Tuesday, October 31, 2017


မြန်မာ့ကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှုကို လေ့လာနိုင်မည့် ပွင့်သစ်စ အစီရင်ခံစာ မတ်လ ထုတ်ပြန်မည် မြန်မာနိုင်ငံရှိ ကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှုကို နိုင်ငံတကာမှ လေ့လာနိုင်သည့် “၂၀၁၈ ခုနှစ် ပွင့်သစ်စ စီမံချက်”ကို လာမည့် မတ်လ၌ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှဆိုသည်။ ယနေ့ ရန်ကုန်မြို့ Rose Garden ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် MCRB မှ ဒါရိုက်တာ ဗစ်ကီဘိုမန် က “ကျမတို့ ဒီအစီရင်ခံစာကို ၂၀၁၄ ခုနှစ်ထဲက စလုပ်ခဲ့တာ ၃ နှစ်ရှိပြီ။ ဒီနှစ်မှာတော့ အကဲဖြတ် အမှတ်ပေးဖို့ နည်းလမ်း တွေကို ပြောင်းလိုက်ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ကုမ္ပဏီအများစုက သူတို့ အမှတ်ပေး တဲ့အခါ ၁၀မှတ် နီးပါး ၉ မှတ် ကျော် တဲ့အထိ ရှိလာကြတယ်။ လုပ်ဆောင်မှုတွေ ပိုကောင်းလာတဲ့အခါ သူတို့တွေအတွက်လည်း ပိုပြီးတော့ စိန်ခေါ်မှုလည်း ရှိအောင်နဲ့ စံချိန်စံညွှန်းတွေ ပိုပြီးရှိအောင် ဖြစ်တယ်”ဟု ပြောသည်။ ယင်းအပြင် အာဆီယံနိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများ အပေါ်ကြည့်ပြီး မြန်မာနိုင်ငံ စီးပွားရေး ကဏ္ဍ ကျယ်ပြန့်အောင် မြန်မာကုမ္ပဏီများ၏ အခန်းကဏ္ဍကို လုပ်ဆောင်ရန် ဆုံးဖြတ်ထားပြီး မတ်လတွင် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယခုထုတ်ပြန်မည့် ၂၀၁၈ ခုနှစ် ပွင့်သစ်စ အစီရင်ခံစာတွင် စီးပွားရေးလုပ်ငန်းများ၏ ဓလေ့၊ စီးပွားရေးလုပ်ငန်း၏ စီမံအုပ် ချုပ်မှု၊ စီးပွားရေးလုပ်ငန်း၏ လူမှုရေးတာဝန်ယူမှု စီမံခန့်ခွဲခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် အစီရင်ခံခြင်း စသည့် အကြောင်းအရာ ၅ ခု ပါဝင်မည်ဖြစ်ပြီး ယင်းစံသတ်မှတ်ချက်အနေနှင့် မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် စင်ကာပူစသည့် နိုင်ငံများ၌ အသုံးပြုနေသည့် ASEAN Corporate Governance အမှတ်ပေးစည်းမျဉ်းများနှင့် နိုင်ငံတကာ စံချိန်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ထားသည်။ MCRB အနေဖြင့် အဆိုပါ အစီရင်ခံစာကို မြန်မာ့စီးပွားရေး အတိုင်ပင်ခံ လုပ်ငန်း Yeverနှင့် တွဲဖက်၍ လုပ်ဆောင်မည် ဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်ကလည်း မြန်မာ ကုမ္ပဏီ ၆၀၊ ၂၀၁၇ ခုနှစ်တွင် ကုမ္ပဏီ ၁၀၀ကို အကဲဖြတ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ယခုထုတ်ပြန်မည့် ၂၀၁၈ ခုနှစ်တွင် ကုမ္ပဏီ ၂၀၀ကို အကဲဖြတ် လုပ်ဆောင်သွားမည်ဟု သိရသည်။ Yever တွဲဖက်ထူထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာ နီကိုလပ်စ် ဒီလန်းဂ်“၂၀၁၈ ခုနှစ် ပွင့်သစ်စ စီမံချက် အစီရင်ခံစာက အချက်အလက်တွေကို ပေးရင်း မြန်မာ့ကုမ္ပဏီတွေရဲ့ အလေ့အကျင့်ကောင်း တွေကို ဖော်ထုတ်ရင်းနဲ့ မြန်မာကုမ္ပဏီတွေ ဘယ်လိုလုပ်နေလဲဆိုတဲ့ အချက်အလက်တွေကို နိုင်ငံတကာက စီးပွားလုပ်ငန်းရှင်တွေကို ပေးမှာဖြစ်တယ်။ ပြီးတော့ စီးပွားရေးလုပ်ငန်းက ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရအာဏာပိုင်တွေကိုလည်း အကြံပြုချက် ပေးသွားမှာ ဖြစ်တယ်”ဟု ပြောသည်။ ပွင့်သစ်စအစီရင်ခံစာတွင် မြန်မာကုမ္ပဏီများ ပါဝင်ခြင်းအားဖြင့် မိမိတို့ကုမ္ပဏီ၏ ပွင့်လင်းမြင်သာ မှုအချက်အလက်များကို တဖက်မှ ပူးပေါင်းလုပ်ကိုင်လိုသော နိုင်ငံတကာကုမ္ပဏီများမှ သိရှိရသော ကြောင့် ယုံကြည်မှုကို ရရှိမည် ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ သုတေသန ပြုရာတွင် အကဲဖြတ်မည့် ကုမ္ပဏီများထံ ပြောင်းလဲခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ သုတေသနနှင့် ပတ်သက်၍ လည်းကောင်း အကြောင်းကြားစာပေးပို့ခြင်း၊ Yever က အကဲဖြတ်ပြီး သည့်အခါ ကုမ္ပဏီများထံ ပထမဆုံး ရလဒ်ကို ပေးပို့ပေးပြီး ကုမ္ပဏီများ၏ မှတ်ချက်များ ပြန်လည် တောင်းခံခြင်း၊ အချက်အလက် ဖြည့်စွက်ခြင်းတို့ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင် ပါဝင်သောကုမ္ပဏီ ၂၀၀ ခန့်နှင့်ဆက်သွယ်ပြီး ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အစီရင်ခံစာတွင် အကဲဖြတ်ခဲ့သည့် မြန်မာကုမ္ပဏီများမှာ First Myanmar Investment (FMI)၊ မက်စ် မြန်မာကုမ္ပဏီနှင့် ရွှေတောင်ကုမ္ပဏီ အစရှိသည့် ကုမ္ပဏီ ၁၀၀ခန့်ကို အကဲဖြတ်ခဲ့ခြင်း ဖြစ်ပြီး၊ ယခုပြုလုပ်မည့် ၂၀၁၈ ခုနှစ် အစီရင်ခံစာတွင် စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများဖြစ် သည့် သီလဝါ SEZ အများပိုင်ကုမ္ပဏီ၊ မြန်မာနိုင်ငံသားများ ဘဏ်နှင့် ပထမ မြန်မာရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ လီမိတက်နှင့် အခွန်အများဆုံး ပေးဆောင်ခဲ့သည့် ကမ္ဘောဇကုမ္ပဏီ အုပ်စု စသည့် စီးပွားရေး ကုမ္ပဏီပေါင်း ၂၀၀ ကို အကဲဖြတ်သွားမည်ဖြစ်ပြီး၊ ပွင့်သစ်စ အစီအစဉ်တွင် ပါဝင်လို၍ ဆက်သွယ်လာသည့် ကုမ္ပဏီများကို သုတေသနပြုလုပ်သွားမည်ဟု သိရသည်။ The post မြန်မာ့ကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှုကို လေ့လာနိုင်မည့် ပွင့်သစ်စ အစီရင်ခံစာ မတ်လ ထုတ်ပြန်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2xEdZkS
via IFTTT

No comments:

Post a Comment