Friday, October 27, 2017


ရခိုင်ပြည်မြောက်ပိုင်းအရေး လူသားချင်း စာနာရန် မြန်မာ့တပ်မတော်ကို ကန် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရက်စက်သည့် သတင်း အစီရင်ခံ ချက်များ အပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တေလာဆန်က မြန်မာ့တပ်မတော် အကြီးအကဲအား တိုက်တွန်းပြောကြားခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်သည်။ ရိုဟင်ဂျာ ဆိုသူ ဘင်္ဂလီများ အပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရေး၊ ၎င်းတို့အား အထောက်အပံ့ပေးရေးနှင့် အန္တရာယ်ကင်းစွာ ပြန်လာနိုင်ရေး မြန်မာအစိုးရကို ထောက်ခံရန် တေလာဆန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရခိုင်ပြည်နယ်တွင် စစ်သွေးကြွများက သြဂုတ်လ ၂၅ ရက်က ဝင်ရောက် တိုက်ခိုက်မှုများကို မြန်မာ လုံခြုံရေး တပ်များက တုံ့ပြန်နှိမ်နင်းခဲ့သဖြင့် ဒုက္ခသည် ၆ သိန်းထက် မနည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေရသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းနေသည့် မွတ်စလင်များအပေါ် နှိမ်နင်းခဲ့ခြင်းသည် လူမျိုးရေး သုတ်သင်ခြင်း အဖြစ် တရားဝင် ကြေညာရေး အတွက် အမေရိကန် နိုင်ငံခြားရေးဌာနက သုံးသပ်နေသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဆက်သွယ် ပြောဆိုရာတွင် ထွက်ပြေးသွားသူများ အပေါ် လူသားချင်း စာနာမှု အကူအညီများ ပေးရေး၊ အမှန်တကယ် လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဟုတ်/မဟုတ် ကုလသမဂ္ဂ စုံစမ်း စစ်ဆေးမှုနှင့် ပူးပေါင်းဆောင်ရွက်ပြီး မီဒီယာနှင့် ထိတွေ့ခွင့်ပေးရေး တို့ကိုလည်း တေလာဆန်က တိုက်တွန်းခဲ့ ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လာမည့် နိုဝင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပမည့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် သမ္မတဒေါ်နယ်ထရမ့်၏ ပထမဆုံး အာရှခရီးစဉ်ကို ရည်ရွယ်လျက် ရိုဟင်ဂျာ ဆိုသူ ဘင်္ဂါလီ အကျပ်အတည်းကို အမေရိကန်၏ တုံ့ပြန်မှု ခိုင်မာစေရေး အတွက် ယခုကဲ့သို့ ဖိအားပေးခြင်း ဖြစ်သည်။ ။ ကိုးကား ။ ။ Reuters The post ရခိုင်ပြည်မြောက်ပိုင်းအရေး လူသားချင်း စာနာရန် မြန်မာ့တပ်မတော်ကို ကန် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း appeared first on ဧရာဝတီ.
Source : http://ift.tt/2hdptFG
via IFTTT

No comments:

Post a Comment