Tuesday, October 24, 2017


ပုပ္ပားတောင်ကလပ်အနီး မြေပြိုမှု မီးတောင်ဟောင်း ပြန်လည်ရှင်သန်ခြင်းမဟုတ် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်ကလပ်အနီး မြေပြိုမှုမှာ မိုးဆက် တိုက်ရွာသွန်းခြင်း ကြောင့်ဖြစ်ပြီး ပုပ္ပားမီးတောင် ပြန်လည်ရှင်သန်ခြင်းကြောင့် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၏ ထုတ်ပြန် သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့က ပုပ္ပါးတောင်တက်လမ်း အောင်သိဒ္ဓိကုန်းနေရာတွင် အကျယ် ၁၃၅ မီတာနှင့် အရှည် ၂၈၇ မီတာခန့် ပြိုကျမှုများ ဖြစ်ပေါ်ခဲ့ပြီး ကားလမ်း၊ ဘုရား၊ ဘုန်းကြီးကျောင်း၊ အိမ်နှင့် ဆိုင်အချို့ ထိခိုက်မှုများရှိခဲ့ ရာ ယနေ့တိုင်လည်း မြေသားရွေ့လျားမှု ဆက်လက် ဖြစ်ပေါ်လျှက်ရှိသည်။ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းကမူ ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မီးတောင်ပြန်လည်ရှင်သန်ခြင်းနှင့် ဆက်နွယ်သည့် မြေကြီးများ ကြွတက်လာခြင်း၊ အပူနှင့်ဓာတ်ငွေ့များထွက်ခြင်း၊ ငလျင် အသေး စားများ မကြာခဏလှုပ်ခြင်း စသည့် လှုပ်ရှားမှုများကို မတွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကျောက်ပန်းတောင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က “ပညာရှင်တွေရဲ့ ပြောစကားအရ မီးတောင် လုံးဝ ပြန်လည်ရှင်သန်လာတာမဟုတ်ပါဘူး၊ သဘာဝတရားနဲ့ လူတွေကြောင့် ဖြစ်တာပါ” ဟု ဧရာဝတီကို ပြောသည်။ ဆက်လက်၍ မြေပြိုရခြင်း၏ အဓိကအကြောင်းရင်းမှာ မိုးရွာသွန်းမှုများခြင်း၊ တောင်စောင်းတွင် ခံနိုင်ဝန်အား ထက်ကျော် လွန်၍ အဆောက်အဦများ ဆောက်လုပ်ခြင်း၊ သဘာဝ ရေစီးရေလွှာများကို ပိတ်ကာ အဆောက်အဦးများ ဆောက်လုပ် ခြင်းတို့ကြောင့် ဖြစ်သည်ဟု ဘူမိဗေဒပညာရှင်များက ထောက်ပြပြောဆိုကြောင်း ၎င်းကဆိုသည်။ မြေပြိုမှုဖြစ်ပွားရာ တောင်ကလပ်အနီးတွင် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ထောင်ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။ ယနေ့အထိ မြေသားရွေ့လျားမှု ဆက်လက်ဖြစ်ပေါ်နေရာ တရက်အတွင်း ၆ စင်တီမီတာခန့် ရွေ့လျား နေပြီး၊ မြေသား ရွေ့ လျားမှု မြန်နေသဖြင့် အထူးသတိပြုရန် လိုအပ်ကြောင်း၊ မိုးရွာလျှင် ရွေ့လျားမှု ပိုမိုမြန်ဆန်လာနိုင်ပြီး မြေပြိုမှုကြောင့် လူများထိခိုက်နိုင်ကြောင်း ပညာရှင်များက သတိပေးပြောဆိုထားသည်။ ထို့အတွက် ဒေသခံများကို အသိပညာပေးမှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ၏ လမ်းညွှန်မှုဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံအရပ်ဖက်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးမှူးများ ပါဝင် သည့် ပုပ္ပားတောင်ကလပ် ကာကွယ်ရေး အဖွဲ့ကိုလည်း ယနေ့ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဦးအေးခိုင်က ဆက်လက် ရှင်းပြသည်။ မြေပြိုမှုနှင့်ပတ်သက်၍ အောက်တိုဘာ ၂၂ ရက်တွင် လွှတ်တော်အမတ်များ၊ မြို့နယ်တာဝန်ရှိသူများ၊ ဒေသခံများနှင့် ဘူမိ ပညာရှင်များက ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ကြရာ အောက်တိုဘာ ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး ဝန်ချုပ်ကြီး နှင့် တွေ့ဆုံရှင်းလင်းတင်ပြမှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းသို့ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ “လူတွေကို ဘေးကင်းတဲ့နေရာကို အမြန်ဆုံးရွှေ့သင့်တယ်။ မကြောက်မလန့် နေနေကြတာပဲ။ သူတို့ကိုလည်း အသိပညာ ပေးဖို့ လိုအပ်တယ်။ တကယ့်ပညာရှင်တွေနဲ့ ပူးပေါင်းပြီးပြီး ပြန်လုပ်သင့်တယ်။ အခုဆို ကားကြီးတွေလည်း ပေးဝင်တယ်။ ကားသေးတွေလည်း ပေးဝင်တယ်။ ဒါတွေကို လေ့လာဆန်းစစ်ပြီး အဲဒီနေရာကို ကန့်သတ်နယ်မြေအဖြစ်ထားပြီး သေချာ ပြုပြင်ထိန်းသိမ်းသင့်တယ်” ဟုု ပုပ္ပားတောင်ချစ်သူများအသင်း အတွင်းရေးမှူး ဦးမင်းဆန်းက ပြောသည်။ ၂၀၀၆ ခုနှစ်က မြေပြိုမှု ဖြစ်ပွားခဲ့သော်လည်း ယခုအကြိမ်သည် ပိုမိုများပြားကြောင်း ၎င်းက ပြောဆိုသည်။ ဘူမိဗေဒ ပညာရှင်များက မြေပြိုခြင်းကို လျော့ကျစေရန် ရေစီးမြောင်းများ စနစ်တကျထားရှိခြင်း၊ သဘာဝရေစီးဆင်းမှုကို ထိန်းသိမ်းထားခြင်း၊ မြေပြိုဧရိယာသတ်မှတ်ခြင်းများကို ပြုလုပ်ရန် အကြံပေးထားသကဲ့သို့ မြေပြိုဧရိယာအတွင်း ကားလမ်း အပေါ်/အောက် မြေဖို့ခြင်းလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ မလုပ်သင့်ကြောင်း၊ ကားလမ်းပေါ်ရှိနေအိမ်များမှ ရေများကို မြေအောက်သို့စီးဝင်ခြင်းကို လျော့နည်းအောင်လုပ်ဆောင်သင့်ကြောင်း အကြံပြုထားသည်။ ပုပ္ပါးတောင်သည် မီးတောင်ဟောင်းတခုဖြစ်ပြီး ဘီစီ ၄၄၂ ခန့်က ပေါက်ကွဲခဲ့ရာ ငလျင်ကြီးများ လှုပ်ခတ်ခဲ့ကြောင်း မှတ်တမ်းများ ဆိုသည်။ The post ပုပ္ပားတောင်ကလပ်အနီး မြေပြိုမှု မီးတောင်ဟောင်း ပြန်လည်ရှင်သန်ခြင်းမဟုတ် appeared first on ဧရာဝတီ.
Source : http://ift.tt/2yKWPoH
via IFTTT

No comments:

Post a Comment