Samsung မှ ဘက်ထရီစနစ်အသစ်နဲ့ ထပ်မံ ထုတ်လုပ်လိုက်တဲ့ Note Fan Edition Samsung ကုမ္ပဏီမှ မနှစ်ကထွက်ရှိခဲ့တဲ့ Galaxy Note 7 စမတ်ဖုန်းများကို ဘက်ထရီပိုင်းဆိုင်ရာ ပြဿနာများကြောင့် တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောင်းချမှု ရပ်တန့်ခဲ့ပြီး Note 7 စမတ်ဖုန်း ဝယ်ယူ သူများကို အစားထိုး လဲလှယ်ပေးခဲ့သလို ယခုနှစ်မှာလည်း ဘက်ထရီပိုင်း နည်းပညာ အသစ်နဲ့ ထပ်မံ ထုတ်လုပ်လိုက်တဲ့ Note Fan Edition စမတ်ဖုန်းသစ်ကို မိတ်ဆက်လိုက်ပါတယ်။ Galaxy Note Fan Edition စမတ်ဖုန်းသစ်ဆိုတာ မဖွင့်ရသေး၊ မသုံးရသေးတဲ့ Galaxy Note 7 ပစ္စည်းများကို ဘေးကင်းစိတ်ချရတဲ့ ဘက်ထရီများနဲ့ ပြန်လည်အစားထိုးပြီး ထုတ်လိုက်လိုက်တဲ့ စမတ်ဖုန်းအသစ် ဖြစ်ပါတယ်။ “ကျနော်တို့ အရင်ဆုံး Note 7 ထွက်တဲ့အချိန်မှာ Note 7 ကို အရမ်းကြိုက်တဲ့သူတွေ ရှိပါတယ်။ Note 7 က ဘက်ထရီပိုင်း ပြဿနာတွေကြောင့် ပြန်သိမ်းလိုက်တဲ့အချိန်မှာ Note 7 ကို ဘယ်တော့ ပြန်ထုတ်မလဲ၊ လိုချင်တယ်ဆိုတဲ့ သူတွေရှိတယ်။ Note 7 ဖုန်းက Note Series တွေထဲမှာ Security အမြင့်ဆုံးနဲ့ ရေလုံ ပထမဦးဆုံး ထွက်လာတဲ့ ဖုန်းဖြစ်တယ်။ ဒါကြောင့် Note ချစ်တဲ့သူတွေအတွက် တမင်တကာ ပြန်ထုတ်ပေးတဲ့ Fan Edition ပဲ ဖြစ်ပါတယ်” လို့ Samsung Myanmar ရဲ့ Head of IT ကိုဇာနည်ဝင်းထက်က ပြောပါတယ်။ ယခင် ထွက်ရှိခဲ့တဲ့ Galaxy Note 7 စမတ်ဖုန်းရဲ့ ဘက်ထရီ 3500 mAh ကို မသုံးတော့ဘဲ “8-Point Battery Safety Check” စနစ် (အဆင့် ၈ ဆင့်နဲ့ စစ်ဆေးထားတဲ့) 3200 mAh ဘက်ထရီကို Note Fan Edition စမတ်ဖုန်းမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ဘက်ထရီများကို စစ်ဆေးထားတဲ့ အဆင့် ၈ ဆင့်ကတော့ ဘက်ထရီ ကြာရှည်ခံမှုကို စမ်းသပ်ခြင်း၊ အမြင်အာရုံဖြင့် စစ်ဆေးခြင်း၊ X-Ray ဖြင့် စစ်ဆေးခြင်း၊ ကြိမ်ဖန်များစွာ အားသွင်းစမ်းသပ်ခြင်း၊ TVOC (Total Volatile Organic Compound Test) အော်ဂဲနစ် ဒြပ်ပေါင်း ယိုစမ့်မှု စမ်းသပ်ခြင်း၊ ဖုန်းဘက်ထရီများ ပြန်လည် ဖြုတ်၍ ဆန်းစစ်ခြင်း၊ အရှိန်အဟုန်မြှင့် အသုံးပြုမှု စမ်းသပ်ခြင်း၊ ဖုန်း ဘထရီ ဗို့အား ပြောင်းလဲမှုများ စစ်ဆေးခြင်း စတဲ့ စမ်းသပ်ချက်များစွာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ Note Fan Edition စမတ်ဖုန်း မိတ်ဆက်ပွဲသီဟတိုး/ ဧရာဝတီ Note Fan Edition စမတ်ဖုန်းမှာ ပြန်လည် ဆန်းသစ် တပ်ဆင်ထားတဲ့ ထုတ်ကုန် အစိတ်အပိုင်းများ အပါအဝင် Note 7 မှာ ထည့်သွင်း အသုံးမပြုထားတဲ့ အခြားနည်းပညာ အစိတ်အပိုင်းများကိုပါ ထည့်သွင်း အသုံးပြုထားတယ်လို့ ကိုဇာနည်ဝင်းထက်က ပြောပါတယ်။ Note Fan Edition စမတ်ဖုန်းမှာ အဓိက လုပ်ဆောင်ချက်များအနေနဲ့ ရေနဲ့ဖုန်ဒဏ် ကာကွယ်နိုင်မှု အဆင့် IP68 ပါဝင်ပြီး လုံခြုံမှုစနစ်ပိုင်းအနေနဲ့ Iris Scanner (မျက်လုံး အသုံးပြု လုံခြုံရေးစနစ်) တို့ ပါဝင်ပါတယ်။ ဒါ့အပြင် အဆင့်မြင့်ထားတဲ့ S Pen လုပ်ဆောင်ချက်များနဲ့အတူ ကင်မရာပိုင်းကို 12MP Dual Pixel Sensor ကင်မရာနဲ့ အရှေ့ဘက် ကင်မရာ 5 Mega Pixel ပါဝင် အသုံးပြုထားတာ တွေ့ရပါတယ်။ Note Fan Edition စမတ်ဖုန်း မိတ်ဆက်ပွဲသီဟတိုး/ ဧရာဝတီ မျက်နှာပြင် အရွယ်အစား ၅.၇ လက်မ Quad HD Dual edge Super AMOLED မျက်နှာပြင်နဲ့အတူ Android OS Version 7.0 အသုံးပြုထားပါတယ်။ Memory အနေနဲ့ Internal 64GB, 4GB RAM တို့ ပါဝင်ပြီး CPU Processor အရည်အသွေး Octa-core 64 bit Processor သုံးထားတာ တွေ့ရပါတယ်။ ဘက်ထရီပိုင်း ပြဿနာတက်ခဲ့တဲ့ Note 7 ဖုန်းအစား ဘက်ထရီ Icon အသစ်နဲ့ Samsung မှ မနှစ်က အောက်တိုဘာလအတွင်းမှာ သုံးစွဲသူများကို ပြန်လည် အစားထိုး လဲလှယ်ပေးခဲ့ပြီး Note 7 ဖုန်းကို နိုင်ငံတကာ လေကြောင်းလိုင်း အချို့မှာ လေယာဉ်ပေါ် သယ်ဆောင်ခွင့် ပိတ်ပင်ခဲ့ကြပါတယ်။ ယခု အသစ်ထွက်ရှိလာတဲ့ Note Fan Edition စမတ်ဖုန်းမှာတော့ ဘက်ထရီပိုင်းဆိုင်ရာ ပြဿနာ တခုခု ဖြစ်ခဲ့ရင် Samsung ကုမ္ပဏီဘက်မှ အပြည့်အ၀ တာဝန်ယူတယ်လို့ ကိုဇာနည်ဝင်းထက်က ဆိုပါတယ်။ “ကျနော် Note 7 တုန်းကလည်း တာဝန်ယူမှု အပြည့်နဲ့ အကုန် ပြန်သိမ်းခဲ့တယ်။ သိမ်းတဲ့အပြင်လည်း သုံးစွဲသူတွေ ကျေနပ်အောင် ပြန်လဲလှယ်ပေးခဲ့တယ်။ ဒါပေမယ့် အဲဒီလိုမျိုး ကျနော်တို့ ထပ်မဖြစ်အောင် Note Fan Edition ကို စမ်းသပ်မှုတွေ အများကြီး လုပ်ထားတယ်။ Samsung နဲ့ ပတ်သက်တဲ့ ပစ္စည်းတိုင်းကို ကျနော်တို့ အပြည့်အဝ တာဝန်ယူပါတယ်” လို့ ကိုဇာနည်ဝင်းထက်က ဆိုပါတယ်။ Galaxy Note Fan Edition စမတ်ဖုန်းကို ဈေးနှုန်း မြန်မာငွေ ကျပ် ၇၉၉၀၀၀ နဲ့ နိုဝင်ဘာလ ပထမ အပတ်မှ စတင်ကာ ရောင်းချသွားမှာဖြစ်ပြီး အရောင်အားဖြင့် အပြာရောင် (Blue Coral) နဲ့ အနက်ရောင် (Black Onyx) တို့ အရောင် ၂ မျိုးနဲ့ ရရှိနိုင်မယ်လို့ သိရပါတယ်။ ။ The post Samsung မှ ဘက်ထရီစနစ်အသစ်နဲ့ ထပ်မံ ထုတ်လုပ်လိုက်တဲ့ Note Fan Edition appeared first on ဧရာဝတီ.
Source : http://ift.tt/2yZwgug
via IFTTT
No comments:
Post a Comment