တကိုယ်တော်ခွေ ထွက်ဖို့ ကြိုးစားနေတဲ့ အဆိုတော် Mary Facebook မှာ အများနဲ့မတူတဲ့ သီချင်းဆိုဟန်၊ ပုံစံတွေနဲ့ သီဆိုတတ်သူအဖြစ် လူသိများလာတဲ့ အဆိုတော် Mary က လက်ရှိမှာ တကိုယ်တော် တေးသီချင်းခွေအတွက် သီချင်းတွေ စစုနေပြီဖြစ်ပြီး နောက်နှစ်ထဲမှာ ထွက်ရှိနိုင်အောင် ကြိုးစားနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။ “အခုလောလောဆယ်တော့ Mary က သီချင်းတွေ စစုနေပါပြီ။ နောက်နှစ် Mary အခွေ ထွက်သွားဖို့ အတွက် သီချင်းရေးတာတွေ စဆိုနေပါပြီ။ ပရိသတ်လက်ထဲ ဘယ်တော့လောက် ရောက်မလဲ ဆိုတော့ နောက်နှစ်ထဲမှာတော့ ရောက်နိုင်အောင် ကြိုးစားနေပါတယ်။ နောက်နှစ် မိုးတွင်းလောက် ထွက်နိုင်အောင် ကြိုးစားပါမယ်။ English သီချင်းတွေလည်း Mary ကြိုးစားပြီး ဆိုသွားဖို့ အစီအစဉ် ရှိပါတယ်” လို့ သူက ဆိုပါတယ်။ အဆိုတော် Mary ဟာ “ဝဲ” ဆိုတဲ့ တေးသီချင်းနဲ့ အွန်လိုင်းပေါ်တွင် စတင်လူသိများ အောင်မြင် လာသူတဦးလည်း ဖြစ်ပါတယ်။ ၎င်းက အခုလက်ရှိ ဂျပန်နိုင်ငံမှာ နေထိုင်ကာ ပညာသင်ကြားလျက်ရှိပြီး ဂျပန်နိုင်ငံ Aoyama Gakuin တက္ကသိုလ်မှာ International Communication ဘာသာရပ်ကို သင်ယူနေတဲ့ နောက်ဆုံးနှစ် ကျောင်းသူတဦးလို့ သိရပါတယ်။ ကျောင်းအားတဲ့ရက်တွေမှာ မြန်မာနိုင်ငံကို ခဏပြန်လာပြီး သူဝါသနာပါတဲ့ အနုပညာလုပ်ငန်းတွေ ပြုလုပ်နေသူပါ။ လက်ရှိမှာ တက္ကသိုလ် နောက်ဆုံးနှစ်၊ Second Semester စာမေးပွဲ ဖြေဖို့ လုပ်နေပြီး ကျောင်းပြီးလို့ ဘွဲ့ရသွားတဲ့အခါ မြန်မာပြည်ပြန်လာပြီး သီချင်းတွေ ဆိုသွားဖို့ ရှိတယ်လို့ သူက ဆိုပါတယ်။ “Mary က အခု ၁ လပိုင်းမှာ Second Semester ဖြေပြီးရင် ဘွဲ့ယူပြီး မြန်မာနိုင်ငံ ပြန်လာဖို့ ရှိပါတယ်။ အခုပြန်ပြီး ဒီဇင်ဘာမှာ Mary ပြန်လာဖို့ ရှိပါတယ်။ ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် ဒီကြားထဲမှာ Mary Page ကနေ Cover Song လေးတွေ တင်သွားမယ်။ Activity တွေ လုပ်သွားမယ်။ ဒီဇင်ဘာကျရင်တော့ မြန်မာပြည် ပြန်လာပြီး ရှိုးပွဲတွေမှာ သီချင်းဆိုဖို့ ရှိပါတယ်” လို့ Mary က ပြောပါတယ်။ “ဝဲ” သီချင်း မထွက်ခင်က အဆိုတော် Lil’z နဲ့အတူ Featuring သီဆိုထားတဲ့ “မငိုပါနဲ့တော့” သီချင်း ထွက်ရှိထားပါတယ်။ လက်ရှိမှာလည်း Mary က “ဝဲ” ၊ “Mask” ၊ “3am” စတဲ့ တကိုယ်တော် သီချင်းတွေအပြင် Big Bag နဲ့ တွဲဖက်သီဆိုထားတဲ့ “Accident” သီချင်းလည်း ထွက်ရှိထားပါတယ်။ အဆိုတော် Mary (ဓာတ်ပုံ- သီဟတိုး/ဧရာဝတီ) ထူးခြားတဲ့သီဆိုသံပိုင်ရှင်တဦးလည်းဖြစ်တဲ့ Mary က “အသံပိုင်းနဲ့ ပတ်သက်ပြီး ဂျပန်မှာ အရမ်းအေးတယ်။ မြန်မာနိုင်ငံက ရာသီဥတု ပူတယ်။ Mary က ဟိုသွားလိုက် ဒီသွားလိုက် ဆိုတော့ အသံက အရမ်း ပျက်လွယ်တယ်။ နေမကောင်း ဖြစ်လွယ်တယ်။ အဲဒီအတွက် Mary က လည်ချောင်းနာတဲ့ အစားအစာတွေ ရှောင်လေ့ရှိပါတယ်။ အေးတာတွေဆို သိပ် မစားဖြစ်ပါဘူး” လို့ အသံနဲ့ ပတ်သက်ပြီး ထိန်းသိမ်းပုံကို ပြောပါတယ်။ အဆိုတော် Mary က တေးသီချင်းများကို ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုသူဖြစ်ပြီး အများနဲ့မတူတဲ့ ကိုယ်ပိုင်ဟန်တွေကြောင့် Facebook မှာ လူသိများလာတာလည်း ဖြစ်ပါတယ်။ သီချင်းတွေကို ကိုယ်တိုင်ရေးတာနဲ့ ပတ်သက်လို့ Mary က “များသောအားဖြင့် သီချင်းတွေကို Mary ကိုယ်တိုင် ရေးတာများပါတယ်။ သူများရေးတဲ့ သီချင်းတွေလည်း ဆိုသွားဖို့ ရှိပါတယ်။ သီချင်း ရေးတဲ့ အခါ Mary က Story လေးတွေကို ကိုယ်တိုင်စဉ်းစားပြီး အဲ့ Character သက်ဝင်အောင် Mary ခံစား ရေးပါတယ်။ ဂီတအမျိုးအစားထဲမှာဆိုရင် Blue, Jazz တို့ ကြိုက်ပါတယ်။ သီချင်း အေးအေးလေးတွေ နားထောင်ဖြစ်တာ များပါတယ်” လို့ ဆိုပါတယ်။ သူ့ရဲ့ ပထမဆုံး တေးသီချင်းဖြစ်တဲ့ “ဝဲ” သီချင်းရဲ့ မြူးဇစ်ဗီဒီယိုထွက်လာပြီးချိန်မှာလည်း Facebook စာမျက်နှာတွေထက် ဝေဖန်သံအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရကာ Facebook လောကကနေ ပျောက်ကွယ်သွားခဲ့ပြီး နောက် သိပ်မကြာခင် ပြန်လည်ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီအပေါ် သူက “Mary က နဂိုတည်းက ပျော့ညံ့တဲ့ မိန်းကလေးတော့ မဟုတ်ဘူး။ ဒါပေမယ့် စိတ်ထိခိုက် လွယ်တဲ့လူပေါ့နော်။ အခုကတော့ Facebook မှာလည်း လူတွေ အပြောခံရတာ နည်းနည်း များလာတော့ နည်းနည်း အဆင်ပြေသွားပြီ။ နေသားကျသွားပြီ။ ကိုယ်လုပ်ချင်တာ၊ လုပ်စရာ ရှိတာတွေ လုပ်သွားမယ်။ ကိုယ့်ပရိသတ်တွေနဲ့ ကိုယ် အချိတ်အဆက်မိအောင် နေသွားမယ်လို့ Mary တွေးထားပါတယ်” လို့ ဆိုပါတယ်။ ။ The post တကိုယ်တော်ခွေ ထွက်ဖို့ ကြိုးစားနေတဲ့ အဆိုတော် Mary appeared first on ဧရာဝတီ.
Source : http://ift.tt/2yYgcv0
via IFTTT
No comments:
Post a Comment