နာမည်ကြီးရေးထက် ပြည်သူ့မျက်ရည်သုတ်ပေးရေးက အဓိကဟု ဒီချုပ်ဗဟိုကော်မတီ သဘာပတိပြော ဒီချုပ်ပါတီဝင်များအနေ ဖြင့် ပုဂ္ဂိုလ်ရေး ထင်ပေါ်ကျော် ကြားလိုမှု၊ နာမည်နှင့်နေရာရလို မှု၊ အုပ်စုဖွဲ့ခွဲခြားလိုမှုများကို ဆန့် ကျင်ကန့်ကွက် တိုက်ဖျက်ရမည် ဖြစ်ပြီး ပါတီတွင်း၌ ထိုသို့ စိတ် ထားမျိုးရှိနေပါက အခြားသူများ ကိုလည်း ပြည်ထောင်စုစိတ်ဓာတ် မွေးမြူရန် တိုက်တွန်း၍ရမည်မ ဟုတ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြော ကြားသည်။ ဗဟန်းမြို့နယ်ရှိ ပါတီရုံးချုပ် ၌ ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပထမဗဟိုကော်မတီ အဋ္ဌမ အကြိမ် အစည်းအဝေးတွင် သဘာ ပတိအဖြစ် အဖွင့်အမှာစကား ပြောကြားစဉ် ၎င်းကထည့်သွင်း ပြောကြားခြင်းဖြစ်သည်။ ‘‘ငါနဲ့ငါ့အုပ်စုနေရာရရေး၊ နာမည်ရရေး၊ ထင်ပေါ်ကျော် ကြားရေးကို သွားမလား၊ ပြည်သူ လူထုရဲ့ နေ့စဉ် ဘဝကျကျနနဖြစ် ရေးကို အဓိကထားမလားဆိုတာ အဖွဲ့ချုပ် အောက်ခြေအဖွဲ့ဝင်များ ကနေ ဦးဆောင်တဲ့ နေရာမှာရှိတဲ့ အဖွဲ့ဝင်များအထိကို ပြန်မေးရ မယ့် မေးခွန်းဖြစ်ပါတယ်။ မိမိ ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ရာ မှာ အသုံးပြုရမယ့် အချက်ဖြစ်ပါ တယ်’’ ဟု ဒေါက်တာအေးဇံက ပြောသည်။ ထို့အပြင် လက်ရှိနိုင်ငံအ တွင်း နိုင်ငံရေးအရ အရေးကြီး သည့် ရာထူးတာဝန်များထမ်း ဆောင်နေသူ အချင်းချင်း သတ္တိ ရှိရှိ၊ ယုံယုံကြည်ကြည်ဖြင့် လက် တွဲဆောင်ရွက်ရန်နှင့် တိုင်းရင်း သားအချင်းချင်း သည်းခံစိတ်ဖြင့် ရိုင်းပင်းကူညီရန်လိုကြောင်း ၎င်း ကတိုက်တွန်းသည်။ ‘‘မိမိတို့ဂုဏ်သိက္ခာ၊ နာမည် ကျော်ကြားဖို့ထက် ပြည်သူလူထု ရဲ့ မျက်ဝန်းအိမ်ထဲက မျက်ရည် ကိုသုတ်ပေးဖို့ အဓိကစေတနာ ထားရပါလိမ့်မယ်’’ ဟု ဒေါက်တာ အေးဇံက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပထမဗဟိုကော်မတီ အဋ္ဌမ အကြိမ် အစည်းအဝေးကို ဒီဇင် ဘာ ၃၀ ရက်မှ ၃၁ ရက်အထိနှစ် ရက်ကြာ ပြုလုပ်မည်ဖြစ်သည်။ ယင်းအစည်းအဝေးသို့ ဒီချုပ်ပါတီ နာယက သူရဦးတင်ဦး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဦး ဝင်းထိန်၊ ဦးဉာဏ်ဝင်းစသည့် ပါ တီဗဟို အလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူးအဖွဲ့ဝင်များ တက် ရောက်ခဲ့သည်။ ဒေါက်တာအေးဇံက အဖွင့်အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်အရေး ဆောင်ရွက်မှု များ၊ ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် အရေး၊ စီးပွားရေး၊ လယ်ယာမြေ အရေး စသည်တို့နှင့်ပတ်သက်၍ ထည့်သွင်းပြောသည်။ ▪️ရခိုင်ပြည်နယ်အရေး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်သည့် ပြည် ထောင်စု အစိုးရအဖွဲ့အနေဖြင့် စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှု ရှိသည့် ဖယ်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စု တည်ထောင်ရေး ကြိုးပမ်းနေချိန်တွင် စိန်ခေါ်မှုများ စွာ ရင်ဆိုင်နေရပြီး ရခိုင်ပြည်နယ် အရေးသည် ကြီးမာသည့် စိန်ခေါ် မှုကြီး ဖြစ်လာကြောင်း အစည်း အဝေးသဘာပတိကပြောသည်။ ရခိုင်ပြည်နယ် ပြဿနာ သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွား နေသော အခြားကိစ္စများနှင့်မတူ ဘဲ တစ်မူထူးခြားသည့် ပြဿနာ ဖြစ်ကြောင်း ၎င်းကဆိုသည်။ ‘‘မိမိဒေသတွင်းက လိုအပ် ချက်များ၊ မကျေနပ်ချက်များ ကြောင့် ဖြစ်ပွားလာတဲ့ ပြဿနာမ ဟုတ်ဘဲ ကျွန်တော်တို့ အားလုံးမှီ တင်းနေထိုင်တဲ့ အသိုင်းအဝိုင်းကို လာရောက်ထိပါးတဲ့၊ အချုပ်အ ခြာအာဏာကို ဝင်ရောက်စွက် ဖက်လိုတဲ့ကိစ္စ ဖြစ်တယ်ဆိုတာ အားလုံးနားလည်ဖို့ လိုပါတယ်’’ ဟု ရခိုင်ပြည်နယ်အရေးနှင့် ပတ် သက်၍ ဒေါက်တာအေးဇံက ပြောကြားသည်။ ရခိုင်ပြည်နယ်အကြမ်းဖက် ခံရမှုကို အစိုးရနှင့် တပ်မတော်တို့ လက်တွဲဖြေရှင်းခဲ့ရပြီး ပြည် ထောင်စုအစိုးရအနေဖြင့် ရခိုင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသား များကိုသာမက ကိုးကွယ်ယုံကြည် မှု မတူညီသော အခြားဘာသာဝင် များကိုပါ တစ်ပြေးညီ ကာကွယ် စောင့်ရှောက်နေကြောင်း ၎င်းက ပြောကြားသည်။ ‘‘ရခိုင်ပြည်နယ်မှာရှိတဲ့ လူ မျိုးရေး၊ ဘာသာရေးအရ ကွဲပြား ကြတဲ့ ဒေသခံအသီးသီးကလည်း မြန်မာနိုင်ငံမှာရှိတဲ့ တခြားတိုင်း ရင်းသား ပြည်သူလူထုနဲ့ ရင်းနှီး ချစ်ကြည် သစ္စာစောင့်သိပြီး ပူး ပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါ တယ်’’ ဟု ဒေါက်တာအေးဇံက တစ်ဆက်တည်း ပြောသည်။ ထို့အပြင် ရခိုင်ပြည်နယ် တွင် ဖြစ်ပွားသည့် ပြဿနာများ ကြောင့် နိုင်ငံအတွင်း အစွန်း ရောက်စေသော အတွေးအခေါ်၊ အမူအကျင့်များ ထွန်းကားမလာ စေရန်နှင့် အစွန်းရောက်အတွေး အခေါ်များ ပပျောက်သွားစေရေး ဆောင်ရွက်ရန် လိုအပ်သည်ဟု ဆိုသည်။ ‘‘ကျွန်တော်တို့ နိုင်ငံအတွင်း မှာ အစွန်းရောက်တဲ့အတွေးအ ခေါ်၊ အမူအကျင့်တွေကို ဖယ်ရှား ပစ်ရမှာဖြစ်သလို ကမ္ဘာ့နိုင်ငံများ အနေနဲ့လည်း နိုင်ငံတစ်နိုင်ငံရဲ့ အရေးကို ပါဝင်ဆောင်ရွက်တဲ့အ ခါမှာ အဆိုပါနိုင်ငံရဲ့ ယဉ်ကျေးမှု၊ သမိုင်းကြောင်း၊ စိတ်ခံစားချက် များကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း ပြောကြားလိုပါ တယ်’’ ဟု ပြောကြားသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ် ပွားခဲ့သည့် ပြဿနာများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက် စေခဲ့၍ အလားတူဖြစ်စဉ်များ ထပ်မံမပေါ်ပေါက်လာစေရန် အားလုံး ပူးပေါင်း ဆောင်ရွက်ရမည်ဟု ဒေါက်တာအေးဇံက ဆိုသည်။ ‘‘နိုင်ငံရေးမှာ ပါဝင်ဆောင် ရွက်နေကြသူများ တိုင်းပြည်အာ ဏာရရှိရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေကြသူများ၊ အရပ်ဘက်အ ဖွဲ့အစည်းများ၊ လက်နက်ကိုင် ခေါင်းဆောင်အားလုံးကို မေတ္တာ ရပ်ခံချင်ပါတယ်။ ရခိုင်သူ၊ ရခိုင် သားတွေရဲ့ အပြုံးပန်းက လူကြီး မင်းတို့ မျှော်လင့်တဲ့အာဏာထက် ပိုချိုမြပါတယ်’’ ဟု ၎င်းက ပြော သည်။ ▪️မွန်ပြည်နယ်အရေး မွန်ပြည်နယ်တွင် လက်နက် ကိုင် ပဋိပက္ခနှင့် အကြမ်းဖက်မှု မရှိသလောက် နည်းပါးသော် လည်း ငြိမ်းချမ်းရေးကို ဦးတည် သော ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်မှုမရှိသေး၍ ဖွံ့ဖြိုးတိုး တက်သည့် ပြည်နယ်တစ်ခု ဖြစ် မလာသေးကြောင်း ဒေါက်တာ အေးဇံက ဆိုသည်။ ထို့ကြောင့် မွန်ပြည်နယ်ဖွံ့ ဖြိုးတိုးတက်ရေး မွန်ပြည်နယ် အတွင်းရှိ ပြည်သူလူထုများ၊ ဒီချုပ် ပါတီဝင်များ၊ အခြားနိုင်ငံရေး အင်အားစုများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ လက်နက်ကိုင် အင်အားစုများ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပြီး နိုင်ငံရေး ဆွေးနွေးပွဲများတွင် တွေ့ ဆုံနိုင်ရန် မျှော်လင့်ကြောင်း၎င်းက ပြောသည်။ ▪️စီးပွားရေး ကမ္ဘာ့စီးပွားရေး နှေးကွေး လာမှုအပါအဝင် အခြားသော အ ကြောင်းများကြောင့် မြန်မာ့စီးပွား ရေး နှောင့်နှေးနေချိန်တွင် ရခိုင် ပြည်နယ်ပြဿနာ ပေါ်ပေါက်လာ ၍ပိုမိုယိမ်းယိုင်ခဲ့ရသည်ဟု ဒေါက်တာအေးဇံက သုံးသပ်သည်။ ရေရှည်တည်တံ့သော ငြိမ်း ချမ်းရေးရရှိမှ ပြည်သူတစ်ဦးချင်း ၏ ဘဝပိုမိုကောင်းမွန်လာမည် ဖြစ်သော်လည်း ငြိမ်းချမ်းရေး တည်ဆောက်နေချိန် တစ်ပြိုင် တည်းမှာပင် လူမှုစီးပွားရေး ကောင်းမွန်ရေးကိုလည်း အထူး ကြိုးပမ်းရန်လိုကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့် နိုင်ငံရေးဝန်ထမ်း များ၊ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် အစိုးရစီမံကိန်းများ ကို နီးစပ်ရာသို့ လုပ်ပိုင်ခွင့်ပေး သော အလေ့အကျင့်ကိုဖျောက်၍ လူငယ်များနှင့် စီးပွားရေးလုပ်ငန်း ရှင်များ နည်းစနစ်တကျ လုပ်ကိုင် နိုင်မည့် စီးပွားရေးအခွင့်အလမ်း များ ဖန်တီးပေးရန်လိုကြောင်း ပြောသည်။ အပြန်အလှန်အားဖြင့် စီး ပွားရေးလုပ်ငန်းရှင်များအနေဖြင့် လည်း နီးစပ်မှုဖြင့် ရရှိလာသည့် အစိုးရစီမံကိန်းများအပေါ် မှီခို၍ စီးပွားရှာသည့် အလေ့အထကို စွန့်လွှတ်၍ စွန့်ဦးတီထွင်သည့် လုပ်ငန်းရှင်များ၊ ကျွမ်းကျင်ရာ နယ်ပယ်အလိုက် လုပ်ငန်းရှင်များ ဖြစ်အောင် ကြိုးပမ်းသင့်ကြောင်း ဒေါက်တာအေးဇံက ဆိုသည်။ တရုတ်နိုင်ငံ၏ ONE BELT ONE ROAD စီမံကိန်းနှင့် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းနယ်နိမိတ်များတွင် မြန်မာနိုင်ငံသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေ သဖြင့် နိုင်ငံတကာနှင့် စီးပွားရေး အရပြိုင်ဆိုင်မှု ပြင်းထန်လာဖွယ် ရှိပြီး ယင်းအတွက် ကြိုတင်ပြင် ဆင်ရန်နှင့် မျိုးဆက်သစ်လူငယ် များကို လက်တွဲခေါ်ရန် လို ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။ ဒီချုပ် ပထမဗဟိုကော်မတီ အဋ္ဌမအကြိမ် အစည်းအဝေး ပထမနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ် များနှင့် လွှတ်တော်ဥက္ကဋ္ဌများ၊ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ နှင့် အရန်ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ ကော်မတီအလိုက် အစီရင်ခံစာ များ တင်သွင်းခဲ့သည်။ ဒုတိယနေ့တွင် ယင်းအစီရင်ခံစာများနှင့် ပတ်သက်၍ ဗဟိုကော်မတီဝင်များက ပြန်လည်ဆွေးနွေးခြင်းနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရှင်းလင်းခြင်း၊ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ ဆောင်ရွက်မည်ဖြစ် သည်။
Source : http://ift.tt/2CtgNo0
via IFTTT
Sunday, December 31, 2017
“အားလုံး ပေါင်းစပ်မှ အဖြေရှာလို့ရမယ်” ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)ရုံးတွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်(PC)နှင့် နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCN-K)မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကေ်ာမတီဥက္ကဋ္ဌ ဦးအန်ကန့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ နယ်မြေ တည်ငြိမ်ရေးအပေါ် ဆွေးနွေးခဲ့ရာ NSCN-K လုပ်ဆောင်နေသော နိုင်ငံရေး အခြေအနေများကို NSCN-K ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဝင် ဦးကျော်ဝမ်းစိန်အား ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက တွေ့ဆုံ မေးမြန်းထားပါသည်။ မေး ။ ။ အစိုးရဘက်က ဆရာတို့ကို NCA လက်မှတ်ထိုးဖို့ ကမ်းလှမ်းထားတာ ရှိတယ်ပေါ့နော်။ဆရာတို့ ဘက်ကလည်း လက်မှတ်ထိုးဖို့ အဆင်မပြေသေဘူးလို့လည်း သိရတယ်။ အဲဒါ ဘယ်လိုအကြောင်းအရာတွေ က ပိတ်ဆို့ တားဆီးမှုတွေ ဖြစ်နေတာလဲ။ ဖြေ ။ ။ ဟုတ်ကဲ့ ဒီကိစ္စနဲ့ပြောမယ်ဆိုရင်တော့ ပထမပိုင်းပေါ့။ ဒီမှာ လာတဲ့ အကြောင်းအရင်းက စမယ်ပေါ့။ အခု ဒီမှာ ကျနော်တို့ လာရတဲ့ အကြောင်းအရင်းက ကျနော်တို့ဘက်က စပြီးတော့မှ စတင်တာပေါ့။ သူတို့ (အစိုးရ) ဘက်ကနေပြီးတော့မှ အစည်းအဝေး လာခဲ့ပါလို့ ဖိတ်တာတော့ မဟုတ်ဘူးပေါ့။ ကျနော်တို့ကနေပြီး တော့မှ ကျနော်တို့ ငြိမ်းချမ်းရေးကော်မရှင်(PC)နဲ့ နာဂငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကြားမှာပေါ့ ၁ နှစ် ကျော်လောက် အထိအတွေ့မရှိဘူး။ ဖုန်းနဲ့ အဆက်အသွယ်တော့ ရှိတာပေါ့။ ဒါပေမယ့် ဒီတိုင်း တိုက်ရိုက် တွေ့ဆုံတာတွေ မရှိတဲ့အခါကျတော့ ကျနော်တို့က သူတို့ဆီမှာ ခွင့်ယူတဲ့အခါမှာ ဒီဇင်ဘာ ၂၈ ရက်မှာ ချိန်းပေး တယ်။ ရက်ချိန်းပေးလို့ ကျနော်တို့လည်း ဒီမှာ ရောက်ရှိလာတယ်။ အဓိကတော့ ကျနော်တို့ဘက်က ဒေသရဲ့ အခြေအနေပေါ့။ ဆက်လက်ပြီးတော့မှ ငြိမ်းချမ်းအောင် ငြိမ်းချမ်းရေးကော်မရှင်(PC)နဲ့ လာဆွေးနွေးတာ ဖြစ် တယ်။ ဒီထဲမှာ NCA နဲ့ ပတ်သက်တဲ့ ကိစ္စကို အကြိမ်ကြိမ်ပါတာပေါ့။ NCA က Nationwide Ceasefire Agree ment ဖြစ်တယ်။ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့တော့ လုပ်သင့် လုပ်ထိုက်တဲ့ အဆင့်ဖြစ်တယ်။ သို့သော် လည်းပဲ နာဂလူမျိုးတွေရဲ့ နိုင်ငံရေး အခြေအနေအရတော့ NCA ဆိုတဲ့ အခြေအနေကို မပေးနိုင်ဘူး။ အဲဒီလိုဖြစ်တဲ့ အတွက်ကြောင့် NCA မှာ လက်မှတ် မရေးထိုးနိုင်တဲ့ အကြောင်းအရင်း တခုဖြစ်တယ်။ ဒီနေရာမှာ အဓိကမှာ ဘာက အဟန့်အတား ပိတ်ပင်တားဆီးမှု ဖြစ်သလဲလို့ မေးတဲ့ဟာက ဘယ်ကနေ စလဲဆိုရင် မြန်မာပြည်ဘက် နာဂနဲ့ အိန္ဒိယ ပြည်ဘက် နာဂပေါ့။ ဒီနှစ်ခုရဲ့ အကြားက နိုင်ငံရေး ပြဿနာဆိုတော့ တော်တော်လည်း ဆွေးနွေးရမယ်။ တော်တော် လုပ်ရမယ့် ကိစ္စဖြစ်တယ်။ ဒီ NCA ဆိုတဲ့ ကိစ္စက NCA ဆိုတာက မြန်မာနိုင်ငံရဲ့ NCA (တနိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်)ပဲ ဖြစ်တာကိုး။ ဆိုတော့ မြန်မာနိုင်ငံရဲ့ NCA ပဲ ရှိတာဖြစ်တဲ့အတွက် အိန္ဒိယဘက်က နာဂတွေအတွက် တပိုင်း ကျန်ထားရမယ့် ပြဿနာတွေ အများကြီး ရှိတယ်။ အဲဒီအတွက်ကြောင့် NCA ကို လက်မှတ် မရေးထိုးနိုင်ခြင်း ဖြစ်တာက အဲဒါ ကြောင့် ဖြစ်တယ်။ မေး ။ ။ အိန္ဒိယမှာ ရှိတဲ့ နာဂနဲ့ မြန်မာမှာ ရှိတဲ့ နာဂ အားလုံးကို လွှမ်းခြုံနိုင်တဲ့ စေ့စပ်ညှိနှိုင်းမှု လုပ်ပေး နိုင်မှ NCA လမ်းကြောင်းပေါ် ဝင်နိုင်မယ် ပြောဖူးတယ်။ နှစ်နိုင်ငံကြားထဲမှာ ဖြစ်နေတော့ အဲဒါက လက်တွေ့ အခြေ အနေနဲ့ ဖြစ်နိုင်ပါ့မလား။ ဘယ်လို ပုံစံမျိုး သုံးသပ်မိတာတွေ ရှိပါသလဲ။ ဖြေ ။ ။ ဒီကိစ္စကို ကျနော်တို့ ပြောရမယ်ဆိုရင်တော့ ဒီနေရာမှာ အရှေ့ဘက်(မြန်မာနိုင်ငံ)မှာရှိတဲ့ နာဂ အနောက်ဘက်(အိန္ဒိယနိုင်ငံ)မှာ ရှိတဲ့ နာဂပေါ့။ အိန္ဒိယနိုင်ငံမှာ ရှိတဲ့ နာဂ၊ မြန်မာပြည်မှာ ရှိတဲ့ နာဂ၊ ဒီနှစ်နိုင်ငံ မှာ ရှိတဲ့ နာဂကို လွှမ်းခြုံပြီးတော့မှ လုပ်ရမယ့် Ceasefire။ အဲဒီလိုဆိုရင်တော့ NCA တော့ မဟုတ်ဘူး။ NCA နဲ့ ဆိုရင် လမ်းကြောင်းကမမှန်ဘူး။ NCA ဆိုတာက နိုင်ငံ ၁ ခုရဲ့ အတိုင်းအတာနဲ့ သွားတဲ့ NCA ပဲ ဖြစ်တာကိုး။ ဆိုတော့ ဒီ NCA တခုနဲ့ မဟုတ်ပဲ။ အိန္ဒိယမှာ ရှိတဲ့ နာဂရော၊ မြန်မာမှာ ရှိတဲ့ နာဂရော အားလုံး လွှမ်းခြုံပြီး တော့မှ ဆွေးနွေးနိုင်တဲ့ ဖြစ်နိုင်တဲ့ အတိုင်းအတာတခု ရှိခဲ့မယ်ဆိုရင်တော့ ဒီနေရာမှာ ဒုတိယ နိုင်ငံ တွေ ပါရမှာပေါ့နော်။ အခုတော့ မရဘူး။ ဒါကို ကျနော်တို့ သိတယ်။ ဒါပေမယ့် နောက်နောင်မှာတော့ ရမယ်လို့ ကျနော်တို့ စဉ်းစား ထားတယ်။ မေး ။ ။ အိန္ဒိယမှာရှိတဲ့ နာဂနဲ့ မြန်မာမှာရှိတဲ့ နာဂကို တစုတစည်းထဲ ပေါင်းစည်းနိုင်မယ့် စေ့စပ် ညှိနှိုင်းမှု ဆိုတော့လေ ဘယ်လို ပုံစံမျိုး စေ့စပ် ညှိနှိုင်းမှုကို ဆရာတို့က မျှော်လင့်တာလဲ။ ဖြေ ။ ။ အဲဒါကတော့ နာဂရဲ့ နိုင်ငံရေး ဆိုတာက အိန္ဒိယနဲ့ မြန်မာ လွတ်လပ်ရေး မရခင် ကတည်းက ဒီနာဂ နိုင်ငံကြီးကလည်း စတင် တည်ထောင်ပြီးသား ဖြစ်နေတာဆိုတော့ အဲဒီကနေ လာခဲ့တဲ့ Process က ရှေးရှေး က Process ဖြစ်တယ်။ တကယ့် ရှည်လျားတဲ့ လမ်းခရီးကြီး ဖြစ်တာပေါ့။ အဲဒီလိုဆိုတော့ ဒီကာလအတွင်းမှာ အကျိုးအကြောင်း အားလုံး ဆက်စပ် ပေါင်းစပ်မှပဲ ဒီကိစ္စကို ကျနော်တို့ အဖြေရှာလို့ရမယ်။ ဒီဟာကို အဖြေရှာ နိုင်ဖို့ အရေးသည် အခု ကျနော်တို့ ၁ ယောက်၊ ၂ ယောက် ထိုင်ပြီးတော့မှ ဒီလို လုပ်လိုက်လို့ရတယ်။ ဒီလို ကိုင် လိုက်လို့ရတယ်ဆိုတဲ့ ပုံစံသဘောမျိုး လောက်နဲ့က ဒါမဖြစ်နိုင်ဘူး။ အဲဒီအတွက်ကြောင့်မလို့ ဒါတွေကို ကျနော်တို့ကလည်း ကောင်းကောင်းမွန်မွန် သေသေချာချာ စဉ်းစားရမှာ။ ပြောမယ်ဆိုရင်တော့ အခု အိန္ဒိယနဲ့ မြန်မာက ဘာဖြစ်သွားလဲဆိုတော့ ဟိုတုန်းက လုံးဝါးသင်္ခရွာမှာ အိမ်ကတော့ သူကြီးအိမ်ပေါ့။ အိမ်က တလုံးပဲ သို့သော် အဲဒီမှာ ကျောက်တိုင် စိုက်လိုက်တယ်။ ကျောက်တိုင် စိုက်လိုက်တဲ့ အခါကျတော့ အိမ်တခြမ်းက အိန္ဒိယဘက်ကျတယ်။ တခြမ်းက မြန်မာပြည်ထဲကျတယ်။ အဲဒီမှာ သူတို့ကလည်း ဘာပြန်လုပ်ထားလဲဆိုတော့ သော့က တချောင်းထဲပဲ တဘက်မှာ မီးတပ်ထားတယ်။ ဒီ မြန်မာပြည် ဘက်ကလာတဲ့ လူကျတော့ ဖွံ့ဖြိုးမှုက လက်လှမ်းမမီသေးတော့ မီးမဆွဲထားဘူး။ သဘောက အဲဒီလိုမျိုး ပုံစံပေါ့နော်။ သဘောက နာဂကို နှစ်ပိုင်းခြားလိုက်တဲ့အခါမှာ ဖြစ်လာတဲ့ ပြဿနာပေါ့နော်။ ဘာပဲဖြစ်ဖြစ် နာဂရဲ့ အခြေအနေ သမိုင်းနောက်ခံတွေ အားလုံး အိန္ဒိယကလည်း နားလည် သဘောပေါက်ရမယ်။ မြန်မာနိုင်ငံကလည်း နားလည်ရမယ်။ အဲဒီလိုဆိုရင်တော့ ဒီပြဿနာကို ဖြေရှင်းလို့ရပြီ။ နာဂ တခုတည်းအပေါ်မှာ တာဝန် မရှိဘူး။ မြန်မာနိုင်ငံပေါ်မှာလည်း တာဝန်ရှိတယ်။ အိန္ဒိယနိုင်ငံပေါ်မှာလည်း တာဝန်ရှိတယ်။ နာဂလူမျိုး အပေါ်မှာလည်း တာဝန်ရှိတယ်။ အဲဒီလို ကျနော်တို့ မြင်တယ်။ မေး ။ ။မြန်မာအစိုးရ၊ အိန္ဒိယအစိုးရ၊ ဆရာတို့ နာဂအဖွဲ့တွေ သုံးပွင့်ဆိုင် ဆွေးနွေးဖို့ မျှော်လင့် ထားတာပေါ့။ အဲဒီလိုဆို ဘယ်လိုပုံစံနဲ့ ဒီအပေါ် ချဉ်းကပ်နေတာတွေ ရှိသလဲ။ ဖြေ ။ ။ ဒီကိစ္စအပေါ် ကျနော်တို့ ချဉ်းကပ်ထားတာ၊ စီစဉ်နေတာတွေတော့ မရှိဘူး။ ဘာကြောင့်ဆိုတော့ အခုမှပဲ ကျနော်တို့ မြန်မာနိုင်ငံ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်တာ ၅ နှစ်ကျော်ကျော်လေးပဲ ရှိသေးတယ်။ အဲဒီတော့ ဒီကိစ္စတွေ အဆင့်ကို ရောက်ဖို့အရေးက တော်တော်လေး Peace ဖြစ်ရမယ်။ တကယ့် ပညာတတ် ပညာရှင်တွေလည်း အများကြီး ထွက်လာနိုင်ရမယ်။ ဒါမှလည်း နာဂနိုင်ငံရေး အခြေအနေကို ဖြေရှင်းလို့ရမယ်။ အခုလောလောဆယ်မှာ ကြည့်မယ်ဆိုရင် အိန္ဒိယဘက်မှာ ဆိုရင်တော့ သေနတ်ကွဲနေတယ်။ သေနတ်ဖောက် နေတယ်။ ဆိုတော့ ဒီလုပ်ငန်းတွေက ဒုတိယ နေရာမှာပဲ သွားဖြစ်တယ်လေ။ မေး ။ ။ ဆရာတို့နဲ့ မြန်မာ့တပ်မတော် တိုက်ပွဲ မဖြစ်ဘူး။ အပစ်အခတ်ရပ်စဲရေး လုပ်ထားတယ်။ ဒါပေမယ့် အိန္ဒိယဘက်က Border ကျော်ပြီး ပစ်တာရှိတယ်။အဲဒါနဲ့ ပတ်သက်ပြီး ဆရာတို့နဲ့ မြန်မာအစိုးရကြား ဘယ်လို ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ထားတာရှိလဲ။ ဖြေ ။ ။ Border(နယ်စပ်)ဖြတ်ကျော် တိုက်တဲ့ ကိစ္စတွေကတော့ Border ဆိုတာက မြန်မာနိုင်ငံနဲ့ အိန္ဒိယ နိုင်ငံ ၂ နိုင်ငံရဲ့ Border ဆိုတော့ ဖြတ်ကျော်လုပ်တာ မလုပ်တာတော့ ပြောခွင့်မရှိဘူး။ ဘာကြောင့်လဲဆို တော့ Border ကို ဖြတ်ကျော်ပြီးတော့မှ မြန်မာပြည်မှာရှိတဲ့ ကျနော်တို့ နာဂလက်နက်ကိုင်ကို လာပစ်တဲ့ အခါ မှာ စစ်တပ်ဘက်ကနေ အရေးယူရမယ် အရေးမယူရဘူး။ တိုက်ထုတ်ရမယ်။ မတိုက်ထုတ်ရဘူး ဒါက သူတို့ အပိုင်းပေါ့။ ဒါကို ကျနော်တို့ ပြောဖို့ ဘာမှ မရှိဘူး။ သို့သော်လည်းပဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အိန္ဒိယဘက်ကနေ ကျော်ပြီးတော့မှ လာပစ်တာ လည်းရှိတာပေါ့။ ကျနော်တို့လည်း ခံပြီးတော့မှ ပစ်တယ်။သူတို့ လာပစ်တော့ ကိုယ့်ဘက်လည်း ခံပစ်တာပေါ့။ အဲဒီလိုမျိုး ပြဿနာ လေးတွေတော့ အခုထိတော့ ရှိတယ်။ မေး ။ ။ ခန္တီးကို ဆရာတို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲကို ထည့်ပေးဖို့ တောင်းဆိုတာတွေ ရှိတယ်လို့ သတင်းတွေလည်း ထွက်ခဲ့တယ်။ ဘယ်လို ပုံစံနဲ့ ဆောင်ရွက်နေလဲ။ ရှမ်းနီတွေကလည်း သူတို့အပိုင်ဆိုပြီး တော့ ကန့်ကွက်နေတာတွေလည်း ရှိတယ်။ ဖြေ ။ ။ ကျနော်တို့ NSCN ဘက်ကတော့ ဝင်ပြီးမှ ဒီလုပ်ငန်းတွေကို ထဲထဲဝင်ဝင် ပါဝင် ပြီးတော့မှ ဆောင်ရွက်တာတော့ မရှိဘူး။ သို့သော်လည်း နာဂအားလုံး လွှမ်းခြုံပြီးတော့မှ လုပ်ရမယ့် လုပ်ငန်း ဆိုရင်တော့ ကျနော်တို့ ပါဝင် ကူညီနိုင်တဲ့ လမ်းကြောင်းဆိုရင်တော့ ကူညီ ပါဝင်လို့ရတယ်။ ကျနော်တို့ သိထားတာတော့ ခန္တီးခရိုင်ဆိုတာတော့ နာဂတောင်တန်း ဒေသထဲမှာ ပါဝင်ခဲ့တာတော့ ဟိုအရင် ကတည်းက ပေါ့နော်။ ရှမ်းနယ်မြေ ဖြစ်တယ် နာဂ နယ်မြေ ဖြစ်တယ် ဆိုတာ ရှေ့မှာ သမိုင်းနဲ့ပတ်သက်တဲ့ ရေးထားတဲ့ စာအုပ် စာတမ်းလေးတွေ ရှိမယ်ထင်တယ်။ အဲဒီမှာ သုံးသပ် ဝေဖန်ပြီးတော့မှပဲ ဆုံးဖြတ်ကျရမှာ။ မေး ။ ။ အိန္ဒိယနဲ့ မြန်မာ Border(နယ်စပ်)စည်းမျဉ်း ကန့်မယ် ဆိုတဲ့ သတင်းတွေ ထွက်လာတယ်။ အဲဒီမှာ နာဂတွေ နှစ်ခြမ်းကွဲသွားမှာ ကြောက်တဲ့အတွက် နာဂတွေက ကန့်ကွက်တာတွေရှိတယ်။ ဒီအပေါ်မှာ ဆရာတို့ သဘောထားက ဘယ်လို ရှိလဲ။ ဖြေ ။ ။ ဟုတ်ကဲ့။ ဒါက Border မှာ ခြံစည်းရိုးကာမယ်ဆိုတဲ့ ကိစ္စကတော့ အိန္ဒိယဘက်နဲ့ ဆောင်ရွက်တာ ရှိတယ်။ ဒီဟာကို များသောအားဖြင့် အထူးသဖြင့် အိန္ဒိယဘက်က နာဂလူထုတွေက လုံးဝ ကန့်ကွက်တယ်။ ထိုနည်းတူပဲ ကျနော်တို့ နာဂအချင်းချင်းကြားမှာ ခြံကာပစ်လိုက်မယ်ဆိုတာကတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်သူမဆိုပေါ့။ လူသားမှန်တယ်ဆိုရင်တော့ ဒီကိစ္စတော့ မကြိုက်ဘူး။ ကျနော်တော့ အဲဒီလို ယူဆတယ်။ ဘာလို့လည်းဆိုတော့ ဒါက မိသားစုအတွင်းမှာ အတင်းအဓမ္မ ခွဲလိုက်တာမျိုး ဖြစ်သွားတာပေါ့နော်။ စည်းမျဉ်း စည်းကမ်း ဥပဒေ တခုထားတာတော့ ရတယ်။ ပြဿနာမရှိဘူး။ သူ့လမ်းကြောင်းနဲ့သူ သူ့စနစ်နဲ့သူ၊ သူ့ရဲ့ အကန့်အသတ် နဲ့သွားမှာ။ သို့သော်လည်းပဲ ခြံစည်းရိုးကာလိုက်တဲ့ ကိစ္စကတော့ တကယ် မှန်နေရင်တောင် မှ မသွားဘူးဆိုတဲ့ ဟာမျိုးထဲမှာ သွားမှာပေါ့နော်။ သူမှာ Limited မရှိတော့ဘူး ဖြစ်သွားမယ်။ဒါတွေ ကတော့ ကျနော်တို့ NSCN အဖွဲ့အစည်း အနေနဲ့တော့ ဒီခြံကာမယ် ဆိုတဲ့ဟာကတော့ လုံးဝ လက်ခံမှာ မဟုတ် ဘူး။ မေး ။ ။ တချို့ သုံးသပ်တာတွေရှိတယ်။ ဆရာတို့ NSCN-K ကနေမှ အိန္ဒိယနာဂနဲ့ မြန်မာနာဂ ပေါင်းပြီး တော့ ပြည်ထောင်စုတခု တည်ဆောက်ရေးဆိုတဲ့ အခြေအနေရှိတယ်ဆိုပြီး ပြောကြတယ်။အဲဒါက လက်ရှိ နိုင်ငံ ရေး ခေတ်စနစ်နဲ့ ဘယ်လိုပုံစံမျိုး ချိတ်ဆက်ပြီးမှ သွားဖို့ရှိလဲ၊ အဲဒါကို ဘယ်လို ဖော်ဆောင်နေလဲ။ ဖြေ ။ ။ ကျနော်တို့ကလည်း ထိပ်တန်း ခေါင်းဆောင်တွေ မဟုတ်တဲ့အခါကျတော့ ဒီဟာကို အသေးစိတ် ပြောလို့မရဘူး။ အိမ်မက်တခု လုပ်သင့် လုပ်ထိုက်တဲ့ အရာတခုတော့ ရှိသွားတာပေါ့ နော်။ အဲဒီအတွက်ကြောင့် ကျနော် ခုနက ပြောတဲ့ အိန္ဒိယနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် ကတည်းက နာဂတွေကလည်း လက်နက်ကိုင်ပြီးတော့မှ အင်္ဂလိပ်တွေကို တော်လှန်ခဲ့တဲ့ အဖွဲ့အစည်းထဲမှာ ပါခဲ့တဲ့ သူတွေ ဖြစ်တယ်။ အဲဒီတုန်းက လွတ်လပ်ရေး မရသေးဘူးနော်။ ဒီ နှစ်နိုင်ငံကလည်း အဲဒီကတည်းက ရှိတဲ့ နိုင်ငံရေးဟာ ဒီကနေ့တိုင် သွားနေတော့ ဒီကိစ္စကို ကျနော်တို့က ဒီကနေ့တိုင်အောင် ဒီအချိန် ဒီနာရီတိုင်အောင် အဲဒီ Process က သွားနေတဲ့ဟာ ရှိတာပေါ့နော်။ အခု အနာဂတ် ရှေ့ရေး ခရီးစဉ်မှာကျတော့ နိုင်ငံရေးဆိုတာတော့ အပြောင်းအလဲ အမျိုးမျိုး ရှိတာပေါ့လေ။ သို့သော် ကိုယ့်ရဲ့ ရပ်တည်မှုကို မပြောင်းလဲပဲ။ လုပ်ထုံးလုပ်နည်း အပြောင်းအလဲ လုပ်တာလည်း ရှိရင်ရှိမယ်။ သို့သော်လည်းပဲ ဒီရပ်တည်ချက်ထက် သာလွန်ပြီးတော့မှ လုပ်ရမယ့် ကိုယ်နိုင်တဲ့ ကိုင်တွယ်နိုင်တဲ့ လုပ်ငန်းမျိုးတွေ ရှိရင်လည်း ရှိမှာပေါ့နော်။ The post “အားလုံး ပေါင်းစပ်မှ အဖြေရှာလို့ရမယ်” appeared first on ဧရာဝတီ.
Source : http://ift.tt/2DDhaM8
via IFTTT
Source : http://ift.tt/2DDhaM8
via IFTTT
iPhoneများ နှေးကွေးနေခြင်း Apple တောင်းပန်၊ ဘက်ထရီများ ဈေးလျှော့ ရောင်းပေး မည်ဟုဆို APPle ကုမ္ပဏီက ၎င်းတို့ထုတ်ခဲ့ပြီးဖြစ်သည့် I Phone မော်ဒယ်တချို့ စွမ်းဆောင်ရည် နှေးကွေးနေ ခြင်းနဲ့ ပတ်သက်၍ ဝယ်ယူသုံးစွဲသူများကို တောင်းပန်လိုက်ပြီး၊ အစားထိုးလဲလှယ်နိုင်မည့် ဘက်ထရီကို လျော့ဈေးဖြင့် ရောင်းချပေး မှာဖြစ် တယ်လို့ ဆိုပါတယ်။ iPhone 6 ၊ iPhone 6 Plus ၊ iPhone 6s၊ iPhone 6s Plus ၊ iPhone SE ၊ iPhone 7 နဲ့ iPhone 7 Plus တို့အတွက် ဘက်ထရီများကို မည်သူမဆို အစားထိုး လဲလှယ်နိုင်ဖို့ အမေရိကန် ဒေါ်လာ ၇၉ ဒေါ်လာမှ ၂၉ဒေါ်လာသို့ လျော့ချခြင်းနဲ့ ဘက်ထရီလဲလှယ်နိုင်ခြင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ နှစ်ကုန်အထိ ဝန်ဆောင်မှု ပေးသွားမယ်လို့ သိရပါ တယ်။ ဒီသို့ ပြုလုပ်ရခြင်းဟာ iPhone သုံးသူများအကြား အဆင်မပြေမှုများဖြစ်လာတယ်ဆိုတဲ့ အုတ်အော် သောင်းတင်း ဖြစ်နေ သည့် အသံများကို တုံ့ပြန်လိုက်ခြင်းဖြစ်ပြီး၊ ၎င်းတို့အနေနဲ့ သုံးစွဲသူများရဲ့ တရားစွဲဆိုခြင်းနဲ့လည်း ရင်ဆိုင်နေရကာ Apple အနေနဲ့ သုံးစွဲသူတွေ စိတ်ပျက်အောင် လုပ်မိပြီ ဆိုတာကို သိ၍ တောင်းပန်ကြောင်းကိုလည်း ၎င်းရဲ့ ဝက်ဘ်ဆိုဒ်မှ တဆင့် သတင်းစကားဖြန့်ဝေခဲ့ ပါတယ်။ “ကျနော်တို့ အနေနဲ့ သုံးစွဲသူတွေ i Phone တွေကိုပဲ တတ်နိုင်သမျှ ကြာကြာ သုံးစွဲစေချင်တာပါ၊ တာရှည်အသုံးခံတယ် ဆိုတဲ့ စွမ်းရည်ကြောင်ပဲ Apple ထုတ်ကုန်တွေအတွက် ကျနော်တို့ ဂုဏ်ယူနေရတာပါ၊ Apple ထုတ်ကုန်တွေဟာ ပြိုင်ဘက်တွေရဲ့ ထုတ်ကုန်တွေနဲ့ ယှဉ်ရင် ရေရှည် တန်ဖိုးရှိနေတုန်းပါ” လို့လည်း ဆိုထားပါတယ်။ အကယ်၍ အဆိုပါ iPhone မော်ဒယ်များ၏ ဘက်ထရီအဟောင်းများက ကောင်းနေဆဲဖြစ်ပါက ဆော့ဖ်ဝဲ update ကို သုံးစွဲသူများ ပိုမိုအဆင်ပြေလွယ်ကူ စေရန် ဖြန့်ဝေပေးမယ်လို့လည်း ကုမ္ပဏီကဆိုပါတယ်။ iPhone 6 အတွက် ဘက်ထရီများ အားလျော့ကာ စက်ပိတ်သွားခြင်းကို ကာကွယ်ကွယ်ရန် Smoth Out အမည်ပေးထား တဲ့ အားဖြည်ရန် အချက်ပေးစနစ်ကို Apple က ထုတ်ပြန်ပြီးတဲ့နောက်မှာ ထိုသို့ အငြင်းပွားဖွယ်များ ပေါ်ပေါက်လာခြင်းဖြစ် ပါတယ်။ နောက်ဆုံးထုတ်ပြန်တဲ့ Apple ရဲ့ ကြေညာချက်မှာတော့ မည်သည့်ထုတ်ကုန်မဆို Apple အနေနဲ့ သက်တမ်းတိုအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဘယ်တုန်းကမှ မထုတ်ခဲ့သလို နောက်ထပ်လည်း ထုတ်မှာ မဟုတ်ကြောင်း၊ သုံးစွဲသူများ အဆင့်မြင့် မြင့် ဖြစ်လာဖို့ ရည်ရွယ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပါရှိပါတယ်။ ထိုင်းနိုင်ငံမှာလည်း iPhone ဘက်ထရီများကို ပုံမှန်ဈေး ဘတ် ၂၉၀၀ မှ ဘတ် ၁၀၀၀ အထိ အထူးလျှောကဈေးနဲ့ ရောင်းချပေးမယ်လို့ သိရပါတယ်။ The post iPhoneများ နှေးကွေးနေခြင်း Apple တောင်းပန်၊ ဘက်ထရီများ ဈေးလျှော့ ရောင်းပေး မည်ဟုဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2lpnwbn
via IFTTT
Source : http://ift.tt/2lpnwbn
via IFTTT
ဆြဲေဆာင္မႈ အရွိဆုံး ဘိလိယက္မယ္မ်ား
ဆွဲဆောင်မှု အရှိဆုံး ဘိလိယက်မယ်များ အခု ပြောမှာက ဘိလိယက်နဲ့ စနုကာ ကစားသမားတွေထဲက အချောဆုံး၊ အလှဆုံး ဘိလိယက်မယ်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ရုပ်ရည်ချောမောသလို အားကစားလည်း ထူးချွန်တဲ့ နိုင်ငံတကာက အားကစားမယ်တွေပါ။ (၁၀) Emily Duddy ။ ။ အမေရိကန်မှာတော့ အတော်ဆုံး ဘိလိယက်မယ်လို့ ဆိုရင် ရနိုင်ပါတယ်။ TruTV မှာလည်း The Hustlers ဆိုတဲ့ သူမရဲ့ ဘိလိယက် ကစားကွက်တွေကို ပြသနေပါတယ်။ ၂၀၁၀ ခုနှစ် သူမ အသက် ၂၆ နှစ် ကတည်းက ကြေးစား ဘိလိယက်မယ် ဖြစ်နေခဲ့တာပါ။ အဆိုပါ နှစ်မှာပဲ Rookie of the Year ဆုကို ရပါတယ်။ အမေရိကန် အတွက် ၇ ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဆု ရယူပေးထားပြီး အမေရိကန်ကို တရုတ်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်တွေနဲ့ အတူ ရပ်တည်နေစေသူပါ။ (၉) Mary Avina ။ ။ အနီရောင်နတ်သမီးလို့ ချစ်စနိုးခေါ်ခံရသူပါ။ ကယ်လီဖိုးနီးယားမှာ မွေးခဲ့ပါတယ်။ စပိန်-အမေရိကန် ကပြားပါ။ အသက် ၁၄ နှစ် ကတည်းက ဘိလိယက်ကစားလာသူ ပါ။ ပန်းချီလည်း ဆွဲတယ်၊ မော်ဒယ်လည်း လုပ်ပါသေးတယ်။ ဘိလိယက်မယ် ကစားကွက်တွေကို အင်တာနက်မှာ တင်ပြထားတာနဲ့ အတူ လူကြိုက်များပါတယ်။ အားကစား လောကရဲ့ အထင်ကရ ကစားသမားတဦးလို့ သတ်မှတ်နိုင်ပါတယ်။ (၈) Angelina Paglia ။ ။ နတ်သမီးလို့ ချစ်စနိုး ခေါ်ကြပါတယ်။ အမေရိကန်က မစ်ချီကန်ပြည်နယ်မှာ မွေးတယ်၊ အခုတော့ အရီဇိုးနားမှာ နေပါတယ်။ ၂၀၀၄ ခုနှစ်ကတည်းက ကြေးစား ဘိလိယက်မယ် ဖြစ်နေခဲ့သူပါ။ တယောလည်း ထိုးတယ်၊ ရေကူးလည်း ကျွမ်းကျင်တယ်၊ ဘိလိယက် အပါအဝင် ဒီနယ်ပယ် ၃ ခုလုံးမှာ နာမည်ကြီးပါတယ်။ အသက် ၁၀ နှစ် အရွယ်ကတည်းက ဘိလိယက် ကစားတယ် လို့ သိရပါတယ်။ နာမည်ကြီး ပြိုင်ပွဲ ၅ ခုမှာ ဆုတံဆိပ်တွေ အများအပြား ရထားပါတယ်။ (၇) Ewa Mataya Laurance ။ ။ ဘိလိယက်လောကရဲ့ ဘုရင်မလို့ အခေါ်ခံရသူပါ။ အမေရိကန်-ဆွီဒင် ကပြား ဖြစ်ပြီး ၂၀၀၄ ခုနှစ် အမေရိကန် Hall of Fame မှာ ပါဝင်ခဲ့ပါတယ်။ ESPN မှာလည်း စာရေးသူ အဖြစ်ရော သုံးသပ်သူ အဖြစ်ပါ လုပ်ပါသေးတယ်။ ၁၇ နှစ်ကတည်းက ကမ္ဘာ့ဘိလိယက်မယ် ပြိုင်ပွဲဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ မူလက ဥရောပမှာ နေပြီး ဥရောပ ကိုယ်စားပြု ပြိုင်ခဲ့ပေမယ့် အခုတော့ အမေရိကန်မှာ နေပြီး ဘိလိယက်ကစားနေပါတယ်။ (၆) Neslihan Gurl ။ ။ Nesလို့ သူ့ကို လူသိများပါတယ်။ တူရကီကပါ၊ ၁၉၉၅ ခုနှစ်က အန်ကာရာအမျိုးသမီး ရေကူးပြိုင်ပွဲမှာ အနိုင်ရပြီး လူသိများလာပါတယ်။ နောက်တော့ ဘောလုံးလည်း ကစားတယ်၊ ဘောလီဘောလည်း ပုတ်သေးတယ်။ အားကစားနည်းစုံကနေ ဆုဖလားစု ၃၀ လောက် ရထားပါတယ်။ ဖိနပ်တွေကို ဒီဇိုင်းေ ရးဆွဲ ဖန်တီးသူ အဖြစ်လည်း နာမည်ရပါတယ်။ ၂၀၁၀ ခုနှစ် နောက်ပိုင်းမှာမှ ဘိလိယက်မယ် ဖြစ်လာပြီး Tri-State ချန်ပီယံ ဖြစ်လာပါတယ်။ (၅) Borana Andoni ။ ။ ပျားဘုရင်မလို့ ချစ်စနိုးခေါ်ကြပါတယ်။ အခုတော့ နယူးယောက်မှာ နေပေမယ့် အာမေးနီးယား ဘိလိယက်မယ်ပါ။ သူမက တနေ့တာ အချိန် အများစုမှာ ဘိလိယက် ကစားနေလေ့ ရှိသူပါ။ ၁၀ နှစ် ကတည်းက အမေရိကန်ရောက်လာတယ်၊ ၁၂ နှစ်မှာ ဂီတကျောင်း တက်တယ်၊ စန္ဒရားတီးတယ်၊ တယောထိုးတယ်၊ ၄ နှစ်လောက် ကြာပါတယ်။ နောက်တော့ ငွေကြေးစီမန့်ခန့်ခွဲမှု ပညာနဲ့ ဘွဲ့ရတယ်၊ တက္ကသိုလ်တက်နေရင်းက ဘိလိယက်မယ် ဖြစ်လာပြီး ၂၀၁၀ မှာ Amsterdam Straight Pool ချန်ပီယံ ဖြစ်ခဲ့သလို တနှစ်တာ အကောင်းဆုံး ဘိလိယက်မယ် ဖြစ်လာပါတယ်။ Tri-State Tour ပြိုင်ပွဲမှာလည်း ဆုပေါင်းများစွာ ရရှိထားပါတယ်။ (၄) Jeanette Lee ။ ။ Billiards Digest က ရွေးချယ်ခံရတဲ့ အကောင်းဆုံး ဘိလိယက်မယ် ဖြစ်ထားသူပါ။ နိုင်ငံ ကိုယ်စားပြု အနေနဲ့ ဆုပေါင်း ၃၀ ကျော် ရထားပါတယ်။ အရင်က ကမ္ဘာ့ အကောင်းဆုံး အဆင့် ၁ ဖြစ်ဖူးတယ်၊ အခုတော့ အဆင့် ၃ ပါ။ ၂၀၁၂ ခုနှစ် ဘိလိယက် Hall of fame မှာလည်း ပါတယ်၊ ၂၀၁၃ ခုနှစ် BCA Hall of fame မှာလည်း ပါတယ်၊ ၁၉၉၈ ခုနှစ်အတွက် WPBA ကနေ ရွေးချယ်တဲ့ တနှစ်တာ အကောင်းဆုံး အားကစားမယ်လည်း ဖြစ်ခဲ့ပါတယ်။ အခုတော့ အမေရိကန်က အင်ဒီယားနားပြည်နယ်၊ အင်ဒီယာနာပိုလစ်မှာ နေထိုင်လျက်ရှိပါတယ်။ (၃) Jennifer Barretta ။ ။ 9MMလို့ သူ့ကို လူသိများပါတယ်။ ပင်ဆယ်ဗေးနီးယား ပြည်နယ်သူ ဖြစ်ပြီး 9-ball ကစားနည်း တခုတည်း ကစားသူလည်း ဖြစ်ပါတယ်။ သဘာဝအတိုင်း ဓာတ်ပုံရိုက်ကူးမှုတွေမှာလည်း မော်ဒယ် အဖြစ် ပါရှိတတ်ပြီး Play Boy မဂ္ဂဇင်းမှာ ၄ မျက်နှာအပြည့် ဖော်ပြခံရဖူးပါတယ်။ ESPN ကနေ ပေးအပ်တဲ့ ဆွဲဆောင်မှု အရှိဆုံး အားကစားမယ် ၂၅ ဦးစာရင်း အတွက် ဆန်ကာတင် စာရင်းဝင်ခဲ့ပါတယ်။ InGameNow.com ရဲ့ ဆွဲဆောင်မှု အရှိဆုံး အားကစားမယ် ၁၆ ဦးစာရင်းမှာလည်း ပါခဲ့ဖူးပါတယ်။ (၂) Anastasia Luppova ။ ။ ရုရှမှာတော့ လူကြိုက် အများဆုံးနဲ့ အကောင်းဆုံး ဘိလိယက်မယ် ဖြစ်ပါတယ်။ လူကြိုက် အများဆုံး ဘိလိယက်မယ် စာရင်းမှာလည်း ထိပ်ဆုံက ရပ်တည်နေသူပါ။ ဥရောပ ဘိလိယက် ချန်ပီယံ ၂ ကြိမ် ဖြစ်ထား ပါတယ်။ မော်စကို ဘိလိယက်ပြိုင်ပွဲမှာရော Russian Master of Sport ပွဲစဉ်တွေမှာပါ အနိုင်ရဖူးပါတယ်။ ၂၀၀၉ ခုနှစ် Miss Billiards မှာလည်း ဗိုလ်စွဲခဲ့ပါတယ်။ (၁) Shanelle Loraine ။ ။ သူမကို ဂျပန်မှာ မွေးပါတယ်။ ဂူအမ်မှာ ကြီးပြင်းတယ်၊ ဒါကြောင့် တချို့ကလည်း ဂူအမ်ရဲ့ အကောင်းဆုံး ဘိလိယက်မယ်လို့ ဆိုကြပါတယ်။ လူကြိုက် အများဆုံး ဘိလိယက်မယ် တွေထဲက တဦးပါ။ ၂၀၀၀ ခုနှစ်ကတည်းက ဘိလိယက် ကစားနေခဲ့တာပါ။ ဖလော်ရီဒါ တက္ကသိုလ်မှာ ကျောင်းတက်ရင်း ၄ နှစ်ကြာ ကျောင်းကိုယ်စားပြု ကစားပါတယ်။ တခြား ဘိလိယက်မယ်တွေ လို ပြိုင်ပွဲကြီးတွေမှာ ဗိုလ်စွဲထားတာ မတွေ့ရပေမယ့် ဆွဲဆောင်မှု ကောင်းခြင်းတွေက ကမ္ဘာကျော်ပြီး လူသိများနေစေတာပါ။ Ref: www.wonderlist.com The post ဆွဲဆောင်မှု အရှိဆုံး ဘိလိယက်မယ်များ appeared first on ဧရာဝတီ.
Source : http://ift.tt/2BYfnRl
via IFTTT
Source : http://ift.tt/2BYfnRl
via IFTTT
ခွေးတွေက သူတို့ကို သခင် ချစ်အောင် ဘယ်လိုလုပ်ကြသလဲ သူတို့မှာ အရမ်းကို အစွမ်းထက်တဲ့ လုပ်ဆောင်နိုင်စွမ်းတခုရှိပါတယ်။ အဲဒါကတော့ ခွေးတွေက သူတို့ကို သခင် အရမ်းချစ်အောင် လုပ်ဆောင်နိုင်ခြင်းပါပဲ။ ဘယ်လို စွမ်းဆောင်သလဲဆိုရင်တော့ မျက်လုံးနဲ့ပေါ့။ ကျနော်တို့ ၂၀၁၅ ခုနှစ်အတွင်းက Science ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးလေးတပုဒ်ကို ခဏလောက် ပြန်ပြီး စဉ်းစားကြည့်ရအောင်ပါ။ ခွေးမွေးတဲ့ လူတွေမှာ Oxytocin ဆိုတဲ့ ဟော်မုန်းဓါတ် မြင့်မားတယ်လို့ အဆိုပါ ဆောင်းပါးမှာ ရေးထားတာ တွေ့ရပါတယ်။ ခွေးတွေမှာလည်း ဒီဓါတ် ရှိပါတယ်။ သူက ချစ်ခြင်းမေတ္တာခံစားမှုကို ဖြစ်လာစေတဲ့ ဓါတ်ဖြစ်ပြီး အချင်းချင်း ဆက်နွယ်မှုကိုလည်း ခိုင်မြဲစေပါတယ်။ အထူးသဖြင့်တော့ သခင်ဖြစ်သူကို ဒီဟော်မုန်းဓါတ် ထွက်လာအောင် ခွေးလေးတွေက သူတိုနဲ့ အကြည့်ချင်း ဆုံတဲ့အချိန် မျက်လုံးကနေ စေ့ဆော်တာဖြစ်တယ်လို့ သိပ္ပံဆိုင်ရာလေ့လာချက်အရ သိရပါတယ်။ ဒီတော့ ခွေးလေးတွေနဲ့ မျက်လုံးချင်းဆုံမိတာနဲ့ သူတို့ကို ချစ်အောင် မျက်လုံးလေးတွေနဲ့ ညှို့မယ်ပေါ့။ ဒါနဲ့ အဆိုပါ ဆောင်းပါးကို အခြေခံပြီး ဂျပန်နိုင်ငံသား လေ့လာရေးအဖွဲ့က လူနဲ့ခွေးလေးတွေအကြားက ချစ်ခြင်း မေတ္တာဖြစ်တည်မှုနဲ့ ဆက်သွယ်မှုကို ဆက်လက်လေ့လာခဲ့ပါတယ်။ သူတို့က ခွေးလေးတွေမှာရှိတဲ့ Oxytocin ပမာဏရယ်၊ သခင်ဖြစ်သူရဲ့ Oxytocin ပမာဏရယ်ကို သခင်နဲ့ ခွေး၊ မတွေ့သေးခင်မှာ တိုင်းတာတယ်၊ မှတ်သားတယ်။ ပြီးတော့ သခင်နဲ့ခွေးကို အတူတူ မိနစ် ၃၀ ကြာအောင် ရှိနေစေတယ်။ ပြီးတော့မှ ခွေးနဲ့ သခင်ရဲ့ Oxytocin ဟော်မုန်းမြင့်တက်လာမှုကို ပြန်လည်မှတ်သားတယ်။ နောက်ထပ် ဒုတိယပုံစံ လေ့လာချက်အနေနဲ့ ခွေးလေးတွေကို Oxytocin ဓါတ်ပါရှိတဲ့ မွှေးနံ့ပေးပြီး သူတို့ကို သခင်နဲ့မထားဘဲ အဆိုပါ ဟော်မုန်း မြင့်တက်လာမှုကို ပြန်လည်မှတ်သားပြန်ပါတယ်။ အဲဒီမှာ တွေ့လာခဲ့ရတာကတော့ သခင်နဲ့အတူနေတဲ့ ခွေးလေးတွေက အကြည့်ကနေတဆင့် သခင်ကိုလည်း သူတို့ကို ချစ်လာစေဖို့ Oxytocin ဟော်မုန်းနိုးထမှု ပိုများစေသလို ကြာကြာနေလေ သခင်တွေမှာလည်း အဆိုပါ ဟော်မုန်းမြင့်တက်လာပြီး ခွေးလေးတွေကို ပိုချစ်တယ်လို့ သိလာရပါတယ်။ ဒုတိယ စမ်းသပ်ချက်ဖြစ်တဲ့ ဟော်မုန်းပါ မွှေးနံ့ပေးရုံနဲ့ သူတို့မှာ ဟော်မုန်းနိုးထမှု သိသာလောက်အောင် ဖြစ်မလာတာလည်း သိခဲ့ရပါတယ်။ အရင်ကတော့ ကျနော်တို့ သိထားခဲ့တာ လူသားအချင်းချင်းမှာပဲ တဦးနဲ့တဦး မျက်လုံးချင်း စကားပြောတယ်။ အကြည့်ချင်း သဘောနားလည်တယ်လို့ ထင်ခဲ့ပေမယ့် သိပ္ပံနည်းကျကျ လေ့လာမှုတွေအရတော့ ဟော်မုန်းအပြောင်းအလဲနဲ့အတူ ခွေးလေးတွေကလည်း အကြည့်ကနေ သူတို့ကို သခင်တွေ ချစ်အောင် လုပ်ဆောင်နိုင်စွမ်းရှိတာ သိလာခဲ့ရပါတယ်။ ဒါဟာ ခွေးလေးတွေနဲ့ ကျနော်တို့အကြားက သံယောဇဉ်ဖြစ်တည်မှုအကြောင်းကို သေသေချာချာ သိလာစေတဲ့ အချက်တချက်ဖြစ်ပါတယ်လို့ အခု လေ့လာချက်ကို ပါဝင်လုပ်ဆောင်ခဲ့ပြီး Live Science မှာ ဖော်ပြခဲ့တဲ့ Duke University က ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ လေ့လာရေးသမားတဦးဖြစ်တဲ့ Evan MacLean က ပြောပါတယ်။ သူတို့ဟာ ဒီလိုမျိုး အကြည့်ကနေတဆင့် အကြိမ်ကြိမ် လူတွေ(သခင်)ဆီကနေ ချစ်ခြင်းမေတ္တာကိုရအောင် ယူနိုင်၊ စေ့ဆော်မှု လုပ်ဆောင်ကြပါတယ်။ ဒါကြောင့် ခွေးလေးတွေနဲ့ အနေများတဲ့ သခင်တွေက သူတိ့ု ခွေးတွေကို ပိုပြီး ချစ်တတ် သံယောဇဉ် ထားတတ်ကြတာပါလို့ သူက ဆက်ပြောပါတယ်။ ဒါဆိုရင်တော့ အနေနီးတာထက် မျက်လုံးအကြည့်တွေကနေ ညှို့အားပြင်းပြင်းနဲ့ ချစ်ခြင်းမေတ္တာကို ဖန်တီးယူတတ်ခြင်းဟာ ခွေးလေးတွေရဲ့ Super Power စစ်စစ်လို့ ဆိုရတော့မှာပါ။ www.rd.com တွင်ဖော်ပြထားတဲ့ This is how dogs get humans to fall in love with them, according to science ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ The post ခွေးတွေက သူတို့ကို သခင် ချစ်အောင် ဘယ်လိုလုပ်ကြသလဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2lpoNin
via IFTTT
Source : http://ift.tt/2lpoNin
via IFTTT
တောင်တရုတ်ပင်လယ်၌ တရုတ်က ရေပေါ်နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်နေ အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်တို့က လူလုပ်ကျွန်းများ တည်ဆောက်ကာ နယ်မြေတောင်း ဆိုမှု ခိုင်မာစေရန်လုပ်ဆောင်နေရာ နောက်ဆုံးဖော်ဆောင်နေသည့် စီမံကိန်းမှာ နျူကလီးယား လောင်စာစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးစက်ရုံတခုဖြစ်သည်။ တရုတ် ကွန်မြူနစ်ပါတီက ထုတ်ဝေသော ပြည်သူ့နေ့စဉ် (People’s Daily ) သတင်းစာ၏ အဆိုအရ အဆိုပါ နျူကလီး ယား ဓာတ်အားပေးစက်ရုံသည် အဓိကအားဖြင့် Sansha မြို့တွင် နေထိုင်သော ပြည်သူများကို လျှပ်စစ် ဓာတ်အားပေး ရန် ဖြစ်ကြောင်း သိရသည်။ Sansha သည် စပတ်တလီကျွန်းများ၊ ပါရာဆယ်ကျွန်းများ နှင့် စကားဘရော့ချ်သောင်ခုံ စသည့် နယ်မြေများကို အုပ်ချုပ်သည့် နေရာ ဖြစ်ပြီး ပါရာဆယ်ကျွန်းစုများ အတွင်းရှိ ဝူဒီကျွန်းပေါ်တွင် တည်ရှိသည်။ အဆိုပါ နယ် မြေများကို ဗီယက်နမ်နှင့် ထိုင်ဝမ် တို့ကလည်း ၎င်းတို့ ပိုင်ဆိုင်ကြောင်း တောင်းဆိုခဲ့သည်။ ၂၀၁၈ ခုနှစ်သို့ ရောက်ချိန်တွင် တောင်တရုတ်ပင်လယ်ပြင်မှ ကျွန်းများနှင့် ကျောက်တန်းများက နောက်ထပ် ပိုမိုကျယ်ပြန့် လာလိမ့်မည်ဟု ပြည်သူ့ နေ့စဉ်က ဆိုသည်။ သယံဇာတကြွယ်ဝ၍ ကြွယ်ဝ၍ ဗျူဟာအရ အရေးကြီးသော တောင်တရုတ်ပင်လယ်ကို သတ္တုတွင်းထွက် အမြောက် အများရှိနိုင်သည့် အလားအလာများကို ထည့်သွင်းစဉ်းစားခြင်း မရှိလျှင်ပင် နှစ် စဉ် ဖြတ်သန်း နေ သော အမေရိကန် ဒေါ်လာ ၄ ထရီလီယံမှ ၅ ထရီလီယံ အထိတန်ဖိုးရှိသော ကုန်သွယ်ရေးက မရှိမဖြစ်လိုအပ်သည့် အနေအထားကို ပြနေ သည်။ ပင်လယ် ရတနာသိုက် ရှိသည့် ထိုနေရာကို ဘရူနိုင်း၊ တရုတ်၊ ထိုင်ဝမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် ဗီယက်နမ် အပါအ ဝင် နိုင်ငံ အများအပြားက ၎င်းတို့၏ ပိုင်နက် အဖြစ်တောင်းဆိုထားကြသည်။ Sansha ၏ ဓာတ်အားပေး စက်ရုံသစ်က အရပ်ဘက် အခြေခံ အဆောက်အဦး အစိတ်အပိုင်းတခု ဖြစ်သော်လည်း တရုတ် နိုင်ငံက ထိုဒေသတွင်းတွင် စစ်ရေးတည်ဆောက်မှုများ အတွက်လည်း အားထုတ်ဆောင်ရွက်ခဲ့သည့်အတွက် အိမ်နီးချင်း နိုင်ငံများသာ မက ကမ္ဘာမှ ပြိုင်ဘက်နိုင်ငံများကပါ စိုးရိမ်စွာ စောင့်ကြည့်နေကြရသည်။ ဖိလစ်ပိုင် တက္ကသိုလ် ဥပဒေကောလိပ်မှ ပါမောက္ခဖြစ်၍ Asia Maritime Initiative မှ စာရေးသူ တဦးလည်း ဖြစ်သော Jay Batongbacal က “တရုတ်နိုင်ငံရဲ့ စိတ်ကူးသစ်တွေနဲ့ အတူ ဒီလိုကျွန်းတုတွေ တည်ထောင်မှု၊ သူတို့ တည်ဆောက် နေတဲ့ အဆောက်အဦး အမျိုးအစားတွေကြောင့် အမေရိကန် အနေနဲ့ ခြိမ်းခြောက်မှုလို ခံစားခဲ့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခု အဲဒီမှာ လက်နက်တွေ တပ်ဆင်နေလို့ ဖြစ်ပါတယ်။” ဟု Sputnik News သို့ ဒီဇင်ဘာလ ၂၅ ရက်နေ့ တွင် ပြောကြားခဲ့သည်။ ပြည်သူ့နေ့စဉ် သတင်းတွင် အကြီးစား သောင်တူးသင်္ဘောသစ်တစီး က အခြားသော ပြန်လည် ဖော်ထုတ်ရေးနှင့် ကျွန်း တည်ဆောက်ရေး စီမံကိန်းများတွင် အခြားသော ကျွန်းတည်ဆောက်ရေး စက်ယန္တယားများနှင့် အတူ ပါဝင်လာလိမ့်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။ တရုတ် အစိုးရက ၎င်းတို့၏ ပထမဆုံးသော စူပါ သောင်တူး သင်္ဘောကြီးကို နိုဝင်ဘာလ အစောပိုင်းတွင် ထုတ်ဖော်ပြသခဲ့သည်။ ပေ၄၆၀ ရှည်လျားသည့် Tian Kun Hao က သမုဒ္ဒရာ ကြမ်းပြင်မှ အနယ်အနှစ် များကို တနာရီလျှင် ၂၁၂၀၀၀ ကုဗပေနှုန်းဖြင့် စုပ်ယူနိုင်သည်။ ဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး ဌာန (Center for Strategic and International Studies)၏ လက်အောက်ရှိ Asia Maritime Transparency Initiative (AMTI) က တရုတ်နိုင်ငံသည် ၂၀၁၇ ခုနှစ် အတွင်းမှာပင် လက်နက်သိုလှောင်ရုံ များ၊ ရေဒါနှင့် အာရုံခံစနစ်များ နှင့် ဒုံးကျည်ဒဏ် ခံနိုင်သည့် ဗုံးခိုကျင်းများ အပါအဝင် အဆောက်အဦး ဧရိယာ စကွဲယား မီတာ ၂၉၀၀၀၀ ကျော် ဆောက်လုပ်ခဲ့ကြောင်း ဒီဇင်ဘာလ အတွင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ The post တောင်တရုတ်ပင်လယ်၌ တရုတ်က ရေပေါ်နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်နေ appeared first on ဧရာဝတီ.
Source : http://ift.tt/2Cm9LUq
via IFTTT
Source : http://ift.tt/2Cm9LUq
via IFTTT
Third Force တတိယ အင္အားစု (၄)
Third Force တတိယ အင်အားစု (၄) ကုန်ဈေးနှုန်း အဆမတန် တက်နေသည်၊ ရာဇဝတ်မှုများ ထူပြောသထက် ထူပြောလာသည်။ အမေရိကန်မှာ လိုလို လက်နက်များ ဗုံးပေါလအော နှင့် လက်နက်များ နေပြည်တော်တွင် မိ၊ ရန်ကုန်တွင် မိနှင့် လိုင်စင်နှင့် ကိုင်သည်ဟု (ရဲမှူးကြီး ပြောသောစကား) တရားဝင် ကိုင်ဆောင်သော လက်နက်လိုလို၊ ကျည်ကာ အကျႌများ၊ မှန်ပြောင်းနှင့် အဝေးပစ် ပြောင်းရှည် သေနတ်များ စသည် စသည်ဖြင့် လုပ်ကြံ သတ်ဖြတ်ရေး အတွက် စိုးရိမ်စရာ ကောင်းလှသော လုပ်ကြံမှုကြီး တခုကို ဦးတည်နေသလားဟု ပြည်သူက သံသယဝင် စိုးရိမ် နေကြ၏။ ထိုအခြေအနေ မျိုးများ ဖြစ်ပေါ်နေရသည်မှာ ယခုအာဏာ ရလာသော အစိုးရအဖွဲ့အနေဖြင့် မှန်ကန်သော မူဝါဒ ချမှတ် ထားခြင်း မရှိသောကြောင့် ဖြစ်သည်။ အစီအစဉ်တကျနှင့် ပြင်ဆင်ထားသော အပြောင်းအလဲ၊ အစီအစဉ်၊ မူဝါဒ မရှိခြင်း ကြောင့် ဖြစ်သည်။ ထိုအခါ ယခင်ကတည်းက အတွေ့အကြုံလည်းမရှိ၊ အာဏာရလျှင် ဘယ်လိုစနစ်ကို ကျင့်သုံးမလဲ၊ ဘယ်လမ်းကြောင်း ကို သွားမလဲ၊ ဘယ်လို ယန္တရားနှင့် ဘယ်မူတွေကို အကောင်အထည် ဖော်မလဲဆိုသည်ကို ကြိုတင်ရေးဆွဲ ချမှတ် ထားခြင်း ရှိပုံမရ ဟု ကောက်ချက် ချရပေမည်။ ဆိုလိုသည်မှာ ပါတီနှင့် ခေါင်းဆောင်များသည် တိုက်ဖို့သာ အမြင်ရှိပြီး အောင်ပွဲကို မယူရဲခြင်း၊ အောင်ပွဲ ရလဒ်ကို အသုံးမပြုနိုင်ခြင်း တို့သည် အားနည်းချက်ဖြစ်သည်ဟု ဝေဖန်ရပေလိမ့်မည်။ ထို့ကြောင့် အာဏာရသည့် အချိန်တွင် ဟိုကွေ့ရောက် ဟိုတက်နှင့်လှော်၊ ဒီကွေ့ရောက် ဒီတက်နဲ့လှော်သော ရွက်ကျ ပင်ပေါက်လို တိုင်းပြည် အတွက် ထိထိရောက်ရောက် လုပ်ရမည့်မူများကို မချမှတ်ဘဲ ယခင်အစိုးရ လက်ထက်က ယန္တရားနှင့် မူများကိုသာ ကျင့်သုံးနေခြင်း ဖြစ်သည်ဟု ဆိုရပေမည်။ ယခုဆိုလျှင် NLD အစိုးရ အာဏာရလာသည်မှာ ၂ နှစ် သက်တမ်းထဲ ဝင်နေပြီဆိုသည်မှာ ငြင်း၍မရပေ။ ထိုအချိန်ထိ ထူးခြားသော ဘာအပြောင်းအလဲမှ မတွေ့၊ တချို့က ယခင် အစိုးရထက်ပင် ပိုဆိုး သွားလေသလားဟု မြည်တွန်ကြ သည်ကိုပင် ကြားရ၏။ ရှေ့ဘယ်လို ဖြစ်မလဲဟု နိုင်ငံရေး စိတ်ဝင်စားသူများ စကားဝိုင်း ဖွဲ့ကြသည့်အခါတွင် တယောက်က “ရှေ့အတွက် ထူးထူးခြားခြားတော့ ပြောင်းလဲမယ့် အစီအစဉ်မတွေ့မိဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း လက်ပူတိုက်ပြီး လူထုဆန္ဒ အတိုင်း ပြောင်းလဲမှာ မဟုတ်ပေမယ့် တပ်မတော်နဲ့ အတူ မြွေမသေ တုတ်မကျိုး နည်းနဲ့ လက်တွဲပြီး ပြောင်းလဲနိုင် ပါတယ်။ တပ်မတော်သား ၂၅ ရာခိုင်နှုန်းနေရာမှာ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းလောက် လျှော့ပြီး ဆက်ထားဖို့ ရှိတယ်၊ ဒါဟာ လည်း တပ်မတော် ခေါင်းဆောင်တွေနဲ့ ညှိညှိနှိုင်းနှိုင်း အပေးအယူ လုပ်နိုင်မှသာ ဖြစ်မှာပေါ့၊ ယခုအတိုင်း ယန္တရားကို ယခင် စစ်ဗိုလ်ဟောင်းတွေ၊ တပ်မတော် အရာရှိတွေ၊ နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိလာတဲ့ တပ်ခေါင်းဆောင်တွေနဲ့ အတူ ပြည်သူက ဘာပြောပြော လက်မခံ၊ အထူးသဖြင့် အခြေခံ လူတန်းစားတွေအတွက် အကျိုးမရှိနိုင်တဲ့ တပ်မတော် နဲ့ ရင်ကြားစေ့ရေးကိုသာ ဆက်လက်ကျင့်သုံးမှာပဲ။ အဲဒီ မူတွေကြောင့်ပဲ ယခင်အစိုးရကာလလို အနောက်နိုင်ငံတွေနဲ့ ပြဿနာ အနည်းအများ ပေါ်လာမှာပဲ၊ ယခင်က တရုတ်နဲ့ ရုရှားကို အားကိုးခဲ့သလို ယခုလည်း ပြန်အားထားမယ့် အရိပ်အယောင်တွေ တွေ့လာရတယ်၊ အခုအထိ ပြည်သူ အားထားရမယ့် အင်အားစု မတွေ့ရသေးတာကြောင့် ၂၀၂၀ မှာလည်း NLD ပဲ ဆက်အနိုင်ရလိမ့်မယ်၊ သူတို့အဓိက အာရုံစိုက်တာကတော့ လက်နက်ကိုင် အင်အားစုတွေထဲမှာ အင်အား အကောင်းဆုံး တပ်မတော် ဖြစ်တာ ကြောင့် တပ်မတော်နဲ့သာ ညှိနှိုင်းပါလိမ့်မယ်၊ ဒါကြောင့် ရှေ့ဆက်ပြီး တပ်မတော်နဲ့ အာဏာခွဲဝေမှုကို ယခုလိုပဲ ဆောင်ရွက် သွားမှာ ဖြစ်သလို အနာဂတ် မြန်မာ့ နိုင်ငံရေးဟာလည်း ထူးခြားမှု ရှိလာလိမ့်ဦးမယ်လို့ မယူဆပါဘူး” ဟု ဝေဖန် ပြောဆို သွားပါသည်။ လွှတ်တော်တွင်း တွေ့ရသည့် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဧရာဝတီ) မည်သို့ပင်ဖြစ်စေ မြန်မာ့ နိုင်ငံရေး အခြေအနေမှာ ထူးထူးခြားခြား ပြောင်းလဲ သွားလိမ့်မည် မဟုတ်ပေ။ ၂၀၁၅ ရွေးကောက်ပွဲကို တချို့လူငယ်များက NLD ပါတီအား ပုံအော မဲထည့်လိုက်ရုံဖြင့် တော်လှန်ရေးကြီး တရပ် ဖြစ် ပေါ် သွားသလို မြန်မာနိုင်ငံ၏ အခြေအနေလည်း ပြောင်းလဲသွားလိမ့်မည်ဟု ယူဆခဲ့ကြသည်။ စစ်အာဏာရှင်စနစ်ကို မြေမြှုပ်ကာ ဒီမိုကရေစီစနစ် ပြောင်းလဲသွားမည်၊ တရုတ် ကူမင်တန်ခေတ်မှ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ဖြစ်ပေါ်လာသလို ဇာဘုရင်စနစ်ကနေ ရုရှား ဖက်ဒရေးရှင်းလို ဖြစ်ပေါ်လာလိမ့်မည်ဟု ထင်သူက ထင် ကြသည်။ ၁၉၈၈ မှစပြီး လူထုထောက်ခံမှု ရသောပါတီမှာ ပါတီတွင်းမှ Activities များကိုလည်း ထိုပါတီတွင် အသာစီးရနေသော စစ်ဗိုလ်ဟောင်းများနှင့် ရွှေပြည်အေးသမားများက ဖယ်ရှားပစ်ခဲ့ပြီးပေပြီ။ တချို့ အတော်များများမှာ အဖမ်းခံရပြီး ထောင်ထဲတွင်ပင် သေဆုံးခဲ့သည်။ သို့သော်လည်း ပါတီတွင်း ခေါင်းဆောင်သော လူတန်းစားသည် ဒီမိုုကရေစီကို အပြည့်အဝ ယုံကြည်သည့် လူများ ဖြစ်တန် ကောင်း၏ဟု ပြည်သူလူထုက စိတ်ချလက်ချ ယုံကြည်ခဲ့သောကြောင့် တနည်းမဟုတ် တနည်း လုံးဝ ပြောင်းပြန် လှန်မည့် ပြုပြင်ပြောင်းလဲမှုကို လုပ်မည်ဟုလည်း ထင်နေကြ၏။ သို့သော်လက်ရှိ အစိုးရနှင့် ခေါင်းဆောင်များမှာ စစ်အုပ်ချုပ်ရေးကို မလိုလားသူ ကြားသမားများ သက်သက်၊ ရွှေပြည် အေး ဝါဒကို ကျင့်သုံးသူများ သက်သက် ဖြစ်နေသောကြောင့် စေ့စပ်ညှိနှိုင်းခြင်း၊ ဆူပူအုံကြွမှုများ မပေါ်ပေါက်ခြင်း၊ အပေးအယူမျှမျှ ရှိနေခြင်း၊ ၅၀-၅၀ ပင်ဖြစ်စေ၊ ၅၀-၄၀ ပင်ဖြစ်စေ အာဏာရလျှင် ခွဲဝေယူမည့် လူတန်းစားများ ဖြစ်ခြင်း တို့ကြောင့် ယခုအခြေအနေတွင် တပ်မတော် အလိုကျမှုမှ တပါး၊ တခြား မည်သူနှင့် ရင်ဆိုင်ရ၊ ရင်ဆိုင်ရ၊ ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားသော နိုင်ငံရေးသမားများ ဖြစ်နေခြင်းက ပြည်သူများ ထင်သလို ဖြစ်မလာနိုင်ခြင်း ဖြစ်သည်။ မြန်မာပြည်၏ သမိုင်းကြောင်းနှင့် မြန်မာနိုင်ငံရေးကို လူတန်းစားအခြေခံ ရှုထောင့်မှ တွက်ချက်နိုင်သူများကမူ မြန်မာ နိုင်ငံတွင် စစ်အာဏာရှင်စနစ် တစချင်း ကွယ်ပျောက် သွားနိုင်သော်လည်း ယနေ့ အာဏာရနေသော NLD အစိုးရ ရော၊ တပ်မတော်ရော လက်ဝါးကြီးအုပ် အရင်းရှင် လူတန်းစားများ ဖြစ်နေသဖြင့် တဖွဲ့နှင့်တဖွဲ့၊ အပြတ်အသက် သူသေ ငါရှင် တိုက်ကြလိမ့်မည် မဟုတ်ကြောင်း အကဲဖြတ်၍ ရပါသည်။ ခေတ်၏ အနေအထားအရ နှစ်ဖက်စလုံးက အာဏာခွဲဝေရာတွင် အတတ်နိုင်ဆုံး ညှိနှိုင်း၍ ခွဲဝေရန်လည်း စဉ်းစား ထားကြလေသည်။ အထူးသဖြင့် အာဏာရနေသော အရပ်သားများက ပို၍ပင် အလျှော့ပေးကာ အာဏာကို ခွဲဝေယူဖို့ ရှိသည်ဟု လက်ရှိ နိုင်ငံရေးအခင်းအကျင်းက သက်သေပြနေပါသည်။ တပ်မတော်၏ အခန်းကဏ္ဍ၊ တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင် ပတ်သက်မှု၊ တပ်မတော်၏ လုပ်ပိုင်ခွင့်၊ တပ်မတော်၏ စီးပွားရေးများစသည်တို့ကိုလည်း တပ်မတော်ဘက်မှ ညှိနှိုင်း စေ့စပ်ကာ အလျော့ပေးလိုက်လျောပြီး အရေးပါသော အဖွဲ့အစည်းတခုအဖြစ် အာဏာကို ခွဲဝေယူဖို့ ဆုံးဖြတ် ထားနိုင် သည်။ ထို့ကြောင့်လည်း ယခုလို ရခိုင်ပြည်နယ်ပြဿနာ၊ ဘင်္ဂါလီများနှင့် အပြင်းအထန် ရင်ဆိုင်ရသည့် ပြဿနာများကို NLD အရပ်သား အစိုးရက ခေါင်းခံဖြေရှင်းရခြင်း ဖြစ်သည်။ အနောက်အုပ်စုအပေါ် သြဇာရှိသည်ဟု ကမ္ဘာက အထင်ကြီးခဲ့ သော ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍမှာလည်း ရခိုင်ပြည်နယ်က ဘင်္ဂါလီပြဿနာကြောင့် အုပ်စု၏ ထောက်ခံ မှု ဆိုးဆိုးဝါးဝါး ကျဆင်းသွားခဲ့ရလေသည်။ သြဇာပြန်ရှိလာအောင်နှင့် အမေရိကန် အပါအဝင် တကယ့် အားကောင်း သော နိုင်ငံကြီးများ၏ စီးပွားရေး ရင်းနှီး မြှုပ်နံှ မှုများ ရရှိအောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြတ်သားသော ခေါင်းဆောင်မှုနှင့် မှန်ကန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေးမူကို လုပ်ဆောင်နိုင်မှသာလျှင် အနောက်အုပ်စု၏ ယုံကြည်မှုကို ပြန်လည်ရရှိမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တတိယ အင်အားစုပဲ ခေါ်ခေါ်၊ တတိယ ပါတီပဲ ခေါ်ခေါ်၊ ယခုလို အခြေအနေမျိုးတွင် အင်အားစု အသစ် တခု ရရှိနေသည်ကား အမှန်ပင်။ သို့သော် ယနေ့ ထိုလူထုထောက်ခံမှု အားကောင်းမောင်းသန် တတိယ အင်အားစုကို ခေါင်းဆောင်နိုင်သည့် ခေါင်း ဆောင် နှင့် နိုင်ငံရေး ပါတီကိုကား မမြင်သေးပေ။ သူတို့ ဖြတ်သန်းခဲ့သော နိုင်ငံရေး လှုပ်ရှားမှုများ၊ အမြင်များ၊ နိုင်ငံရေး မူဝါဒများမှာ အခြေခံလူတန်းစား အတွေးအခေါ် နှင့် နိုင်ငံရေး မူဝါဒများ ကျင့်သုံးနိုင်မည် မဟုတ်သောကြောင့် တကယ့် အင်အားရှိသော ပြည်သူ့ဘက်တွင် ရပ်သော တတိယ အင်အားစုကို သမိုင်းနှင့် ပြည်သူက ဆက်လက် ရှာဖွေ သွားပေလိမ့်ဦးမည်။ ။ ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။ ဆက်စပ် ဖတ်ရှုရန် – Third Force တတိယ အင်အားစု Third Force တတိယ အင်အားစု (၂) Third Force တတိယ အင်အားစု (၃) The post Third Force တတိယ အင်အားစု (၄) appeared first on ဧရာဝတီ.
Source : http://ift.tt/2loBCK5
via IFTTT
Source : http://ift.tt/2loBCK5
via IFTTT
Saturday, December 30, 2017
Eleven Media Group
ဩစတြေးလျစစ်သင်္ဘောက အာရေဗျပင်လယ်တွင် ဆေးခြောက်ရှစ်တန်ကို ဖမ်းဆီးရမိ ဩစတြေးလျစစ်သင်္ဘောတစ်စင်းသည် အာရေဗျပင်လယ်တွင် ဆေးခြောက်ရှစ်တန်နီးပါးကို ဖမ်းဆီးရမိခဲ့ပြီး ယင်းမူးယစ်ဆေး ဝါးများသည် မှောင်ခိုဈေးခန့်မှန်းခြေ ဒေါ်လာ ၃၂၅ သန်း (ဩစတြေးလျဒေါ်လာ ၄၁၅ သန်း) ခန့်ရှိနိုင်ကြောင်း ဩစတြေးလျ ကာကွယ်ရေးဌာနက ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သောသုံးရက်ကျော်အတွင်း ယင်းဧရိယာ၌ ရေကြောင်းလုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးဆောင်ရွက်စဉ်အတွင်း စစ်သင်္ဘော HMAS Warramunga က ဘိန်းဖြူ ၆၉ ကီ လိုဂရမ်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ စစ်သင်္ဘောရှိ ဝန်ထမ်းများက ယင်းဖမ်းဆီးမှုတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့ကြပြီး သံသယဖြစ်ဖွယ် ရေယာဉ်သုံးစင်းပေါ်သို့ ဆင်းသက်ခဲ့ကြကြောင်း ယင်းစစ်သင်္ဘော ကွပ်ကဲမှုဆိုင်ရာ တာဝန်ရှိသူ ဒန်ဂေါကလီလန်းက ပြောကြားခဲ့သည်။ ယင်းရေယာဉ်များပေါ်သို့ ဆင်းသက်ပြီး နှံ့နှံ့စပ်စပ်ရှာဖွေခဲ့ကြပြီးနောက် ကမ္ဘာတစ်ဝန်းသို့ ဖြန့်ဖြူးရန် ရည်ရွယ်၍ တင်ဆောင်လာသော ဆေးခြောက်နှင့်ဘိန်းဖြူ အများအပြားကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယင်းမူးယစ်ဆေးဝါးများအား ပင်လယ်ထဲသို့ စွန့်ပစ်၍ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းမူးယစ်ဆေးဝါးများအား မည်သည့်နိုင်ငံ၏ ကမ်းရိုးတန်းအနီး ဖမ်းဆီးရမိခဲ့သည်ကိုမူ ၎င်းက မထုတ်ပြန်ခဲ့ပေ။ စစ်သင်္ဘော HMAS Warramunga သည် စတုရန်းမိုင် ၂ ဒသမ ၅ သန်းရှိသော အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်တွင် နိုင်ငံ ပေါင်း ၃၀ နှင့်အတူ ကင်းလှည့်နေသည့် အစီအစဉ် Combined Maritime Forces (CMF) ၏ တစ်စိတ်တစ်ပိုင်းတွင် ပါဝင်နေခြင်း ဖြစ်သည်။ ယင်းစစ်သင်္ဘောသည် အရှေ့အလယ်ပိုင်းနှင့် အိန္ဒိယသမုဒ္ဒရာဒေသများတွင် အကြမ်းဖက်မှုများအား တိုက်ဖျက်ရေးကို အဓိက အာရုံစိုက်ဆောင်ရွက်သည်။
Source : http://ift.tt/2Cqkz1t
via IFTTT
Source : http://ift.tt/2Cqkz1t
via IFTTT
၅ နှစ်အရွယ်ကလေးငယ် သတ်ဖြတ်ခံရမှု ပုသိမ်မြို့တွင်ဖြစ်ပွား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၆ စစ်အခြေခံ လေ့ကျင့်ရေး တပ်ရင်းတွင် လူကြီးချင်းစကားများသည်ကို အငြှိုးထား၍ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်ကို ဝါးစိမ်းတုတ်ဖြင့် ရိုက်သတ်ခဲ့မှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အမှတ် ၆ လေ့ကျင့်ရေး တပ်ရင်း အိမ်ထောင်သည် လိုင်းခန်းတွင်နေထိုင်သည့် စိုက်ခြံတာဝန်ခံ တပ်သား ဆန်းဝေ၏ဇနီး ဝေဝေလေးသည် လိုင်းခန်းခေါင်းဆောင် တပ်သားကျော်စိုးနိုင်၏ ဇနီး ဒေါ်နှင်းဝေ အောင်နှင့် ရေကန်လှယ်ရန် ကိစ္စနှင့် ပတ်သက်၍ စကားများပြီး ဒေါ်နှင်းဝေအောင်မှ ဝေေ၀လေးကို ပါးရိုက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း၊ ဝေေ၀လေးမှ အဆိုပါ ပါးရိုက်မှုကို အငြှိုးထားကာ ဒေါ်နှင်းဝေအောင်၏ သမီး ဖြစ်သူ အသက် ၅ နှစ်အရွယ်ရှိ မနှင်းရတီနိုင် အိမ်ရှေ့ လာကစားခိုက်တွင် အိမ်ခန်းတွင်း ခေါ်သွင်းကာ ဝါးစိမ်းတုတ်ဖြင့် ဦးခေါင်းအား ရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ “အသတ်ခံရတဲ့ ကလေးအမေနဲ့ သတ်တဲ့ အမျိုးသမီးက ပထမတနေ့ကမှ စကားများ ထားတာ။ အဲဒါကို မကျေနပ်လို့ ကလေးက အိမ်ရှေ့မှာ ကစားနေတုန်း ချော့ခေါ်ပြီး ဝါးစိမ်းတုတ်နဲ့ရိုက်သတ်တာ။ သတ်ပြီးမှ အလောင်းကို တခြားနေရာသွား စွန့်တာပါ။ သတ်တဲ့အမျိုးသမီးကိုလည်း ဖမ်းထားပြီးပါပြီ။ သက်သေခံ ပစ္စည်းလည်း စုံနေပြီဆိုတော့ အမှုကိုတည်ဆောက်ပြီး တရားရုံးကို တရားစွဲဆို တင်ပို့သွားမှာပါ”ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှုးကြီး ခင်မောင်လတ်က ဧရာဝတီကို ပြောသည်။ ဝေဝေလေးသည် ကလေးအားသတ်ပြီးနောက် ဝတ်ဆင်ထားသည့် နားကပ်အားချွတ်ယူကာ ဖွက်ထားခဲ့ပြီး တပ်ရင်းပိုင် ဆိတ်များ ကျောင်းပြီး အိမ်သို့ ပြန်လာသည့် ယောကျ်ားဖြစ်သူ တပ်သား ဆန်းဝေအား ပြောပြပြီးနောက် လင်မယား ၂ ဦးသည် အလောင်းအား ပီနံအိတ်ထဲ ထည့်သွင်းသယ်ယူ၍ လိုင်းခန်းအစပ် လယ်ကွင်းနားရှိ ရေမြောင်းအတွင်းမှ ခြုံပုတ်ထဲသို့ သွားရောက်စွန့်ပစ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲစခန်းစစ်ဆေး ပေါ်ပေါက်ချက်များအရ သိရသည်။ “လိုင်းခန်းမှာ သောက်သုံးရေကန်ရှိတယ်။ ရန်ဖြစ်တဲ့နေ့က လိုင်းခန်း ခေါင်းဆောင် ရဲ့မိန်းမက မဝေလေးကို ရေကန်လှယ်မလို့ နင်ဘယ်သွား နေတာလဲ မေးတာမှာ မဝေလေးက ငါးသွားရောင်းနေရလို့ ပြောတော့ စစ်သည်မိန်းမတွေရှေ့မှာပဲ ပါးရိုက်လို့ မြေကြီးပေါ်လဲသွားတယ်။ အဲဒါကိုငြိုးပြီး မိသားစုဝင် တယောက်ကို နာအောင်ပြန်လုပ် မယ်ဆိုပြီး လုပ်ရင်းနဲ့ လူသတ်မှု အထိ ဖြစ်သွားတာ”ဟု အနောက်တောင်တိုင်း စစ်ဌာနချုပ် အမှတ် ၆ စစ်အခြေခံ လေ့ကျင့်ရေး တပ်ရင်းနှင့် နီးစပ်သူတဦးက ပြောသည်။ အသက် ၅ နှစ်အရွယ် မနှင်းရတီနိုင်မှာ ပျောက်ဆုံးနေသည့်အတွက် တပ်ရင်းရှိ အိမ်ထောင်သည် လိုင်းခန်းမှ မိသားစုများ ဝိုင်းဝန်းရှာဖွေနေချိန်တွင် ဝေေ၀လေးနှင့် တပ်သား ဆန်းဝေတို့မှာ လိုက်မရှာဘဲ နေအိမ်တွင် ရပ်ကြည့်နေသည့် အတွက် ကျန်လူများက မသင်္ကာဖြစ်ခဲ့ပြီး ဝေေ၀လေးတို့အိမ်တွင် မနှင်းရတီနိုင်ကို သတ်ဖြတ် ထုပ်ပိုးခဲ့သည့် ပီနံအိတ်ကို တွေ့ရှိရာမှတဆင့် လူသတ်မှုပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လူသတ်မှု ဖြစ်ပွားပြီးနောက် ယမန်နေ့ ညနေပိုင်းတွင် ဝေေ၀လေးအား ပုသိမ်မြို့မစခန်းမှ ဖမ်းဆီးကာ စခန်းတွင် ချုပ်နှောင်ထားခဲ့ပြီး တပ်သား ဆန်းဝေကိုလည်း အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်ခုံရုံးဖွဲ့စည်း၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ အဆိုပါ လူသတ်မှုဖြစ်စဉ်အရ ၅ နှစ်အရွယ် ကလေးငယ်အား ဝါးစိမ်းတုတ်နှင့် ရိုက်သတ်ခဲ့သူ မဝေဝေလေးအား အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးဖြိုးဝေမြင့်က တရားလိုပြုလုပ်၍ ပုသိမ်မြို့မရဲစခန်းတွင် (ပ)၅၄၁/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရသည်။ The post ၅ နှစ်အရွယ်ကလေးငယ် သတ်ဖြတ်ခံရမှု ပုသိမ်မြို့တွင်ဖြစ်ပွား appeared first on ဧရာဝတီ.
Source : http://ift.tt/2BXOvRm
via IFTTT
Source : http://ift.tt/2BXOvRm
via IFTTT
ဂျာနယ်ကို တရားစွဲဆိုမှု ရုတ်သိမ်းမည် မဟုတ်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ်ပြော ထားဝယ်မြို့ အခြေစိုက် တနင်္သာရီဂျာနယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလက ဖော်ပြခဲ့သည့် သရော်စာတပုဒ်ကြောင့် ယင်းဂျာနယ် တာဝန်ရှိ သူများကို မီဒီယာ ဥပဒေနှင့်အညီ အရေးယ ူပေးရန် မြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားမှုကို ပြန်လည် ရုတ်သိမ်းရန် မရှိကြောင်း တနသာၤရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်က ပြောသည်။ “နဂိုကတည်းက ဥပဒေနဲ့အညီဖြစ်အောင် တရားရုံးမှာ ဦးတိုက်လျှောက်ထားတာပါ။ မီဒီယာ ဥပဒေနဲ့ တင်ထားတာဖြစ်လို့ အခုချိန်မှာ ပြန်ရုတ်ဖို့လည်း မရှိပါဘူး။ တရားရုံးရဲ့ အဆုံးအဖြတ်ကိုပဲ စောင့်မှာပါ”ဟု ဒေါ်လဲ့လဲ့မော်က နေပြည်တော်တွင် သတင်းမီဒီယာတချို့ သို့ ပြောဆိုခဲ့သည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် တနင်္သာရီ ဂျာနယ်တွင် ဖော်ပြခဲ့သည့် “မူးဆေးအိုး” ကလောင်အမည်ဖြင့် ရေးသားထားသော “မဲဆွယ်အပြုံး” ဆိုသည့် သရော်စာသည် ၎င်းနှင့် ၎င်း၏ မိသားစုကို ထိခိုက်သည်ဟ ုဆိုကာ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်က ထားဝယ် မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားသည့် အမှုတခု ဖြစ်သည်။ အဆိုပါလျှောက်ထားမှုကို တရားရုံးက ပိုမို ကျယ်ပြန့်စွာ သိနိုင်ရန်ဟုဆိုကာ ရဲတပ်ဖွဲ့ အား စစ်ဆေးခိုင်းခဲ့ပြီး ရဲတပ်ဖွဲ့၏ ပြန်လည် တင်ပြချက်များဖြင့် သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ)ဖြင့် တရား စွဲဆိုခွင့်ပြုကြောင်း အမိန့်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထားဝယ်မြို့နယ် တရားရုံးက ချမှတ်ခဲ့သည်ဟု တနသာၤရီဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က ဧရာဝတီသို့ ပြောသည်။ “လက်ရှိ ကျနော်ဆီကို ဆင့်ခေါ်စာ ရောက်နေ ပြီ။ ဇန်နဝါရီလ ၂ ရက်နေ့မှာ တရားရုံးကို သွားရမယ်။ ပထမဆုံး ရုံးထုတ် မှာပါ။ လက်ရှိ တော့ ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်။ အာမခ ံရအောင်လို့။ အာမခံအတွက် ပြင်ထားပါဆိုလို့ ပြင်ဆင်နေပါတယ်”ဟု ဦးမျိုးအောင်က ပြောသည်။ ဆက်လက်၍ ၎င်းက “ အဓိကကတော့ သရော်စာ အပေါ်မှာ သို့မဟုတ် မီဒီယာ အပေါ်မှာ နားလည်သဘောပေါက်မှု ဘယ်လောက်အထိ ရှိလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ဖြစ်တာပေါ့။ တယောက်နဲ့ တယောက်တော့ မတူဘူး။ အစိုးရအဖွဲ့ထဲမှာလည်း တယောက်နဲ့ တယောက်က ရေချိန် မတူနိုင်ဘူး။ မတူတဲ့အပေါ်မှာ မူတည်ပြီး ဖြစ်နေတဲ့ ကိစ္စတွေပါပဲ”ဟု ရှင်းပြသည်။ သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ)တွင် မည်သည့် သတင်းမီဒီယာသမားမဆို ပုဒ်မ ၉၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲ (စ)နှင့် ပုဒ်မခွဲ (ဆ)တို့ပါ တာဝန်နှင့် ကျင့်ဝတ်တရပ်ရပ်ဖြင့် ပြစ်မှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ငွေဒဏ် အနည်းဆုံး ကျပ် ၃ သိန်းမှ ကျပ် ၁၀ သိန်းအထိ ချမှတ်ရမည်ဟု ဖော်ပြထားသည်။ ယင်း ပုဒ်မ ၉ ပုဒ်မခွဲ (ဆ)တွင် အများပြည်သ ူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်း ရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တဦး၊ အဖွဲ့အစည်းတခု၏ ဂုဏ်သိက္ခာကို တမင် ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့် အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြည်ခြင်းဟု ဖော်ပြ ထားသည်။ သတင်းမီဒီယာ ဥပဒေအရ တရားစွဲဆိုခြင်း ခံရပါက အာမခံ ရရှိနိုင်ပြီး ရဲအရေးပိုင်ခွင့်ဖြင့် ချက်ချင်း ဖမ်းဆီးချုပ်နှောင်ခြင်း မခံရကြောင်း ရန်ကုန်မြို့မှ မီဒီယာ အမှုများတွင် လိုက်ပါ ဆောင်ရွက်နေသူ ရှေ့နေ ဦးသန်းဇော် အောင်က ပြောသည်။ တနသာၤရီ ဂျာနယ်တွင် ဖော်ပြခဲ့သည့် မဲဆွယ် အပြုံးဆိုသည့် သရော်စာတွင် “ရွာသားများ သူ့ကို မကြည်ညိုတော့သည်ကို ရှင်ဂွမ်းဂွိ သိသည်။ သူမ စတက်သောအခါ သူမ၏ အုပ်ချုပ်ရေးမှူးရုံးရှေ့က ထော်လာဂျီနှင့် နွားလှည်းမဖြတ်ရဟု ဆုံးဖြတ် ကြေညာ မိသည်အစ၊ အုပ်ချူပ်ရေးမှူး မလုပ်တတ်ပါဘူး ပြောမိသည်အလယ်၊ ရွာနံဘေး စားကျက် မြေမှာ ကျွဲ၊ နွား၊ ဆိတ် မကျောင်းရဟု ပြောမိသည် အဆုံး သူမကို ရွာသားများ ဝိုင်းဟားကြလေသည်”ဟု ဖော်ပြထားရာ ယင်းအချက်များသည် တနင်္သာရီ ဝန်ကြီးချုပ်၏ ပြောဆိုချက်များနှင့် တိုက်ဆိုင်မှုများ ရှိနေသည်ဟု သိရသည်။ The post ဂျာနယ်ကို တရားစွဲဆိုမှု ရုတ်သိမ်းမည် မဟုတ်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ်ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2BVUPsx
via IFTTT
Source : http://ift.tt/2BVUPsx
via IFTTT
UNFC အပစ်ရပ်စာချုပ် ချုပ်နိုင်မှာလား ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲ ရေး သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးနိုင်ရေး အတွက် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် တွေ့ဆုံ ဆွေးနွေး နေသည်။ ထိုသို့ တွေ့ဆုံ ဆွေးနွေးမှုသည် ၁ နှစ် ခွဲ နီးပါး ကြာလာသည့်တိုင် အလုံးစုံ သဘောတူညီချက်များ မရရှိသေးသည့် အတွက် NCA လက်မှတ် မထိုးနိုင်ဘဲ ဖြစ်နေသည်။ ထို့နောက် UNFC သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို တွေ့ဆုံ ဆွေးနွေး အဖြေရှာမည်ဟု ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန် လာသည်။ “UNFC အနေနဲ့ တတိယ အကြိမ် ကျင်းပမယ့် ၂၁ ရာစုပင်လုံ ညီလာခံမတိုင်မီ လက်မှတ်ထိုးလာမယ်လို့ ကျနော်တို့ မျှော်လင့်ထားတယ်။ ဘာကြောင့်ဆိုတာတော့ မပြောချင်ပါဘူး၊ သတင်းတွေလည်း ရထားတယ်လေ။ နောက်ဆုံး အချက်လေးပဲ ကျန်ပါတယ်။ ဒီအချက်လေးကတော့ ကျနော်တို့လည်း တင်ပြထားပြီးပြီလေ။ NCA အတိုင်းပဲ သွားကြ အောင်လို့ အပစ်ရပ် ၈ ဖွဲ့လည်း ဒီအတိုင်းပဲထိုးခဲ့တယ်”ဟု ငြိမ်းချမ်းရေး ကော်မရှင် (PC)မှ ဦးအောင်စိုးက ပြောသည်။ UNFC သည် အဆိုပြုချက် ၈ ချက်ကိုတင်ပြ၍ PC နှင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိရာ နောက်ဆုံး အနေဖြင့် နံပါတ် (၂)ပါ အချက်များကို ညှိနှိုင်း သဘောတူညီမှု မရယူနိုင်သေးခြင်းကြောင့် NCA လက်မှတ် ထိုးရေး မသွားနိုင်ဘဲ ဖြစ်နေသည်။ “ကျနော်တို့ NCA ထိုးဖို့ ဘယ်အခြေအနေ ရှိသလဲဆိုတာက အဆိုပြုချက် ၈ ချက် သဘောတူညီမှု ရတဲ့အပေါ်မှာ မူ တည်တယ်။ ဒါကို အစိုးရက ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားဖို့ ကျနော်တို့ တောင်းဆိုထားတယ်။ အခုထိ မရသေးဘူး။ ဒီတော့ NCA ထိုးရေး မထိုးရေး အတိုင်းအတာက ပြောလို့မရသေးဘူး”ဟု UNFC မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးထွန်းဇော်က ပြောသည်။ ပိတ်ဆို့နေသော အချက်မှာ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ် နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝ ရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံကို တည်ဆောက်သွားရန် ဆိုသည့် အချက် ဖြစ်သည်။ အစိုးရနှင့် တပ်မတော်ဘက်ကမူ NCA ပါ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိသော၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံ သည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက် သွားရန် ဆိုသော အချက် အတိုင်း သဘောတူရန် ဆန္ဒပြုထားသည်။ UNFC နှင့် PC ကြား ပိတ်ဆို့နေသော အခြေအနေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား တွေ့ဆုံ၍ ဆွေးနွေး အဖြေရှာသွားရန် UNFC ဘက်က အလိုရှိနေသည်။ အလားတူ UNFC အတွင်း NCA လက်မှတ်ထိုးရေး ယုံကြည်မှု နည်းပါးနေသော ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ကို စည်းရုံးနိုင်ရေးနှင့် NCA လက်မှတ် ထိုးလာနိုင်ရေး အတွက် အစိုးရ ထိပ်ပိုင်းခေါင်းဆောင် ၂ ဦးကို တွေ့ဆုံ ၍ အာမခံချက် တခုရအောင် ကြိုးပမ်းခြင်းလည်း ဖြစ်နိုင်သည်။ UNFC အဖွဲ့ဝင် ၄ ဖွဲ့အနက် မွန်ပြည်သစ် ပါတီ (NMSP)သည် NCA လက်မှတ်ထိုးရန် ပါတီတွင်း ဆုံးဖြတ်ချက် ချမှတ် ထားပြီး ပိတ်ဆို့နေသည့်အပေါ် အစိုးရ နှင့် တပ်မတော်ဘက်က သဘောထားရှိသည့် NCA ပါ ပြဌာန်းချက် အတိုင်းကို သဘောတူရန် စဉ်းစားမှု တချို့ ရှိနေကြောင်း သိရသည်။ ထိုစဉ်းစားမှုအား NMSP က UNFC အဖွဲ့ဝင်များကို ရှင်းပြကာ သဘောတူညီမှု ရယူသွားမည်ဖြစ်ပြီး အဖွဲ့ဝင်များက သဘောတူလျှင် NCA ထိုးရေးကို ဆက်လက် သွားမည်ဖြစ်သည်။ အဖွဲ့ဝင်များက သဘောမတူလျှင် အခင်းအကျင်းတရပ်ကို ပြောင်းလဲ ဖော်ဆောင်သွားမည်ဟု NMSP အတွင်း စဉ်းစား ချက်များလည်း ရှိနေသေးကြောင်း သိရသည်။ “ကျနော်တို့ကို မွန်ပြည်သစ် ပါတီကတော့ သူတို့ရဲ့ သဘောထားကို ရှင်းပြပါတယ်။ သူတို့ တပ်ပေါင်းစု ဖြစ်တဲ့ အတွက် တပ်ပေါင်းစု သဘောထား အတိုင်းပဲ သွားမယ်။ တဖွဲ့တည်း ဆုံးဖြတ်ချက်နဲ့ မသွားဘူးပေါ့။ ကျနော်တို့ ကလည်း အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ့် အချိန်ကို စောင့်နေတယ်။ အဲ့ဒီတွေ့ဆုံမှုက ဆုံးဖြတ်မှုတခု ဖြစ်လာနိုင်တယ်”ဟု UNFC မှ ဦးထွန်းဇော်က ပြောသည်။ NMSP ၏ စဉ်းစားချက်အပေါ် UNFC အဖွဲ့ဝင်များက သဘောတူညီမှု ရှိ မရှိကို ပြောဆိုခြင်း မရှိပေ။ ဤစဉ်းစားချက် အတိုင်းဆိုလျှင် NMSP သည် KNPP ကိုသာ အဓိက ဆွေးနွေး ညှိနှိုင်းရမည်ဖြစ်ပြီး လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ရခိုင် အမျိုးသား ကောင်စီ (ANC) မှာမူ ညှိနှိုင်းရန် ခဲယဉ်းလှမည် မဟုတ်ဟု ခန့်မှန်း ရသည်။ LDU နှင့် ANC သည် သမ္မတ ဟောင်း ဦးသိန်းစိန် လက်ထက်က NCA ထိုးခွင့် မပေးခြင်းမှ ယခုအစိုးရက လက်မှတ် ထိုးရန် လမ်းဖွင့် ပေးထားသည့် အတွက် NCA လက်မှတ် ထိုးနိုင်မည့် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ရေးက ပိုမို အခွင့် သာနေနိုင်သည်။ KNPP ကမူ လက်နက်ကိုင် အင်အား ၆၀၀ ကျော် ရှိသည့်အပြင် လှုပ်ရှားနယ်မြေ ရှိခြင်း၊ လက်နက် တပ်ဆင်မှု ရှိခြင်း၊ နောက်ခံ ထောက်ပံ့ပေးသော အဖွဲ့များရှိနေခြင်း၊ NCA ထိုးရန် ယုံကြည်မှု နည်းပြီး သံသယဝင်နေခြင်း စသည့် အခြေ အနေ များကြောင့် NMSP သည် KNPP ကိုသာ အဓိကထား ဆွေးနွေးရမည် ဖြစ်သည်။ ထို့ကြောင့် NMSP ဦးဆောင်သော UNFC က KNPP ပါဝင်လာနိုင်ရေးနှင့် ယုံကြည်မှု နည်းနေခြင်းအပေါ် အာမခံချက် ပေးနိုင်ရေး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတာ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့အား တွေ့ဆုံ၍ တိုက်ရိုက် ဆွေးနွေး ဆုံးဖြတ်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။ သို့သော်လည်း ယနေ့ အချိန်ထိ UNFC ခေါင်းဆောင်များနှင့် အစိုးရ ထိပ်ပိုင်း ခေါင်းဆောင် ၂ ဦးတို့ တွေ့ဆုံ နိုင်ရေး မဖြစ်မြောက်သေးသည့် အခြေအနေတွင် KNPP တပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦး ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် က သတ်ဖြတ် ခံရခြင်းကြောင့် KNPP အနေဖြင့် NCA ထိုးရေး ယုံကြည်မှု နည်းနေခြင်းကို ပို၍ ဆိုးရွား သွားစေခဲ့သည်။ “ကျနော်တို့ အဖွဲ့ထဲမှာလည်း ဆွေးနွေးတော့ ဆွေးနွေးကြပါတယ်။ ဒါပေမယ့် NCA ထိုးချင်လောက်အောင် ဘာမှ မတွေ့ ရ ဘူးပေါ့နော်။ မတွေ့ရတော့ ကျနော်တို့ ယုံကြည်မှု မရှိဘူး ဖြစ်နေတာပေါ့။ မထိုးဘူး ဆိုတာကို ထိုးချင်အောင် လုပ်ပေးရမယ့်အပြင် ပြောင်းပြန် အပျက်ပုံစံတွေ လုပ်ပြနေတယ်။ ဒီတော့ ကျနော်တို့ ရဲဘော် တွေကို ပြောရဆိုရ ဝေးသွားတာပေါ့”ဟု KNPP မှ အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောသည်။ KNPP သည် NCA လက်မှတ်ထိုးနိုင်ရေး UNFC အနေဖြင့် စေ့စပ် ညှိနှိုင်းနေသည့် အချိန်တွင် ဒီဇင်ဘာ ၂၀ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့ ပါလောင်း ကျေးရွာနှင့် ဒေါတခြား ကျေးရွာကြား ၇ မိုင်ရှိ KNPP ၏ ယာယီ စစ်ဆေး ရေး ဂိတ်တခုကို လွိုင်ကော် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)လက်အောက်ခံ တပ်မှ ဝင်ရောက် စီးနင်းကာ အရပ် သား ၁ ဦးနှင့် ရဲဘော် ၃ ဦးကို သတ်ဖြတ်ခဲ့သည်။ ထိုဖြစ်စဉ်သည် NCA ထိုးရန် မယုံကြည် ဖြစ်နေသော KNPP ကို ပိုမိုသော သံယသများ ဝင်ရောက်လာရေး အတွက် တွန်းအား ပေးသကဲ့သို့ ဖြစ်သွားကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် ရိုက်ခတ်လာခဲ့သည်။ ထိုသို့ ဖြစ်နေခြင်းကို အစိုးရဘက်က ကြားဝင် စေ့စပ် ညှိနှိုင်းပေးနိုင်မှု မရှိခြင်းကလည်း KNPP အတွက် သံသယ စိတ် များ က တစထက် တစကြီးထွား လာစေနိုင်ပါသည်။ သို့သော် UNFC က ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို တွေ့ဆုံခွင့် တောင်းထားရာ ထိုတွေ့ဆုံမှု အထမြောက်ပါက KNPP အနေဖြင့် NCA ထိုးရေး လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေး ချိတ်ဆက် နေ သည်ဟု KNPP မှ အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ဆိုသည်။ KNPP သည် NCA မထိုးဘဲ ဆက်လက် ရပ်တည်မည့် အခြေအနေ ရှိနေသော်လည်း NMSP ကမူ NCA ထိုးရန် အလွန် နီးကပ်နေပြီ ဖြစ်ကြောင်း NMSP ၏ အတွင်း သတင်းများအရ သိရသည်။ သို့သော် နိုင်ငံရေးသည် အချိန်မရွေး အခင်းအကျင်းများ ပြောင်းလဲ တတ်သောကြောင့် NMSP အနေနဲ့ NCA ထိုးရန် အလွန် နီးကပ်နေသည့်တိုင် အစိုးရဘက်က မစွမ်းဆောင်နိုင်လျှင် မထိုးဘဲလည်း ဖြစ်သွား နိုင်သေးသည်။ NMSP မထိုးဘဲ ဆက်လက် ရပ်တည်နေမည်ဆိုလျှင်လည်း စစ်ရေး၊ နိုင်ငံရေးကို ထိန်းညှိရန် လိုအပ်ပေမည်။ NMSP နယ်မြေ အခြေအနေမှာ တဖက်တွင် ထိုင်းနိုင်ငံတည်ရှိနေပြီး အခြားတဖက်တွင် ကရင် အမျိုးသား အစည်း အရုံး (KNU) တပ်မဟာ ၂ ခုကြား ရောက်ရှိနေခြင်းကြောင့် လှုပ်ရှားရ ကျပ်တည်းသည့် အခြေအနေ ရှိသည်။ အလားတူ အထောက်အပံ့များ ရယူရန် မဖြစ်နိုင်ကြောင်း၊ KNU တပ်များနှင့် နယ်မြေ အငြင်းပွားမှု တချို့ ရှိထား ကြောင်း၊ အထောက်အပံ့ မရှိပါက တိုက်ပွဲဖြစ်လာလျှင် အထိနာသွားနိုင်ကြောင်း စသည့် အခြေအနေများ အပေါ် စဉ်းစား သုံးသပ်ရန် လိုအပ်ပါသည်။ ၁၉၉၄ ခုနှစ်က ကချင် လွတ်လပ်ရေး တပ်မတော် (KIA)သည် တိုင်းရင်းသား တပ်ပေါင်းစုအတွင်း မည်သို့မှ အသိ မပေးဘဲ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ဖူးသော သာဓကများ လည်း ရှိသည်။ UNFC ၏ NCA လက်မှတ် ထိုးနိုင်ရေးချဉ်းကပ်မှု စိတ်ဝင်စားစရာ ကောင်းနေသည့် အချိန်မှာပဲ NMSP သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၇ ရက်အထိ မွန်ပြည်နယ် ရေးချောင်းဖျားရှိ ဗဟိုဌာနချုပ်တွင် ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး တရပ်ကို ကျင်းပခဲ့ပြီး NCA ထိုးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။ ဤအစည်းအဝေးတွင် NMSP အနေဖြင့် NCA လက်မှတ်ထိုးရန် ဆုံးဖြတ်ချက် တချို့ ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ထို့နောက် NMSP အပစ်ရပ်စဲရေး NCA ထိုးနိုင်ရေးအတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က PC အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ နိပွန် ဖောင်ဒေးရှင်း ဥက္ကဌ နှင့် NMSP မှ ဥက္ကဌ နိုင်ထောမွန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် လယီကောင်း၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ် ကျော်ယဲ့၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်ဗညားလေးတို့ ရေးမြို့ အနီး ပုပ္ဖဝတီ သာသနာပြု နယ်မြေ ကိုရင်လေး ကျောင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသော အမည်မဖော်လိုသူ တဦးက”NMSP က NCA ထိုးဖို့ ၉၅ ရာခိုင် နှုန်း သေချာနေပြီ။ ဒါပေမယ့် ၅ ရာခိုင်နှုန်းကလည်း တမျိုးပြောင်းသွားနိုင်တယ်။ ဒါကိုအစိုးရက ကိုင်တွယ်တတ်ဖို့ လို မယ်။ ဒါပေမယ့် သူက တပ်ပေါင်းစု ဖြစ်တဲ့အတွက် KNPP ကို ညှိနေရတယ်။ သူက မြောက်ပိုင်းက အထောက်အပံ့ တွေ ရတယ်။ ဒီတော့ KNPP က နည်းနည်း တင်းခံလို့ ရသေးတယ်”ဟု ပြောသည်။ NMSP လက်မှတ်ထိုးပါက LDU နှင့် ANC တို့လည်း လက်မှတ် ထိုးလာနိုင်ခြေရှိပြီး KNPP ကမူ မည်သို့ ဆုံးဖြတ် မည်ကို မသိရသေးပေ။ အကယ်၍ NMSP နှင့်အတူတူ LDU ၊ ANC တို့ NCA လက်မှတ်ထိုးလာပါက KNPP တဖွဲ့တည်းသာ ကျန်ခဲ့ရတော့မည်။ ဤသို့ဆိုလျှင် KNPP သည် တဖွဲ့တည်း ကျန်ခဲ့မည်လား သို့မဟုတ် တပ်ပေါင်းစု အဖွဲ့ဝင်များနည်းတူ လက်မှတ် ရေးထိုး မည်လား သို့မဟုတ် မြောက်ပိုင်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) နှင့် သွားရောက် ပူးပေါင်းမည်လား စသည့် အခြေအနေကလည်း စိတ်ဝင်စားစရာ ကောင်းလှပါသည်။ ထိုအခြေအနေများကို ခြုံငုံကြည့်ပါက UNFC သည် NCA လက်မှတ်ထိုးရန် လက်တကမ်း အလိုသို့ ရောက်ရှိနေပြီး အစိုးရ နှင့် တပ်မတော်ဘက်က အမိအရ ဖမ်းဆုပ်ရန်သာ လိုတော့သည်။ အစိုးရသည် ကြားခံစေ့စပ် ညှိနှိုင်းသူ တနည်းအားဖြင့် ရင်ကြားစေ့ပေးသူ ဖြစ်သည့်အတွက် တပ်မတော်နှင့် UNFC ကြား ပိတ်ဆို့နေသော အခြေအနေကို နည်းလမ်းတခု စဉ်းစား၍ ဖြေရှင်းပေးသင့်သည်ဟု ယူဆမိပါသည်။ ။ The post UNFC အပစ်ရပ်စာချုပ် ချုပ်နိုင်မှာလား appeared first on ဧရာဝတီ.
Source : http://ift.tt/2BUUvu9
via IFTTT
Source : http://ift.tt/2BUUvu9
via IFTTT
SMEs လုပ်ငန်းများကို ချေးငွေထုတ်ပေးမည့် အဖွဲ့များ ဖွဲ့စည်းမည် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဖြစ်သည့် အသေးစားနှင့် အလတ်စား (SMEs) လုပ်ငန်းများကို ချေးငေ့ွထုတ်ပေး မည့် အဖွဲ့ ၃ ခုကို လာမည့်လဇန်နဝါရီလဆန်းပိုင်းအတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းသိရသည်။ ယနေ့ ကုန်သည်စက်မှုအသင်းချုပ် UMFCCI တွင်ပြုလုပ်သော ၁၃ ကြိမ်မြောက် နိုင်ငံတော် ဒုသမ္မတ ၁ နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော် ဒုသမ္မတ ၁ ဦးမြင့်ဆွေက “ကျနော်တို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရဖို့နဲ့ တိုင်းပြည်စီးပွားရေး တိုးတက်ဖို့ SME လုပ်ငန်းတွေကို အများကြီး မျှော်လင့်ပါတယ်။ အထူးသဖြင့် ငွေကြေးလုပ်ငန်းတွေ ရဖို့ အတွက် ကျနော်တို့လည်း ဒါကို ဖွဲ့ရမယ့် ကိစ္စ ရပ်တွေမှာ ၁ ပတ်၊ ၂ ပတ်အတွင်း SMEs အေဂျင်စီအဖွဲ့၊ ရံပုံငွေ စီမံခန့်ခွဲရေး အဖွဲ့ နဲ့ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေး အဖွဲ့ အဓိက ဒီအဖွဲ့ ၃ ခုကိုဖွဲ့စည်းမှာဖြစ်တယ်”ဟု ပြောကြားသည်။ ယင်းအဖွဲ့ ၃ ခုကို အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မ တီ၏ သဘောတူညီချက်နှင့် ဖွဲ့စည်းမည် ဖြစ်ရာ ဥပဒေတွင်ပါဝင်သော အဖွဲ့သို့ ရက်ပိုင်းအတွင်း တင်ပြသွားမည်ဖြစ်ပြီး ဗဟို ကော်မတီ အတွင်းရေးမှူး နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆောင်၍ အဖွဲ့ ၃ ခုကို အမြန်ဆုံးထုတ်ပြန် ပေးမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အသေးစားနှင့် အလတ်စား လုပ်ငန်း များမှာ ၉၉ ရာခိုင်နှုန်း ပါဝင်သည်။ SME လုပ်ငန်းများအပါအဝင် အခြားသော ပုဂ္ဂလိက လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အချိန်နှင့်တပြေးညီ တိုးတက်စေရန်အတွက် နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုဆောင်ရွက်သွားမည် လည်း ဖြစ်ကြောင်း သိရသည်။ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ” ဒီအဖွဲ့ရဲ့ အဓိက တာဝန် ကတော့ အရေးကြီးဆုံးဖြစ်တဲ့ ရံပုံငွေအဖွဲ့ကို စီမံကိန်း နဲ့ ဘဏ္ဍရေးဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပါတယ်။ အေဂျင်စီတေ ွမှာတော့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီးတော့ အဖွဲ့ဝင် ၁၈ ဦးနဲ့ ဖွဲ့ပြီး လုပ်ငန်းတွေ အကောင်အထည် ဖော်မှာ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။ သို့ဖြစ်ရာ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများကို မကြာမီ အမိန့်ကြေငြာစာထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် စီးပွားရေးဆိုင်ရာ ကဏ္ဍအလိုက် ဆက်လက်ပြီး လုပ်ဆောင်သွားမည့် အပိုင်းများ အများကြီးရှိရာ အသေးစားနှင့် အလတ်စား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီများကို နေပြည်တော်တိုင်းဒေသကြီးမှ ခရိုင်အဆင့် အလိုက် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။ The post SMEs လုပ်ငန်းများကို ချေးငွေထုတ်ပေးမည့် အဖွဲ့များ ဖွဲ့စည်းမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2EgpL8H
via IFTTT
Source : http://ift.tt/2EgpL8H
via IFTTT
7Day News Journal
ဆန္ဒပြ ပြည်သူများအပေါ် ကိုင်တွယ်ပုံကို တစ်ကမ္ဘာလုံး စောင့်ကြည့်နေဟု အီရန်ကို အမေရိကန် သတိပေး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများအပေါ် အီရန်က မည်သို့မည်ပုံ တုံ့ပြန် ကိုင်တွယ်မည် ဆိုခြင်းကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြောင်း အမေရိကန်က သတိပေး ပြောကြားလိုက်သည်။ အီရန်ရှိ ကာမန်ရှား၊ ရက်ရှတ်၊ အစ္စဖာဟန်၊ ကုမ်တို့ အပါအဝင် မြို့ကြီးများတွင် လူပေါင်း ထောင်သောင်းချီ စုရုံးကာ အစိုးရကို ဆန့်ကျင် ဆန္ဒပြခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်တွင် မြို့တော် တဟီရန်ထိ ပျံ့နှံ့လာသည်။ တဟီရန်တွင် ရဲတပ်ဖွဲ့က လုံခြုံရေး အင်အားကို ထူထပ်စွာ ချထားသဖြင့် ဆန္ဒပြမှုများ ရုတ်တရက် အရှိန်မြင့်မလာသေးချေ။ အီရန် ပြည်သူများက အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနှင့် အစိုးရအပေါ် အခြားသော မကျေနပ်မှုများအတွက် ဆန္ဒပြကြခြင်း ဖြစ်သည်။ ယခုဖြစ်ရပ်သည် ၂၀၀၉ ခုနှစ်က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို တောင်းဆိုမှုအပြီး အီရန်တွင် အကြီးမားဆုံး ဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်းဟုလည်း ဆိုနိုင်သည်။ အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဆာရာဟက္ကာဘီး ဆန်းဒါးစ်က “အီရန် အစိုးရဟာ ပြည်သူတွေရဲ့ အခွင့်အရေးကို လေးစားမှု ထားသင့်ပါတယ်။ ဒါဟာ ပြည်သူတွေက ကိုယ့်အခွင့်အရေးကိုယ် ဖော်ထုတ် တောင်းဆိုတာပါ။ တစ်ကမ္ဘာလုံးကလည်း စောင့်ကြည့်နေပါတယ်”ဟု ပြောကြားခဲ့သည်။ အဆိုပါ စကားကိုပင် နောက်ပိုင်း၌ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၏ Twitter စာမျက်နှာပေါ်တွင်လည်း ဖော်ပြထားသည်ကို တွေ့ရသည်။ အီရန်ပြည်သူများ အနေဖြင့် ၎င်းတို့၏ အခြေခံ အခွင့်အရေးများကို အသိအမှတ် ပြုရန်နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ပေးရန် တောင်းဆိုနေခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာက အဆိုပါ လှုပ်ရှားမှုကို စုပေါင်း ထောက်ခံကူညီစေလိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း သီးခြား ထုတ်ပြန်ခဲ့သည်။ အီရန် အစိုးရ၏ ဒုတိယ သမ္မတ-၁ ဖြစ်သူ အီရှက် ဂျာဟန်ဂီရီကမူ အတိုက်အခံ အင်အားစုများသည် ယခုဆန္ဒပြမှုများ၏ နောက်ကွယ်မှ သွေးထိုးပေးနေကြောင်း စွပ်စွဲ ပြောကြားခဲ့သည်။ ၎င်းက “ဒီနေ့ အီရန်မှာ ဖြစ်ပွားနေတဲ့ အခြေအနေ တချို့ဟာ ပုံမှန် ဆိုရင်တော့ စီးပွားရေး ပြဿနာတွေကို အခြေတည်သလိုပါပဲ။ ဒါပေမဲ့ နောက်ကွယ်မှာ တခြား အကြောင်းတရားတွေ ရှိပါတယ်။ အဲဒီလို လုပ်နေသူတွေကလည်း သူတို့ကြောင့် အစိုးရကို ထိခိုက်စေမယ်လို့ ယုံကြည်နေကြတယ်။ ဒါပေမဲ့ အခြေအနေတွေက ပုံမှန် ပြန်ဖြစ်သွားမှာပါ”ဟု ဆိုသည်။ အီရန် အစိုးရ မီဒီယာများကမူ ကာမန်ရှားတွင် ဖြစ်ပွားသော ဆန္ဒပြမှုများအတွင်း အများပြည်သူပိုင် ပစ္စည်းများပါ စည်းမဲ့ကမ်းမဲ့ ဖျက်ဆီးခဲ့ကြောင်း စွပ်စွဲ ဖော်ပြခဲ့သည်။ တဟီရန်တွင်မူ အုံနှင့်ကျင်းနှင့် စုရုံးဆန္ဒပြမှုများအပေါ် အစိုးရက ထိရောက်ပြင်းထန်စွာ တုံ့ပြန်မည်ဟု ခြိမ်းခြောက် သတိပေးထားသည်။ လတ်တလောတွင် ဆန္ဒပြမှုများသည် နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသများတွင် အဓိက အားကောင်းနေပြီး အကျင့်ပျက်မှု တိုက်ဖျက်ရေး၊ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရေးနှင့် ရဲတပ်ဖွဲ့၏ အင်အားသုံး ဖြိုခွင်းမှုများကို ပယ်ဖျက်ပေးရေး အစရှိသည်တို့ကို တောင်းဆိုနေကြောင်း သိရသည်။
Source : http://ift.tt/2CcNkSo
via IFTTT
Source : http://ift.tt/2CcNkSo
via IFTTT
ထိုင်းဝက် မှောင်ခိုသယ်သူများကို ထောင်ဒဏ် တနှစ် အမိန့်ချ ထိုင်းဝက်များ တရားမဝင် သယ်ဆောင်မှုဖြင့် အဖမ်းခံထားရသူ လေးဦးကို မော်လမြိုင်မြို့နယ် တရားရုံးက ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ထောင်ဒဏ် ၁ နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း မွန်ပြည်နယ် မော်လမြိုင်ခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဒေါက်တာ တင်ဌေးက ပြောသည်။ ဝက်မှောင်ခိုသယ်သူ ဦးဆန်းဝင်း၊ ကိုသီဟနှင့် ဦးဝင်းမောင် အပါဝင် လေးဦးကို မြိုင်သာယာ နယ်မြေရဲစခန်းနှင့် ဒိုင်းဝန်ကွင်း နယ်မြေ ရဲစခန်း တို့တွင် ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့်ကနဦးအမှုဖွင့်ခဲ့ပြီးနောက် မော်လမြိုင် မြို့နယ်တရားရုံးတွင် တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ သိမ်းဆည်းရမိသော ဝက်များနှင့် ဝက်တင် ကုန်တင်ယာဉ်များကို ပြည်သူပိုင် သိမ်းဆည်း ခဲ့ကြောင်း မွန်ပြည်နယ် မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် အတွင်းရေးမှူး ကိုညိုမင်းက ရှင်းပြသည်။ “ ဝက်ကားတွေ ဖြတ်လာတာက အခု ဒီရက်ပိုင်း အတွင်းမှာပေါ့၊ ဖြတ်သန်းမှုတွေ တအားများလာတယ်ဆိုတာကို သတင်းရတယ်၊ တံတားထိပ်မှာ ထွက်စောင့်တယ်၊ တံတား ထိပ်မှာ ဗိုလ်ကြီးတယောက်ကို အကူအညီတောင်းပြီးတော့ တားဆီးခဲ့တယ်၊ သွားတွေ့တဲ့အခါမှာ လက်နက်ကိုင်အဖွဲ့ထဲက တာဝန်ခံပြီးသယ်လာတဲ့ ကားတွေ ဖြစ်လာတာကို သိလာရတာပေါ့”ဟု ၎င်းက ရှင်းပြသည်။ ထိုင်းဝက်အကောင်ရေ ၇၀ ပါသည့် ကုန်တင်ယာဉ်တစီးကို ဒေသခံများ၏ သတင်းပေးတိုင်ကြားမှုကြောင့် ဒီဇင်ဘာ ၂၃ ရက်နေ့က မော်လမြိုင်မြို့ အတ္တရံ တံတား ထိပ်တွင် ဖမ်းဆီးရမိခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း မိတ္ထီလာမြို့သို့ ထိုင်းဝက်များ သယ်ဆောင်လာသော ဝက်အကောင်ရေ ၁၁၆ ကောင်ပါသည့် ကုန်တင်ယာဉ်နှစ်စီးကို မုတ္တမ-မော်လမြိုင် သံလွင်တံတားတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် ဝက်သား တပိသာလျှင် အမြင့်ဆုံးဈေး ၃၃၀၀ ကျပ်ဖြင့်သာ ဝယ်ယူရသော်လည်း ပြည်တွင်း မွေးမြူရေး ဝက်ခြံများတွင် ဝက်များဝယ်ပါက တပိသာလျှင် အနိမ့်ဆုံး ၄၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၅၀၀ ကျပ်အထိ ပေးဝယ်ရကြောင်း ထိုင်းဝက်များ သယ်ဆောင်လာ၍ အဖမ်းခံခဲ့ရသူ ဦးဆန်းဝင်းက ပြောသည်။ “အရင်ကဆိုရင် တနှစ်ကို တကြိမ်လောက်ပဲ ဝက်ရဲ့ကျန်းမာရေး ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်၊ အခုဆိုရင် နှစ်လုံးပေါက် ဝက်တွေ ရောဂါကျရောက်တယ်၊ ဝက်ငယ်မှာရော၊ ဝက်ကြီးမှာရော၊ နောက်တခုက ဈေးကွက် အနေနဲ့ ပြောမယ်ဆိုရင် အခု ရောင်းမယ့်ရက်ရောက်တဲ့ ဝက်တွေကို ဝက်ဒိုင်တွေက လာမဝယ်ဘဲ သူတို့ အစာခံကျွေးနေရတာတွေ အခက်အခဲတွေ ဖြစ်လာတယ်”ဟု မှောင်ခိုဝက်များကြောင့် ဝက်မွေးမြူရေး သမားများ၏ အခက်အခဲကို ကိုညိုမင်းက ရှင်းပြသည်။ The post ထိုင်းဝက် မှောင်ခိုသယ်သူများကို ထောင်ဒဏ် တနှစ် အမိန့်ချ appeared first on ဧရာဝတီ.
Source : http://ift.tt/2llbhN1
via IFTTT
Source : http://ift.tt/2llbhN1
via IFTTT
အမြန်လမ်းတွင် ကားမီးလောင်ပြီး ရှစ်လောင်းပြိုင်သေဆုံးမှု ယာဉ်မောင်းကို ပုဒ်မသုံးခုဖြင့် စွဲချက်တင် 30 December 2017 ရန်ကုန်-မန္တလေးအမြန် လမ်းတွင် ယခုနှစ်ဆန်းက ဖြစ်ပွားခဲ့သည့် ဟိုက်အေ့စ်ယာဉ်မီး လောင်ပြီး ရှစ်လောင်းပြိုင်သေ ဆုံးမှု၌ တရားစွဲဆိုခံထားရသူ အောင်ခန့်ကို ဒီဇင်ဘာ ၂၉ ရက် က ရာဇသတ်ကြီးပုဒ်မသုံးခုဖြင့် စွဲချက်တင်အမိန့်ချမှတ်ခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ ရုံးချိန်း ၃၄ ချိန်းစစ်ဆေးပြီးနောက် ဒီဇင်ဘာ ၂၉ ရက်ကအောင်ခန့်ကို အပြစ်ရှိပါသလားဟု မြို့နယ်တရားသူကြီးမှ မေးမြန်းရာ အောင်ခန့်က ဝန်ခံထွက်ဆိုခဲ့သည်။ ‘‘အမှုကိုတော့ လာမယ့်ဇန် နဝါရီ ၅ ရက်မှာ ဆက်ပြီးစစ်ဆေး မယ်။ နှစ်ဖက်ရှေ့နေတွေက တင် ပြစရာတွေမရှိတော့ရင်တော့ အ မိန့်ချဖို့ နီးသွားမှာပါ။ ၅ ရက်နေ့ ဘာတွေထပ်စစ်ဆေးမယ်ဆိုတာ တော့ မသိသေးပါဘူး’’ဟု လှည်း ကူးမြို့နယ်တရားရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ ပေါ့လျော့မှုကြောင့် လူသေ မှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ မီးပေါ့ဆမှုပုဒ်မ ၂၈၅၊ ယာဉ်မ ဆင်မခြင်မောင်းနှင်မှုပုဒ်မ ၂၇၉ တို့ဖြင့် စွဲချက်တင်ရန် ဒီဇင်ဘာ ၁၅ ရက်တွင် တရားလိုရှေ့နေက လျှောက်ထားပြီးနောက် မြို့နယ်တရားသူကြီးက စွဲချက်တင်အမိန့်ချမှတ်ခဲ့သည်။ အမိန့်ချသည့်နေ့တွင် အမှု နှင့်ပတ်သက်သည် မိသားစုဝင် အချို့လာရောက်နားထောင်ခဲ့ပြီး နောက် အမျိုးသမီးအချို့ငိုနေသ ဖြင့် အတူပါလာသူများကို အိမ် ပြန်ခေါ်သွားရန် တရားရုံးတွင်တာ ဝန်ထမ်းဆောင်နေသည့်ရဲဝန် ထမ်းများက ပြောဆိုခဲ့သည်။ ‘‘တရားခံဘက်က ရှေ့နေက တရားလိုရှေ့နေအပါအဝင် နောက်ထပ်လေးယောက်ကိုစစ် ဆေးခွင့်တောင်းတယ်။ အမှုနဲ့ ပတ်သက်လို့တော့ အမှန်တရား အတိုင်းစီမံဆောင်ရွက်သွားမယ်။ တရားလိုဘက်ကလည်း ဘယ်သူ မှလာရောက်ပြောဆိုတာမရှိပါ ဘူး’’ ဟု လှည်းကူးမြို့နယ်တရား သူကြီးကပြောသည်။ ပုဂံ၌ ဘုရားဖူးပြီးအမြန်လမ်း အတိုင်းနေပြည်တော်ဘက်မှ ရန် ကုန်မြို့သို့ မောင်းနှင်လာသည့် ဟိုက်အေ့စ်ကိုယ်ပိုင်ယာဉ်သည် ယခုနှစ် ဇန်နဝါရီ ၂၁ ရက်နံနက် ၈ နာရီခန့်က မိုင်တိုင်အမှတ် ၄မိုင် ၂ ဖာလုံအရောက်တွင် လမ်းလယ်ရှိအလူမီနီယံပေါင်ကို တိုက်မိရာမှ မီးလောင်ကျွမ်းပြီး အမျိုးသမီးခုနစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ ယာဉ်မောင်းအောင်ခန့်ဇွဲမြန်မာ (ခ)အောင်ခန့်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄-(က) အရ ဖေဖော်ဝါရီ ၂၀ ရက်တွင် လှည်းကူးမြို့နယ် တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ သည်။ အမြန်လမ်းတွင် ဘုရားဖူးပြန်လာသော ယာဉ်မီးလောင်သဖြင့် လူရှစ်ဦးသေဆုံးခဲ့သည့်အမှုကို စီအိုင်ဒီက လွှဲပြောင်းစစ် ဆေးခဲ့သည်။ ယာဉ်မီးလောင်မှုကြောင့် အမျိုးသမီးခုနစ်ဦး၊ အမျိုးသား တစ်ဦးသေဆုံးပြီး အသက်ရှင် လွတ်မြောက်ခဲ့သည့်အောင်ခန့် သည် အခင်းဖြစ်ပွားစဉ်က ၎င်းကိုယ်တိုင် ယာဉ်မောင်းနှင်ခဲ့ကြောင်း ဇန်နဝါရီ ၂၃ ရက်တွင်ဝန်ခံထွက်ဆိုသည်။ ၂၀၁၇ ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီခွဲခန့်က ယာဉ်မတော်တဆမှုဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့ပြီး ၉ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့သည်။ ယင်းအမှုတွင် မီးလောင် သေဆုံးသူများသည် လှုပ်ရှားရုန်း ကန်မှုမရှိဘဲ ငြိမ်သက်စွာသေဆုံး ခဲ့သည့်ပုံစံရှိသည်ဟု သုံးသပ် ချက်များရှိခဲ့ပြီး လူအများအပြား စိတ်ဝင်စားမှုမြင့်မားသော အမှု ဖြစ်ခဲ့သည်။
Source : http://ift.tt/2CqEQ7d
via IFTTT
Source : http://ift.tt/2CqEQ7d
via IFTTT
ဘီလီယံနာစာရင်း ဝင်လာတော့မယ့် ဘက်ခမ်းတို့ ဇနီးမောင်နှံ နာမည်ကျော် အင်္ဂလန် ဘောလုံးသမား ဒေဗစ် ဘက်ခမ်းတို့ ဇနီးမောင်းနှံကတော့ လက်ရှိ ကမ္ဘာမှာ အချမ်းသာဆုံး အားကစားသမား စုံတွဲလို့ ဆိုရမှာပါ။ သိရသလောက်တော့ ဘက်ခမ်းက ဘောလုံးသမားဘဝကနေ အနားယူပြီး နောက်ပိုင်း Beckham Brand Holdings ကို လုပ်ကိုင်နေပြီး အဆိုပါ လုပ်ငန်းကနေလည်း အောင်မြင်မှုတွေ ရနေသလို ပြီးခဲ့တဲ့ ၂နှစ် အတွင်းမှာတင် သူ့ရဲ့ လုပ်ငန်းက အမြတ်ငွေ စတာလင်ပေါင် ၂၈ ဒသမ ၉၅ သန်းလောက်ထိ ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လုပ်ငန်းကို အဓိက ဦးစီး လုပ်ကိုင်နေသူတွေနဲ့ ပိုင်ဆိုင်သူတွေကတော့ ဘက်ခမ်းရယ်၊ သူ့ ဇနီးသည် ဗစ်တိုးရီးယားနဲ့ ယခင် ဗစ်တိုးရီးယားရဲ့ မန်နေဂျာ တာဝန်ယူခဲ့သူ Simon Fuller တို့ ဖြစ်တယ် လို့ ဆိုပါတယ်။ Beckham Brand လုပ်ငန်းထဲမှာ Victoria အမည်နဲ့ ဖက်ရှင်လုပ်ငန်းတွေရော ဘက်ခမ်းရဲ့ ပုံရိပ် အသုံးပြုပြီး ကြော်ငြာ ထုတ်လုပ်နေတဲ့ မော်တော်ယာဉ် လုပ်ငန်းတွေပါ အားလုံး ပါရှိတယ် လို့ သိရပါတယ်။ ဘက်ခမ်းရဲ့ လုပ်ငန်းက ၂၀၁၆ ခုနှစ် အတွင်းမှာ စတာလင်ပေါင် ၁၀ ဒသမ ၂ သန်းနဲ့ အခု ၂၀၁၇ အတွင်းမှာ ၁၈ ဒသမ ၇၅ သန်းထိ အမြတ်ငွေ ကျန်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဘက်ခမ်းရဲ့ ပြောရေးဆိုခွင့် ရှိသူကတော့ အခု အမြတ်ငွေတွေကို ၃ ချိုး၊ အညီအမျှ ခွဲဝေပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပြောပါတယ်။ စုစုပေါင်း အမြတ်ငွေက ၂၈ ဒသမ ၉၅ သန်းထဲကနေ ဇနီးမောင်နှံ ၂ ယောက်စာ၊ အမြတ်ငွေ ပေါင် ၁၉ ဒသမ ၃ သန်းကို ပြီးခဲ့တဲ့ ၂ နှစ် အတွင်း ဝင်ငွေ အသားတင် ရရှိခဲ့ကြတာပါ။ ဒါဟာ တလကို ပေါင် ၄ သိန်းလောက်ထိ တဦးချင်း ဝင်ငွေ ရှိနေစေတဲ့ သဘောပါ။ Beckham Brand လုပ်ငန်းဟာ အရင်နှစ်က စုစုပေါင်း ဝင်ငွေ ၄၇ ဒသမ ၅၂ သန်းထိအောင် ရှိခဲ့ပြီး အသားတင် အမြတ် ကျန်ငွေ ၁၆ ဒသမ ၁၉ သန်းလောက်ထိ ရှိတယ်လို့လည်း စာရင်းတွေ အရ သိရပါတယ်။ အသုံးစရိတ်နဲ့ လုပ်ငန်းတွင်း ပြန်လည် ထည့်ဝင်မှုတွေကြောင့်သာ အမြတ်ကျန်နှုန်း လျော့နည်းမှု အနည်းငယ် ရှိခဲ့တာပါ။ ဒါဟာ ဘက်ခမ်းတို့ ပိုင်ဆိုင်တဲ့ လုပ်ငန်းတခုတည်းရဲ့ ဝင်ငွေ ဖြစ်ပြီး ဘက်ခမ်းရဲ့ ပုံရိပ်တွေကို အသုံးပြု ကြော်ငြာထုတ်လုပ်နေတဲ့ မိတ်ဖက် ကုမ္ပဏီတွေ ဖြစ်တဲ့ Diageo, LVS Group, AIA Vitality နဲ့ အခြား မိတ်ဆက်ကုမ္ပဏီတွေမှာလည်း အမြတ်ငွေ ၁ သန်းကနေ ၁၁ ဒသမ ၁၂ သန်းလောက်ထိ အသီးသီး အမြတ်အစွန်း ပိုခဲ့တယ် လို့ ဆိုပါတယ်။ ဒါဟာ ဘက်ခမ်းရဲ့ ပုံရိပ်ကို နိုင်ငံတကာမှာ အောင်မြင် လူကြိုက်များနေဆဲ ဆိုတာကို ပေါ်လွင်စေသလို Beckham Brand အနေနဲ့လည်း နောက်ထပ် နှစ်တွေ အထိအောင် ဘက်ခမ်းရဲ့ ပုံရိပ်ရောင်းချနိုင်မှု အားကောင်နေစေဖို့ ဖြစ်လာစေပါတယ်။ ဟောင်ကောင် အခြေစိုက် Global Brand Group ကဆိုရင် ဘက်ခမ်းရဲ့ ပုံရိပ်တွေကို ရယူအသုံးပြုမှုနဲ့ အမြတ်ကျန်နှုန်း ၂၄ ဒသမ ၉ သန်းလောက်ထိ ရှိတယ်လို့ ဆိုပါတယ်။ ဒီလိုပဲ ဗစ်တိုးရီးယားရဲ့ ဖက်ရှင်လုပ်ငန်း ကလည်း အရင်နှစ်က ဝင်ငွေ ၃၆ ဒသမ ၃ သန်း ရှိတယ် လို့ သိရပြီး၊ တကယ်ဆိုရင် အဆိုပါ ဝင်ငွေထဲကနေ အမြတ် အများအပြား ကျန်နိုင်ပေမယ့် နောက်ထပ် လုပ်ငန်း တိုးချဲ့မှု တခုကို ဗစ်တိုးရီးယား ဖက်ရှင် အနေနဲ့ လုပ်ကိုင်နေတယ် လို့ သိရပြီး အဆိုပါ ဝင်ငွေ အပြင် နောက်ထက် ပေါင် ၈ ဒသမ ၄ သန်းလောက်ပါ ရောနှော ထည့်ဝင် ရင်းနှီးထားတယ် လို့ သိရပါတယ်။ ဘယ်အပိုင်းမှာ ထည့်ဝင် တိုးချဲ့နေသလဲ ဆိုတာတော့ မသိရပါဘူး။ ၁၉၉၉ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြပြီး ကစားသမားဘ၀ မှာလည်း အောင်မြင်တယ်၊ ဇနီးသည် ဗစ်တိုးရီးယားကလည်း မော်ဒယ်ဘ၀ ကတည်းက ဝင်ငွေ ကောင်းခဲ့တယ်။ စီးပွားရေးနဲ့ ဖက်ရှင် လုပ်ငန်းတွေကို အတွဲညီညီ လုပ်ကိုင်နေပြီ ဖြစ်တဲ့ ဘက်ခမ်းတို့ နှစ်ယောက်ဟာ စာရင်းတွေ အရ ပြီးခဲ့တဲ့ ၂၀၁၆ နဲ့ ၂၀၁၇ အတွင်း အမြတ်ငွေ စတာလင်ပေါင် ၁၉ ဒသမ ၃ သန်း ရှိခဲ့ပါတယ်။ The Richest ရဲ့ ဖော်ပြချက် အရ ဆိုရင် သူတို့ နှစ်ယောက်ရဲ့ ချမ်းသာ ကြွယ်ဝမှုဟာ အမေရိကန် ဒေါ်လာ သန်း ၄၅၀ (စတာလင်ပေါင် ၃၃၆ ဒသမ ၇သန်း) လောက်ထိ ရှိပြီး မကြာခင်မှာ ဘီလီယံနာ စာရင်းဝင် လင်မယား အဖြစ် တွေ့လာရဖို့ ရှိနေပါတယ်။ Ref: http://ift.tt/eKERsB The post ဘီလီယံနာစာရင်း ဝင်လာတော့မယ့် ဘက်ခမ်းတို့ ဇနီးမောင်နှံ appeared first on ဧရာဝတီ.
Source : http://ift.tt/2lsSwWY
via IFTTT
Source : http://ift.tt/2lsSwWY
via IFTTT
တရုတ်- ပါကစ္စတန် စီးပွားရေး စင်္ကြန်တွင် အာဖဂန်ကိုပါ ထည့်သွင်းရန် စဉ်းစားနေ တရုတ်နှင့် ပါကစ္စတန်တို့သည် တရုတ်-အာရှ- ဥရောပနှင့် အခြားဒေသများကို ဆက်သွယ်မည့် ရပ်ဝန်း တခု လမ်းတခု အစီအစဉ်(One Belt One Road) တစိတ်တပိုင်းဖြစ်သည့် အမေရိကန် ဒေါ်လာ ၅၇ ဘီလျှံတန် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန်ကို အာဖဂန်နစ္စတန် အထိတိုးချဲ့ရန် စိတ်ဝင်စားနေ သည်။ ပြီးခဲ့သည့် အင်္ဂါနေ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၏ အထက်ပါ စီးပွားရေး စင်္ကြန်သည် ဒေသ တခုလုံးကို အကျိုးပြုပြီး ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားဖြစ်လာမည်ဟု မျှော်လင့်ကြောင့် ပထမဆုံး အကြိမ် တရုတ်၊ ပါကစ္စတန်နှင့် အာဖဂန် နိုင်ငံခြားရေးဝန်ကြီး များ ၃ ပွင့်ဆိုင်တွေ့ဆုံပွဲအပြီးတွင် ပြောသည်။ ၁၉၄၇ ခုနှစ်တွင် ပါကစ္စတန် လွတ်လပ်ရေးရသည်မှ စတင်ပြီး အဆင်မပြေဖြစ်နေသော ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် အကြားဆွေးနွေးပွဲများပေါ်ပေါက်လာရန် အားပေးကူညီသူအနေအထားရရန် ကြိုးစား နေသည်။ ပါကစ္စတန်သည် အာဖဂန်နစ္စတန်တွင် ၎င်း၏ ပြိုင်ဘက်ဟောင် အိန္ဒိယသြဇာကို ကန့်သတ်ထားနိုင် ရန် အမေရိကန် ကျောထောက် နောက်ခံပြု ကဘူးလ်အစိုးရကို တိုက်ခိုက်နေသော တာလီဘန်သူပုန် များကို ထောက်ခံအားပေးနေသည်ဟု အာဖဂန်ဘက်ကစွပ်စွဲသောကြောင့် နှစ်နိုင်ငံဆက်ဆံရေးသည် မကြာသေးမီနှစ်များအတွင်ဆိုးရွားသွားခဲ့သည်။ ပါကစ္စတန်က ထိုစွပ်စွဲချက်ကို ငြင်းပြီး ငြိမ်းချမ်းတည်ငြိမ်သော အာဖဂန်ကို မြင်လိုသည်ဟုဆိုသည်။ အာဖဂန်အနေဖြင့် လည်း ပြည်သူများ၏ ဘဝတိုးတက်အောင် လုပ်ဆောင်ပေးရန် အလျှင်အမြန် လိုအပ်နေပြီး ထိုအပြန်အလှန် ဆက်သွယ်ရေး စီမံကိန်းတွင် ပါဝင်ရန် စိတ်အားထက်သန်နေသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက သတင်းထောက်များကိုပြောသည်။ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နှစ်နိုင်ငံကလည်း ၎င်းတို့၏တင်းမာနေသော ဆက်ဆံရေးကို ပြင်ဆင် ရန် သဘောတူသည်ဟုလည်း ၎င်းကဆိုသည်။ “ဒါကြောင့် တရုတ်နဲ့ပါကစ္စတန်တို့ဟာ အားလုံး အကျိုးဖြစ်စေဖို့ အခြေခံနဲ့အပြန်အလှန်အကျိုးဖြစ် ထွန်းရေးမူတွေအရ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြန်ကို အာဖဂန်အထိတိုးချဲ့ဖို့ သင့်တော်တဲ့ နည်းလမ်းသုံးပြီး အာဖဂန်နစ္စကို ထည့်သွင်းစဉ်းစားလိုကြတယ်” ဟုလည်းသူကဆက်ပြောသည်။ ထိုသို့လုပ်ဆောင်ရန် အဆိုပါ ၃ နိုင်ငံတို့သည် တဖြည်းဖြည်း သဘောတူညီမှု ရယူကာ ပိုမိုသေးငယ် လွယ်ကူသော စီမံကိန်းများကို စတင်လုပ်ကိုင်ရမည်ဟုဆိုသော်လည်း အသေးစိတ်ပြောကြားခြင်း မရှိ ပေ။ အာဖဂန်နှင့် တရုတ်နိုင်ငံတို့သည် သံမဏိညီအကိုများဖြစ်သည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ခါဝါဂျာအဆစ်ကပြောသော်လည်း စီးပွားရေးစင်္ကြန်တွင် အာဖဂန်နစ္စတန်နိုင်ငံရေးကို တိုက်ရိုက် ပြောကြားခြင်းမရှိပေ။ “တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန်အောင်မြင်စွာအကောင်အထည်ဖေါ်နိုင်ခြင်းဟာ အာဖဂန်နစ္စ တန်၊ အီရန်နဲ့ ဗဟိုနဲ့အနောက်အာရှ အပါအဝင် အိမ်နီးချင်းတွေနဲ့ ကူးလူးဆက်ဆံ ပူးပေါင်းဆောင် ရွက်ရေးအတွက် နမူနာပုံစံဖြစ်လာပါမယ်” ဟု ၎င်းကပြောသည်။ ထိုစီမံကိန်းသည် ပါကစ္စတန် ထိန်းချုပ်သည့် ကက်ရှ်မီးယားကို ဖြတ်သန်းသောကြောင့် အိန္ဒိယနိုင်ငံက သံသယနေပြီး၊ ၎င်းဒေသကို အိန္ဒိယက သူ၏ ပိုင်နက်အဖြစ် သတ်မှတ်ထားသည်။ သို့သော် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်က ထိုစီမံကိန်းသည် ပိုင်နက်အငြင်းပွားမှုနှင့် မသက်ဆိုင်ဟုဆိုသည်။ တရုတ်အနေဖြင့် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့မှ စစ်သွေးကြွမှုများ မငြိမ်သက်သော တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသသို့ပြန့်နှံ့လာမည်ကို စိုးရိမ်သောကြောင့်၎င်းတို့ကိုညီညွတ်စေလိုသည်။ ထိုကြောင့် ၎င်းနှစ်နိုင်ငံလုံးတွင် အကြမ်းဖက်မှုများကိုကိုင်တွယ်ရန် ဆက်ဆံရေးကောင်းမွန်စေရန် တရုတ်က တွန်းအားပေးနေပြီး အာဖဂန်တာလီဘန် စစ်သွေးကြွများနှင့် ငြိမ်းချမ်းရေးကိုလည်း ကြားဝင်ဆောင်ရွက်သည်။ တရုတ်နိုင်ငံသည် အာဖဂန်အစိုးရနှင့် တာလီဘန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထောက်ခံကြောင်းနှင့်လိုအပ်သော အကူအညီများပေးမည်ဟု နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ကပြောသည်။ ရပ်ဝန်းတခု လမ်းတခု အခြေခံအဆောက်အအုံ စီမံကိန်းသည် တရုတ်နိုင်ငံကို အရှေ့တောင် အာရှနှင့် ဗဟိုအာရှသို့ ကုန်းလမ်းမှဆက်သွယ်ပြီး အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ ရေလမ်းမှ ဆက်သွယ်မည့် ခေတ်သစ် ပိုးလမ်းမကြီးတခုတည်ဆောက်ရန်ရည်ရွယ်သည်။ The post တရုတ်- ပါကစ္စတန် စီးပွားရေး စင်္ကြန်တွင် အာဖဂန်ကိုပါ ထည့်သွင်းရန် စဉ်းစားနေ appeared first on ဧရာဝတီ.
Source : http://ift.tt/2C9hcyW
via IFTTT
Source : http://ift.tt/2C9hcyW
via IFTTT
အနည်းဆုံး အခကြေးငွေ ၄၈၀၀ ကျပ်သတ် မှတ် အလုပ်သမား ၁၀ ဦးနှင့် အထက် ရှိသည့် လုပ်ငန်းများကို အနည်းဆုံးလုပ်ခလစာ တရက်ကို ၄၈၀၀ ကျပ် နှုန်း ပေးရန် ရွေးချယ် သတ်မှတ်လိုက်ကြောင်း သိရသည်။ အလုပ်သမား၊ လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ၊ ပြည်ထောင်စု ဝန်ကြီးဦးသိန်းဆွေက “အနိမ့်ဆုံး လုပ်ခလစာကို ၄၈၀၀ ကျပ် သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အနည်းဆုံး အလုပ်သမား အရေအတွက်က တော့ ဆယ်ဦးနဲ့ အထက်သတ်မှတ် လိုက်ပါ တယ်။ တိုင်းနဲ့ပြည်နယ်မခွဲခြားပဲနဲ့ တပြေးညီ သတ်မှတ်တာ ဖြစ်ပါတယ်။ အရင်က ၃၆၀၀ ဆိုတော့ ၁၂၀၀ လောက်တိုးသွားတဲ့ အနေအထား ဖြစ်ပါတယ်´´ ဟု ပြောသည်။ သတ်မှတ်နှုန်းထား သစ်ကို ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်မည့်သူ အဆိုပြုချက်များ မရှိပါက ပြည်ထောင်စု အစိုးရ အဖွဲ့ကို တင်ပြသွားပြီး၊ အဆိုပါ နှုန်းထား ၄၈၀၀ အား အတည်ပြု သွားမည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။ ဒီဇင်ဘာ ၂၉ ရက်နေ့က နေပြည်တော်ရှိ အလုပ်သမား၊ လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန တွင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးရာ အမျိုးသားကော်မတီ၏ လေးကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ ၄၈၀၀ ကျပ် နှုန်းထားကို သတ်မှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ စက်မှု လက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂ အဖွဲ့ချူပ် ဒုတိယဥက္ကဋ္ဌ ဦးနော်အောင်က “၄၈၀၀ သတ်မှတ်လိုက်တယ်။ အလုပ်သမားတွေ လိုချင်တဲ့ နှုန်းထား မဟုတ်ဘူးဆိုတာ ပြောချင်တာပေါ့။ အလုပ်သမားတွေက ၅၆၀၀ တောင်းကြတာလေ။ ဒါပေမယ့် အဆိုတင်သွင်း ဆွေးနွေးခဲ့တာ ရှိတယ်။ နှစ်တိုးကြေးကို ငါးရာခိုင်နှုန်း၊ လုပ်ခလစာရဲ့ ငါးရာခိုင်နှုန်းနဲ့ နှစ်တိုးကြေးတိုးပေးပါလို့ နောက်ပြီးတော့ နှစ်တိုးကြေးအပြင် ကျွမ်းကျင်ကြေး ကိုလည်း ထည့်ပေးရမယ်လို့ တောင်းဆိုခဲ့ပါတယ်။” ဟုဆိုသည်။ အဆိုပါ အစည်းအဝေးတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရကိုယ်စားလှယ်၊ ကျွမ်းကျင် ပညာရှင်များ၊ အလုပ်ရှင်၊ အလုပ် သမား အဖွဲ့ အစည်း ကိုယ်စားလှယ်များ၊ ILO နှင့် အနည်းဆုံး အခကြေးငွေ နှင့် အလုပ်သမား အခွင့် အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကော်မတီများမှ ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယခု သတ်မှတ် နှုန်းထားကို အလုပ်ရှင်ဘက်မှ ကန့်ကွက်ဆွေးနွေးခဲ့သလို၊ အလုပ်သမား ဘက်မှလည်း ယခင်တောင်းဆိုထားသည့် ၅၆၀၀ နှုန်း မရရှိသဖြင့် အကြေအလည် ညှိနှိုင်းဆွေးနွေးခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံ အထည်ချူပ်လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး၊ ကုန်ထုတ်လုပ်ငန်း ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်နွယ်က “ကျမတို့ရဲ့ ဝင်ငွေတခုက ဒီကုန်ထုတ်လုပ်မှု တခုနဲ့ ရပ်တည်နေတာ မဟုတ်ဘူးလေ၊ ဝင်ငွေက ကုန်ထုတ်လုပ်မှုက ရတာမှန်တယ်။ သို့သော် အသုံးစရိတ်မှာ အခြားစရိတ်တွေက အရမ်းကြီးများ သေးတယ်။ အဲဒီစရိတ်တွေက အမှန်တိုင်းပြောရင် ကုန်ထုတ်လုပ်ဖို့ ကဏ္ဍတခုထဲကျန်တဲ့ စရိတ်တွေများတာ မဖြေလျော့ ပေးနိုင်ဘူးဆိုရင် လုပ်ငန်းရှင်တွေဘက်က ရှင်သန်ဖို့ တော်တော်လေး ခက်ခဲမယ်လို့ တင်ပြခဲ့ပါတယ်။ လုပ်ငန်းရှင်ဘက်က ကန့်ကွက်ခဲ့ပါတယ်။ “ ဟု ပြောသည်။ လုပ်ငန်းရှင်များဘက်မှ ပြည်တွင်းထုတ်လုပ်မှုစရိတ် မြင့်မားကြောင်း၊ လျှပ်စစ်မီး အပြည့်အဝမရခြင်းကြောင့် ပြင်ပ စွမ်းအင် ဝယ်ယူ အသုံးပြုရခြင်းကြောင့် စရိတ် ပိုမိုမြှင့်တက်ကြောင်း၊ ဘဏ်တိုးနှုန်းကြီးမြင့် ကြောင်း၊ သယ်ယူ ပို့ဆောင်စရိတ် မြင့်တက်သဖြင့် ယခု သတ်မှတ်လိုက်သည့် ၄၈၀၀ နှုန်းထားကို အလုပ်ရှင်များနှင့် ရက်ပေါင်း ၆၀ အတွင်း ပြန်လည် တိုင်ပင်သွားမည်ဖြစ်ကြောင်း ကန့်ကွက်ဆွေးနွေးခဲ့သူ ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။ အနည်းဆုံး လုပ်ခလစာ နှုန်းထားကို ၂၀၁၅ စက်တင်ဘာ ၁ ရက်တွင် ပထမဆုံး အကြိမ် ဖြစ် သတ်မှတ် နိုင်ခဲ့ ပြီး၊ နေရာဒေသ နှင့် လုပ်ငန်း အမျိုးစား မခွဲခြားဘဲ၊ ၁ ရက်လျှင် အလုပ်ချိန် ၈ နာရီ အတွက် ကျပ် ၃၆၀၀ နှုန်း သတ်မှတ် ထုတ်ပြန်ခဲ့ပြီး၊ နှစ်နှစ် ကို ၁ကြိမ်ပြောင်းလဲ သတ်မှတ်ရမည့် ဥပဒေအရ ၄၈၀၀ ကျပ်နှုန်းကို ဒုတိယ အကြိမ် ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ The post အနည်းဆုံး အခကြေးငွေ ၄၈၀၀ ကျပ်သတ် မှတ် appeared first on ဧရာဝတီ.
Source : http://ift.tt/2DxPk3M
via IFTTT
Source : http://ift.tt/2DxPk3M
via IFTTT
ဗြိတိသျှ IS တိုက်ခိုက်ရေးသမားများ ၃၀၀ ခန့် တူရကီ၌ ခိုအောင်းနေ ဆီးရီးယားရှိ အစ္စလာမ္မစ်နိုင်ငံတော်(IS)တို့ အခိုင်အမာတပ်စွဲထားသောနေရာများမှ ဗြိတိသျှ ဂျီဟတ် ဝါဒီများ ထွက်ပြေးနေရာ ယင်းတို့အနက် ၃၀၀ခန့်မှာ တူရကီတွင် ပုန်းအောင်းနေကြောင်း ဆီးရီးယား ကာဒ် ထောက်လှမ်းရေးသတင်းကို ကိုးကားပြီး Daily Mail သတင်းကဆိုသည်။ အနောက်အုပ်စု၏ ထောက်လှမ်းရေးသတင်းများအရလည်း အီရတ်မြောက်ပိုင်း မိုဆူးလ်နှင့် ဆီးရီးယား မှ ရက္ကာမြို့တို့ကို IS လက်မှ အစိုးရတပ်များက ပြန်လည်သိမ်းယူအပြီး ယင်းတိုက်ခိုက် ရေး သမားများ မှာ သဲကန္တရထဲသို့ ကစဉ့်ကလျား ထွက်ပြေးကြရာ ယင်းတို့အထဲမှာ ၃၀၀ခန့်မှာ ဗြိတိသျှလူမျိုးများ ဖြစ် မည်ဟု ယုံကြည်ကြသဖြင့် ယင်းဂျီဟတ်ဝါဒီတို့ နေရပ်ဥရောပကို ပြန်ကာ အကြမ်းဖက်လုပ်ဆောင်မည် ကိုလည်း စိုးရိမ်မှု တိုးပွားလျှက်ရှိသည်။ ဗြိတိန်နိုင်ငံသား ၈၅၀ မှာ အိုင်အက်စ်အဖွဲ့သို့ဝင်ရန် သွားရန်ခဲ့ကြပြီး၊ ယင်းတို့အနက် တဝက်ခန့်မှာ နေရပ်ပြန်လာကြကြောင်း၊ ၁၃၀ မှာ သေဆုံးခဲ့ကြပြီး ကျန်ရှိသူများ၏ အခြေအနေကို မသိရသေး ကြောင်း အများစုမှာ တူရကီတွင် ခိုအောင်းနေဟန်တူကြောင်း ဆီးရီးယား-ကာဒစ်ထောက်လှမ်းရေး မှူး စီဝမ်ဇာလီက ပြောသည်။ “မိုဆူးလ်ကျပြီးတဲ့အချိန်မှာ အဲဒီလူတွေ စထွက်ပြေးပြီးတယ်၊ နောက်တခါ ISတွေ ရက္ကာဆုံးရှုံးတော့ လည်း ဆက်ပြီးပြေးရပြန်တယ်။ ကျနော်တို့ထောင်တွေထဲမှာ ပြင်သစ်လူမျိုးအများကြီးဖမ်းမိထားပါ တယ်။ တခြားလူမျိုးတွေလည်း ဖမ်းထားတာပါ။ ဒါပေမယ့် ကျနော်တို့ထင်တာက ဗြိတိန်လူမျိုး အများစု ထွက်ပြေးနေတယ်”ဟု ၎င်းဆက်ပြောသည်။ စောင့်ကြည့် စာရင်းတွင်ပါသူများမှာ တူရကီမှ ဗြိတိန်သို့ လျို့ဝှက်ပြန်လာရန်မှာ လွန်စွာခက်ခဲ ကြောင်း ဗြိတိသျှလုံခြုံရေး သတင်းရင်းမြစ်များက ဆိုသည်။ သို့သော်လည်း ယင်းသတင်းရင်းမြစ်၏ အဆိုအရ ထိုတိုက်ခိုက်ရေးသမားများသည် ဥရောပတွင် တိုက်ခိုက်မှုများလုပ်လာနိုင်သည်ဟုဆို သည်။ အာဏာပိုင်များသည် အစွန်းရောက်များကို ခြေရာခံလိုက်ရန် လျို့ဝှက်သော နည်းစနစ်များ အသုံးပြု နေသကဲ့သို့ ဆီရီးယားမှ ပြန်ရောက်လာသူများကိုလည်း ဟန့်တား စစ်မေး မှုများပြုလုပ်နေကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ပြောသည်။ CIA နှင် MI 6 ထောက်လှမ်းရေးအဖွဲ့တို့ ပူးပေါင်းပြီး၊ နိုင်ငံခြားသား IS တိုက်ခိုက်ရေးသမားများကို ခြေရာခံနေကြောင်း အမေရိကန် ထောက်လှမ်းရေးသတင်းများက ဆိုထားသည်။ ၂၀၁၅ ခုနှစ်နောက်ပိုင်း ဥရောပတွင်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုပေါင်း ၄၀ အနက် ၃ခုတွင်သာ ဆီးရီးယားနှင့် အီရတ်မှ ပြန်လာသည့် နိုင်ငံခြား အကြမ်းဖက်သမားများ ပါဝင်ခဲ့သော်လည်း ထိုတိုက်ခိုက်မှု ၃ ခုအတွင်း အသေအပျောက်နှုန်းသည် စုစုပေါင်းအသေပျောက်နှုန်း၏ ထက်ဝက်နီး ပါးရှိသည်။ ယခင်IS စစ်သွေးကြွဖြစ်သူ အသက် ၂၆ နှစ်အရွယ်ရှိ ဆက်ဒမ်အယ်လ်ဟာမာဒီကို တူရကီလုံခြုံရေး တပ်ဖွဲ့က ယခုနှစ်အစောပိုင်းတွင် ဖမ်းဆီးရမိခဲ့ရာ အစွန်းရောက်အကြမ်းသမားများသည် ရက္ကာ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာသော ဖရိုဖရဲအခြေအနေကို အသုံးပြုပြီး ဥရောပဘက်သို့ခြေဦးလှည့် ရန် စီစဉ်နေကြောင်း ၎င်းက သတိပေးခဲ့သည်။ The post ဗြိတိသျှ IS တိုက်ခိုက်ရေးသမားများ ၃၀၀ ခန့် တူရကီ၌ ခိုအောင်းနေ appeared first on ဧရာဝတီ.
Source : http://ift.tt/2EehL8d
via IFTTT
Source : http://ift.tt/2EehL8d
via IFTTT
အနုပညာရှင်များရဲ့ နှစ်သစ်ဆုတောင်းစကား ၂၀၁၇ ခုနှစ်ဟာ မကြာခင်မှာ ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် နှစ်သစ်ကူးမယ့်အချိန်အခါမှာ ပရိသတ်ချစ်တဲ့ အနုပညာရှင်တွေအနေနဲ့ သူတို့ ဘယ်မှာရှိနေမလဲ၊ ဘယ်တွေသွားဖို့ရှိလဲ ပရိသတ်အတွက် သူတို့ရဲ့ နှစ်သစ်ဆုကောင်း စကားများကို ဖော်ပြလိုက်ပါတယ်။ သရုပ်ဆောင် ချမ်းမင်းရဲထွဋ် / ယုဖြူဟန်/ဧရာဝတီ ချမ်းမင်းရဲထွဋ် ဒီနှစ် New Year မှာတော့ ကျနော် ဘန်ကောက်ကို အလုပ်ကိစ္စနဲ့ သွားဖြစ်ဖို့ရှိတယ်။ ၂၀၁၈ မှာ အကုန်လုံး ဝင်ငွေတွေ အများကြီးဝင်ပါစေ။ အဓိကက ပိုက်ဆံတွေအများကြီး ဝင်ရင် လူတွေက ပျော်တယ်လေ။ အဲဒါကြောင့် ပိုက်ဆံတွေ အများကြီးဝင်ပါစေလို့ ဆုတောင်းပေးပါတယ်။ အဆိုတော် ဝိုင်းစုခိုင်သိန်း / ယုဖြူဟန်/ဧရာဝတီ ဝိုင်းစုခိုင်သိန်း ဒီနှစ် New Year ကတော့ ကျိုက္ကစံကွင်းမှာ လုပ်မယ့် MRTV-4 က ပွဲမှာရှိပါမယ် နောက်ပြီးတော့ မြန်မာပလာဇာမှာ လုပ်မယ့် New Year ပွဲမှာရှိပါမယ်။ ဝိုင်းစုကိုချစ်တဲ့သူအားလုံးပဲ ဒီနှစ်ကစပြီးတော့ ကိုယ်လိုချင်တဲ့အရာတွေ အားလုံးဖြစ်ပါစေ၊ စိတ်၏ချမ်းသားခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ၊ မလိုချင်တဲ့အရာတွေကို ဒီနှစ်မှာ မကြုံတွေ့ရပါစေနဲ့ အခက်အခဲမရှိ ဖြတ်သန်းနိုင်ပါစေ၊ အားလုံးပဲ အလုပ်အကိုင်တွေအားလုံးပဲ အဆင်ပြေပါစေ။ အလှမယ် ဇွန်သံစဉ် / ဇွန်သံစဉ်ဖေ့ဘွတ် ဇွန်သံစဉ် (Miss Universe Myanmar 2017) New Year မှာတော့ အလုပ်နဲ့ပဲဖြတ်သန်းသွားမှာပါ။ အလုပ်ကလေးတွေ လက်ခံထားတာရှိတဲ့အတွက် အခု လောလောဆယ်တော့ မိသားစုနဲ့ ခရီးထွက်ပြီးတော့ New Year အမှီ ရန်ကုန်ပြန်ရောက်လာမှာပါ။ ၂၀၁၇ ကတော့ ညီမအတွက် အဖိုးမဖြတ်နိုင်တဲ့နှစ်လေးတနှစ်ပါ။ Miss Universe ပြိုင်ပွဲကြီးကို ၂၀၁၇ ခုနှစ်ထဲမှာ သွားပြိုင်ထားတာ ဖြစ်တဲ့အတွက် ညီမအတွက်တော့ တကယ်ကို ထူးခြားတဲ့နှစ်လေးတနှစ်ပါ။ နှစ်သစ်မှာ ပရိသတ်တွေအားလုံးပဲ စိတ်သစ်ကိုယ်သစ်နဲ့ လိုအင်ဆန္ဒတွေ ပြည့်စုံကြပါစေလို့ ဆုတောင်းပေးပါတယ်။ အဆိုတော် သရုပ်ဆောင် နန်းစုရတီစိုး / ယုဖြူဟန်/ဧရာဝတီ နန်းစုရတီစိုး New Year မှာကတော့ မိသားစုနဲ့ ခရီးထွက်ဖြစ်မယ်ထင်တယ်။ ကမ်းခြေတခုခုကိုပေါ့။ ၂၀၁၇ ကတော့ အမှတ်ရစရာတွေအများကြီးပါပဲ။ ဒါပေမယ့် ၂၀၁၇ မှာ နန်းစုအရမ်းကြိုက်တဲ့ သီချင်းလေးတပုဒ်ကို ထွက်လိုက်တာ ပရိသတ်ကလည်း ကြိုက်နှစ်သက်သွားတဲ့အတွက် အမှတ်တရပါပဲ။ ရူးအောင်ချစ်ရသူ သီချင်းလေးနဲ့ ပတ်သက်ပြီး ၂၀၁၇ ကတော့ အမှတ်တရပါပဲ။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အသစ်သစ်တွေများစွာ ဖန်တီးနိုင်ကြပါစေ။ စီးပွားရေးတွေလည်း အဆင်ပြေပြီး စိတ်ချမ်းမြေ့သာယာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အိုင်ရင်းဇင်မာမြင် /ယုဖြူဟန် အိုင်ရင်းဇင်မာမြင့် New Year မှာက ဦးဇော်ဝင်းထွဋ် ၊ ကိုRဇာနည် ၊ ကိုစည်သူလွင်ရယ် အစ်မရယ် ဟိုတယ်ရွှေပြည်သာမှာ သီချင်းဆိုဖို့ရှိပါမယ်။ ၂၀၁၇ ကတော့ ထူးထူးခြားခြားကြီးမရှိပါဘူး။ နှစ်သစ်မှာစိတ်ချမ်းသာပါစေ။ ၂၀၁၇ နဲ့မတူတဲ့ ကောင်းချီးများစွာ ရရှိပါစေလို့ဆုတောင်းပေးပါတယ်။ အလှမယ် ရွှေအိမ်စည် / ယုဖြူဟန်/ဧရာဝတီ) ရွှေအိမ်စည် New Year မှာကတော့ ထွေထွေထူးထူးတော့ အစီအစဉ်မရှိသေးပါဘူး။ အိမ်စည်အနေနဲ့ New Year Party လေးတခု သူငယ်ချင်းတွေနဲ့စုပြီးတော့ လုပ်သွားဖို့တော့ ရှိပါတယ်။ ၂၀၁၇ မှာ အမှတ်ရစရာဆိုရင်တော့ အိမ်စည်ရဲ့မွေးနေ့လ ၁၀ လပိုင်း ၂၅ ရက်တုန်းက ငွေဆောင်ရောက်နေတုန်းမှာ Surprise ပါတီလေးလုပ်ပေးတဲ့အချိန်လေးကို ပြန်သတိရတယ်။ အဲဒီနောက်ပိုင်းမှာ Surprise လုပ်ပေးတာလေးတွေက အမှတ်တရလေးတွေပါ။ ၂၀၁၇ ကတော့ အိမ်စည်အနေနဲ့ ထူးခြားတဲ့နှစ်လို့ ပြောလို့ရပါတယ်။ အောင်မြင်မှုရတဲ့နှစ်လို့ ပြောလို့ရသလို သင်ခန်းစာတွေအများကြီး ရတဲ့နှစ်လို့လည်းပြောလို့ရတယ်။ ဘာပဲပြောပြော ဒီနှစ်မှာ ရတဲ့သင်ခန်းစာတွေကို စုပေါင်းပြီး နောက်နှစ်မှာ ဒီထက်မကပိုပြီးတော့ ဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတာကို သင်ယူလို့ရတာပေါ့။ အိမ်စည်ကို အားပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ ဒီနှစ်က အိမ်စည်အတွက် အခက်အခဲရှိတဲ့ နှစ်လို့ပြောလို့ရတဲ့အတွက်ကြောင့် အခက်အခဲတွေထဲက အိမ်စည်ကိုချစ်နေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်နှစ်တွေလည်း ဆက်လက်ချစ်ခင်ပေးပါ။ The post အနုပညာရှင်များရဲ့ နှစ်သစ်ဆုတောင်းစကား appeared first on ဧရာဝတီ.
Source : http://ift.tt/2lrE4yA
via IFTTT
Source : http://ift.tt/2lrE4yA
via IFTTT
အွန်လိုင်းမှတဆင့် ရှယ်ယာဝယ်ယူမှု ၂၀၁၈ တွင် စတင်မည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် စတင်မည့် စတော့ရှယ်ယာများကို အွန်လိုင်းမှ တဆင့် အရောင်းအဝယ်ပြုလုပ်ရာတွင် ကျပ်သိန်းတရာ အထိ ဝယ်ယူခွင့် ပြုမည် ဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းရုံးမှ သိရသည်။ ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင် အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦး က “အွန်လိုင်းကနေ စတော့ အရောင်းအဝယ် လုပ်မယ် ဆိုရင် ၁ ကြိမ်ကို ၁၀ သန်း (ကျပ်သိန်း ၁၀၀) အရောင်းအဝယ် လုပ်လို့ ရပါတယ်။ ကုမ္ပဏီတွေ အားလုံးအတူူတူပဲ ဖြစ်တယ်။ ဒီသတ်မှတ်ချက်ကတော့ ငွေချေးသက်သေခံ ကြီးကြပ်ရေးကော်မတီက သတ်မှတ်ပေးတာ ဖြစ်ပါတယ်”ဟု ပြောသည်။ သတ်မှတ် ပမာဏထက်ပိုမိုဝယ်ယူ လိုပါက ယခင်အတိုင်း ချေးငွေ သက်သေခံ လက်မှတ် လုပ်ငန်း ကုမ္ပဏီသို့ တိုက်ရိုက်ဝယ်ယူခြင်း သို့မဟုတ် မိမိဝယ်ယူမည့် ကုမ္ပဏီထံသို့ ဖုန်းဖြင့်ဆက်သွယ် ဝယ်ယူနိုင်ကြောင်း ၎င်းက ပြောသည်။ ထိုသို့သတ်မှတ်ရခြင်းမှာ ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်မှ ငွေမည်းများစီးဆင်းမှု မရှိစေရန်အတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ စတော့ အရောင်းပမာဏကို သတ်မှတ် ထားခြင်း မရှိကြောင်း အွန်လိုင်း ထရေးဒင်း ခွင့်ပြုလိုက်သည့် ကုမ္ပဏီများထံမှ သိရသည်။ အွန်လိုင်း ထရေးဒင်း လုပ်ကိုင်ခွင့် ပြုလိုက် သော ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများမှာ မြန်မာ့စီးပွားရေးဘဏ် နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါ Securities Group တို့ အကျိုးတူပူးပေါင်းထားသည့် Myanmar Securities Exchange Centre Co.,Ltd.(MSEC)၊ KBZ Stirling Coleman Securities Co.,Ltd.(KBZSC)၊ CB Securities Co.,Ltd.(CBSC) နှင့် AYA Trust Securities Co.,Ltd.(AYA Trust) တို့ဖြစ်ကြောင်း သိရသည်။ ဦးသက်ထွန်းဦးက “ ဝယ်ယူမယ့် သူတွေ အနေနဲ့လည်း ဒီစနစ်ကို ကျင့်သား ရချင်မှ ရအုံးမှာဖြစ်တယ်။ ဒါကိုလေ့ကျင့်မှု အချိန်ယူ ကောင်း ယူရအုံးမှာပါ။ ဒါပေမယ့် ၂၀၁၈ ခုနှစ်ကတော့ ပိုပြီးတော့ လူပ်ရှား သက်ဝင်လာမယ်လို့ မျှော်လင့်ပါတယ်။ စာရင်းဝင်ကုမ္ပဏီတွေလည်း နောက်ထပ် ၁ ခု၊ ၂ ခုလောက်လာဖို့ရှိနေတာ ဖြစ်တယ်”ဟု ပြောသည်။ လက်ရှိတွင် စတော့ရောင်းဝယ်ရေးအနေနှင့် တရက်လျှင် ၂ ကြိမ် အရောင်းအဝယ် ပြုလုပ်နေပြီး အွန်လိုင်းအနေဖြင့် အရောင်း အဝယ်ပြုလုပ်မည် ဆိုလျှင် တရက် အတွင်း ကြိုက်နှစ်သက်ရာအချိန်အတွင်း ပြုလုပ်နိုင် ကြောင်း ရန်ကုန်စတော့ အိတ်ချိန်း ရုံးမှ သိရသည်။ အွန်လိုင်းမှတဆင့် စတော့ရှယ်ယာ အရောင်း အဝယ်ပြုလုပ်လိုသူများသည် အထက်ပါ ကုမ္ပဏီ ၄ ခု၏ Online Application များကို download ဆွဲနိုင်ပြီး အရောင်းအဝယ်ပြုလုပ်ပုံ အဆင့်ဆင့်ကို သိရှိနိုင်သည်။ ယင်း Online Application အတွက် ကုမ္ပဏီများက အခကြေးငွေကောက်ခံမည် မဟုတ်ဘဲ အွန်လိုင်းစနစ်ကို ဇန်နဝါရီလ ပထမတပတ်အတွင်း ရောင်းဝယ်နိုင်ရန် ကုမ္ပဏီများဘက်မှ ပြင်ဆင်နေကြောင်း သိရသည်။ စတော့ ရှယ်ယာများကို အွန်လိုင်းမှတဆင့် ရောင်းဝယ်လိုသူများအနေဖြင့် ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီ ၄ခုထဲမှ နှစ်သက်ရာ ကုမ္ပဏီနှင့် ဆက်သွယ်ပြီး အွန်လိုင်းရောင်းဝယ်မှုစည်းမျဉ်းများနှင့်ပတ်သတ်သည့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးရန် လိုအပ်မည်ဖြစ်သည်။ ယင်း လက်မှတ်ရေးထိုးပြီးမှသာ Online Application ကို download ဆွဲခြင်း (သို့) install လုပ်ခြင်းဖြင့် စတင်အသုံးပြု၍ ရမည်ဖြစ်ကြောင်း ကုမ္ပဏီများထံမှ သိရသည်။ CB Traderကုမ္ပဏီမှ သုတေသနအရာရှိ ဒေါ်နန်းနှင်းရွှေရည်ထူးက “ အမှန်တော့ ကျမတို့ အရောင်းအဝယ်စတင်လို့ရတာ အခု ၂၈ ရက်နေ့ထဲက တရားဝင် ရောင်းဝယ်လို့ ရ တယ်။ ၃၀ ရက်နေ့မှာ မိတ်ဆက်ဖို့ ရှိပါတယ်”ဟု ပြောသည်။ လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း၏ Listed Sercurities ၄ခုမှာ FMI၊မြန်မာသီလဝါ SEZ ကုမ္ပဏီ မြန်မာနိုင်ငံသားများဘဏ်နှင့်ပထမပုဂ္ဂလိက ဘဏ် တို့မှ အစုရှယ်ယာများရောင်းချလျက်ရှိသည်။ The post အွန်လိုင်းမှတဆင့် ရှယ်ယာဝယ်ယူမှု ၂၀၁၈ တွင် စတင်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2ll0Rga
via IFTTT
Source : http://ift.tt/2ll0Rga
via IFTTT
The Voice
ကွဲသွားလျှင် အလိုအလျောက် ပြန်ဆက်သည့်မှန် ဂျပန်တီထွင် တိုကျို၊ ဒီဇင်ဘာ ၂၈ ဂျပန်နိုင်ငံမှ သုတေသီတစ်ဦးသည် မတော်တဆ ကွဲသွားသည့်မှန်ကို လက်နှင့်ဖိလိုက်လျှင် အလိုအလျောက် ပြန်ဆက်ကာ အကောင်းအတိုင်းဖြစ်သွားစေရန် တီထွင်နိုင်ခဲ့ကြောင်း The Citizen သတင်းတွင် ဖော်ပြထားသည်။ အနာဂတ်တွင် ကားမှန်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး မှန်များ၊ ငါးကန်များကို ပြုလုပ်သည့်မှန်များသည် လက်ရှိ သက်တမ်းထက် သုံးဆပိုခံနိုင်သည့် ဆူပါမှန်များအဖြစ် ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။ ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်မှ ဓာတုဗေဒသုတေသီ ယာနာဂီဆာဝါသည် ကွဲအက်သည့်မှန်များကို ပြန်ဆက်နိုင်သည့် နည်းပညာဖြင့် တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီး ရေစိုခံ၊ ရေလုံသည့် မှန်မျိုးလည်းဖြစ်ကြောင်း ပြောကြားသည်။ ဤတီထွင်မှုကြောင့် မကြာသောကာလတွင် စမတ်ဖုန်းမှန်များသည် ကွဲသွားလျှင်လည်း ပြန်ဆက်စေရန် လုပ်ဆောင်နိုင်တော့မည် ဖြစ်ပြီး ကွဲအက်သွားသော နေရာကို ဖိလိုက်သည်နှင့် ပြန်လည် အကောင်းအတိုင်း ဖြစ်နိုင်ကြောင်း ယာနာဂီဆာဝါက ဆိုသည်။ ယခုတွေ့ရှိမှုအတွက် ဖော်ထုတ်ရန် ကြာဦးမည်ဆိုသော်လည်း အနာဂတ်တွင် မကွဲနိုင်သည့် မှန်များကို တီထွင်ထုတ်လုပ်ရန်အတွက် လမ်းစတစ်ခုဖြစ်ကြောင်း၊ ပေါ့ပါးပြီး မှန်ကဲ့သို့ မကွဲနိုင်သည့် ကားမှန်တစ်မျိုးကိုလည်း တီထွင်နိုင်တော့မည်ဟု ယူဆကြောင်း AFP သတင်းတွင် ရေးသားထားသည်။ သရုပ်ပြပွဲတွင် ယာနာဂီဆာဝါက မှန်ကွဲစနှစ်စကို စက္ကန့် ၃၀ အတွင်း ပြန်ဆက်သွားစေရန်လည်းကောင်း၊ Polyether Thioureas ဟုခေါ်သည့် အော်ဂဲနစ် ဖန်တစ်မျိုးနှင့် ပြုလုပ်ထားသော ရေပုလင်းများကို ခွဲလိုက်သော်လည်း အစများ လွင့်မထွက်သွားဘဲ အက်ကြောင်းများနှင့် ရေကိုထိန်းသိမ်းထားနိုင်မှုတို့ကိုလည်းကောင်း ဖော်ထုတ်ပြနိုင်ခဲ့သည်။ မိမိအနေနှင့် ကွဲသွားလျှင် ပြန်ဆက်မည့်မှန်ကို တီထွင်ရခြင်းထက် မကွဲနိုင်သည့်မှန်ကိုသာ တီထွင်ရန် ဆန္ဒရှိကြောင်း၊ မှန်ကိုကြည့်ပြီး ကွဲသွားမှာလားဆိုသော စိုးရိမ်စိတ်မျိုး အနာဂတ်တွင် မဖြစ်ပေါ်စေရန် လုပ်ဆောင်လိုခြင်း ဖြစ်ကြောင်း ယာနာဂီဆာဝါက ပြောကြားသည်။ လက်ရှိအသုံးပြုနေသည့် မှန်များထက် သုံးဆပိုခံနိုင်ရည်ရှိသော မှန်မျိုးထုတ်လုပ်ရန် နောက်ထပ် ၁၀ နှစ်ခန့် ကြာနိုင်သေးကြောင်း AFP တွင် ရေးသားထားသည်။
Source : https://goo.gl/Acdwgo
via IFTTT
Source : https://goo.gl/Acdwgo
via IFTTT
The Voice
ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေး ဇန်နဝါရီလအတွင်း အပြီးသတ် ဆွေးနွေးမည် မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၈ ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကို လာမည့် ဇန်နဝါရီလအတွင်း ပါတီတစ်ခုတည်း ပေါင်းစည်းနိုင်ရေးအတွက် အပြီးသတ် ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)ထံမှ သိရသည်။ ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီ လေးခုဖြစ်သော ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင်ဒီမိုကရက်ပါတီ (KDP)၊ ကချင်အမျိုးသား ကွန်ကရက်ပါတီ (KNC)နှင့် လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNUDP) ပါတီများအနက် လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ပေါင်းစည်းတော့မည် မဟုတ်ကြောင်း ကချင်ပြည်နယ်၊ ဒီမိုကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောကြားသည်။ “သေချာတာကတော့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)နဲ့ ကချင် ဒီမိုကရက်ပါတီ (KDP)တို့က အဓိက ပေါင်းစည်းဖို့ သေချာတယ်။ လော်ဝေါ်ပါတီကတော့ မပေါင်းနိုင်ဘူးလို့ အကြောင်းကြားလာတဲ့အတွက် မပါတော့ဘူး”ဟု ၎င်းက ဆိုသည်။ အဆိုပါ ပါတီပေါင်းစည်းရေး အစည်းအဝေးကို ဇန်နဝါရီလ ၁၀ ရက်နောက်ပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC)ပါတီအနေဖြင့် ယင်းအစည်းအဝေး မတိုင်မီ ပေါင်းစည်းနိုင်ခြင်းရှိ မရှိကို လူထုတွေ့ဆုံပွဲ ပြုလုပ်ပြီးမှ သိရမည်ဖြစ်သည်။ “လော်ဝေါ်ပါတီကိုကျတော့ ကျွန်တော်တို့ မဖိတ်တော့ဘူး။ သူတို့က ပေါင်းစည်းရေးမှာ မပါနိုင်တော့ဘူးလို့ ပြောတဲ့အတွက် KNC ကိုတော့ စောင့်ကြည့်နေတယ်။ ဇန်နဝါရီလမှာ သူတို့က လူထုညီလာခံလုပ်ပြီး ပေါင်းမယ် မပေါင်းမယ်ကို အကြောင်းကြားမယ်လို့ ပြောတယ်”ဟု ဒေါက်တာ တူးဂျာက ရှင်းပြသည်။ အဆိုပါ တစ်ပါတီတည်းပေါင်းစည်း ပြီးပါက လက်ရှိပါတီများ၏ နာမည်နှင့် လိုဂိုများကို ထည့်သွင်း အသုံးပြုမည်မဟုတ်ဘဲ နာမည်သစ်၊ လိုဂိုတံဆိပ်သစ်ကို ရွေးချယ် အသုံးပြုမည်ဖြစ်ကြောင်း ယင်းပါတီတာဝန်ရှိသူများထံမှ သိရသည်။ အဆိုပါ ပါတီပေါင်းစည်းရခြင်းသည် အဓိက ပြည်နယ်အစိုးရဖွဲ့စည်း၍ ကချင်ပြည်နယ်အတွင်း ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူငယ်များ၏ အခန်းကဏ္ဍများ၊ တရားဥပဒေ စိုးမိုးရေးများကို ပိုမိုလုပ်ဆောင်ပေးနိုင်ရန်အတွက် ရွေးကောက်ပွဲတွင် မဲနိုင်သည့် ကိုယ်စားလှယ်များ များများရှိမှ လုပ်ဆောင်နိုင်မည်ဖြစ်သောကြောင့် ယခုကဲ့သို့ ပါတီများ ပေါင်းစည်းရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီ လေးခုဖြစ်သော ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင်ဒီမိုကရက် ပါတီ (KDP)၊ ကချင် အမျိုးသား ကွန်ဂရက်ပါတီ (KNC)နှင့် လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNUDP) ပါတီတို့သည် နိုင်ငံရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ KPCC ကို ၂၀၁၆ ခုနှစ် ဧပြီလမှ စတင်ဖွဲ့စည်းခဲ့သည်။
Source : https://goo.gl/SbB1i6
via IFTTT
Source : https://goo.gl/SbB1i6
via IFTTT
Friday, December 29, 2017
The Voice
အနည်းဆုံး အခကြေးငွေ တစ်ရက် ၄၈၀၀ ကျပ်ပေးရန် သတ်မှတ် နေပြည်တော်၊ ဒီဇင်ဘာ၂၉ အလုပ်သမား ၁၀ ဦးအထက်ပိုသည့် ပုဂ္ဂလိကလုပ်ငန်းများတွင် အနည်းဆုံး အခကြေးငွေကို တစ်ရက် ၄၈၀၀ ကျပ်ပေးရန် အဆိုပြု သတ်မှတ်လိုက်သည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။ နေပြည်တော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ဒီဇင်ဘာ ၂၉ ရက်က ကျင်းပသည့် စတုတ္တအကြိမ် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်ကို မီဒီယာများအား ပြောကြားခဲ့ခြင်းဖြစ်သည်။ အနည်းဆုံး အခကြေးငွေ ၄၈၀၀ ကျပ်ကို လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှု မရှိသေးသည့်အသစ် စတင်ဝင်ရောက်လာသည့် အလုပ်သမားများကို ပေးရန်ဖြစ်ပြီး ကျွမ်းကျင်မှုရှိသော ဝန်ထမ်းများကို ကျွမ်းကျင်မှုအလိုက် စက်ရုံ၊ အလုပ်ရုံများက ပေးရမည်ဖြစ်ကြောင်း၊ ယခုသတ်မှတ်အဆိုပြုသည့် အနည်းဆုံး အခကြေးငွေ ၄၈၀၀ ကျပ်သည် လုပ်သားအင်အား ၁၀ ဦးထက်မနည်းရှိသည့်လုပ်ငန်းများမှ အလုပ်သမား အသစ်များအတွက် သတ်မှတ်ခြင်းဖြစ်ပြီး လုပ်သားအင်အား နည်းပါးသည့် အသေးစား အလတ်စား လုပ်ငန်းများ ရှင်သန်နိုင်ရေးအတွက် လိုအပ်နေသေး၍ မပါဝင်သေးကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ “ယခင်သတ်မှတ်ချက်က တစ်ရက်အနည်းဆုံး အခကြေးငွေ ၃၆၀၀ ကျပ်ပါ။ အခု နောက်ထပ် ၁၂၀၀ ကျပ် ထပ်တိုးတဲ့သဘောပါ။ ဒါအတည်ဖြစ်ဖို့ ရက်ပေါင်း ၆၀ စောင့်ရမယ်”ဟု ဦးသိန်းဆွေက ဆိုသည်။ အနည်းဆုံး အခကြေးငွေ ၄၈၀၀ ကျပ်ကို အစည်းအဝေး တက်လာသည့် အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များက အိမ်နီးချင်းနိုင်ငံများက လုပ်ခနှုန်းထားများ၊ နိုင်ငံတော် GDP အခြေအနေများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ သက်ဆိုင်ရာဝန်ကြီးများမှ အောက်ခြေအထိ ကွင်းဆင်းစုံးစမ်းပြီး ယခုလိုသတ်မှတ်ခြင်းဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ စုံးစမ်းသိရှိရသည်။
Source : https://goo.gl/sQhwZX
via IFTTT
Source : https://goo.gl/sQhwZX
via IFTTT
မြေတိုင်းတာမှု အချိန်ကုန်သက်သာ လွယ်ကူမြန်ဆန် တိကျစေသည့် အတွက် UAV Drone များဖြင့် ဆောင်ရွက်သွားမည် မကွေးတိုင်းဒေသကြီး၌ သမားရိုးကျ မြေတိုင်းတာမှုစနစ် များအပြင် မြေတိုင်းရာတွင် လွယ်ကူမြန်ဆန်တိကျ စေရေးအတွက် UAV Drone များဖြင့် မြေတိုင်းတာပုံထုတ်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် မကွေး၊ ဂန့်ဂေါ၊ ပခုက္ကူ၊ သရက်နှင့် မင်းဘူးခရိုင်တို့မှ ဌာနဝန်ထမ်း သင်တန်းသား ၄၅ ဦးအား မကွေးမြို့၌ ဒီဇင်ဘာ ၂၇ ရက်မှ ၃၁ ရက်အထိ သင်တန်းပို့ချပေးလျက် ရှိကြောင်း သိရသည်။ UAV Drone ဖြင့် တိုင်းတာပါက ဧက ၄ဝဝ ရှိ ကွင်းတစ်ကွင်းကို နှစ်ရက်ခန့်သာ ကြာမြင့်မည်ဖြစ်ပြီး သမားရိုးကျတိုင်းတာပါ က ၇ ရက်မှ ၁ဝ ရက်အထိ ကြာမြင့်နိုင်ကြောင်း သိရသည်။ ''မြေတိုင်းတဲ့နေရာမှာ အဆင့်တွေ အများကြီးရှိတယ်၊ အဲဒီအဆင့်တွေကို ကျော်လွှားပြီးတော့ Drone နဲ့ တိုင်း တဲ့စနစ်ကို သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်၊ အရင် စနစ်တွေက အလွန်ကြာတယ်၊ လုပ်ရကိုင်ရတာ လက်ဝင် ပြီး လူအင်အားသုံးရတယ်၊ အခုစနစ်နဲ့ဆိုရင် အချိန်ရော၊ လူအင်အားရော တိကျမှုပါ အလွန်ကွာခြားသွား မှာဖြစ်ပါတယ်'' ဟု သင်တန်းနည်းပြ ဒုတိယ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးစိန်ဝင်းက ပြောသည်။ တစ်စုံလျှင်ကျပ် ၅၅၄၂ဝဝဝ တန်ဖိုးရှိ Agisoftware မပါသည့် ဒရုန်းသုံးစီးနှင့် ဆက်စပ်ပစ္စည်း သုံးစုံ၊ တစ်စုံလျှင်ကျပ် ၁၄၂ဝ၄၅ဝဝ တန်ဖိုးရှိ Agisoftware ပါရှိသည့် ဒရုန်းယာဉ်တစ်စီးနှင့် ဆက်စပ်ပစ္စည်းများ အတွက် စုစုပေါင်းကျပ် ၃ဝ၈၃ဝ၅ဝဝ ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဘတ်ဂျက်မှ ချထားပေးခြင်း ဖြစ်သည်။ ''တိုင်းဒေသကြီး အစိုးရအဖွဲ့က Drone ငါးစင်း ဝယ်ယူဖို့ ခွင့်ပြုခဲ့တာဖြစ်ပေမယ့်၊ ခြိုးခြံချွေတာတဲ့အနေ နဲ့ Drone လေးစင်းနဲ့ ရရှိတဲ့ Dataတွေကို အသေးစိတ် ပြုစုနိုင်ဖို့ ှSoftware တစ်ခုဝယ်ပါတယ်၊ ဒီလိုပံ့ပိုးပေး တဲ့အတွက် တိုင်းဒေသကြီးရဲ့ မြေယာအသုံးချမှုတွေ၊ မြေယာစီမံခန့်ခွဲမှုတွေ၊ သဘာဝဘေးအန္တရာယ်ကြောင့် လယ်ယာ မြေဘယ်နှဧက ရေနစ်တယ် ဆိုတာတွေကို ဒီစနစ်နဲ့ တိုင်းတာရင် ချက်ချင်းသိရှိနိုင်မှာဖြစ်လို့ တိုင်းဒေသကြီး အတွက်ရော၊ ဌာနအတွက်ပါ အလွန်အကျိုးရှိမှာ ဖြစ်ပါတယ်''ဟု တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးဇော်ဝင်းက ပြောသည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနများမှ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းတာဝန်များနှင့် ထမ်းဆောင်ရမည့် တာဝန်များ များပြားနေခြင်းကြောင့် ၂ဝ၁၇ ခုနှစ် မေလပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် မြေကြီးမြေပုံ မှန်ကန်ရေးနှင့် မြေတိုင်းတာ ဆောင်ရွက်ရာတွင် လွယ်ကူ မြန်ဆန်တိကျစေရေးအတွက် UAV Drone ငါးစင်း ဝယ်ယူရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။ The Ladies News
Source : http://ift.tt/2ChUC6t
via IFTTT
Source : http://ift.tt/2ChUC6t
via IFTTT
ဒီတပတ္ ဖတ္စရာ
ဒီတပတ် ဖတ်စရာ စာရေးသူ – ဒေါက်တာသန်းထွန်း စာအုပ်အမည် – ပုဂံလက်သစ်နှင့် ပုဂံအနုပညာတန်ဖိုးထိန်းရန် အမျိုးအစား – သမိုင်း `ဘုရားဂေါပက ဆိုသူတွေဟာ အလှူခံကောင်းတယ်။ အလှူခံများများရရင် ဘုရားကို အသစ်ဖြစ်အောင် မွမ်းမံမယ်။ မူလလက်ရာ မပျက် လုပ်ရကောင်းတယ် လို့ နည်းနည်းမှမသိဘူး’ လို့ ဒေါက်တာသန်းထွန်းက ဆိုပါတယ်။ ဒီစာအုပ်မှာ ပုဂံ အာနန္ဒာအနောက်စောင်းတန်း၊ ရန်ကုန်တက္ကသိုလ်မှာ ဖတ်ကြားခဲ့တဲ့ ပုဂံလက်သစ် (DEFACING OLD BAGAN) နဲ့ ပုဂံ အနုပညာ တန်ဖိုးထိန်းရန် (DEPRECIATION OF BAGAN ART) ဆိုတဲ့ စာတမ်းနှစ်စောင်ကို မြန်မာ+အင်္ဂလိပ် နှစ်ဘာသာနဲ့ လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ `တချို့ ရှေးဟောင်းသုတေသနသမားဟာ ရှေးပစ္စည်းကို မူလအတိုင်း ရှိအောင် လုပ်ဖို့ သူ့မှာ တာဝန်ရှိပေမယ့် ဘာကြောင့်ရယ်လို့ မပြောပဲ အဲဒီတာဝန်ကို လေးလေးနက်နက် မဆောင်ရွက်ရင် ကျနော်တို့မှာ အံ့သြတာကလွဲလို့ ဘာမှ မလုပ်နိုင်တော့ပါ’ လို့ ဒေါက်တာသန်းထွန်းက ဆိုပါတယ်။ စိတ်ကူးချိုချိုစာအုပ်တိုက်က တန်ဖိုး ၂၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။ စာရေးသူ – နေမျိုး စာအုပ်အမည် – ဘူတာဈေးကလေးနှင့် အခြားဝတ္ထုတိုများ အမျိုးအစား – ဝတ္ထုတိုများ ကဗျာရေး၊ ပန်းချီဆွဲတဲ့ မန္တလေးက ဆရာနေမျိုးရဲ့ ဝတ္ထုတို စုစည်းမှု စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်မှာ မြေအောက်ကမ္ဘာ၊ မွေးမြူထားသော အန္ဓများ၊ တောသည်၊ ဘူတာဈေးကလေး၊ အနက်ထဲက အဖြူ၊ တွေ့ခဲ့ဖူးတဲ့ ကျားတစ်ကောင်၊ နေ့စဉ် ဘဝထဲမှ ရုပ်ပုံကားချပ်များ သူရဟန်၊ နေ့စဉ်ဘဝထဲမှ ရုပ်ပုံကားချပ်များ ဝေယံလင်း၊ အမေ့မင်္ဂလာဆောင်မှာ ကိတ်မုန့်စားတဲ့ ကောင်လေး၊ နေ့စဉ်ဘဝထဲမှ ရုပ်ပုံကားချပ်များ စောထူးထူး၊ နေ့စဉ်ဘဝထဲမှ ရုပ်ပုံကားချပ်များ မေသန္တာမျိုး စတဲ့ ဝတ္ထုတို ၁၁ ပုဒ်ကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ဘူတာဈေးကလေးက ဈေးသည်တွေရဲ့ `သာတယ်နော်’၊ `ဝယ်ပါဦး အစ်ကိုကြီးရဲ့’ ဆိုတဲ့စကားသံတွေ၊ အမေ့မင်္ဂလာဆောင်မှာ ကိတ်မုန့်စားတဲ့ ကောင်လေးဝတ္ထုတိုထဲက ညစ်ပေမည်းတူးနေတဲ့ ကျော်စိန်ဝင်းလေးရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို မြင်နိုင် ကြားနိုင်ကြမှာ ဖြစ်ပါတယ် ၊၊ the key collection က တန်ဖိုး ၁၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။ စာရေးသူ – ဇော်ဂျီနှင့်အခြား စာအုပ်အမည် – ကံ့ကော်မြိုင်စာတမ်း အမျိုးအစား – စာပေ `မည်သည့် ရည်ရွယ်ချက်ရှိရှိ၊ မည်သည့် အကြောင်းကိုရေးရေး၊ မည်သည့် ပုံသဏ္ဌာန်ကို ဖော်ဖော်၊ ထိုစာ မတိုမရှည်သည် စာဖတ်ပရိတ်သတ်အား နှစ်သက်မှုရသကို ဖြစ်စေသင့်သည်။ ရသဖြစ်သည်နှင့် အတူတကွ ဘ၀ သို့မဟုတ် ပတ်ဝန်းကျင် အသိအမြင်ကိုလည်း ဖြစ်လာစေသင့်သည်’ လို့ ဆရာဇော်ဂျီက ဆိုပါတယ်။ ဒီစာအုပ်မှာ ဇော်ဂျီရဲ့ နွေဦးကျက်သရေ၊ ကဗျာဝိုင်း စာဝိုင်းနှင့် ကျွန်တော်၊ ပုဂံမြို့ဟောင်းနှင့် ကျွန်တော်၊ မင်းသုဝဏ်ရဲ့ အိုးစည်သံ၊ အလွမ်းရယ်တဲ့ ၁၂ ထွေ၊ လူလည်းတထွေ ရေလည်း တခြား၊ နွယ်စိုးရဲ့ ကုသိုလ်ဆက်၊ စိမ်းလန်းသော တောင်ကုန်းများ၊ တိုက်စိုးရဲ့ သုခုမ၊ ဇော်ဂျီနှင့် နှုတ်ခမ်းဆိုးဆေး၊ နေဝင်မြင်သည် ဝရွှေပြည်၊ မင်းယုဝေရဲ့ တစ်နှစ်တစ်ခါ၊ ပိုင်ဆိုင်ခြင်း၊ ဦးရာကျော်ကောင်းမှု၊ အောင်သင်းရဲ့ အနီးအဝေး၊ ချိုတကူးနှင့် ဂုဏ်ရည်မတူ၊ ရွှေယုန်နှင့် ရွှေကျား၊ တက္ကသိုလ်ဝင်းမွန်ရဲ့ ဗမာစွန်၊ မိဖြူ၊ ဆားဒယ်၊ မောင်ဇော်ရဲ့ မနက်စောစော၊ သိင်္ဂါရ ရသ၊ တင်မိုးရဲ့ သချႋုင်းကုန်းမှာ၊ မောင်ဖေသန်းရဲ့ ထင်းရှူးပင်ငယ် ပုံပမာ၊ သီချင်းညည်းတတ်သည့် အလေ့၊ စလောင်းပုံးတစ်ချပ် စတဲ့ စာတမ်း ၂၆ ပုဒ်ကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ရာပြည့်စာအုပ်တိုက်ကတန်ဖိုး ၁၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။ စာရေးသူ – ဦးဖိုးလှ စာအုပ်အမည် – ဆရာယုဒသန် အမျိုးအစား – အတ္ထုပ္ပတ္တိ ၁၉၁၁ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဆရာယုဒသန်နဲ့ ပတ်သက်တဲ့ ရှားပါးစာအုပ်ကို ပြန်လည် ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ အခန်း ၁၂ ခန်းပါဝင်ပြီး ဆရာယုဒသန်ရဲ့ ထူးချွန်ထက်မြက်တဲ့ ငယ်ဘဝ၊ အမေရိကန်နိုင်ငံတွင် သာသနာပြုပုံ၊ ရေဖြန်းဂိုဏ်းမှ ရေနှစ်ဂိုဏ်းသို့၊ အိန္ဒိယမှ နှင်ထုတ်ခံရပြီးနောက် မြန်မာနိုင်ငံတွင် ဆက်လက် သာသနာပြုပုံ၊ မြန်မာ ဘာသာစကား လေ့လာခဲ့ပုံနှင့် ဆရာယုဒသန် ပြုစုခဲ့သော အဘိဓာန်များနှင့် ဘာသာပြန် စာအုပ်များ၊ သာသာပြု ဆောင်ရွက်ချက်များ၊ လက်မရွံ့ထောင်ဆိုတာ၊ ပုဂံမင်းနဲ့ မင်းတုန်းမင်းတို့က ဗုဒ္ဓဘာသာ အားထုတ်သဖြင့် သာသနာပြုရန် မျှော်လင့်ချက် နည်းကြောင်း၊ ဆရာယုဒသန်ကြောင့် အမေရိကန်နှင့် အရှေ့ပိုင်းတိုင်းပြည်များတွင် သာသနာထွန်းလင်းပုံ စတဲ့ အကြောင်းအရာတွေ အပါအဝင် ဆရာယုဒသန်ရဲ့ အတ္ထုပ္ပတ္တိ အသေးစိတ်ကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ the key collection က တန်ဖိုး ၃၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။ The post ဒီတပတ် ဖတ်စရာ appeared first on ဧရာဝတီ.
Source : http://ift.tt/2DuD0kW
via IFTTT
Source : http://ift.tt/2DuD0kW
via IFTTT
ဓာတ်ပုံများက ပြောသော ၂၀၁၇ ၂၀၁၇ တနှစ်တာကာလအတွင်း ဖြစ်ပွားပေါ်ပေါက်ခဲ့သော ဖြစ်ရပ်များစွာကို ဧရာဝတီဓာတ်ပုံဆရာများ မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများထဲမှ အကောင်းဆုံးဟု အယ်ဒီတာအဖွဲ့က သတ်မှတ်ယူဆသောပုံများကို ရွေးထုတ်ဖော်ပြလိုက်ပါသည်။ ၁။ ကချင်ပြည်နယ် ဝိုင်းမော်ဒေသတွင် ၂၀၁၇ ဇန်နဝါရီလ အတွင်း တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် စစ်ဘေးဒုက္ခသည်များသည် တရုတ်နယ်စပ် အနီး ရှအိယန်ဒေသအတွင်းရှိ ဒုက္ခသည်စခန်းတွင် အပူချိန် အနုတ် ၄ ဒီဂရီ စင်တီဂရိတ် အထိ ကျဆင်းနေသည့် ရေခဲမှုန်များကြားတွင် နေထိုင်နေရသည်။ ပုံမှာ ယင်း ဒုက္ခသည် စခန်း အတွင်း သွားလာနေသည့် စစ်ဘေးရှောင် အဘိုးအိုတဦးကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၂။ ကချင်ပြည်နယ် ဝိုင်းမော်ဒေသတွင် ၂၀၁၇ ဇန်နဝါရီလ အတွင်း တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် စစ်ဘေးဒုက္ခသည်များသည် တရုတ်နယ်စပ် အနီး ရှအိယန်ဒေသအတွင်းရှိ ဒုက္ခသည်စခန်းတွင် အပူချိန် အနုတ် ၄ ဒီဂရီ စင်တီဂရိတ် အထိ ကျဆင်းနေသည့် ရေခဲမှုန်များကြားတွင် နေထိုင်နေရသည်။ ပုံမှာ ယင်း ဒုက္ခသည် စခန်း အတွင်း ထမင်းစားနေသည့် ကလေးငယ်တဦးကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၃။ ၂၀၁၇ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သေနတ်သမား ကြည်လင်း၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံရသော NLD ဥပဒေအကြံပေး ဦးကိုနီ၏ အသုဘဈာပန အခမ်းအနား ဇန်နဝါရီလ ၃၀ ရက်မြင်ကွင်း (ဓာတ်ပုံ- ဧရာဝတီ) ၄။ ၂၀၁၇ ဇန်နဝါရီလအတွင်း ရန်ကုန်မြို့ တရုတ်ဘုံကျောင်း တခု၌ ကျင်းပသော တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်၌ ပျော်ရွင်စွာ ဆော့ကစားနေသော ကလေးငယ်တဦး (ဓာတ်ပုံ- ဧရာဝတီ) ၅။ ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၌ ၂၀၁၇ မတ်လ ၂၅ ရက်နေ့က ဖျော်ဖြေခဲ့သော အာဇာနည်စန်းစန်း ဆပ်ကပ်အဖွဲ့မှ အမျိုးသမီး တဦး၏ ပြကွက်တခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဧရာဝတီ) ၆။ ၂၀၁၇ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သော ၇၂ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ ချီတက်အလေးပြုကြသည့် တပ်မတော်သားများ (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၇။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့က တာမွေမြို့နယ် အတွင်း ကျင်းပသော ဟိန္ဒူ ဘာသာရေး မီးနင်းပွဲတော်တွင် ပါဝင်ဆင်နွဲနေသည့် ရိုးရာမီးနင်းပူဇော်နေသော ယုံကြည်သူ ဟိန္ဒူဘာသာဝင်တဦး (ဓာတ်ပုံ- ဧရာဝတီ) ၈။ ၂၀၁၇ ခုနှစ် ဧပြီ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်သည့် မန္တလေးမြို့တော်ဝန် မဟာသင်္ကြန် ၁၃၇၉ ဖွင့်ပွဲ မြင်ကွင်း (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ) ၉။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သော အတွင်းဝန်ရုံးသို့ ဝင်ရောက်လေ့လာရန် တန်းစီ စောင့်ဆိုင်းနေကြသော ပြည်သူများကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ-သက်ထွန်းနိုင်/ဧရာဝတီ) ၁၀။ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် တဖက်ကမ်းရှိ ငါးရံ့ခြောက် လုပ်ငန်းတွင် လုပ်ကိုင်နေသော အလုပ်သမတဦး (ဓာတ်ပုံ-ချမ်းစွန်း/ဧရာဝတီ) ၁၁။ မောင်တောမြို့နယ် တောင်ပိုင်းရှိ ရွှေ့ပြောင်းသွားသည့် မွတ်စလင် ဘာသာဝင်များ နေထိုင်ခဲ့သော ဂေါ်ဒူသာရ ကျေးရွာကို အမည်မသိ လူတစုက နေအိမ်များကို ၂၀၁၇ စက်တင်ဘာ ၇ ရက် နေ့လည် ၁၂ နာရီခန့်က မီးရှို့ဖျက်ဆီးခဲ့ရာ မီးလောင်ပြင်တွင် တွေ့ရသော လုံခြုံရေးတပ်ဖွဲ့ဝင်တဦး (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၁၂။၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် သတင်းယူရင်း စက်တင်ဘာလ ၂၇ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်နှိမ်နှင်းမှုကြောင့် သေဆုံးသွားသည့် ဂျပန်နိုင်ငံသား သတင်းထောက် ကန်ဂျီနာဂါအိ ၁၀ နှစ်ပြည့် အောက်မေ့ဖွယ် ပန်းစည်းချခြင်း အခမ်းအနားကို ၎င်း သေနတ်မှန်သေဆုံးခဲ့သော ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် သတင်းထောက်အချို့က ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၁၂၊ a။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရဲဘော်ကျ ကျေးရွာအတွင်း တူးဖော်တွေ့ရှိရသော ဟိန္ဒူဘာသာဝင် အလောင်းများနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၇ ရက်နေ့တွင် နိုင်ငံတော် အစိုးရ၏ အစီအစဉ်ဖြင့် ပြည်တွင်း၊ ပြည်ပ သတင်း မီဒီယာများ သတင်းယူခွင့်ပြုခဲ့သည်။ (ဓာတ်ပုံ-မင်းအောင်ခိုင်/ဧရာဝတီ) ၁၃။ မြန်မာ့တောဆင်ရိုင်များ သတ်ဖြတ်ခြင်းအား တားဆီးကာကွယ်ရေး လှုပ်ရှားမှုတခုကို ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဆင်ရုပ်များဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်းက ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၁၄။ နေပြည်တော်တွင် အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပသော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၁၅။ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုနယ်မြေ အမျိုးသားလုံခြုံရေးကို ခြိမိးခြောက်လာသည့် ရခိုင်ပြည်နယ်အရေး ဆွေးနွေးပွဲကို ဦးဆောင် ဟောပြောနေသော ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင် (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၁၆။ ၂၀၁၇ ခုနှစ် ဇူလိုင်လက ရှမ်းပြည်မြောက်ပိုုင်း နမ့်ဆန်မြို့နယ် အတွင်း TNLA က ဦးစီးပြုလုုပ်သည့် မူးယစ်ဆေးဝါး တိုုက်ဖျက်ရေးနေ့ အခမ်းအနားသိုု့ သွားရောက်သတင်းယူပြီး အပြန်တွင် ဧရာဝတီသတင်းဌာန နှင့် DVB သတင်းဌာတို့မှ သတင်းထောက်များကိုု တပ်မတော်က မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံသတင်ထောက်များ သီပေါတရားရုံုးသိုု့ စစ်ဆေးရန် ရုံုးထုုတ်လာစဉ် (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ) ၁၇။ သတင်းသမားများ ဖမ်းဆီးထောင်ချခံရမှုကိုု ကန့်ကွက်ခြင်း နှင့် ပုုဒ်မ ၆၆ ဃ ဖျက်သိမ်းရေး လက်မှတ်ရေးထိုုး လှုပ်ရှားမှုကို ရန်ကုုန်မြို့ မြို့တော်ခန်းမရှေ့တွင် ၂၀၁၇ ဇွန်လ ၃၀ ရက်နေ့က သတင်း မီဒီယာများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ စုပေါင်း ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၁၈။ ရန်ကုန်မြို့ ဒဂုံမြို့နယ် အတွင်း ဂျူဗလီဟောတည်ရှိရာ စစ်သမိုင်းပြတိုက်ဟောင်း အဆောက်အအုံအား ဆင့်မြင့်ဟိုတယ် စီမံကိန်းဖော်ဆောင်ရန် ဖြိုဖျက်ရှင်းလင်းရေး လုပ်ငန်းများ ပြုလုပ်နေသည်ကို ၂၀၁၇ သြဂုတ် ၁၄ ရက်နေ့က တွေ့ရသည်။ (ဓာတ်ပုံ-သက်ထွန်းနိုင်/ဧရာဝတီ) ၁၉။ ၂၀၁၇ အောက်တိုဘာလ၂၉ ရက်နေ့တွင်ပြုလုပ်သော မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲတွင် ထောက်ခံချီတက်လာကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၂၀။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးရှိ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင်သည်ဟု လူသိများသော ကန်တော်ကြီး ပဲလေ့စ် ဟိုတယ် မီးလောင်မှုဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level 4 အဆင့် သတ်မှတ်ပြီး မီးငြိမ်းသတ်ခဲ့ကြရသည်။ (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ) ၂၁။ ၂၀၁၇ အောက်တိုဘာလ ၂ ရက်မှ ၆ ရက်အထိ ၅ ရက်တိုင်ကျင်းပခဲ့သော နှစ်စဉ် ကျင်းပသော ရေကျော် သီတင်းကျွတ်မီးထွန်းပွဲတော်ကို တွေ့ရစဉ် (ဓာတ်ပုံ – ချမ်းစွန်း/ဧရာဝတီ) ၂၂။ ၂၀၁၇ နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည့် ONE Championship ၏ အထူးအစီအစဉ် Hero’s Dream ပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့် ကင်မရွန်းနွယ်ဖွားဟဲဗီးဝိတ်ကစားသမား အန်ဂယ်လာနီတို့ ယှဉ်ပြိုင်ထိုးသတ်နေစဉ် (ဓာတ်ပုံ- သက်ထွန်းနိုင်/ဧရာဝတီ) ၂၃။ ၂၀၁၇ စက်တင်ဘာလ ၂၅ ရက်နေ့က မန္တလေးမြို့ရှိ တောင်သမာန်အင်းတွင် နိုင်ငံခြားသားများ စုုပေါင်းကာ ငှက်လေစီးခြင်းနှင့် ဦးပိန်တံတား၏ နေဝင်ချိန်ကိုု ကြည့်ရှုနေကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ) ၂၄။ နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကျောက်ဆည်ဆင်ပွဲ မြင်ကွင်းတခု (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ) ၂၅။ မန္တလေးမြို့တွင် ၂၀၁၇ ဒီဇင်ဘာလ ၃ ရက်နေ့က ကျင်းပပြုလုုပ်ခဲ့သည့် ပရဟိတဆိုုင်ကယ်ပွဲတော်တွင် ဆိုုက်ကယ်စတန့်ပြသနေသည့် လူငယ်တဦး (ဓာတ်ပုံ- ဇော်ဇော်/ဧရာဝတီ) ၂၆။ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၁ မဟာရွှေမြင်တင်ဘုရား အနီး၌ တည်ထားကိုးကွယ်သော နဂါး ၉ ကောင် ရေထွက်စေတီတော်မြတ်ကြီးနှင့် နတ်ရေကန် ကန်တော်မင်္ဂလာတွင် ၁၄ ကြိမ်မြောက် အလင်းတိုင် ၁၄၀၀၀ ပူဇော်ပွဲကို ၂၀၁၇ နိုဝင်ဘာလ ၁၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ) ၂၇။ ၂၀၁၇ နိုဝင်ဘာလ ၅ ရက်နေ့က ရှမ်းပြည်တောင်ပိုုင်း ကလောမြို့တွင် မီးလျော်တိုုင်လွှတ်ပွဲကျင်းပနေစဉ် (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ) ၂၈။ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ (RC-2) ကို ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျာင်းခွဲ အဖြစ် ဖွင့်လှစ်ထားရာမှ ရန်ကုန်တက္ကသိုလ်ကျောင်သားများ တက်ရောက်ရန် အတွက် ရန်ကုန်တက္ကသိုလ်သို့ ပြန်လည်လွှဲပြောင်းခဲ့ပြီး၊ အဆိုပါ ကျောင်းဆောင်အချို့ပြင်ဆင်နေမှုများကို ၂၀၁၇ နိုဝင်ဘာလ ၂၃ ရက် နေ့လယ်ပိုင်းက တွေ့ရသည်။ (ဓာတ်ပုံ-သက်ထွန်းနိုင်/ဧရာဝတီ) ၂၉။ ၂၀၁၇ ဒီဇင်ဘာ ၇ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြိုသစ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမပေါ်ရှိ မသန်စွမ်း ဘောလုံးကွင်းနှင့် မသန်စွမ်း အားကစားရုံများတွင် ၂၉ ကြိမ်မြောက်မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်တဦး ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ-သက်ထွန်းနိုင်/ဧရာဝတီ) ၃၀။ ၂၀၁၇ နိုုဝင်ဘာလ ၁၇ ရက်နေ့က မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများတွင် ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေး ထိုုးပေးနေသည့် မြင်ကွင်း (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ) ၃၁။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်း အတွင်းရှိ ဦးပိန်တံတားအနီးတွင် ၂၀၁၇ ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၈ ရက်ကြာ ပြသထားသည့် Myanmar LED Beautiful World Festival ပြပွဲ မြင်ကွင်းတခု (ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ) ၃၂။ ၂၀၁၇ ဒီဇင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ညောင်ပင်ကျေးရွာအုပ်စု ဒိုင်းစုကျေးရွာအနီး အမှတ် ၅၃၂ ကွင်း၊ လယ်ကွင်းပြင်တွင် ဓာတ်ဆီ ဒီဇယ်လောင်စာ ပီပါများထားရှိသည့် နေရာ၌ မီးလောင်မှုဖြစ်ပွားရာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်နေစဉ်။ (ဓာတ်ပုံ-သက်ထွန်းနိုင်/ဧရာဝတီ) The post ဓာတ်ပုံများက ပြောသော ၂၀၁၇ appeared first on ဧရာဝတီ.
Source : http://ift.tt/2ChEodE
via IFTTT
Source : http://ift.tt/2ChEodE
via IFTTT
Subscribe to:
Posts (Atom)