Tuesday, October 31, 2017


ပြိုင်ဘက် ကျားသစ်နက်ကို နှစ်ချီအတွင်း အနိုင်ယူမည်ဟု အောင်လအန်ဆန်းကြုံးဝါး “ONE: HERO’S DREAM” ပြိုင်ပွဲတွင် ပြိုင်ဘက် အယ်လိန် ဂလာနီ(ကျားသစ်နက်)ကို နှစ်ချီ အတွင်း အနိုင်ယူမည်ဟု မြန်မာစပါးအုံးဟု နာမည်ရသူ တိုက်ခိုက်ရေးသမား အောင်လအန်ဆန်းက ယနေ့ပြုလုပ်သည့် ပွဲကြိုရှင်းလင်းပွဲတွင် ကြုံးဝါးလိုက်သည်။ မြန်မာစပါးအုံးဟု ကမ္ဘာကသိသည့် အောင်လအန်ဆန်းနှင့် ကျားသစ်နက်ဟု နာမည်ပြောင်ပေးထား သည့် မွေထိုင်း ဟဲဗီးဝိတ်နှင့် ကစ်ဘောက်ဆင် ကမ္ဘာ့ချန်ပီယံ အယ်လိန်တို့ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားရုံတွင် လာမည့် နိုဝင်ဘာ ၃ရက်နေ့၌ ထိုးသတ်မည်ဖြစ်သည်။ အောင်လအန်ဆန်းက ပြိုင်ဘက် အယ်လိန် ဂလာနီသည် ၎င်းထက် ဝိတ်တန်းကြီးမားသော်လည်း အခက်အခဲမရှိ ကြောင်းလည်း ပြောသည်။ “ကမ္ဘာမှာ မြန်မာဖိုက်တာဆိုတာ ဘယ်သူလဲဆိုတာသိအောင်ပြမယ်၊ ဝိတ်ဘယ်လောက် ကြီးကြီး ကျနော်ဂရုမစိုက်ဘူး၊ သူ့ကို Good Luck လို့ပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။ ယခုပွဲစဉ်မှာ ချန်ပီယံခါးပတ်လုပွဲ မဟုတ်ဘဲ စိန်ခေါ်ပွဲအဖြစ်သာ ထိုးသတ်ခြင်းဖြစ်သည်။ အောင်လအန်ဆန်းသည် ပြိုင်ဘက်အား ပိုင်နိုင်သန်မာသည့် ချုပ်ကွက်များဖြင့် အနိုင်ယူလေ့ရှိသည့် အတွက် မြန်မာ စပါးအုံးဟု တင်စားခေါ်ဝေါ်ကြပြီး၊ MMA မစ်ဒယ်ဝိတ် ချန်ပီယံ ရုရှားနိုင်ငံသား ဗစ်တာလီ ဘစ်ဒစ်ရှ် ကို ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က မြန်မာပရိတ်သတ်ရှေ့ ရန်ကုန်မြို့တွင် အနိုင်ယူကာ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရယူထား သူဖြစ်သည်။ ယခုထိုးသတ်မည့် အယ်လိန် ဂလာနီမှာလည်း မွေထိုင်းဟဲဗီးဝိတ်နှင့် ကစ်ဘောင်ဆင်(kickboxing) တို့တွင် ကမ္ဘာ့ချန်ပီယံ တဦးဖြစ်ပြီး၊ ခိုင်မာတောင့်တင်းသည့် ခန္ဓာကိုယ်နှင့် လျှင်မြန်မှုများကြောင့် “ကျားသစ်နက်” ဟု နာမည်ပြောင်ရထားကာ ပွဲစဉ်အားလုံးနီးပါးတွင် နှစ်ချီထက်မကျော်ဘဲ အဆုံး သတ်လေ့ရှိပြီး၊ နောက်ဆုံးထိုးသတ်ခဲ့သည့် ခါးပတ်လုပွဲတွင် စိန်ခေါ်သူ ဟီဒယ်ကီ အား ၁၁ စက္ကန့်ဖြင့် အလဲထိုး အနိုင်ယူထားသူဖြစ်သည်။ “ဒီပွဲကနေတဆင့် ကိုယ်ခံပညာရပ်များရဲ့ ကောင်းကျိုးတွေ၊ အားကစားလိုက်စားခြင်းရဲ့ ကောင်းကျိုး တွေကို မြန်မာပြည် သူများကို မျှဝေပြသ ပေးချင်ပါတယ်၊ အောင်လကို လေးစားသလို သူဟာကြိုးစား ပြီး ဂုဏ်ယူဖို့ကောင်းတဲ့ သူတယောက် လည်းဖြစ်ပါတယ်၊ ဒီပြိုင်ပွဲဟာ ပြိုင်ပွဲတွေထဲမှာ အဆင့်အမြင့် ဆုံး၊ စိန်ခေါ်မှု အများဆုံးဖြစ်တဲ့အတွက် ကျနော်တို့တွေရဲ့ စွမ်းရည်တွေကိုပြသဖို့အတွက် ရင်ခုန်နေ ပါပြီ”ဟု သူ့ရဲ့ ပွဲကြိုခံစားချက်ကို အယ်လိန် ဂလာနီက ဆိုသည်။ HERO’S DREAM ပြိုင်ပွဲ၏ အခြားပွဲစဉ်တခုမှာ ONE: ဖယ်သာဝိတ်တန်း မြန်မာချန်ပီယံ ဖိုးသော်နှင့် မြန်မာ့လက်ဝှေ့ ကစားသမားတဦးဖြစ်သူ စောဘဦးတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးအနေဖြင့် နောက်ဆုံးထိုးသတ် ခဲ့သည့် သက်ဆိုင်ရာပြိုင်ပွဲများတွင် နိုင်ပွဲများ ရယူထားသူများ ဖြစ်ကြသည်။ MMA ဖိုက်တာ ဖိုးသော်က “သူ့အနေနဲ့ ရိုးရာလက်ဝှေ့နဲ့ MMA ရဲ့ ကွဲပြားမှုတွေကို သူသတိထား စေချင်ပါတယ်၊ ဘာတွေ ကွဲပြားလဲဆိုတာ ၃ ရက်နေ့ပွဲမှာ သူသိရပါတော့မယ်”ဟု ပြိုင်ဘက် စောဘဦးကို သတိပေးပြောဆိုထားသည်။ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်မည်ပွဲစဉ်များအနေဖြင့် အောင်လအန်ဆန်းနှင့် အယ်လိန် ဂလာနီ၊ ဖိုးသော်နှင့် စောဘဦး၊ Ma Hao Bin(တရုတ်)နှင့် Niko Soe(စင်ကာပူ)၊ သပြေညိုနှင့် Asraful Islam(ဘင်္ဂလားဒေ့ရှ်)၊ Pongsiri Mitsatit (ထိုင်း) နှင့် Jeremy Miado (ဖိလစ်ပိုင်) ၊ စောမင်းမင်း နှင့် ရဲသွေးနီ၊ Chen Lei (တရုတ်) နှင့် Burn Soriano (ဖိလစ်ပိုင်)၊ Miao Jie (တရုတ်) နှင့် Amira Hafizovic (သြစတေးလျ)၊ Zhang Ze Hao (တရုတ်) နှင့် Bala Shetty (အိန္ဒိယ)၊Nita Dea (အင်ဒိုနီးရှား)နှင့် Jomary Torres (ဖိလစ်ပိုင်) တို့ ပါဝင်မည်ဖြစ်သည်။ The post ပြိုင်ဘက် ကျားသစ်နက်ကို နှစ်ချီအတွင်း အနိုင်ယူမည်ဟု အောင်လအန်ဆန်းကြုံးဝါး appeared first on ဧရာဝတီ.
Source : http://ift.tt/2gYzcTw
via IFTTT

No comments:

Post a Comment