Wednesday, October 25, 2017

Yangon Police

Facebook လူမှုကွန်ယက်စာမျက်နှာပေါ်တွင် သီတဂူတက္ကသိုလ်၌ လက်နက်များသိမ်းဆည်းရမိခဲ့သည်ဟု မမှန်မကန်ဖော်ပြခဲ့သည့် အကောင့် ပိုင်ရှင်များအား ဆက်သွယ်ရေးဥပဒေအရ အမှုဖွင့်အရေးယူ ရန်ကုန်၊ အောက်တိုဘာ ၂၄ အောက်တိုဘာ ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန် ထိုင်းနိုင်ငံရိုဟင်ဂျာ ငြိမ်းချမ်းရေးကွန်ယက် (Rohingya Peace Network Of Thailand)အဖွဲ့ရှိ Rohingya Hajee Ismail အကောင့်ပိုင်ရှင်(စုံစမ်းဆဲ)Burma Muslims အကောင့်ပိုင်ရှင်(စုံစမ်းဆဲ)မြန်မာပြည်ထိပ်တန်းသတင်းထူးများအကောင့် ပိုင်ရှင်(စုံစမ်းဆဲ)Faisal Thar Thakhinအကောင့်ပိုင်ရှင်(စုံစမ်းဆဲ)နှင့် Aung Kyaw Oo အကောင့်ပိုင်ရှင်(စုံစမ်းဆဲ)တို့မှ ၎င်းတို့၏ လူမှုကွန်ရက် အင်တာနက်စာမျက်နှာပေါ်တွင် “ မြန်မာဘုန်းကြီးကျောင်းတွေက လူသတ် လက်နက်တိုက်တွေ ဖြစ်နေပြီလား” ခေါင်းစဉ်ဖြင့် သီတဂူတက္ကသိုလ်အား ရဲတပ်ဖွဲ့မှ ရှောင်တခင်ဝင်ရောက်စီးနင်း လက်နက်တွေ့ရှိ အောက်တိုဘာ ၂၃ ရန်ကုန်၊ ဒဂုံမြောက်မြို့နယ်ရှိ သီတဂူတက္ကသိုလ်အား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒီကနေ့မနက်ပိုင်းမှာ ရှောင်တခင်ဝင်ရောက်စီးနင်းမှုတွေပြုလုပ်ခဲ့ ပြီး လက်နက်ပေါင်းစုံအား ရှာဖွေသိမ်းဆည်းရမိကြောင်း တာဝန်ရှိတဲ့ သီတဂူဆရာများကို ဖမ်းဆီးထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အနေနှင့် ဘာ့အတွက်လက်နက်ခဲယမ်းတွေစုဆောင်းထားသလဲဆိုတာကို ကျွန်တော် တို့ဖော်ထုတ်သွားမှာပါ ပြည်သူများအနေဖြင့်လည်း မသင်္ကာစရာ ဘုန်းကြီးကျောင်းတွေကို သတင်းပေးကြဖို့ နှိုးဆော်တိုက်တွန်းသင့်ကြောင်း ဟု မဟုတ်မမှန်ဖော်ပြခဲ့သည့်သတင်းမှာ သီတဂူဆရာတော် သာသနာ ပြုလုပ်ငန်းများကို ပုတ်ခတ်စော်ကားရုံသာမက သီတဂူတက္ကသိုလ်အား အသရေဖျက်စေရန် ဆောင်ရွက်သူများအပေါ် စုံစမ်းဖော်ထုတ်အရေး ယူပေးရန် သီတဂူသာသနာပြုအဖွဲ့မှ တိုင်တန်းသဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်း(ပ)၁၆၄၉/၂၀၁၇၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်မှန်မှာ လူမှုကွန်ရက်အင်တာနက်စာမျက်နှာတွင် အောက်တိုဘာလ ၂၃ရက်နေ့ နံနက်ပိုင်း၌ ဖော်ပြထားသကဲ့သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သီတဂူတက္ကသိုလ်အတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့ခြင်း မရှိသလို လက်နက် များရှာဖွေသိမ်းဆည်းရမိခဲ့သည်ဆိုသည့်သတင်းမှာလည်းမှန်ကန်မှု မရှိကြောင်း၊ ယင်းသို့ မဟုတ်မမှန်သတင်းမှားများဖော်ပြခြင်းသည် သီတဂူတက္ကသိုလ်၏ သာသနာပြုလုပ်ငန်းများအပေါ် အသေရေပျက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့သည့်အတွက် ၎င်းအကောင့်ပိုင်ရှင်များအား ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source : http://ift.tt/2yNCrn7
via IFTTT

No comments:

Post a Comment