Thursday, October 26, 2017


ဘင်္ဂလားဒေ့ရှ်ဘက် ရောက်ရှိနေသူများ ပြန်လည် လက်ခံရန် အစိုးရ စီစဉ်နေဟုဆို ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင် သွားကြသူ များကို စိစစ်သွားမည်ဖြစ်ပြီး အထောက်အထား ပြနိုင်သူများအား တရက်လျှင် လူ ၁၅၀ နှုန်း ပြန်လည် လက်ခံသွားရန် မြန်မာ အစိုးရ ဘက်က စီစဉ်နေကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသူများ ပြန်လည် လက်ခံရေး အစီအစဉ်နှင့် ပတ်သက်၍ အလုပ်သမား၊ လူဝင်မှု ကြီး ကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ရေးဆွဲထားပြီး ထိုအစီအစဉ်ပါ လုပ်ငန်း ဆောင်ရွက်မည့် အခြေအနေ များ ကို အစိုးရထံ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၅ ရက်က တင်ပြထားပြီး ဖြစ်သည်ဟုလည်း ဝန်ကြီးဌာနက ဆိုသည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က “အဲ့ဒီကိစ္စ က အတည် မဟုတ်သေးဘူးဗျ။ ကျနော်တို့ အကြမ်းဆွဲထားတာပဲ ရှိသေးတယ်။ အကြမ်း တွက်ချက်မှုပဲ ရှိသေးတယ်။ အတည်ပြုချက်တော့ မရသေးဘူး။ အဲ့ဒါကတော့ ကျနော်တို့ တောင်ပြိုလက်ဝဲမှာ ၁၅၀ ၊ ငါးခူရမှာ ၁၅၀ နေ့စဉ် စိစစ်ပြီး တော့ လက်ခံဖို့ ဆိုပြီးတော့ လျာထားချက်ပဲ ရှိပါသေးတယ်။ အတည်တော့ မဟုတ်သေးဘူး။ အစိုးရဆီက အတည်ပြု ချက်တော့ မရသေးဘူး။ မနေ့ကပဲ ကျနော်တို့ တင်လိုက်ပြီ”ဟု ပြောသည်။ ထိုသို့ ပြန်လည် လက်ခံနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနက နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တဆင့် ဖြည့်စွက်ရမည့် ဖောင်များကို ဘင်္ဂလားဒေ့ရှ် ဘက်သို့ ပေးပို့ပြီး မြန်မာနိုင်ငံရှိ အထောက်အထား အချက်အလက်များနှင့် တိုက်ဆိုင် စိစစ်၍ ပြန်လည် လက်ခံသွားရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ပြောဆိုသည်။ လက်ခံရာတွင် တောင်ပြိုလက်ဝဲနှင့် ငါးခူရ ဒေသတွင်သာ ပြုလုပ်သွားမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် ဘက် ရောက်ရှိနေ သည့် ကိန်းဂဏန်း အရေအတွက်ကိုမှု မပြောနိုင်ကြောင်းလည်း ဆိုသည်။ မြန်မာနိုင်ငံမှ ပေးပို့မည့် ဖောင်တွင် မိမိ၏ ဓာတ်ပုံကို ကပ်၍ မိမိ နေထိုင်ခဲ့သော ကျေးရွာ၊ ရပ်ကွက်၊ အိမ်နီးချင်း၊ အိမ်ထောင်စု စာရင်း၊ နိုင်ငံသား စိစစ်ရေး ကတ်နံပါတ်၊ ဝှိုက်ကတ်ရှိသူ ဝှိုက်ကတ် နံပါတ် (ဝှိုက်ကတ် ပြန်အပ်ထားပါက ပြေစာ နံပါတ်) နှင့် ကိုယ်ရေးအကျဉ်း တို့ကို ဖြည့်စွက်ရမည် ဖြစ်သည်။ ထို အချက်အလက်များကို ဖြည့်စွက်ထားသော ဖောင်များအား ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည် ပို့ပေးလာသည့် အချိန် တွင် စိစစ်ရေး လုပ်ငန်းများကို မြန်မာဘက်မှ ပြုလုပ်သွားမည်ဖြစ်ပြီး မည်သူကို လက်ခံမည်ဖြစ်ကြောင်း ပြန်လည် အကြောင်းကြား သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့နောက် အကြောင်းကြားခံရသူများကို မည်သည့်နေ့တွင် မည်သည့် ဒေသသို့ လာရောက်ရန် ရက်ချိန်းပေးမည် ဖြစ် ကာ ရောက်ရှိလာသော လူများကို လူတွေ့ စိစစ် လက်ခံသွားရန် စီစဉ်ထားကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြောသည်။ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင် စသည့် မြို့နယ် ၃ မြို့နယ် ရှိ ရဲစခန်း ၃၀ ကို ARSA အကြမ်းဖက် အဖွဲ့က တိုက်ခိုက်ခဲ့ရာ ကျေးရွာ ၅၉ ရွာမှ အိမ်ခြေ ၆၀၀၀ ကျော် မီးလောင် သွား ခဲ့သလို ဒေသခံ တိုင်းရင်းသား ၁၂၀၀၀ ကျော်ကလည်း မြန်မာပိုင်နက်အတွင်းရှိ စစ်တွေမြို့နှင့် တခြား မြို့ များ သို့ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်သည်။ အလားတူ ဘင်္ဂါလီလူမျိုးများ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပြီး လူဦးရေ ၅ သိန်းဝန်းကျင် ရှိနေကြောင်း သတင်းများက ဖော်ပြသည်။ “ကျနော်တို့က လူဦးရေကို ကိန်းဂဏန်းနဲ့ မတွက်ဘူး။ အထောက်အထားရှိတဲ့လူ ကျနော်တို့ဆီမှာရှိတဲ့ အိမ်ထောင်စု စာရင်းနဲ့ ဓာတ်ပုံ မှတ်တမ်းထဲမှာပါတဲ့ လူကိုပဲ လက်ခံမယ်။ ၈၂ နိုင်ငံသား ဥပဒေနဲ့အညီ စိစစ်လက်ခံဖို့ လုပ်နေတယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန် ဦးမြင့်ကြိုင်က ပြော သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြည်ထဲရေး ဝန်ကြီး H.E.Mr.Asaduzzaman မြန်မာနိုင်ငံသို့ ရောက်ရှိနေလာပြီး အောက်တိုဘာ ၂၄ ရက်က မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ ကျင်းပသော နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် အစည်းအဝေးသို့ တက်ရောက်၍ နယ်စပ်လုံခြုံရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ အောက်တိုဘာ ၂၅ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံ၍ ဘင်္ဂလားဒေ့ရှ် ဘက်သို့ ရောက်ရှိနေသူများ ပြန်လည် လက်ခံရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ The post ဘင်္ဂလားဒေ့ရှ်ဘက် ရောက်ရှိနေသူများ ပြန်လည် လက်ခံရန် အစိုးရ စီစဉ်နေဟုဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2gGpgdB
via IFTTT

No comments:

Post a Comment