Wednesday, October 25, 2017


ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်သွားမည်ဆိုသည့် ဒူးလေးပါတီ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က ၎င်းတို့ပါတီ၏ ပြုပြင်ပြောင်းလဲမှုများ လာမည့် နှစ်ပတ်လည် အစည်းအဝေးမှ စ၍ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌ ဦးရွှေမင်း က ဧရာဝတီသို့ ပြောသည်။ ဒူးလေးပါတီ ၏ ၄ နှစ်မြောက် နှစ်ပတ်လည်နေ့ အစည်းအဝေးကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပါတီတွင်း ပြုပြင်ပြောင်းလဲရေး ကိစ္စများကို ထိုအစည်း အဝေးတွင် ဆွေးနွေး ဆုံးဖြတ် သွားမည်ဟု သိရသည်။ ပါတီ ဥက္ကဋ္ဌ ဦးရွှေမင်း က “ကျနော်တို့ မြို့နယ်၊ ပြည်နယ်တွေမှာ လစ်လပ်တဲ့နေရာတွေ ပြန်ပြီး အစားထိုးတာတို့၊ ပြုပြင် ပြောင်းလဲသွားဖို့၊ ပြင်ဆင် ဖွဲ့စည်းသွားဖို့တွေ ရှိမှာပါ။ အဓိကတော့ ပြန်လည် ရွေးချယ်မှုမဟုတ်ဘဲနဲ့ ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းတာတို့၊ အစားထိုး ဖွဲ့စည်းတာတို့၊ ဒါတွေက မြို့နယ်တွေမှာလည်း ရှိမယ်။ ပြည်နယ်တွေမှာလည်းရှိမယ်၊ ဗဟိုမှာလည်း ရှိမယ်” ဟု ပြောသည်။ ဒူးလေးပါတီ သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ် ၂၇ နေရာ၌ ဝင်ရောက် အရွေးချယ်ခံခဲ့ရာ ပြည်သူ့လွှတ်တော် ၂ နေရာ၊ ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာလူမျိုး ဝန်ကြီး ၁ အဖြစ် ၅ နေရာအနိုင်ရရှိခဲ့သည်။ ဒူးလေးပါတီ ၏ နှစ်ပတ်လည်နေ့ အခမ်းအနားကို ၁ နှစ် တကြိမ် ကျင်းပရန် မူလက ချမှတ်ထားသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ၂ နှစ် ကျင်းပနိုင်ခြင်းမရှိခဲ့ရာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်က အစည်းအဝေး တရပ်ကျင်းပစဉ် ၄ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကျင်းပရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းပါတီထံမှ သိရသည်။ “ကိုယ့်ရဲ့ မြို့နယ်၊ ပြည်နယ်အတွင်းမှာ လိုအပ်ချက် အားနည်းချက်တွေကို ပြန်လည် ဆွေးနွေးကြမယ့် အစည်းအဝေးပေါ့” ဟု ဥက္ကဋ္ဌ ဦးရွှေမင်း က ပြောသည်။ ဒူးလေးပါတီ ၏ ၃ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို၂၀၁၅ ခုနှစ်က မိုးကုတ်မြို့တွင် နောက်ဆုံးကျင်းပခဲ့ကြောင်း သိရသည်။ ဒူးလေးပါတီသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးသို့ တက်ရောက်ခွင့် ရရှိထားသလို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင်လည်း နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့်ရရှိထားသည်။ The post ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်သွားမည်ဆိုသည့် ဒူးလေးပါတီ appeared first on ဧရာဝတီ.
Source : http://ift.tt/2zBEhEK
via IFTTT

No comments:

Post a Comment