန်ဆောင်မှုပေးနေပြီး ADSL, Fiber, Wifi စတဲ့ အင်တာနက် အမျိုးအစားများ ဝန်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ The post Ooredoo နဲ့ ရတနာပုံတယ်လီပို့ ပူးပေါင်းပြီး ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုပေးမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2zDaMCK
via IFTTT

No comments:

Post a Comment