Thursday, December 28, 2017


ဒီဇင်ဘာလ ၂၉ ရက်တွင် လွိုင်ကော်မြို့၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကယားပြည်နယ် လူထုကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်မည် ဒီဇင်ဘာလ ၂၉ ရက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကယားပြည်နယ် လူထုကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်ဖြစ်ကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လွိုင်ကော် ငြိမ်းချမ်းရေးစကားဝိုင်း ခရီစဉ်သည် နေ့ချင်းပြန် ခရီးစဉ်ဖြစ်ပြီး ငြိမ်းချမ်းရေး စကားဝိုင်းကို ၂၉ ရက် နံနက်ပိုင်းတွင် ပြည်နယ်ခန်းမတွင် ကျင်းပမည်ဖြစ်ကာ နေ့လယ်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံမည်ဟု ကယာပြည်နယ် အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီးရယ်က The Ladies News သို့ ပြောကြားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံခွင့်ရရန် ပြည်နယ်ဝန်းကြီးချုပ်ထံသို့ တင်ပြထားပြီး တွေ့ဆုံခွင့်ရပါက KNPP တပ်သား ၃ ဦးနှင့် အရပ်သားတစ်ဦး အသတ်ခံရသည့်ကိစ္စကို တင်ပြမည်ဟု လွိုင်ကော်မြို့ရှိ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ်က ပြောကြားသည်။ လွိုင်ကော်မြို့တွင် ပြုလုပ်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ်၏ ငြိမ်းချမ်းရေး စကားဝိုင်းသည် ယခုနှစ်အတွင်း၌ ငါးကြိမ်မြောက် ပြုလုပ်မည့် စကားဝိုင်းလည်း ဖြစ်သည်။ ယခင်က ရှမ်းပြည်နယ် ပင်လုံမြို့တွင် တစ်ကြိမ်၊ နေပြည်တော်တွင် နှစ်ကြိမ်၊ မန္တလေးတိုင်း ဝမ်းတွင်းမြိုနယ်ရှိ မြေတိုင်ကန် ကျေးရွာတွင် တစ်ကြိမ် ပြုလုပ်ထားသည်။ ပုံစာ - မြေတိုင်ကန်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးစကားဝိုင်း အောင်ရဲနောင် The Ladies News
Source : http://ift.tt/2pNNCZZ
via IFTTT

No comments:

Post a Comment