မုံရွာမြို့တဝိုက် ငလျင်လှုပ်ခတ် အပျက်အစီးမရှိဟုဆို ယနေ့နံနက်အစောပိုင်းက မုံရွာမြို့ အနောက်တောင်ဘက်ကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သော်လည်း အသေအပျောက်၊ အပျက်အစီးမရှိသေးကြောင်း စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနမှ သိရသည်။ “ကျနော်တို့တိုင်းထဲက ငလျင်ဒဏ်ခံစားလိုက် ရတဲ့မြို့နယ်တွေဆီကိုလှမ်းမေးပြီးပါပြီ။ အခုချိန်ထိတော့ (နံနက် ၉နာရီခွဲအထိ) ဘာအပျက်အစီး၊ အသေအပျောက်စာရင်းမှ တက်မလာသေးပါဘူး” ဟု အဆိုပါ ဌာနမှ ဦးစီးမှူးဦးသန့်ဇော်မောင်က ဧရာဝတီကို အတည်ပြုပြောသည်။ အဆိုပါ ငလျင်သည် ယနေ့ ဒီဇင်ဘာ ၂၉ ရက် နံနက် ၂နာရီခွဲခန့်တွင် မန္တလေးမြေငလျင်စခန်းမှ တိုင်းထွာချက်အရ မုံရွာမြို့ အနောက် တောင်ဘက် ၅၅ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မုံရွာ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ စသည့် မြို့နယ်တု့ိတွင် ငလျင်ဒဏ် ခံစားလိုက်ရ ကြောင်း စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ သိရသည်။ “ကျနော်တို့ဆီမှာတော့ ဘာတွေ ပျက်စီးဆုံးရှုံးသွားတယ်ဆိုတာ ခုထိတော့ မကြားမိသေးပါဘူး။ ညက ငလျင်လှုပ်လိုက ်တာတောင် တချို့က သိပ်သတိ မထားမိကြဘူး။” ဟု ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောမောင်က ဧရာဝတီကို ပြောသည်။ The post မုံရွာမြို့တဝိုက် ငလျင်လှုပ်ခတ် အပျက်အစီးမရှိဟုဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2DuEn2O
via IFTTT
No comments:
Post a Comment