Monday, October 30, 2017


မွတ်စလင်ဒုက္ခသည်များ ပြန်လက်ခံရေးကို စောင့်ကြည့်နေဟု ကြံ့ခိုင်ရေးပါတီပြော ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသည့် မွတ်စလင်ဒုက္ခသည်များ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ၁၉၉၃ခုနှစ်က ရရှိထားသည့် နှစ်နိုင်ငံသဘောတူညီချက်မှ အချက်တချို့ကို ပြင်ဆင်ရန် လုပ်ဆောင်မှုကို ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ(USDP) မှ စောင့်ကြည့်နေကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသွားသည်။ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏ မောင်လွင်က“နဂိုရှိပြီးသား သဘောတူညီချက်ထဲက ဘယ်လိုအချက်တွေကို နှစ်နိုင်ငံဆွေးနွေးကြမလဲ၊ အရင်ရပြီးသား သဘောတူညီချက်တွေကို ဘယ် အချက်တွေ ထပ်တိုး လာမလဲ၊ ဘယ်အချက်တွေကို ဖြုတ်ချမလဲဆိုတကို ကျနော်တို့ စောင့်ကြည့်နေ ပါတယ်” ဟု ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး ဦးဆောင်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးပြီးနောက် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ၁၉၉၃ ခုနှစ်က ရရှိခဲ့သည့် နှစ်နိုင်ငံ သဘောတူညီချက်များထဲမှ တချို့ကို ပြန်လည်ပြင်ဆင်ကာ အပြီးသတ် သဘောတူ လက်မှတ်ရေး ထိုးရန် ကြိုးပမ်းလျှက်ရှိကြောင်း ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ USDP ပါတီက ထိုသို့ တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ USDP ပါတီအနေဖြင့် ၁၉၉၃ ခုနှစ် နှစ်နိုင်ငံသဘောတူညီချက်ကို ပြင်ဆင်ရာတွင် ဒေသခံများနှင့် ပြည်တွင်းအဖွဲ့ အစည်းများ၏ အသံများကိုလည်း နားထောင်ရန်လိုအပ်ပြီး ထပ်မံရေးထိုးမည့် အပြီး သတ်သဘောတူညီချက်၌ ပါဝင်မည့် အချက်များအပေါ် မူတည်၍ ဥပဒေနှင့် အညီတုံ့ပြန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆိုသည်။ ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်များ ပြန်လည်နေရာချထားရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် အောက်တိုဘာ ၂၄ ရက်နေ့က တွေ့ဆုံရာ၌ သဘောတူညီချက် ၁၀ ချက်ရရှိခဲ့ကြောင်း နှစ်နိုင်ငံပူးတွဲထုတ်ပြန်ခဲ့ ပြီး ဒုက္ခသည် ပြန်လက်ခံရေး သဘောတူညီချက်ကို အပြီးဆောင်ရွက် ရန်လည်း အချက်တခုအနေဖြင့် ထည့်သွင်းခဲ့သည်ဟု သိရသည်။ သို့သော် ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dhaka Tribune သတင်းကတော့ ဒုက္ခသည်များ ပြန်လည် လက်ခံရေးနဲ့ ပတ်သက်ပြီး မျှော်လင့်ထားတဲ့ တုံ့ပြန်မှုမျိုး မြန်မာအစိုးရဆီက မရခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြောကြားချက်ကို ကိုးကားပြီး ရေးသားထားသည်။ ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး သွားသည့် မွတ်စလင်ဒုက္ခသည် အရေအတွက်မှာ ၅ သိန်းကျော်ခန့်ရှိကြောင်း ကုလသမဂ္ဂမှ ခန့်မှန်း ပြောဆိုမှုများရှိနေပြီး ၎င်းတို့အား အမြန်ဆုံးပြန်လည်ခေါ်ယူရေးအတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှဖိအားပေးမှုများ လည်း ပြုလုပ်လျှက်ရှိသည်။ မြန်မာအစိုးရအနေဖြင့် ဒုက္ခသည်များ ပြန်လည်စိစစ်ရေး လုပ်ငန်းစဉ်များ စတင်ရန် လုပ်ဆောင်လျှက် ရှိရာတွင် နှစ်နိုင်ငံဆွေးနွေးမှုများအတွင်း မိမိနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် အမျိုးသား အကျိုးစီးပွားအပေါ် ထိခိုက်စေမည့်အချက်များအား အထူးသတိထားရန်လိုအပ်ပြီး ပြည်သူလူထုထံ သို့လည်း ပွင့်လင်းမြင်သာစွာ ချပြသင့်ကြောင်း ဦးဝဏ္ဏမောင်လွင်က ထောက်ပြသည်။ မြန်မာနိုင်ငံဘက်မှသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဝင်ရောက်နေမှုအား ချက်ချင်းရပ်တန့်ရန် နှစ်နိုင်ငံ သဘောတူညီချက် ရရှိထားသော်လည်း မွတ်စလင်အများအပြား နှစ်နိုင်ငံနယ်စပ်တွင် နေထိုင်လျှက်ရှိပြီး အောက်တိုဘာ ၂၉ ရက်နေ့ကပင် လူ ၄၂၆ ဦးမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘက်သို့ စက်လှေ ၁၄ စီးဖြင့် ထပ်မံ ထွက်ခွာသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးများ တွေ့ဆုံရာတွင်လည်း မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ARSA အဖွဲ့နှင့် ပါဝင်ပတ်သက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ စာရင်းအား ဘင်္ဂလားဒေ့ရှ်ဘက် သို့ပေးအပ်ခဲ့ကာ အမြန်ဆုံးစုံစမ်းဖော်ထုတ်ပေးရန် မြန်မာဘက်ကတောင်းဆိုခဲ့ကြောင်း သိရသည်။ The post မွတ်စလင်ဒုက္ခသည်များ ပြန်လက်ခံရေးကို စောင့်ကြည့်နေဟု ကြံ့ခိုင်ရေးပါတီပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2iNaxBz
via IFTTT

No comments:

Post a Comment