Wednesday, October 25, 2017


မြန်မာကို ပိတ်ဆို့ အရေးယူမှုပြုလုပ်မည်ဟု အမေရိကန် ကြေညာချက်ထုတ် ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်၌ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိသည်ဟုဆိုကာ အမေရိကန် အစိုးရက မြန်မာ့ တပ်မ တော်နှင့် ထိတွေ့ဆက်ဆံမှု အပါအဝင် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ပြင်ဆင်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်သည်။ အောက်တိုဘာ ၂၃ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် မြန်မာ့တပ်မတော်မှ လက်ရှိ ခေါင်းဆောင်များနှင့် ထိပ်တန်း ခေါင်းဆောင်ဟောင်းများကို ဗီဇာပိတ်ပင်မည်ဖြစ်ပြီး၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ရောင်းချမှုကိုလည်း ပိတ်ပင်သွားမည် ဖြစ် ကြောင်း၊ ရခိုင်မြောက်ပိုင်း ပဋိပက္ခ၌ ပါဝင် သည့် တပ်မတော်အရာရှိအချို့နှင့် လူပုဂ္ဂိုလ်အချို့ကို ပစ်မှတ်ထား အရေးယူဆောင် ရွက်မှုများ ပြုလုပ်သွားရန်ရှိကြောင်းဆိုသည်။ “Leahy ဥပဒေ နှင့်အညီ ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးများ၌ ပါဝင်ခဲ့သော တပ်ဖွဲ့အားလုံးနှင့် အရာရှိ အားလုံးတို့သည် အမေရိကန်၏ အကူအညီပေးရေး အစီအစဉ်များ၌ ရရှိပါဝင်ဆောင်ရွက်ခွင့် မရှိဟုမိမိတို့ သတ်မှတ်သည်။ မိမိတို့သည် အမေရိကန်နိုင်ငံက ကမကထပြုသော အစီအစဉ်များတွင် မြန်မာနိုင်ငံမှ ထိပ်တန်းလုံခြုံရေး အရာရှိများကို ဖိတ်ကြားထားခြင်း များကို ပြန်လည် ရုတ်သိမ်းလိုက်သည်” ဟု ဆိုသည်။ ထု့ိအပြင် အကြမ်းဖက်တိုက်ခိုက်မှုစတင်ဖြစ်ခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့က စတင်၍ မိမိတို့သည် မြန်မာ့တပ်မတော်မှ လက် ရှိခေါင်းဆောင်များနှင့် ထိပ်တန်းခေါင်းဆောင်ဟောင်းများကို ကျောက်စိမ်း ဥပဒေအရ ခရီးသွားလာခွင့် ရုတ်သိမ်းခြင်းကို သုံးသပ်မှု ရပ်ဆိုင်းလိုက်သည်” ဟုလည်း ထုတ်ပြန်ချက် တွင် ပါရှိသည်။ “ရက်စက် ကြမ်းကြုတ်မှုများနှင့် ပတ်သက်သော လူပုဂ္ဂိုလ်များကို ဦးတည် လုပ်ဆောင်နိုင်မည့် စီးပွားရေးနည်းလမ်းများကို စဉ်းစားသုံးသပ်နိုင်ရန် မိမိတို့သည် ကျောက်စိမ်း ဥပဒေအရ လုပ်ပိုင်ခွင့်များကို သုံးသပ်နေသည်” ဟု ဆိုသည်။ ယင်းသို့ ဆောင်ရွက်ခြင်းသည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်၌ အစိုးရမဟုတ်သော ကျူးလွန်သူများနှင့် ရပ်ရွာမှပါဝင် လှုပ်ရှားသူ များ အပါအဝင် ရက်စက် ကြမ်းကြုတ်မှုများ အတွက် တာဝန်ရှိသော မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ကိုမဆို အရေးယူရန်လိုအပ်ကြောင်း အမေရိကန် အစိုးရက မြန်မာအစိုးရကို တိုက်တွန်းထားပြီး၊ ပါဝင် ပတ်သက်သူများ အပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် စဉ်းစားနေသကဲ့သို့ နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်သွားရန်လည်း သုံးသပ်လျှက်ရှိကြောင်းလည်း ထုတ်ပြန် ချက် ကဆိုသည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန် လွှတ်တော်အမတ်များ အပါအဝင် အနောက်နိုင်ငံအချို့က လူမျိုးတုံးသုတ်သင် ရှင်းလင်း မှု၊ လူမျိုးတုံးသတ်ဖြတ်မှု စသဖြင့် စွပ်စွဲပြောဆိုနေကြသော်လည်း အမေရိကန် အစိုးရအနေဖြင့် ထိုအသုံးအနှုန်းကို ခေါ်ဝေါ် သုံးစွဲခြင်း မရှိသေးပေ။ ထို့အပြင် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့၊ နိုင်ငံတကာ လူသားချင်းစာနာမှုအဖွဲ့များနှင့် သတင်းမီဒီယာတို့ကို သက်ဆိုင်ရာ နေရာများသို့ အဟန့်အတားမရှိ သွားရောက်ခွင့် ပေးရေးအတွက် မြန်မာနိုင်ငံကို တိုက်တွန်းရန်အတွက် အမေရိကန် အနေဖြင့် နိုင်ငံတကာ လုပ်ဖေါ်ကိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု သိရသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း၌ သြဂုတ်လ ၂၅ ရက်နေ့က ARSA အကြမ်းဖက်အဖွဲ့က လုံခြုံရေးစခန်း ၃၀ နှင့် တပ်မတော် ဌာနချုပ် တခုအား အလစ်အငိုက် ဝင်တိုက်ခိုက်ပြီး ဒေသခံ တိုင်းရင်းသား အချို့ကိုလည်း သတ်ဖြတ်မှု ပြုလုပ်ခဲ့သည်။ ထို့နောက် တပ်မတော်က ARSA အဖွဲ့အား ရှင်းလင်းမှု လုပ်ဆောင်ခဲ့သည်။ ထိုဖြစ်စဉ် စတင်ဖြစ်ပွားချိန်မှစ၍ ဘူးသီးတောင်၊ မောင်တော ဒေသမှ မွတ်စလင် ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ သွားရောက် ခိုလှုံလျှက်ရှိကြောင်း သတင်းမီဒီယာများက ရေးသား ဖော်ပြနေကြသည်။ ရခိုင်မြောက်ပိုင်း အခြေအနေနှင့် ပတ်သက်၍ အမေရိကန် အစိုးရက လိုအပ်ချက်များ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေသော အသိုင်း အဝန်းများသို့ လူသားချင်းစာနာမှု အကူအညီများ ပေးပို့ခွင့် ကတိကို အကောင် အထည်ဖေါ်ရမည်။ ထွက်ပြေးသူ သို့မဟုတ် ရခိုင်ပြည်နယ ်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးသူများ ဆန္ဒအလျှောက် ဘေးကင်းစွာ ပြန်လာနိုင်ရန် ဆောင်ရွက်ပေးရ မည်ဟု လည်း တိုက်တွန်းထားသည်။ ထို့အတူ နိုင်ငံသားဖြစ်ရေး အတွက် ယုံကြည်လက်ခံနိုင်သော လမ်းကြောင်းတခု ဖေါ်ဆောင်ပေးခြင်း အပါအဝင် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည် ဖေါ်ခြင်းဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်စလင် များ အပေါ် စနစ်တကျ ခွဲခြားဆက်ဆံခြင်း၏ အကြောင်းရင်းများကို ဖြေရှင်းပေးရမည်ဖြစ်ပြီး ယင်းသို့သော အားထုတ်မှုများကို အမေရိကန် အနေဖြင့် ထောက်ခံရန် အသင့်ရှိသည်ဟုဆိုသည်။ The post မြန်မာကို ပိတ်ဆို့ အရေးယူမှုပြုလုပ်မည်ဟု အမေရိကန် ကြေညာချက်ထုတ် appeared first on ဧရာဝတီ.
Source : http://ift.tt/2yHxX1I
via IFTTT

No comments:

Post a Comment