မြိတ် KBZ ဘဏ် သေနတ်ဖြင့် လုယက်ခံရမှု CCTV ဓါတ်ပုံများ ထွက်လာ ---------------------------------------------------- ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ၊ ၂၄ရက်နေ့ မွန်းလွှဲ ၂နာရီခန့်တွင် မြိတ်မြို့ ကမ္ဘောဇဘဏ် မီနီဘဏ်(၁)တွင် Customer တစ်ဦးမှ ငွေသွင်းမှုပြုလုပ်နေစဉ် ယူဆောင်လာသော ငွေကျပ် သိန်း (၂၇၀) အား လူငယ်တစ်ဦးမှ ဘဏ်အတွင်း ဝင်ရောက်လာပြီး သေနတ်ပြ ခြိမ်းခြောက်၍ လုယူပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားပါသည်။ ကမ္ဘောဇဘဏ်အနေဖြင့် မြိတ်မြို့၊ မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားပြီး CCTV မှတ်တမ်းများလည်းပေးအပ်ထားပြီး ဖြစ်ပါသည်။ လုယက်သွားသူအား အလျင်အမြန် ဖော်ထုတ်ဖမ်းစီးနိုင်ရေးအတွက် ရဲဌာနမှ ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။ Akonthi
Source : http://ift.tt/2gEYXI2
via IFTTT
No comments:
Post a Comment