Monday, October 30, 2017

စတိုင္မက်တဲ့ အေနအထိုင္ ၁၀ မ်ိဳး

စတိုင်မကျတဲ့ အနေအထိုင် ၁၀ မျိုး စတိုင်ရှိမှ စတားဖြစ်မယ်လို့တောင် ခေတ်စကား တခု ရှိပါတယ်၊ ကိုယ့်စိတ်ကြိုက် နေထိုင်မှုဟန်က အများ အလယ်မှာ သိသာထင်ပေါ်မယ် ဆိုရင်တော့ သင်ဟာ ပတ်ဝန်းကျင်ရဲ့ ဂရုစိုက်မိမှုကိုရမယ်၊ ထင်ပေါ်မယ်၊ လူသိများမယ်ပေါ့။ ဒါပေမယ့် အခု ပြောပြမယ့် စတိုင်တွေကတော့ သင့်အနေနဲ့ ကိုယ့်စတိုင်နဲ့ကိုယ်လို့ ဆိုနိုင်ပေမယ့် ပုံစံ မကျဘဲ လူအများက အထင်သေးတာပဲ ဖြစ်ဖြစ်၊ နှာခေါင်းရှုံ့တာပဲဖြစ်ဖြစ် ခံရနိုင်မယ့် အနေအထိုင်တွေပဲ ဖြစ်ပါတယ်။ ဒီတော့ အခု ပြောတဲ့ အချက်တွေထဲမှာ သင့်ရဲ့ အကျင့်တွေ ပါနေပြီ ဆိုရင်တော့ ပြင်လိုက်တာ အကောင်းဆုံးပါ။ (၁) လေးလံနေခြင်း – တနေ့တလံ ပုဂံဘယ်ရွေ့ ဆိုတဲ့ စကားပုံတော့ ရှိပါတယ်။ ဒါပေမယ့် ခေတ်စကားအရတော့ ဖင်လေးတယ်ပေါ့။ တခုခု လုပ်တော့မယ်ဆိုရင် အမြဲတမ်း ကြာနေတတ်တယ်၊ နောက်ဆုံးက ရောက်နေတယ်၊ တခုခုကို အရမ်းစဉ်းစားနေတယ် ဆိုရင် မကောင်းပါဘူး၊ ပြီးတော့ အကြောင်း တခုခုကို ပြောစရာ ရှိရင် စီကာပတ်ကုံး စကားများနေခြင်းက မကောင်းပါဘူး။ (၂) လက်သည်းတွေကို မကိုက်ပါနဲ့ – ဒီခေတ်ထဲမှာ ဘယ်သူကမှတော့ လက်သည်းကို ကိုက်တတ်တယ်လို့ ဝန်ခံမှာ မဟုတ်ပေမယ့် မရည်ရွယ်ဘဲ ကိုက်မိတတ်တဲ့ သူတွေ ရှိပါတယ်။ အတတ်နိုင်ဆုံး ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် လက်သည်း မကိုက်ဖြစ်အောင်နေပါ၊ စတိုင်လည်း မကျပါဘူး။ (၃) အတွေးမများပါနဲ့ – တခုခုကို ဆုံးဖြတ်ဖို့၊ လုပ်ကိုင်ဖို့အတွက် အတွေးများနေခြင်းက မကောင်းပါဘူး။ သူများတွေက ဆိုက်ကိုသမားလို့တောင် အခေါ်ခံရနိုင်ပါတယ်။ အကျိုးအကြောင်း ဆင်ခြင်မှုကို အချိန် တခု အထိပဲထားပြီး ဆုံးဖြတ်ချက်ချမှတ် လုပ်ဆောင်တာ အကောင်းဆုံးပါ။ အရမ်း မစဉ်းစားပါနဲ့။ (၄) စောဒက မတက်ပါနဲ့ – ဆင်ခြေပေးတယ်လို့လည်း ပြောနိုင်ပါတယ်။ မိမိရဲ့အမှားပဲ ဖြစ်ဖြစ် လိုအပ်ချက် အတွက်ပဲ ဖြစ်ဖြစ် တာဝန်ယူပါ၊ ဝန်ခံပါ။ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက် ပေးတာတွေ၊ စောဒက တက်တာတွေက မိန်းကလေးအတွက်ပဲဖြစ်ဖြစ် ကောင်လေးတွေအတွက်ပဲ ဖြစ်ဖြစ် မကောင်းပါဘူး။ ကြိုးစားမှုသာ ပဓာနပါ။ ဆင်ခြေမပေးပါနဲ့။ (၅) ပီကေမစားပါနဲ့ ကျနော်တို့ဆီမှာတော့ ကွမ်းစားတယ်ပေါ့၊ ပီကေလည်း အတူတူပါပဲ။ ဖြစ်နိုင်ရင် မိမိကိုင်ပိုင် အပန်းဖြေချိန်လို အချိန်မှပဲ စားပါ။ အလုပ်ခွင်၊ အများနဲ့ ဆက်ဆံရချိန်တွေမှာ ကွမ်းက အစ ပီကေထိအောင် မစားတာ အကောင်းဆုံးပါ။ (၆) ကိုယ်ပိုင်စားပွဲကို ရှုပ်မနေပါစေနဲ့ အလုပ်စားပွဲပဲ ဖြစ်ဖြစ်၊ မိမိ စာကြည့်စားပွဲပဲ ဖြစ်ဖြစ်၊ နောက်ဆုံး မိမိအိမ်က ဧည့်ခန်း စားပွဲလေးကိုပဲ ဖြစ်ဖြစ် ရှုပ်မနေပါစေနဲ့။ တချို့က စာကြမ်းပိုးပုံစံ၊ အလုပ်များနေတဲ့ ပုံစံ၊ တကိုယ်ရေသမားပုံစံ ဆိုတာမျိုး သိသာအောင် စားပွဲကို ရှုပ်နေပေမယ့် မရှင်းဘဲ ထားတတ်တာတွေ၊ ပျင်းလို့ မရှင်းဖြစ်တာတွေ ရှိပါတယ်။ အများအမြင်မှာ မကောင်းပါဘူး။ မိမိစားပွဲလေးကို အမြဲသန့်နေ၊ ရှင်းလင်းနေပါစေ။ (၇) ဂနာမငြိမ်သလို မနေပါနဲ့ စိတ်လှုပ်ရှားမှု တခုခုကြောင့် ဖြစ်စေ၊ မိမိကို တပါးသူ သတိထားမိစေအောင်ဘဲဖြစ်ဖြစ် ဂနာမငြိမ်တဲ့ ပုံစံ လုပ်ပြတတ်သူတွေ ရှိပါတယ်။ အထူးသဖြင့် အခု ပုံစံကို အမျိုးသမီးတွေမှာ တွေ့ရများပါတယ်။ ဂနာမငြိမ်သလို မနေပါနဲ့၊ မိမိရဲ့ တည်ငြိမ်မှု အားနည်းခြင်းကို ဖော်ပြနေသလိုဖြစ်ပြီး လူအများက သဘောမကျတတ်ပါဘူး။ (၈) သူများအကြောင်းမပြောပါနဲ့ ခေတ်စကားအရတော့ အတင်းပြောခြင်းမျိုး ဖြစ်ပါတယ်။ တပါးသူရဲ့ မကောင်းကြောင်းကို ပိုပြီး မပြောမိအောင်နေပါ။ မိမိ အလုပ်၊ ကျောင်းစာ၊ ကိစ္စရပ်တွေကိုပဲ အကောင်းဆုံး စိတ်ဝင်စား လုပ်ဆောင်ပြီးနေပါ။ အတင်းပြောတတ်သူ အဖြစ် သတ်မှတ်ခံရအောင် မနေပါနဲ့။ (၉) စိတ်ကူးယဉ်မများပါနဲ့ အလုပ်အတွက်ပဲ ဖြစ်ဖြစ်၊ ဘဝ အတွက်ပဲ ဖြစ်ဖြစ် စိတ်ကူးယဉ်များနေမှုက အောင်မြင်ခြင်းကို ပေးစွမ်းနိုင်မှာ မဟုတ်သလို အလုပ်မတွင်မှုနဲ့အတူ လူ အများလက်ခံတဲ့ အောင်မြင်သူတယောက် ဖြစ်လာဖို့ မလွယ်ပါဘူး။ စိတ်ကူးယဉ် မလွန်ပါနဲ့၊ စိတ်ကူးနဲ့ လက်တွေ့ ကိုက်ညီအောင်မြင်အောင် လုပ်ဆောင်ပါ။ အတွေးမများပါနဲ့၊ စိတ်ကူးယဉ် ကမ္ဘာထဲမှာပဲ အချိန်ကုန် မခံပါနဲ့။ စကားနည်းသူ အဖြစ် လူအများရဲ့ သတ်မှတ်မှုကို ခံရတာထက် လူပျင်းလို့ သတ်မှတ်ခံရဖို့ ပိုများပါတယ်။ (၁၀) အာမေဋိတ်စကားတွေ သိပ်မသုံးပါနဲ့ ဟင်၊ ဘယ်လို၊ ဟား၊ ဟယ် ဆိုတဲ့ ကျနော်တို့ အသုံးများတဲ့ အာမေဋိတ် စကားတွေကို သိပ်မသုံးပါနဲ့၊ မိမိရဲ့ စိတ်ဟာ အတွေ့အကြုံတခု အတွက်ကို အံ့သြနေတတ်ပြီ ဆိုရင် မိမိဟာ စိတ်တည်ငြိမ် ရင့်ကျက်သူ မဟုတ်သေးဘူးဆိုတာ သိသာစေပါတယ်။ မသုံးနဲ့လို့ ပြောတာ မဟုတ်ပေမယ့် အကျင့်တခုလိုတော့ အမြဲ မသုံးပါနဲ့။ လူအများ သဘောမကျကြပါဘူး။ Ref: http://ift.tt/eKERsB The post စတိုင်မကျတဲ့ အနေအထိုင် ၁၀ မျိုး appeared first on ဧရာဝတီ.
Source : http://ift.tt/2yWumdH
via IFTTT

No comments:

Post a Comment