Friday, October 27, 2017


နေပြည်တော် လွှတ်တော်အနီး ဒရုန်း လွှတ်တင်သူ ၃ ဦး ထိန်းသိမ်းခံထားရ နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံများဆီသို့ ဒရုန်းလွှင့်တင်၍ ဓာတ်ပုံ ရိုက်ကူးရန် ကြိုးစားသူ ၃ ဦးကို လွှတ်တော်အနီးတွင် လုံခြုံရေးယူနေသည့် ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က တွေ့ရှိ၍ အမှတ် ၁ ရဲစခန်းတွင် ထိန်းသိမ်း စစ်ဆေးနေရာ ယနေ့ ညပိုင်းအထိ ပြန်လွှတ်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။ ထိုသုံးဦးမှာ တူရကီသတင်းဌာန TRT စင်္ကာပူရုံးခွဲမှ သတင်းထောက် အောင်နိုင်စိုး အပါအဝင် စင်္ကာပူနိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသူ ၁ ဦးတို့ဖြစ်ပြီး ၎င်းတို့အား စုံစမ်း စစ်ဆေးနေဆဲ ဖြစ်၍ မီဒီယာများသို့ မနက်ဖြန်မှ အကျိုးအကြောင်း ရှင်းပြနိုင်မည် ဖြစ်ကြောင်း နေပြည်တော် ဇမ္မူသီရိ မြို့နယ်မှ မြို့နယ်မှူး ရဲမှုးဆန်းအောင် က ယနေ့ညပိုင်းတွင် သတင်း ထောက်များကို ပြောသည်။ လုံခြုံရေး အရာရှိတဦးက “သူတို့ကို ဖမ်းမိမိချင်း အမှတ် ၅ ရဲစခန်းမှာ စစ်တယ်။ ဗီဇာတွေ၊ သတင်းထောက် ဖြစ်တယ် ဆိုတာတွေ ပြတယ်။ ဒါပေမယ့် အဲဒီမှာက နယ်မြေ ရဲစခန်းလေး ဖြစ်တော့ နေရာကျဉ်းတဲ့ အတွက် နေရာကျယ်တဲ့ မြို့မ ရဲစခန်းကို ပြောင်းခေါ်ပြီး စစ်နေတာ” ဟု ပြောသည်။ ယင်း အမှတ် ၅ ရဲစခန်းသို့ ယနေ ညနေပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဌာန၊ ရဲသတင်း အထူးတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ လာရောက် စစ်ဆေးနေသည်ကို တွေ့ရှိခဲ့ရသည်။ ရဲမှတ်တမ်းအရ ရုံးအမှတ် ၂၇ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအနီး ပြည်သူ့လွှတ်တော်ဝန်း လုံခြုံရေးဂိတ် တာဝန်ကျ ဒုရဲအုပ် ဖြိုးဇင်ဝင်း နှင့်အဖွဲ့ လှည့်ကင်း ဆောင်ရွက်နေစဉ် ရပ်တန့်ထားသော HI ACE ခဲရောင်မော်တော်ယာဉ်ပေါ်မှ နိုင်ငံခြားသားတဦးက ဒရုန်း လွှတ်တင်နေကြောင်းကို စစ်ဆေးတွေ့ရှိရသဖြင့် အမှတ် ၅ ရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားခဲ့သည်ဟု သိရသည်။ ထိုနေရာသို့ ရဲစခန်း တာဝန်ရှိသူများ ရောက်ရှိချိန်တွင် တူရကီ သတင်းဌာန TRT စင်္ကာပူရုံးခွဲမှ မလေရှားနိုင်ငံသူ Mok Choy Lin၊ စင်ကာပူနိုင်ငံသား Lau Hon Meng ၊ သတင်းထောက်နှင့် စကားပြန်အဖြစ် ဆောင်ရွက်သူ အောင်နိုင်စိုး ယာဉ်မောင်း ဦးလှတင်တို့ကို 16GB Memory Card ပါ Mavic အမျိုးအစား ဒရုန်းယာဉ် ခဲရောင်နှင့် Remote Control တခုတို့ကို တွေ့ရှိရသည်ဟုလည်း ဆိုသည်။ The post နေပြည်တော် လွှတ်တော်အနီး ဒရုန်း လွှတ်တင်သူ ၃ ဦး ထိန်းသိမ်းခံထားရ appeared first on ဧရာဝတီ.
Source : http://ift.tt/2iCrfDR
via IFTTT

No comments:

Post a Comment