Sunday, October 29, 2017


ခေတ်ပြိုင် အမျိုးသမီး ဂရပ်ဖတီ အနုပညာရှင် ၁၀ ဦး ကမ္ဘာ တဝှမ်းက ထင်ရှားတဲ့ ခေတ်ပြိုင် အမျိုးသမီး ဂရပ်ဖတီ အနုပညာရှင် ၁၀ ဦးအကြောင်းကို တင်ပြပါမယ်။ သူတို့ကို flavorwire.com က ရွေးချယ်စုစည်း ဖော်ပြပေးထားတာ ဖြစ်ပြီး တယောက်ချင်းစီရဲ့ ဖန်တီးမှုနဲ့ ကိုယ်ရေး အကျဉ်းကို မိတ်ဆက်ပေးလိုက်ပါတယ်။ ဂရပ်ဖတီရဲ့ အစက လူသိမခံ၊ လူမြင်မခံ ဖန်တီးခဲ့ကြရပေမယ့် အခုအခါမှာတော့ အနုပညာ နယ်ပယ်မှာ ဂရပ်ဖတီ အနုပညာ အဖြစ် နေရာ ရရှိနေပြီ ဖြစ်ပါတယ်။ နီနာပန်ဒိုလ်ဖို (Nina Pandolfo) ၁၉၇၇ ခုနှစ်၊ ဆောပေါ်လိုမှာ မွေးဖွားခဲ့တဲ့ နီနာပန်ဒိုလ်ဖို (Nina Pandolfo) ဟာ အိပ်မက်ဆန်ဆန် ပုံရိပ်တွေနဲ့ ရောင်စုံ စိတ်ကူးယဉ် ကမ္ဘာလေးထဲမှာ နေထိုင်တတ်တဲ့ မျက်လုံးပြူးပြူး အရုပ်မပုံလေးတွေကို ဖန်တီးရေးဆွဲပါတယ်။ သူမဟာ ယနေ့ အချိန်မှာ ဘရာဇီးနိုင်ငံက အထင်ရှားဆုံး ပန်းချီပညာရှင် တစ်ဦး အဖြစ် ရပ်တည်နေပြီး ကမ္ဘာတလွှားက ပန်းချီပြခန်း တွေမှာ သူမရဲ့လက်ရာတွေပြသခဲ့ပါတယ်။ စစု (Sasu) တိုကျိုမှာနေထိုင်တဲ့ “စစု” ကတော့ ရိုးရိုးရှင်းရှင်း iconography ကို လှပတဲ့ အမြှောင်းအမြှောင်း ပုံတွေနဲ့ သရုပ်ဖော်တဲ့ သူပါ။ ဗုဒ္ဓဘာသာ ကျမ်းဂန်လာ နတ်သားနတ်သမီး ပုံရိပ်တွေနဲ့ အနုစိတ် ကနုတ်ပန်းဆန်ဆန် ပုံရိပ်တွေကိုလည်း ဖန်တီးတတ် ပါသေးတယ်။ တစ်ခါတစ်ရံမှာ သူ့အမျိုးသား “ကမိ” နဲ့ အတူရေးဆွဲတတ်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ သက်ဝင် လှုပ်ရှား နေတဲ့ performance လက်ရာတွေကို ဖန်တီးနိုင်ခဲ့လို့ အထူးထင်ရှားပါတယ်။ လေဒီပင့်ခ် (Lady Pink) ပုံရိပ်နှစ်ထပ်နဲ့ ရေးဆွဲလေ့ ရှိတဲ့ ပထမဆုံး အမျိုးဂရပ်ဖတီပညာရှင် “လေဒီပင့်ခ်” ဟာ အီကွေဒေါ နိုင်ငံမှာ မွေးခဲ့သူ ဖြစ်ပါတယ်။ သူမဟာ နယူးယောက်မြို့တော်မှာ ၁၉၇၉ ခုနှစ်က စတင်ရေး ဆွဲခဲ့ပါတယ်။ အဲဒီကာလက ပရိသတ်တွေဟာ အမျိုးသမီး ဂရပ်ဖတီပညာရှင်တွေနဲ့ အကျွမ်းတဝင် မဖြစ်သေးတာမို့ သူမက “ ကျမဟာ ကိုယ့်ကိုယ်ကို ကျားမ မခွဲခြား ပါဘူး။ ဒီလောကမှာ ရပ်တည်နိုင်အောင် ကြိုးစားမှာပါ။ တချို့တွေက အမျိုးသမီးမို့လို့ တန်းမီအောင် မလုပ်နိုင်ဘူးလို့ ထင်ကြတယ်” ဟု သူမက တုံ့ပြန်ခဲ့ပါတယ်။ သူမရဲ့လက်ရာတွေ အောင်မြင်လာခဲ့ပြီးနောက် ဝှစ်တနေး၊ ပီအက်စ်ဝမ်းနဲ့ မတ်ထရိုပီလီတန် ပြတိုက်က ပန်းချီလက်ရာတွေနဲ့ တခြားပညာရှင်တွေနဲ့ ယှဉ်တွဲပြသခြင်း ခံခဲ့ရပါတယ်။ စွန်း (Swoon) စွန်း (Swoon) ဟာ မြို့ပြမှာ မွေးဖွားခဲ့တာ မဟုတ်လို့ အပြင်လူတယောက်လိုပဲ အမြဲလိုလို ခံစားတတ်ပါ သတဲ့။ စွန်းဟာ သူနဲ့ ခေတ်ပြိုင် မျိုးဆက်တူ အနုပညာရှင်တွေထဲမှာ အထင်ကရ တဦးပါ။ စွန်းက သူမရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေ ရဲ့ ကိုယ်နေဟန်ထား အမျိုးမျိုးကို အုတ်နံရံ ကွက်လပ်တွေမှာ ပုံဖော်ရေးဆွဲရင်း ဂရပ်ဖတီ လက်ရည်သွေးခဲ့ပါတယ်။ သူမရဲ့ installation တွေနဲ့ performance ဘောင် တွေဟာ နယူးယောက်နဲ့ အီတလီနိုင်ငံ၊ ဗင်းနစ်တို့က မစ္စစ္စပီမြစ်၊ ဟပ်ဒဆင်မြစ် တို့ကို သရုပ်ဖော်ရင်း စင်ပေါ်ရောက်လာခဲ့ ပါတယ်။ ကလောမန်းနီး (Claw Money) ကလောမန်းနီး (Claw Money) ဟာ အသက် ၂၀ အရွယ် အထိ ဂရပ်ဖတီနဲ့ ပတ်သက်ပြီး ဟုတ်တိပတ်တိ မဖန်တီးနိုင် သေးဘဲ အဲဒီနောက်ပိုင်းမှာ သူမရဲ့ ဇာတိ ကွင်းစ်နဲ့ နယူးယောက်မြို့တော်မှာ တစတစ ဖနီးလာရင်း ဂရပ်ဖတီ ဖန်တီးမှုမှာ နာမည် ရလာတာပါ။ ယနေ့မှာတော့ သူမဟာ စန်တီဂိုးလ်နဲ့ ရီဟမ်းနားတို့လို ဆင်ယင်ထားတဲ့ ဖက်ရှင်းနဲ့ ဒီဇိုင်နာတဦး အဖြစ် ဂရပ်ဖတီလောကထဲမှာ အောင်မြင်မှုရနေပြီ ဖြစ်ပါတယ်။ မစ္စ ဗန် (Miss Van) တူလောက်စ် ဇာတိဖွား၊ ယခုအချိန်မှာ ဘာစီလိုနာမှာ နေထိုင်တဲ့ မစ္စဗန် (Miss Van) ဟာ ကြောင်ကဲ့သို့ သွက်လက် လှုပ်ရှား နေတဲ့ ပုံရိပ်တွေ (cat-like creatures) ကို ကမ္ဘာအရပ်ရပ်က နံရံတွေပေါ်မှာ ဖန်တီးနေသူ ဖြစ်ပါတယ်။ အမျိုးသမီး ဂရပ်ဖတီ ပညာရှင် အနေနဲ့ သူမရဲ့လက်ရာတွေကို လမ်းမတွေပေါ်မှာထက် ပန်းချီ ပြခန်းတွေထဲမှာ ပိုမို တွေ့လာရပြီ ဖြစ်ပါတယ်။ လေဒီ ကေ ဖဲဗား (Lady K-Fever) ကနေဒါလူမျိုး လေဒီ ကေ ဖဲဗား (Lady K-Fever) ဟာ နယူးယောက်မြို့တော်ကို ၁၉၉၀ ပြည့်လွန် နှစ်တွေမှာ ရောက်ရှိ လာပြီးတော့ လွန်းပျံပြေးဆွဲနေတဲ့ မီးရထားနံရံတွေ ပေါ်မှာ ရေးဆွဲရင်း အသိအမှတ်ပြု ခံရတဲ့ ဂရပ်ဖတီပညာရှင် တဦး ဖြစ်လာခဲ့ပါတယ်။ ယနေ့မှာ ဆိုရင် မြို့ပြပန်းချီ ပညာရေး လှုပ်ရှားမှုတွေကို ဘရိုနစ်အနုပညာ ပြတိုက်၊ မြို့ပြပန်းချီ မိတ်ဖက်အဖွဲ့၊ လန်ဒရိုမတ် စီမံကိန်းတို့မှာ ပါဝင်လုပ်ကိုင်နေပါတယ်။ တူးဖလိုင်း (Toofly) ကွင်းစ်ဇာတိဖြစ်တဲ့ တူးဖလိုင်း (Toofly) ဟာ သူမရဲ့ ပထမဆုံးပန်းချီ လက်ရာကို ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ စတင် ရေးဆွဲခဲ့ပါတယ်။ သူမရဲ့ အမေဟာ ညဘက် လျှောက်လည်တဲ့ သူဖြစ်တဲ့ အတွက် တူးဖလိုင်းမှာ မေမေ့အနားမှာ ကားလိုက်စီးရင်း မြို့ပြဝန်းကျင်ကို လေ့လာခွင့် ရခဲ့သလို ဘိုးအေဖြစ်သူရဲ့ ကင်းဘတ်ပိတ်တွေနဲ့ ပန်းချီရေးဆွဲ လေ့ကျင့်ခဲ့တယ် လို့ သိရပါတယ်။ ယခုအခါမှတော့ သူမဟာ အမျိုးသမီး ပန်းချီဆရာမတွေ စုစည်းဖွဲ့စည်းထားတဲ့ Younity Arts လုပ်ငန်းမှာ ဒီဇိုင်းပညာရှင် အဖြစ်ရော၊ ပူးတွဲတည်ထောင်သူ အဖြစ်နဲ့ပါ အောင်မြင်စွာ လုပ်ကိုင်နေပါတယ်။ လေဒီ အိုက်ကို (Lady Aiko) အိုက်ကိုနာကာဂါ၀ (Aiko Nakagawa) ဟာ ၂၀၀၆ ခုနှစ်အထိ Faile လို့ခေါ်တဲ့ လမ်းမထက် ပန်းချီအနုပညာ သည်များ လုပ်ငန်းများမှာ တစိတ်တပိုင်းပဲ ပါဝင် ရေးဆွဲခဲ့ပါတယ်။ အခုအခါမှာတော့ သူဟာ လေဒီအိုက်ကို (Lady Aiko) ဆိုတဲ့ နာမည်နဲ့ပဲ တကိုယ်တော် လွတ်လွတ်လပ်လပ် အနုပညာလုပ်ငန်းတွေ လုပ်နေပါတယ်။ သူမကို တိုကျိုမှာ မွေးဖွားခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ နယူးယောက်မြို့မှာ အခြေချကာ သတ္တုပြားတွေမှာ ပုံဖော်ခြင်း၊ မှုတ်ဆေးဖျန်း ပုံဖော်ခြင်းနဲ့ အဝတ်အစားတွေမှာ သရုပ်ဖော်ရေးဆွဲတာတွေ လုပ်ကိုင်နေပါတယ်။ ဒါအပြင် ပန်းဒီဇိုင်း၊ ကာတွန်း ဒီဖိုင်းတွေလည်း ရေးဆွဲခဲ့ပြီး ပီအက်စ်ဝမ်း၊ ဘရုတ်ကလင်းစတဲ့ နယူးယောက်က ပြတိုက်တွေ အပြင် ရောမမြို့က MACRO Future နဲ့ တရုတ်နိုင်ငံက ရှန်ဟိုင်းမိုကာ ပြတိုက်တွေမှာပါ ပါဝင်ပြသနိုင်ခဲ့ပါတယ်။ မာဂရက်ကီဂဲလန် (Margaret Kilgallen) မာဂရက်ကီဂဲလန် (Margaret Kilgallen) ဟာ အာရုံခံစားမှုအတိုင်း ဖန်တီးတဲ့ ဂရပ်ဖတီပညာရှင် မဟုတ်ပါဘူး။ သူဟာ မျဉ်းကြောင်းကို အားပြုရေးဆွဲတတ်ပြီး ဆန်ဖရန်စစ္စကို ပင်လယ်အော် ဒေသတဝိုက်က မီးရထားတွေမှာ သရုပ်ဖော် ရေးဆွဲခဲ့ပါတယ်။ နိမိတ်လက္ခဏာ ဆန်ဆန် နည်းစနစ်နဲ့ နံရံသရုပ်ဖော်ပုံတွေ ရေးဆွဲနိုင်ခဲ့ပါတယ်။ အသက် ၃၃ အရွယ်မှာ ရင်သားကင်ဆာ ရောဂါနဲ့ ကွယ်လွန်ခဲ့ပေမယ့် ကလေးတယောက် ကျန်ရစ်ခဲ့ပါတယ်။ Ref: www.flavorwire.com The post ခေတ်ပြိုင် အမျိုးသမီး ဂရပ်ဖတီ အနုပညာရှင် ၁၀ ဦး appeared first on ဧရာဝတီ.
Source : http://ift.tt/2yTqtIX
via IFTTT

No comments:

Post a Comment