Saturday, October 28, 2017


ကျိုက်ထီးရိုးဘုရား အလှူငွေရရှိမှု ၄ ဘီလီယံခန့် တိုးလာ ကျိုက်ထီးရိုး တောင်တက်လမ်း တလျှောက် ကန်ထရိုက်စနစ်ဖြင့် ချထားပေးသည့် ပုဂ္ဂလိက အလှူခံများက ဘုရားဖူး များထံမှ အဓမ္မ အလှူခံမှုကြောင့် ကျိုက်ထီးရိုး ဘုရား ပုံရိပ်အား ထိခိုက်၍ ယင်းစနစ်အား ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း အလှူငွေ ရရှိမှု ကျပ် ၄ ဘီလီယံ ခန့် တိုးလာကြောင်း သိရသည်။ “အရင်တုန်းက ကန်ထရိုက် ပေးထားတာ။ မုဆိုးတောင်တို့ ဘာတို့မှာ ပြင်ပကို လေလံ ပေးထား တာပေါ့ အလှူခံတွေ ကောက်ခံတာတွေ တအား များတယ် ဆိုတဲ့ ပုံရိပ်ကြောင့် တနိုင်ငံလုံးက စိတ်ညစ်နေရတယ် ၊ အခုတော့ အဲဒါ တွေကို ဖျက်သိမ်း လိုက်ပြီး သဒ္ဓါတရား ရှိသလောက်ပဲ လှူကြဖို့ ရွှေဆိုင်းတို့ ၊ ပင်မတို့၊ ခေါင်းလောင်းတို့ ဒီအလှူခံ တွေပဲ ထားတော့တယ်” ဟု ကျိုက်ထီးရိုး ဘုရား ဂေါပက အဖွဲ့ဝင် ဦးအေးမြင့်သိန်းက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့တွင် ကျိုက်ထီးရိုး ဘုရား ဂေါပကဟောင်းအား ဖျက်သိမ်း၌ ဂေါပက အသစ်အား စတင် ဖွဲ့စည်းခဲ့စဉ်က ဂေါပကဟောင်းမှ စာရင်းအပ်သည့် ကျိုက်ထီးရိုး ဘုရား ဘဏ္ဍာငွေမှာ ၁ ဘီလီယံ ကျော်သာ ရှိခဲ့သည်။ ဂေါပကသစ် တာဝန်စတင် ယူခဲ့ချိန် ၂၀၁၆ ခုနှစ် စက်တင်ဘာမှ ၂၀၁၇ ခုနှစ် တောင်ပိတ်ရာသီ မေလ အထိ ဘဏ္ဍာငွေ ၄ ဘီလီယံကျော် တိုးတက် ရရှိခဲ့ပြီး လက်ရှိတွင် စုစုပေါင်း ဘဏ္ဍာ ၅ ဘီလီယံကျော် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ကျိုက်ထီးရိုး ဘုရား ဘဏ္ဍာတော် အတွက် ထိုအလှူခံဌာနများနှင့် ဇုန်ဝင်ကြေး များမှ အဓိက ဘဏ္ဍာငွေ ရရှိနေရာ လက်ရှိ ၂၀၁၇-၂၀၁၈ တောင်ဖွင့်ရာသီ အစ၌ပင် ဘဏ္ဍာငွေ ကျပ် ၅ ဘီလီယံကျော် ရှိနေပြီ ဖြစ်ကြောင်း ကျိုက်ထီးရိုး ဂေါပက အဖွဲ့ဝင် ဦးအေးမြင့်သိန်းက ဆိုပါသည်။ “ခရီးသွားလာတဲ့ လူတွေ အတွက်ကတော့ အတင်း အလှူခံ တာကတော့ သဒ္ဓါတရား ရှိတဲ့ အခါလည်း ရှိတာပေါ့၊ မရှိတဲ့ အခါလည်း မရှိဘူးပေါ့။ သဒ္ဓါတရား ဆိုတာ အမြဲတမ်း မရှိနိုင်ဘူးလေ။ အလှူခံတွေကိုတော့ အပြစ် ပြောလို့တော့ မရဘူး ပေါ့။ ဒါပေမယ့် ဘုရားဖူးတွေ ရှေ့မှာ အတင်း ခွက်ထိုးပြီး အလှူခံ တာတို့ ဘာတို့ ကျတော့ အနှောင့်အယှက်တော့ ဖြစ်တာပေါ့” ဟု ကျိုက်ထီးရိုး ဘုရားအား နှစ်တိုင်း နီးပါး လာရောက် ဖူးမြော်သည့် ရန်ကုန်တိုင်း သာကေတ မြို့နယ်နေ ဒေါ်အေးမြင့်က ပြောသည်။ ကျိုက်ထီးရိုး ဘုရား ဂေါပက အသစ် လက်ထက်တွင် ကြည်ညိုဖွယ် မရှိသည့် အလှူခံပုဂ္ဂိုလ် ရသေ့၊ ရဟန်း ၊ ဖိုးသူတော် များအားလည်း တောင်ပေါ် ပရဝုဏ်၌ ခွင့်ပြုထားခြင်း မရှိကြောင်း၊ ပြီးခဲ့သည့် တောင်ဖွင့် ရာသီ အစ၌ပင် ထိုကဲ့သို့ အလှူခံသည့် ရသေ့၊ ရဟန်း၊ ဖိုးသူတော် စုစုပေါင်း ၁၄ ဦးအား ခံဝန် ကတိရေးထိုး စေ၍ သင်္ကန်း ချွတ်ခြင်း၊ နေရပ် ပြန်ပို့ ခြင်းတို့ လုပ်ဆောင် ခဲ့ပြီး ဖြစ်သည်။ “မနှစ်က တောင်ဖွင့် ရာသီနဲ့ ဒီနှစ် တောင်ဖွင့် ရာသီ ဘုရားဖူး လူဦးရေ နှိုင်းယှဉ် ရင် ဒီနှစ် သီတင်းကျွတ် လပြည့်နေ့ည တောင်ဖွင့် ရာသီမှာ ဘုရားဖူး လူဦးရေ မတရားများတယ်၊ အောက်မှာလည်း ကားလမ်းတွေ ပိတ်သလို အပေါ်မှာလည်း လူတွေ ပိတ်ကျပ် နေတယ်။ တောင်ဖွင့်ရာသီ ရက်မှာတင် ဘုရားဖူးပေါင်း မရှိဘူး ဆိုရင် ၃ သိန်းလောက် ရှိမယ်” ဟု ဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်းက ပြောသည်။ ကျိုက်ထီးရိုး ဘုရား၏ တောင်ဖွင့် ရာသီသည် နှစ်စဉ်၏ သီတင်းကျွတ် လပြည့်နေ့တွင် စတင်ကာ ကဆုန်လပြည့်နေ့၌ အဆုံးသတ်လေ့ ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၆ – ၂၀၁၇ ခုနှစ် စာရင်းအရ ကျိုက်ထီးရိုးဘုရားသို့ ပြည်တွင်းနှင့် နိုင်ငံခြားသား ဦးရေ စုစုပေါင်း ၂၈ သိန်းခန့် လာရောက် လည်ပတ် ခဲ့ကြောင်း၊ ယခု တောင်ဖွင့် ရာသီ ၂၀၁၇ – ၂၀၁၈ ၌မူ ဘုရားဖူး ဦးရေပေါင်း သိန်း ၄၀ ကျော် လာရောက် နိုင်မည်ဟု ကျိုက်ထီးရိုး ဂေါပက အဖွဲ့နှင့် မွန်ပြည်နယ် အစိုးရ အဖွဲ့တို့မှ ခန့်မှန်း ထားသည်။ The post ကျိုက်ထီးရိုးဘုရား အလှူငွေရရှိမှု ၄ ဘီလီယံခန့် တိုးလာ appeared first on ဧရာဝတီ.
Source : http://ift.tt/2ySP7Hi
via IFTTT

No comments:

Post a Comment