Friday, October 27, 2017


မုံးကိုးမြို့ ကချင် ဘာသာရေး ဆရာ ၂ ဦးကို ထောင်ဒဏ်များ ချမှတ် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်က ဖမ်းဆီးပြီး တရားစွဲဆိုထားသည့် မုံးကိုးမြို့ ကချင် နှစ်ခြင်းခရစ်ယာန် အသင်းတော် ဥက္ကဋ္ဌ နှင့် သင်းထောက်ဆရာ တို့ကို ယနေ့ လားရှိုးတရားရုံးက ထောင်ဒဏ်များ ချမှတ်လိုက်သည်ဟု သတင်းရရှိသည်။ ထောင်ဒဏ်များ ချမှတ်ခံလိုက်ရသည့် မုံးကိုးမြို့ ကချင် နှစ်ခြင်းခရစ်ယာန် အသင်းတော် ဥက္ကဋ္ဌသည် အသက် ၆၂ နှစ် အရွယ်ရှိ ဦးဒွယ်ဒေ့ါနောင်လတ် ဖြစ်ပြီး သင်းထောက်ဆရာသည် ဦးလန်ဂျော်ဂမ်ဆိုင်း ဖြစ်သည်။ ကချင်လူငယ်အဖွဲ့ (KYO) မှ မမိုင်းမိုင်က“ဦးလန်ဂျော်ဂမ်ဆိုင်းက ၂နှစ်နဲ့ ၃လ၊ ဦးနောင်လတ်က ၄နှစ်နဲ့ ၃လ ကျတယ်။ သူတို့ ကျန်းမာရေးတော့ အဆင်ပြေတယ်လို့ ပြောတယ်။ လူငယ်တွေ သွားတွေ့တော့ အပြင်ပိုင်းဆိုင်ရာတော့ ကျန်းမာ တယ်။ စိတ်ပိုင်းဆိုင်ရာတော့ မပြောတတ်ဘူး။ သူတို့ နှိပ်စက်ခံထားရလားဆိုတာလည်း သူတို့နဲ့ သေချာတွေ့မှ သိရ မယ်” ဟု ပြောပြသည်။ ၎င်းတို့ နှစ်ဦးကို တပ်မတော်က တရားလိုပြုလုပ်၍ တရား စွဲဆိုထားခြင်း ဖြစ်ပြီး ဦးဒွယ်ဒေါ့နောင်လတ်ကို မတရား အသင်း ဆက်သွယ်မှု ပုဒ်မ (၁၇/၁) အတွက် အလုပ်နှင့်ထောင်ဒဏ် ၂နှစ်၊ တပ်မတော်ကို အကြည်ညို ပျက်စေမှု ပုဒ်မ (၅၀၀) အတွက် ထောင်ဒဏ် ၂နှစ် နှင့် ပို့ကုန်/သွင်းကုန်ဆိုင်ရာ ပုဒ်မ ၈ အတွက် ထောင်ဒဏ် ၃လ၊ စုစုပေါင်း အလုပ် နှင့် ထောင်ဒဏ် ၄နှစ်နှင့် ၃လ ချမှတ်လိုက်သည်။ ဦးလန်ဂျော်ဂမ်ဆိုင်းကိုမူ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ (၁၇/၁) အတွက် အလုပ်နှင့်ထောင်ဒဏ် ၂နှစ်၊ ပို့ကုန်/သွင်းကုန် ဆိုင်ရာ ပုဒ်မ ၈ အတွက် ထောင်ဒဏ် ၃လ၊ စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် ၂နှစ်နှင့် ၃လ ချမှတ် လိုက်သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ရက်က ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့ကြီးတချို့တွင် တပ်မတော်နှင့် မြောက်ပိုင်း မဟာ မိတ် တပ်ဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားရာ မုံးကိုးမြို့တွင်လည်း ဒေသခံတို့၏ နေအိမ်များ လက်နက် ကြီး ထိမှန်ခြင်း၊ ဗုံးပေါက်ကွဲခြင်းများကြောင့် ပျက်စီးကာ အရပ်သား ၄၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာ အများ အပြား ရရှိခဲ့ကြသည်။ ဒေသခံများ၏ ပြောဆိုချက်အရ တိုက်ပွဲအတွင်း တပ်မတော်က လေကြောင်းအသုံးပြုကာ ဗုံးကျဲချခဲ့သဖြင့် မုံးကိုး မြို့ တွင်း ဘုရားကျောင်းနှင့် အဆောက်အအုံများ ပျက်စီးသွားသည်ဟု သိရသည်။ တိုက်ပွဲအရှိန်များ လျော့ကျသွားသည့်ကာလ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ဧရာဝတီ၊ ကုမုဒြာနှင့် DVB သတင်း ဌာန၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တို့က အသီးသီးရောက်လာပြီး သတင်းသွားယူရာတွင် ဦးဒွယ်ဒေါ့နောင်လတ် နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့က လိုက်လံကူညီပြီး မြို့ကို ပြသကာ တိုက်ပွဲအတွင်း ဒေသခံများ ကြုံရသည့် အခြေအနေ များကို မေးမြန်းရာတွင်လည်း ၎င်းတို့ ၂ဦးက ဖြေဆို ပေးခဲ့ကြသည်။ သတင်းထောက်များနှင့် လူ့အခွင့်အရေး အဖွဲ့သားများ ပြန်သွားပြီးနောက် ဒီဇင်ဘာလ ၂၄ရက်တွင် ဦးဒွယ်ဒေါ့ နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့ ၂ဦးလုံး နေအိမ်များမှ ပျောက်ဆုံးသွားပြီး တပ်မတော်က ဖမ်းဆီးသွားသည်ဟု သတင်းများ ထွက်ခဲ့သော်လည်း မိသားစုဝင်များက မေးမြန်းစုံစမ်း၍ မရသဖြင့် ရဲစခန်းတွင် လူပျောက်တိုင်ကြား ခဲ့ကြသည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက “ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များတွင် အကြမ်းဖက် သောင်းကျန်းသူများအတွက် ငွေကြေးထောက်ပံ့ကူညီခြင်း၊ သတင်းပေးခြင်း၊ လူသစ် စုဆောင်းခြင်းနှင့် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ခြင်းများ ဆောင်ရွက်ခဲ့သူ ၂ဦးအား ဖော်ထုတ် ဖမ်းဆီး စစ်ဆေး” ဟူသည့် ခေါင်းစဉ်နှင့်အတူ ပျောက်ဆုံးနေသည့် ကချင် ဘာသာရေးဆရာ ၂ဦး၏ ဓာတ်ပုံကို ဖော်ပြပြီး သတင်းထုတ်ပြန်ခဲ့သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ဇန်နဝါရီလ ၁၉ ရက် သတင်းထုတ်ပြန်ချက်တွင် ကချင် ဘာသာရေးဆရာ ၂ဦး သည် တိုက်ပွဲဖြစ်နေစဉ် တရုတ်နိုင်ငံသို့ ပုန်းရှောင်နေပြီး ဒီဇင်ဘာလ ၇ရက်တွင် မုံးကိုးမြို့တွင်းသို့ ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ တပ်မတော်ဘက်မှ အမာခံသတင်းပေးများ၏ သတင်းပေးချက်အရ ၎င်းတို့ ၂ဦးကို ဖမ်းဆီးပြီး လုံခြုံရေးအရ သတင်းပေါက်ကြားမှု မရှိစေရန် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေး အတည်ပြု ခြင်း များကြောင့် အချိန်ယူခဲ့ရကြောင်းလည်း ရေးသား ထားသည်။ စစ်ဆေးချက်များအရ ဦးဒွယ်ဒေါ့နောင်လတ်သည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင်းက KIA တပ်မဟာ (၆)တွင် ပြုလုပ်သည့် ဆုတောင်းပွဲကို သွားရောက်ခဲ့ကြောင်း၊ KIA နှင့် MNDAA တို့မှ အကြီးအကဲများ၊ တပ်ဖွဲ့ဝင်များနှင့် ရင်းနှီး သူဖြစ်ကြောင်း၊ မုံးကိုး တိုက်ပွဲဖြစ်စဉ်ကာလတွင် မုံးကိုးမြို့ နှစ်ခြင်းခရစ်ယာန်အသင်း၏ ဥက္ကဋ္ဌအဖြစ် အသွင်ယူ ကာ တပ်မတော် စစ်ကြောင်းများ၏ လှုပ်ရှားမှုများကို အကြမ်းဖက် သောင်းကျန်းသူများထံ သတင်းပို့သည့်အပြင် ငွေကြေး များလည်း ထောက်ပံ့ကြောင်း ပြည်ပမီဒီယာများကိုလည်း ချိတ်ဆက်ပြီး တပ်မတော်အပေါ် နိုင်ငံတကာနှင့် ပြည်သူ လူထုက အထင်မြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်သည်ဟုလည်း ပါရှိသည်။ ဦးလန်ဂျော်ဂမ်ဆိုင်းက တိုက်ပွဲကာလအတွင်း KIA များထံသို့ တပ်မတော်သတင်းများ ပေးပို့ပြီး KIA အတွက် လူသစ် စုဆောင်းပေးကြောင်း၊ KIA များ သွားလာမှု အဆင်ပြေစေရန် စက်သုံးဆီများ သယ်ယူပို့ဆောင်ပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။ တပ်မတော်၏ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကချင် အရပ်ဘက် အဖွဲ့အစည်းများကမူ ထုတ်ပြန်ချက်ပါ အချက်များသည် မမှန်ကန်ကြောင်း၊ သတင်းထောက်များနှင့် လူ့အခွင့်အရေး အဖွဲ့များကို တိုက်ပွဲမြေပြင် အခြေအနေ မှန်များ ပြောပြခြင်းကြောင့် မတရားဖမ်းဆီးကာ တရားစွဲဆိုပြီး ထောင်ချခြင်း ဖြစ်သည်ဟု ယူဆကြောင်း ပြောဆိုထား ကြသည်။ ကချင် နှစ်ခြင်းခရစ်ယာန် အဖွ့ဲချုပ် (KBC) ၏ အတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်ကလည်း “သူတို့ ထုတ်ပြန် ချက်မှာ ပါတာတွေက အတိအကျ ပြောနိုင်တဲ့ ကိစ္စတွေမဟုတ်ဘူး။ ပဋိပက္ခအချိန်မှာ နှစ်ဘက်လုံးကို အသင်းတော်က လူတွေက တွေ့နေရတာပဲ။ ငြိမ်းချမ်းရေးရဖို့၊ ပြဿနာ မဖြစ်ဖို့ တွေ့ဆုံပြောနေရတာ ရှိတာပဲ။ အခုလို ပြောပြီး အခုလို လုပ်လိုက်တာ က စိတ်မကောင်းစရာပဲ”ဟု ပြောသည် ။ ၎င်းတို့ ၂ဦးကို တပ်မတော်က ဖမ်းဆီးပြီး တရားစွဲဆိုခြင်းသည် တရားမမျှတသည့် လုပ်ရပ်ဖြစ်သဖြင့် ပြန်လွှတ်ပေးပါ ဟု လူ့အခွင့်အရေး အဖွဲ့များ ဖြစ်သည့် လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ (HRW) နှင့် Fortify Rights တို့က ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ကြေညာချက်များ ထုတ်ပြန်ထားသည်။ သို့သော် မုံးကိုးအခြေစိုက် တပ်မ ၉၉ မှ ဗိုလ်မှူး ကျော်ဇင်ထွန်းက တရားလိုလုပ်ကာ မူဆယ်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး ၂၀၁၇ ခုနှစ် မေလတွင် လားရှိုးမြို့နယ် တရားရုံးကို ပြောင်းရွှေ့၍ တရားစွဲဆိုခဲ့ပြီး ယခု ထောင်ဒဏ် များ ချခံရခြင်း ဖြစ်သည်။ ဆက်လက်ပြီး ဒေါက်တာ ခလမ်ဆမ်ဆွန်က “ကျနော်တို့ ဓမ္မဆရာနဲ့ အသင်းတော် လူကြီးကို ဒီလိုလုပ်ခြင်းက အားလုံး ကို ထိခိုက်သွားစေတယ်။ နောက် စစ်တပ်နဲ့ဆိုင်တဲ့ ကိစ္စတိုင်းမှာ အရပ်ဘက်က ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တဲ့ အားနည်းချက်ကို တွေ့ရတယ်။ ဒါ့ကြောင့် ကျနော်တို့ ဘယ်လိုလုပ်ကြမယ် ဆိုတာကို တိုင်ပင်ပြီး ဆုံးဖြတ်ချက်ယူကြ ပါမယ်” ဟု ပြောဆိုသည်။ The post မုံးကိုးမြို့ ကချင် ဘာသာရေး ဆရာ ၂ ဦးကို ထောင်ဒဏ်များ ချမှတ် appeared first on ဧရာဝတီ.
Source : http://ift.tt/2iabVdV
via IFTTT

No comments:

Post a Comment