Monday, October 30, 2017

Minn

တိုက်ကြီးမြို့ တွင် စုပေါင်းဘုံကထိန်း ပဒေသာပင် လှည့်နေသည့် အဖွဲ့ နှစ်ဖွဲ့ စကားများရန်ဖြစ်ရာမှ ၇ ဦး ဒဏ်ရာရ တိုက်ကြီး အောက်တိုဘာ ၂၉ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့ တွင်အောက်တိုဘာ၂၉ ရက်နေ့ နံနက် အချိန်တွင် စုပေါင်းဘုံကထိန်း ပဒေသာပင် လှည့်နေသည့် အဖွဲ့ နှစ်ဖွဲ့ စကားများရန်ဖြစ်ရာမှ ၇ ဦး ဒဏ်ရာရ ကြောင်း တိုက်ကြီးမြို့မ ရဲစခန်းမှ သိရသည်။ ကျွန်တော်က ဦးဆောင်ပြီး ကထိန်း အတွက်ပဒေသာပင် ဘက်က လာတာ ရှမ်စု ရပ်ကွက် ကံဦးကျောင်းလှည့်ပြီး ဇေတဝန် ဘုန်းတော်ကြီးကျောင်းကိုညာဘက်က လာတာ ကျွန်တော် အဖွဲ့မှာ ရှိတဲ့ မိန်းကလေး ကနေတဲ့ အဖွဲ့ ထဲကို ဝင်ကတယ် ပြီးတော့ ကျွန်တော်တို့ အဖွဲ့ ကမိန်းကလေးကို လက်ဆွဲ တာက စပြီး ရဲဖြစ်တာ ထိန်းမနိုင်တော့ ဖြစ်ပြီ ခုလိုရန်ဖြစ် ကြတာဟု မင်္ဂလာရပ်ကွက် ကထိန် ခင်ရန် ဦးဆောင်သူ ဦးစွန်ရဲ(ခ) ဦးဇော်ဝမ်းက ပြောသည်။ တိုက်ကြီးမြို့နယ် တွင် ကထိန် ခင်သည့်နှစ်စဉ် ဓလေ့ရှိပြီး ဆောင်းဘောက် အသံ များ အင်အားများဖြင့် အပြိုင်အဆိုင် ကျင်းပလေ့ ရှိကြောင်း ယခုလို ခိုက်ရန် ဖစ်ပွားမှုသည့် ဦးတရား လူဖြစ်များရန်ဖြစ်၍ ဒဏ်ရာ ရသူ များရှိသော်လည်း မည်သူမည်ဝါဆိုတာ လိုက်လံ ခေါ်မေးနေကြောင်း ရှမ်းစု ရပ်ကွက် ကထိန်ရန်လိုက်ပါသူ အသက် ၅၀ ခန့်ရှ ိ အမျိုးသမီးတစ်ဥိကပြောသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မင်္ဂလာ ရပ်ကွက်မှ ကထိန်းခင်းရန် ပဒေသာပင် လှည့်နေသည့် အဖွဲ့ နှင့်ရှမ်းစု ရပ်ကွက် မှ ကထိန်းခင်းရန် ပဒေသာပင် လှည့် စဉ် ယင်းအဖွဲ့ နှစ်ဖွဲ့စကားများရန်ဖြစ်ကြရာ အုတ်နီခဲ ကျိုးများဖြင့် ပစ်ပေါက်ကြ ရာ မင်္ဂလာ ရပ်ကွက်မှ လူငယ် ၇ ဦး ဒဏ်ရာ ရရှိ တရားလို မင်္ဂလာ ရပ်ကွက်နေ ဦးစွန်ရဲ(ခ) ဇော်ဝမ်းမှ တိုက်ကြီးမြို့မ ရဲစခန်းတွင် (ပ)၅၀၈. ဥပဒေ ပုဒ်မ ၃၂၅/၃၂၃/၂၉၄/၃၅၄/၁၁၄ တို့ဖြင့် တရားခံ ပေါ်ပေါက်ရေ တို့အတွက် ဒုရဲအုပ် ဌေးကိုကိုဇော် မှ စုံစမ်းစစ်ဆေးနေကြောင်းသိရသည်။
Source : http://ift.tt/2zZYC7S
via IFTTT

No comments:

Post a Comment