Monday, October 30, 2017


ကမ္ဘာ့ လူကြိုက်အများဆုံး အမှတ်ပေး ဘောလုံးပွဲစဉ်များ ပုံမှန်ဆိုရင်တော့ လူကြိုက်အများဆုံး အမှတ်ပေး ဘောလုံး ပြိုင်ပွဲ ဆိုတာ လူကြိုက် အများဆုံး ကစားသမားတွေ ကစားနေတဲ့ ပြိုင်ပွဲလို့ ဆိုနိုင်ပေမယ့် အဲဒီအချက် တချက်တည်းကိုတော့ ကြည့်နေလို့ မရပါဘူး။ ကစားကွက် ကောင်းကောင်းနဲ့ နည်းပြတွေ ရှိနေရမယ်၊ ပွဲကြည့်ပရိသတ်ကို ဆွဲဆောင်မှု ကောင်းကောင်းပေးပြီး ပွဲတပွဲရဲ့ အရသာ လည်း ပေးနိုင်ရမယ်၊ ပြိုင်ဆိုင်မှုလည်း ပြင်းထန်ရမယ်၊ ပြောင်းရွှေ့ကြေး များများသုံးပြီး ကစားသမားကောင်း တွေကိုလည်း ခေါ်ယူအားဖြည့်နိုင်ရမယ်၊ ဒါဆိုရင်တော့ လူကြိုက်များပြီး ပရိသတ် ခိုင်မာတဲ့ အမှတ်ပေးပြိုင်ပွဲ ဖြစ်လာ ပါပြီ။ အခု လက်ရှိကမ္ဘာမှာ ဘယ်ဘောလုံး ပြိုင်ပွဲတွေက လူကြိုက် အများဆုံးနဲ့ အကောင်းဆုံး အဖြစ် အဆင့် သတ်မှတ် ချက်တွေ ရှိနေပါသလဲ။ ပြိုင်ပွဲ တခုကို ၁၀ မှတ်စီ ပေးပြီး အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အရင်ဆုံး အကောင်းဆုံး ပြိုင်ပွဲ ၁၀ ခုကို မပြောခင် အဆင့် ၂၆ ကနေ စပြီး ပြောချင်ပါတယ်။ လက်ရှိ နိုင်ငံအလိုက် အမှတ်ပေး ပြိုင်ပွဲတွေ ကျင်းပနေတဲ့ အထဲမှာ လူကြိုက် အများဆုံးနဲ့ အကောင်းဆုံး အဖြစ် အဆင့်အလိုက် သတ်မှတ် ချက်မှာ ၂၆ နေရာ ရှိနေသူက ရမှတ် ၂ မှတ်နဲ့ အီဂျစ် အမှတ်ပေးဖလား ပြိုင်ပွဲ ပရီးမီးယားလိဂ်၊ အဆင့် ၂၅ မှာ ရမှတ် ၂.၃ မှတ်နဲ့ အိန္ဒိယစူပါလိဂ်၊ အဆင့် ၂၄ မှာ ရမှတ် ၂.၃ မှတ်နဲ့ပဲ ဂရိစူပါလိဂ်၊ အဆင့် ၂၃ မှာ ရမှတ် ၂.၄ မှတ်နဲ့ ကာတာ နိုင်ငံ စကားလိဂ်၊ အဆင့် ၂၂ မှာ ရမှတ် ၂.၆ မှတ်နဲ့ အာရေဘီယံ ပင်လယ်ကွေ့ အမှတ်ပေးပြိုင်ပွဲ၊ အဆင့် ၂၁ မှာ ရမှတ် ၂.၆ မှတ်နဲ့ သြစတြေးလျ အေလိဂ် တို့ ဖြစ်ပါတယ်။ အဆင့် ၂၀ နေရာမှာ ရမှတ် ၂.၈ မှတ်နဲ့ ပိုလန် အက်စထရာကေ လက်ဆာ၊ အဆင့် ၁၉ နေရာမှာ ရမှတ် ၃.၁ မှတ်နဲ့ စကော့တလန် ပရီးမီးယားလိဂ်၊ အဆင့် ၁၈ နေရာမှာ ရမှတ် ၃.၁ မှတ်နဲ့ အာဂျင်တီးနား ပရီးမီးယားဒဗီရှင်၊ အဆင့် ၁၇ နေရာမှာ ရမှတ် ၃.၅ မှတ်နဲ့ ဂျပန် ဂျေလိဂ်၊ အဆင့် ၁၆ နေရာမှာ ရမှတ် ၃.၆ မှတ်နဲ့ တူရီကီ စူပါလိဂ်၊ အဆင့် ၁၅ နေရာမှာ ရမှတ် ၃.၈ မှတ်နဲ့ ယူကရိန်း ပရီးမီးယားလိဂ်၊ အဆင့် ၁၄ နေရာမှာ ရမှတ် ၃.၉ မှတ်နဲ့ ရုရှ ပရီးမီးယားလိဂ်၊ အဆင့် ၁၃ နေရာမှာ ရမှတ် ၄.၁ မှတ်နဲ့ ဆွစ်ဇာလန် စူပါလိဂ်၊ အဆင့် ၁၂ နေရာမှာ ရမှတ် ၄.၃ မှတ်နဲ့ ဘယ်ဂျီယမ် ဂျူပီလာပရို၊ အဆင့် ၁၁ နေရာမှာ ရမှတ် ၄.၆ မှတ်နဲ့ မက္ကဆီကို လီဂါအမ်အိတ်စ် တွေ ရှိနေတာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ အဆင့် ၁၀ ထိရောက်လာကတော့ ရမှတ် ၄.၈ မှတ်ထိ ရရှိထားတဲ့ ဘရာဇီးစီးရီးအေပဲ ဖြစ်ပါတယ်။ ကစားသမားကောင်းတွေ ခေါ်ယူမှုထက် နာမည်ကျော် ကစားသမားတွေ ထွက်ရှိရာ အမှတ်ပေးပြိုင်ပွဲ အဖြစ် လူကြိုက် ပိုများပါတယ်။ လက်ရှိ နေမာလို တောက်ပတဲ့ ကြယ်ပွင့်တွေရဲ့ မြစ်ဖျားလည်း ဖြစ်ပါတယ်။ အဆင့် ၉ နေရာမှာတော့ ရမှတ် ၅.၁ မှတ်နဲ့ ပေါ်တူဂီ ပရီးမီးယားလိဂ် ရှိပါတယ်။ တပွဲပျမ်းမျှ သွင်းဂိုး ၂.၃ ဂိုးပဲရှိလို့ အခြား ဥရောပပွဲစဉ်တွေ လောက် လူကြိုက် သိပ်မများတာ ဖြစ်ပါတယ်။ အဆင့် ၈ မှာတော့ အမေရိကန် အမှတ်ပေးပြိုင်ပွဲ မေဂျာလိဂ် ဆော့ကာ ရှိပါတယ်။ ၅.၃ မှတ်ထိ ရထားပါတယ်။ အမေရိကန်ဖွတ်ဘော၊ ဘတ်စကတ်ဘောနဲ့ ဟော်ကီတွေကို လူကြိုက်ပိုလို့ ဘောလုံးမှာ ပရိသတ်နည်းပေမယ့် အခုနောက်ပိုင်း ဘောလုံးကို အားထည့် ကြိုးပမ်းလာတာကြောင့် ကမ္ဘာ့လူကြိုက် အများဆုံး ထိပ်တန်း ပြိုင်ပွဲ ၁၀ ခု စာရင်း ဝင်လာနိုင်တာ တွေ့ရပါတယ်။ အဆင့် ၇ မှာကတော့ အာရှရဲ့ တခုတည်းသော အမြင့်ဆုံး အမှတ်ပေးပြိုင်ပွဲ တရုတ် စူပါလိဂ် ရှိပါတယ်။ ရမှတ် ၅.၅ မှတ်ထိအောင် ရထားပါတယ်။ ငွေသုံး အကြမ်းဆုံးနဲ့ နာမည်ကျော် ကစားသမားတွေကို ပြောင်းရွှေ့ကြေး များများပေးပြီး ခေါ်ယူအားဖြည့် ကစားနေတဲ့ ပြိုင်ပွဲ အဖြစ် လူသိများပါတယ်။ အဆင့် ၆ မှာကတော့ ဟော်လန် အမှတ်ပေးပြိုင်ပွဲ အရီဒီဗိုင်စီ ရှိပါတယ်။ သူက ရမှတ် ၆.၁ မှတ်ထိ ရထားပါတယ်။ အသင်းကြီးတွေ ရှိသလို ပြိုင်ဆိုင်မှု ပြင်းထန်လို့ လူကြိုက်များပါတယ်။ တပွဲပျမ်းမျှ သွင်းဂိုး ၃ ဂိုးထိ ရှိတဲ့ ပြိုင်ပွဲ တခု ပါ။ အဆင့် ၅ မှာတော့ ပြင်သစ် လီဂူး ၁ ရှိနေပါတယ်။ ရမှတ် ၆.၈ မှတ်ထိအောင် ရှိနေပြီး ပြည်တွင်းကလည်း စိတ်ဝင်စားမှု ရှိလာတာ တွေ့ရပါတယ်။ ကစားသမားကောင်းတွေ မွေးထုတ်နိုင်တယ်၊ ပြိုင်ဆိုင်မှု ပြင်းထန်တယ်၊ ပွဲကြည့် ပရိသတ်များလို့ အခုအဆင့် သတ်မှတ်ချက်မှာ မြင့်နေတာ ဖြစ်ပါတယ်။ အဆင့် ၄ မှာတော့ အီတလီ စီးရီးအေရှိပါတယ်။ ရမှတ် ၈ မှတ်ထိအောင် ရှိနေလို့ ပြင်သစ် အမှတ်ပေးပြိုင်ပွဲ အနေနဲ့ အီတလီကို မီဖို့ ခက်နေပါသေးတယ်။ အသင်းလိုက်မှာလည်း ဥရောပ အကောင်းဆုံး အသင်းတွေ ပါရှိနေတယ်၊ ကစားသမား ကောင်းရော ကစားကွက်ကောင်းကောင်းပါ ဖန်တီးကစားနိုင်နေတဲ့ ပြိုင်ပွဲ ဖြစ်လို့ လူကြိုက်များပါတယ်။ အဆင့် ၃ မှာတော့ ဂျာမနီဘွန်ဒက်လီဂါ ရှိပါတယ်။ အရင်က အီတလီရဲ့ အောက်မှာအဆင့် ရှိပေမယ့် အခုတော့ ကျော်တက် လာပါပြီ။ ကမ္ဘာမှာ တပွဲပျမ်းမျှ ပရိသတ် အများဆုံး ကြည့်တဲ့ ပြိုင်ပွဲ အဖြစ် မှတ်တမ်းဝင်နေပါတယ်။ ရမှတ် ၈.၄ မှတ်ရထားပါတယ်။ တပွဲပျမ်းမျှ ၂.၇ ဂိုးထိအောင် သွင်းလေ့ ရှိပါတယ်။ ကလပ်အသင်းအနေနဲ့ရော ဂျာမနီ အသင်းအနေနဲ့ပါ လူကြိုက်များပြီး ပရိသတ် အခိုင်အမာရှိနေတာပါ။ အဆင့် ၂ မှာတော့ နာမည်ကြီးဘာကာ၊ ရီးရဲ နဲ့ အက်သလက်တီကို တို့ ရှိနေတဲ့ စပိန်လာလီဂါက ရမှတ် ၈.၆ မှတ်နဲ့ ရှိနေ ပါတယ်။ ပြောင်းရွှေ့ကြေးတွေကြောင့် ကစားသမားစရိတ် အများဆုံး သုံးတဲ့ အမှတ်ပေးပြိုင်ပွဲ ဖြစ်ပါတယ်။ တပွဲပျမ်းမျှ ၂.၉ ဂိုးထိအောင် သွင်းပါတယ်။ နာမည်ကျော် အင်္ဂလန်က မန်ယူ၊ အီတလီက ဂျူဗင် တို့နဲ့ ယှဉ်နိုင်တဲ့ အသင်းကောင်းတွေ အများအပြားရှိနေတဲ့ ပြိုင်ပွဲပါ။ လက်ရှိ ကမ္ဘာ့ လူကြိုက် အများဆုံးနဲ့ အကောင်းဆုံး ပြိုင်ပွဲ အဖြစ် အင်္ဂလန် အမှတ်ပေးပြိုင်ပွဲ ပရီးမီးယားလိဂ်က ရှိနေတာပါ။ ရမှတ် ၈.၉ မှတ်ထိအောင် ရှိပါတယ်။ အထူးသဖြင့် လူဦးရေများတဲ့ အာရှ နယ်ပယ်မှာ အင်္ဂလန် ပရီးမီးယားလိဂ် ပရိသတ်ပေါင်းများစွာ ရှိနေပါတယ်။ တပွဲပျမ်းမျှ ၂.၉ ဂိုးထိအောင် သွင်းပြီး ပြိုင်ဆိုင်မှုလည်း ပြင်းထန် သလို လုပ်ပွဲကစားမှု မရှိသလောက် နည်းပါးတဲ့ နာမည်ကျော် ပြိုင်ပွဲအဖြစ် ရှိနေတာ ဖြစ်ပါတယ်။ Ref: www.google.com.mm The post ကမ္ဘာ့ လူကြိုက်အများဆုံး အမှတ်ပေး ဘောလုံးပွဲစဉ်များ appeared first on ဧရာဝတီ.
Source : http://ift.tt/2gM7429
via IFTTT

No comments:

Post a Comment