Wednesday, October 25, 2017


IS နှင့် ချိတ်ဆက်သည်ဟု သံသယရှိသူ ၉ဦး အင်ဒိုနီးရှားရဲ ဖမ်းဆီး အင်ဒိုနီးရှား အာဏာပိုင်များက IS အကြမ်းဖက်အဖွဲ့နှင့် ချိတ်ဆက်မှုရှိသူများဟု သံသယရှိသူ ၉ ဦးကို ဖမ်းဆီးလိုက်ကြောင်း Bangkok Post သတင်းကဆိုသည်။ အဆိုပါ သံသယရှိသူများကို ရီအူးပြည်နယ်တွင် ၈ဦး၊ ဆူလာဝေဆီကျွန်း တောင်ပိုင်းတွင် ၁ဦး ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း၊ ၎င်းတို့သည် နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် အကြမ်းဖက်ကွန်ရက် Jemaah Asharut Daulah (JAD)မှ ဖြစ်ပြီး၊ IS စစ်သွေးကြွများကို သစ္စာခံထားသူများဖြစ်ကြောင်း သိရသည်။ “သူတို့က ခရိုင်အဆင့်ရဲစခန်းတွေကနေ ပြည်နယ်ခရိုင်အဆင့် ရဲစခန်းများအထိ အကြမ်းဖက်တိုက် ခိုက်ဖို့ ပြင်ဆင်နေတယ်”ဟု ၎င်းတို့ကို ဖမ်းဆီးရမိသည့် ရီအူးပြည်နယ်မှ ရဲတပ်ဖွဲ့ ပြောခွင့်ရ ရီကာ ဝန်တိုက ပြောသည်။ အဆိုပါ ဖမ်းဆီးရမိသူများသည် လက်နက်ကိုင် တိုက်ခိုက်နည်းများနှင့် ဗုံးခွဲနည်းများကို အနီးရှိ ပြည်နယ်များ၌ သင်တန်း တက်ရန် ဆက်သွယ်ထားသူများဟု သံသယရှိသူများဖြစ် ကြောင်းလည်း ၎င်းက ဆက်ပြောသည်။ အင်ဒိုနီးရှားတွင် IS အဖွဲ့ကို ယုံကြည်သူပေါင်း ရာနှင့်ချီရှိပြီး အချို့မှာ ဆီးရီးယားသို့ သွားကာ အကြမ်း ဖက်အုပ်စုများနှင့် ချိတ်ဆက်ကြပြီး၊ တချို့မှာ အရှေ့အလယ်ပိုင်းမှ ပြန်လာမည့် စစ်သွေးကြွ များကို အထူးအာရုံစိုက်မှု မြင့်တက်နေကြောင်းသိရသည်။ ကမ္ဘာပေါ်၌ မွတ်စလင်အများဆုံး နေထိုင်ရာ အင်ဒိုနီးရှား နိုင်ငံတွင် IS အဖွဲ့က သွတ်သွင်းလာသည့် အစွန်းရောက်လှုပ်ရှားမှုများ တကျော့ပြန်လာမည်ကို အကြမ်းဖက်မှု နှိမ်နင်းရေးရဲများက ဖိဖိစီးစီး နှိမ်နင်းလျှက်ရှိရာ နှစ်သစ်ကူးပွဲတော်နှင့် ခရစ္စမတ်ပွဲတော်များ၌ ကမ္ဘာလှည့်ခရီး သွားများ အလာများသည့် နေရာများကို ပစ်မှတ်ထား ခြင်းမရှိစေရန် အထူးစောင့်ကြပ် လျှက်ရှိသည်။ The post IS နှင့် ချိတ်ဆက်သည်ဟု သံသယရှိသူ ၉ဦး အင်ဒိုနီးရှားရဲ ဖမ်းဆီး appeared first on ဧရာဝတီ.
Source : http://ift.tt/2y654I3
via IFTTT

No comments:

Post a Comment