ကမ္ဘာ့အကြီးဆုံး လေဆိပ်ဖြစ်လာမယ့် တရုတ်ရဲ့ ၁၂ ဘီလီယံတန် လေဆိပ်သစ် တရုတ်နိုင်ငံကတော့ ကမ္ဘာမှာ အရာရာတိုင်းမှာ အကြီးဆုံးသော အရာတွေ ပိုင်ဆိုင်ထားဖို့ ကြိုးစားနေသလိုပါ။ စစ်အင်အား၊ စီးပွားရေးဈေးကွက်စတဲ့အပိုင်းတွေမှာ အမေရိကန်ကို အမီလိုက်ဖို့ကြိုးစားနေသလို အခုဆိုရင် အရင်က အကြီးဆုံးဆိုတဲ့ အ မေရိကန်ကို ကျော်တက်ပြီး တရုတ်က ကမ္ဘာ့ကားဈေးကွက် အကြီးဆုံးဒေသအဖြစ် မှတ်တိုင်စိုက်ထားတာလည်း တွေ့ရပါ တယ်။ အခုလည်း ကမ္ဘာ့အကြီးဆုံး ဖြစ်လာမယ့် ဘေကျင်းလေဆိပ်သစ်ကို မကြာခင်မှာ ဖွင့်မယ်လို့ဆိုပြီး မိတ်ဆက်လာတာကြောင့် ဒီလေဆိပ်အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ အခု လေဆိပ်စီမံကိန်းကို ၂၀၁၄ခုနှစ် ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး Daxing (ဒါဇင်းလေဆိပ်) အဖြစ် အမည်ပေးထားတာ တွေ့ရပါတယ်။ ဒီလေဆိပ်ဟာ ဘေကျင်းကနေ တောင်ဘက် ၄၂မိုင် အကွာမှာ ရှိပါတယ်။ ကျည်ဆန်ရထားတွေရော အဝေးပြေးကားတွေနဲ့ပါ သွားလာရ လွယ်ကူအောင် တည်နေရာကို ရွေးချယ်ထားတာလည်း တွေ့ရပါတယ်။ ဘေကျင်း နိုင်ငံတကာလေဆိပ်နေရာမှာ အစားထိုး အသုံးပြုနိုင်လာသလို လက်ခွဲ ဘေကျင်းမြို့ရဲ့ဒုတိယမြောက်လေဆိပ် အ ဖြစ်လည်း အပြိုင်သုံးနိုင်ပါတယ်။ လက်ရှိ အချိန်ထိအောင်တော့ ဘေကျင်းလေဆိပ်ဟာ ခရီးသွားလာ အများဆုံး အာရှရဲ့လေဆိပ်ကြီးအဖြစ် ရှိနေတာဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်းကဆိုရင် ကမ္ဘာမှာ ဒုတိယမြောက် ခရီးသည်အများဆုံးရောက်ရှိရာ လေဆိပ်အဖြစ် စာရင်းဝင်ခဲ့ပါတယ်။ လက်ရှိ ဘေကျင်းလေဆိပ်ထက် ခရီးသည် အများဆုံး ဆိုက်ရောက် ထွက်ခွာရာ လေဆိပ်အနေနဲ့က Hartsfeild-Jackson Atlanta နိုင်ငံတကာ လေဆိပ်တခုတည်း ရှိနေတာလည်း ဖြစ်ပါတယ်။ ဒီ ဟာ့ဖီး ဂျက်ဆန်အက်တလန်တာ လေဆိပ်က ကမ္ဘာမှာ ခရီးသည်အများဆုံး ထွက်ခွာ၊ ဆိုက်ရောက်နေရာ လေဆိပ် ဖြစ်ပြီး တရက်ကို ခရီးသည် ၂.၇၅ သိန်းလောက်ထိအောင် အမြဲ မပြတ်ရှိနေတာလည်း ဖြစ်ပါတယ်။ လေယာဉ်ကွင်း မပါဘဲ လေဆိပ် အဆောက်အဦတခုတည်းတင် စတုရန်းပေ သန်းပေါင် ၆.၈သန်းပေ လောက်ထိအောင် ရှိနေ တာလည်း ဖြစ်ပါတယ်။ ဒါဇင်းလေဆိပ်သစ်အနေနဲ့ကတော့ အဆိုပါ အက်တလန်တာလေဆိပ်ကို စိန်ခေါ်မှု လုပ်ဆောင်လာဖို့ ပြင်ဆင်နေတာ ဖြစ်ပြီး ခရီးသည် ထွက်ခွာ၊ ဆိုက်ရောက်နှုန်းကို ကမ္ဘာမှာ အများဆုံး ရှိနိုင်လာဖို့ မျှောင်လင့်ထားတယ်လို့လည်း သိရပါတယ်။ ပထမပိုင်း လေဆိပ်သစ် စတင် ဖွင့်လှစ်တဲ့နှစ်မှာတော့ ခရီးသည် ၄၅ သန်းလောက်ထိအောင် တနှစ်အတွင်း ဝန်ဆောင်မှုပေး နိုင်အောင် ရည်ရွယ်ထားပေမယ့် လေဆိပ်ရဲ့အကျယ်အဝန်းနဲ့ အနေအထားအရတော့ တနှစ်ကို ခရီးသည် သန်း ၁၀၀လောက် ထိအောင် ဝန်ဆောင်မှု ပေးနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါဇင်းလေဆိပ်သစ်ရဲ့အကျယ်အဝန်းက စတုရန်းမိုင် ၁၈မိုင် ရှိမှာပါ။ ဒါဟာ ပြေးလမ်းမြေနေရာအတွက်ပါ ထည့်တွက်ထား တဲ့အကျယ်အဝန်း ဖြစ်ပါတယ်။ တည်ဆောက်မှုလုပ်ငန်းတွေအတွက် သံမဏိ တန်ချိန် ၅၇၀၀၀ တန်ထိအောင် အသုံးပြုထားတယ်လို့လည်း သိရပါတယ်။ လေဆိပ်အတွက် တည်ဆောက်မှု ကုန်ကျစရိတ်က အကြမ်းဖျင်းဆိုရင်ပဲ ဒေါ်လာ ၁၂ ဘီလီယံလောက် ရှိပါတယ်တဲ့။ တရုတ်မှာတော့ နိုင်ငံတကာခရီးသည် အများဆုံး ဆိုက်ရောက် ထွက်ခွာတဲ့ လေဆိပ် ၃ ခု ရှိလာမှာ ဖြစ်ပြီး အဆိုပါ လေဆိပ် ၃ခု ထဲက ၂ခုကို ခရီးသည်အများဆုံး ဝန်ဆောင်မှုပေးနိုင်တဲ့ကမ္ဘာ့အဆင့်(၁)အကြီးဆုံးလေဆိပ်ဖြစ်အောင် တရုတ်က ဖြစ်ချင် နေတာပါ။ ဒါဇင်းလေဆိပ် ဖွင့်လှစ်ချိန်မှာတော့ တရုတ်တောင်ပိုင်း လေကြောင်းလိုင်းနဲ့ တရုတ်အရှေ့ပိုင်းလေကြောင်းလိုင်း ၂ လိုင်းက လေကြောင်းခရီးစဉ်တွေ စတင် ပြေးဆွဲမယ်လို့ ဆိုပါတယ်။ လေဆိပ်ကြီးကတော့ ၂၀၁၉ခုနှစ်အတွင်း ဖွင့်လှစ်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပြီး လာမယ့်နှစ်မှာတော့ ဒါဇင်းလေဆိပ်ဟာ အာရှ မှာရော ကမ္ဘာမှာပါ အကြီးဆုံးလေဆိပ်အဖြစ် ရပ်တည်လာတော့မှာလည်း ဖြစ်ပါတယ်။ http://ift.tt/eKERsB The post ကမ္ဘာ့အကြီးဆုံး လေဆိပ်ဖြစ်လာမယ့် တရုတ်ရဲ့ ၁၂ ဘီလီယံတန် လေဆိပ်သစ် appeared first on ဧရာဝတီ.
Source : http://ift.tt/2yUarfN
via IFTTT
No comments:
Post a Comment