Thursday, December 28, 2017


ရှမ်းလူထု အကြိုတွေ့ဆုံပွဲတွေကို တပ်မတော် ဘာကြောင့် ဟန့်တားခဲ့သလဲ ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) က ဦးဆောင် ကျင်းပနေသော အမျိုးသားအဆင့် ရှမ်းလူထု တွေ့ဆုံပွဲများကို တပ်မတော် က ဟန့်တားမှုများ ရှိခဲ့ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အစိုးရနှင့် တပ်မတော် အပေါ် ဝေဖန်နေကြသည်။ ယင်းသို့ ဟန့်တားခံရမှုများနှင့် ပတ်သက်၍ CSSU အဖွဲ့ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် အစိုးရတို့ အကြား ထိပ်တိုက် ဆွေးနွေးမှုများ ပြုလုပ်သွားနိုင်ရန် စီစဉ်လျှက်ရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ တွဲဖက် အတွင်းရေးမှူး -၂ စိုင်းကျော်ညွန့် က ပြောသည်။ စိုင်းကျော်ညွန့် က “အစိုးရနဲ့ ညှိနှိုင်းဖို့တော့ စီစဉ်နေပါတယ်။ ဒီရက်ပိုင်း တွေ့ဆုံဖို့ ရှိတယ်။ ဘယ်အချိန်လဲဆို အဆင်ပြေတဲ့ အချိန်ပေါ့။ လောဆယ်ကတော့ ၃၀ ရက် နေ့ဆိုရင် UPDJC အတွင်းရေးမှူး စည်းအဝေးရှိတယ်။ အဲ့ဒီ အချိန်မှာ RCSS ဘက် ကတော့ NRPC နဲ့ တွေ့ဆုံဖို့တော့ သူတို့ ချိန်းနေတာ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးခဲ့သော RCSS အနေဖြင့် ပထမအကြိမ်၊ ဒုတိယ အကြိမ် ၂၁ ပင်လုံ ညီလာခံများသို့ တက်ရောက်ခဲ့သော်လည်း NCA အတူ ရေးထိုးခဲ့သော အခြား အဖွဲ့များကဲ့သို့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးခွင့်မရရှိသေးပေ။ RCSS အနေဖြင့် ထိုဆွေးနွေးပွဲများကို ရှမ်းပြည်နယ်၏ မြို့တော်တောင်ကြီး၊ ပင်လုံ အပါအဝင် မြို့ကြီး အချို့တွင် ပြုလုပ်နိုင်ရန် အတွက် ဒုတိယ ပင်လုံမတိုင်ခင်ကတည်းက ကြိုးပမ်းနေသော်လည်း သဘောတူညီချက် မရခဲ့သဖြင့် ပြုလုပ်ခွင့်မရခဲ့ဘဲ ယခုတကြိမ် ကျင်းပမည့် တတိယ အကြိမ် ပင်လုံ မတိုင်ခင်တွင် ကျင်းပခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ RCSS အနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ (ရှမ်းလူမျိုး) ကို လင်းခေးမြို့တွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလထဲတွင် ကျင်းပနိုင်ကြောင်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) က ဆုံးဖြတ်ခဲ့ပြီးနောက် CSSU က ဦးဆောင်ပြီး အကြိုလူထုတွေ့ဆုံပွဲများကို ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ် စသည့် ပြည်နယ်များရှိ မြို့နယ် ၁၄ မြို့နယ်တွင် လိုက်လံ ကျင်းပနေသည်။ အမျိုးသားအဆင့် ရှမ်းလူထု အကြိုတွေ့ဆုံပွဲများသည် အစိုးရက ၂၀၁၈ ဇန်နဝါရီလထဲ၌ နေပြည်တော်တွင် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးသို့ တင်သွင်းရန်အတွက် လူထုသဘောထားကို ရယူနေခြင်း ဖြစ်ကြောင်းသိရသည်။ လုပ်ငန်းစဉ်အရ ထိုတွေ့ဆုံပွဲများတွင် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး စသည့် ကဏ္ဍ ၅ ခုကို ဆွေးနွေးကြမည်ဖြစ်ပြီး ထိုမှ ထွက်ရှိလာမည်ဖြစ်သော ဆုံးဖြတ်ချက် ရလဒ်များကို ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးတွင် တင်ပြဆွေးနွေးမည်ဖြစ်သည်။ ထိုသို့ ပြုလုပ်ရန်အတွက် ပင်လုံ၊ တာချီလိတ်၊ လားရှိုးနှင့် ကျောက်မဲ မြို့တို့တွင် ကျင်းပသော ရှမ်းလူထုတွေ့ဆုံပွဲများကို တပ်မတော်က ဟန့်တားခဲ့သဖြင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် လူထု တွေ့ဆုံမှု အနေဖြင့်သာ ကျင်းပနိုင်ခဲ့ကြောင်း SNLD ပါတီဘက်က ပြောသည်။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်မှ ၉ ရက်အထိ CSSU က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ၂၀၁၈၊ ဇန်နဝါရီလ ၇ ရက်နေ့မှ ၉ ရက်နေ့ အထိ ရှမ်းလူထု အကြို တွေ့ဆုံ ဆွေးနွေးပွဲ တရပ် ကျင်းပရန် ပြင်ဆင်ထားသည်။ သို့သော်လည်း အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (တောင်ကြီး) က သတ်မှတ်ပေးထားသော လင်းခေးမြို့၌သာ ကျင်းပရန် ဒီဇင်ဘာ ၁၉ ရက်နေ့က RCSS ထံ စာရေးသားပေးပို့ခဲ့သည်ဟု သိရသည်။ “တောင်ကြီးမှာ လုပ်မယ့် အကြိုဆွေးနွေးပွဲကိုလည်း ပေးမလုပ်တဲ့ သဘောရှိနေတာကိုး အဲတော့ တောင်ကြီးမှာ ကျနော်တို့ မလုပ်ရဘူးဆိုရင်တော့ ကျနော်တို့ လင်းခေးမှာ သွားလုပ်မယ့် ကိစ္စကိုလည်း ပြန်သုံးသပ်ရမယ်။ ဒါကတော့ ကျနော်တို့ စေ့စပ်ညှိနှိုင်း ကြည့်အုံးမှာပါ။ ယတိပြတ် ဘာမှ မဆုံးဖြတ်ထားသေးပါဘူး” ဟု စိုင်းကျော်ညွန့်က ပြောသည်။ CSSU တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ SSA အသွင်ပြောင်း စိန်ကျော့ ပြည်သူ့စစ် စသည့် ရှမ်းနိုင်ငံရေးပါတီနှင့် ရှမ်းလက်နက်ကိုင်များ ပါဝင်ကြသည်။ CSSU အထဲတွင် အစိုးရနှင့် NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသော ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) ကဲ့သို့သော အဖွဲ့အစည်းများ ပါနေသည်မှာလည်း ပုံစံမှားနေသည်ဟု မြင်ကြောင်း၊ တပ်မတော် အနေဖြင့် လက်မခံနိုင်သည့် အကြောင်းအရင်းထဲတွင် ထိုအချက်ပါဝင်နိုင်ကြောင်း အပစ်ရပ်အဖွဲ့ ခေါင်းဆောင်အချို့က ထောက်ပြသည်။ ထို့အပြင် CSSU အနေဖြင့် လူထုတွေ့ဆုံပွဲများ ကျင်းပရန်အတွက် အချို့နေရာများတွင် ဒေသသက်ဆိုင်ရာ တာဝန်ရှိသူများထံ အသိပေးမှု ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရကြောင်း တိုင်းရင်းသား အရေး စောင့်ကြည့်လေ့လာသူ အချို့ကလည်း ဆိုသည်။ အပစ်ရပ် ၈ ဖွဲ့ထဲတွင် သြဇာအကြီးဆုံးဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) က ၂၁ ပင်လုံ ဒုတိယ အစည်းအဝေး မတိုင်မီကတည်းက ကရင်လက်နက်ကိုင် သုံးဖွဲ့နှင့် နိုင်ငံရေးပါတီ၊ အရပ်ဖက် အဖွဲ့အစည်းများ ပူးပေါင်း၍ ကရင်ပြည်နယ်၏ မြို့တော် ဘားအံတွင် ကျင်းပခဲ့သည်။ KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က “ကျနော်တို့တုန်းက လူထု အကြိုတွေ့ဆုံပွဲလုပ်ခဲ့တယ်။ တားဆီးခံရတာတော့ မရှိခဲ့ဘူး။ ကျနော်တို့ လုပ်တုန်းကတော့ သက်ဆိုင်ရာဒေသ ကိုယ်စားလှယ်တွေ ဖိတ်ပြီး အသိပေးပြီး လုပ်တာ။ သူတို့ ကကျတော့ ဘယ်လိုလုပ်လဲ မသိဘူး။ လူထုတွေ့ဆုံပွဲပဲ လုပ်လုပ် ဆွေးနွေးပွဲပဲလုပ်လုပ် အသိပေးရတယ်”ဟု ပြောသည်။ ထို့အတူ အပစ်ရပ် အဖွဲ့ တဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) သည်လည်း ရှမ်းပြည်နယ် တောင်ကြီးမြို့အပါအဝင် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ကရင်၊ မွန် အပါအဝင် စုစုပေါင်း ၁၃ နေရာတွင် ကျင်းပခွင့်ရခဲ့ပြီး မည်သည့် တားဆီးမှုမှ ကြုံတွေ့ခဲ့ရခြင်း မရှိကြောင်း သိရသည်။ PNLO ဥက္ကဌ ခွန်မြင့်ထွန်း က “အခု RCSS က လုပ်တဲ့ ရှမ်းလူထု အကြိုတွေ့ဆုံပွဲ လုပ်တာ အသေးစိတ်တော့ ပြောရခက်တယ်။ ကျနော်တို့ လည်း မသိဘူး။ ကျနော်တို့ လုပ်တုန်းကတော့ ကျင်းပရေးကော်မတီဖွဲ့ အဲ့ဒီအဖွဲ့ကနေပြီးတော့ လုပ်တာ လူထု အကြို တွေ့ဆုံပွဲတွေလည်း လုပ်ခဲ့တယ်။ တားဆီးခံရတာတော့ မရှိဘူး။ တောင်ကြီးမှာလည်း အကြို လူထု တွေ့ ဆုံပွဲ လုပ်ခဲ့ဖူးတယ်။ အတားအဆီးမခံရဖူးဘူး”ဟု ပြောသည်။ ရှမ်းလူထု အကြို တွေ့ဆုံ ဆွေးနွေးပွဲများကို တားဆီးနေခြင်းက အစည်းအဝေး ဆုံးဖြတ်ချက်များတွင် လင်းခေး မြို့မှာသာ ကျင်းပခွင့်ရှိကြောင်း၊ တခြား နေရာများတွင် အကြို ဆွေးနွေးပွဲများ ကျင်းပနိုင်ကြောင်း တရားဝင် ဆုံးဖြတ်ခြင်း မရှိကြောင်း ငြိမ်းချမ်းရေးကော်မရှင် (PC) အတွင်းရေးမှူး အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး က ပြော သည်။ ဦးခင်ဇော်ဦး က “အကြို ညှိနှိုင်း အစည်းအဝေး ဆိုတာကတော့ ကျနော်တို့ တရားဝင် အစည်းအဝေး ဆုံးဖြတ်ချက်ထဲမှာ မပါ ဘူး။ သူ့ကိုတော့ လင်းခေးမှာ လူမျိုးအလိုက် အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ လုပ်ဖို့ပဲ ဆုံးဖြတ်ချက်ထဲမှာရှိတယ်။ အစည်းအဝေး ဆုံးဖြတ်ချက် မရှိတဲ့အတွက်ကြောင့် အစိုးရက တားတာ ဖြစ်ပါလိမ့်မယ်လို့ ယူဆတာပါ ခင်ဗျာ”ဟု ၎င်းက ပြောသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကလည်း တခြားသော နေရာများတွင် ရှမ်း လူထု အကြို တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပနိုင်ကြောင်း တရားဝင် ဆုံးဖြတ်ချက် ချမှတ်ပေးထားခြင်း မရှိ ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် တဦးက ပြောသည်။ “အမျိုးသားအဆင့် အကြိုပွဲတွေ လုပ်တယ်ဆိုတာ ပြည်သူ လူထုရဲ့ သဘောထားကို ရယူခြင်း ဖြစ်တယ်။ ကျနော်တို့ကတော့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍကို ထည့်သွင်း စဉ်းစားတဲ့ အတွက်ကြောင့်မလို့ ဒီလို ကျယ်ကျယ်ပြန့်ပြန့် လုပ်တာပေါ့။ အစိုးရရော၊ စစ်တပ်ရော အနေနဲ့က ဒါတွေ ပေးမလုပ်ဘူးဆိုရင် ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးမှာ ပြည်သူတွေ ပါတာကို မလိုချင်ဘူးလားပေါ့။ အဲဒါ မေးစရာ ရှိပါ တယ်” ဟု စိုင်းကျော်ညွှန့်က ပြောသည်။ The post ရှမ်းလူထု အကြိုတွေ့ဆုံပွဲတွေကို တပ်မတော် ဘာကြောင့် ဟန့်တားခဲ့သလဲ appeared first on ဧရာဝတီ.
Source : http://ift.tt/2Dqhk9o
via IFTTT

No comments:

Post a Comment