၅၂ လမ်းနေ့ညဈေးမှာ ရောင်းချမယ့်သူတွေကို ရောင်းချခွင့်ကတ်ပြားစထုတ်ပေးနေပြီ ဒီဇင်ဘာ - ၂၈ ၊၂၀၁၇ ပုဇွန်တောင်မြို့နယ်က ၅၂လမ်းနေ့ညဈေးမှာ ဈေးရောင်းမယ့်ဈေးသည်တွေကို ဒီကနေ့ ဒီဇင်ဘာ၂၈ရက်မှာ တရားဝင်ဈေးရောင်းချခွင့်ကတ်ပြားတွေ ထုတ်ပေးခဲ့ပါတယ်။ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီအုပ်ချုပ်ရေးမှူးရုံးမှာ ထုတ်ပေးခဲ့တာဖြစ်ပြီး အဲဒီ့လုပ်ငန်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ မနက်ပိုင်းဈေးရောင်းချသူတွေက ဆိုင်ခန်းတစ်ခန်းကို ငွေကျပ်တစ်သောင်းခွဲ ညပိုင်းရောင်းချသူတွေက နှစ်သောင်းနှုန်းပေးဆောင်ပါက တရားဝင်ဈေးရောင်းချခွင့်ကတ်ကိုရရှိမှာဖြစ်ပါတယ်။ အဲဒီ့ဈေးမှာ ဆိုင်ခန်းပေါင်း၁၃၀ရှိပြီး မနက်ပိုင်းဈေးရောင်းသူတွေက မနက်၆နာရီမှ၁၂နာရီထိ၊ ညပိုင်းဈေးရောင်းသူတွေက ညနေ၃နာရီကနေ ည၁၁နာရီထိရောင်းချခွင့်ပြုမှာဖြစ်ပါတယ်။ အဲဒီ့ဈေးမှာ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အောက်ပုဇွန်တောင်လမ်း၊ အထက်ပုဇွန်တောင်လမ်း၊ ဗိုလ်မြတ်ထွန်းလမ်း၊ အနော်ရထားလမ်း စတဲ့လမ်းတွေက လမ်းဘေးဈေးသည်တွေ ပြောင်းရွှေ့ရောင်းချရမှာဖြစ်ပါတယ်။ အဲဒီ့ဈေးသည်တွေအနေနဲ့ ဇန်နဝါရီလ၃ရက်နေ့နောက်ဆုံးထားပြီး ၅၂လမ်းဈေးကို ပြောင်းရွှေ့ဖွင့်လှစ်ရမှာဖြစ်ပါတယ်။ မပြောင်းရွှေ့ဘဲ ပုံမှန်အတိုင်းသာဆက်လက်ရောင်းချနေပါက စည်ပင်ဥပဒေအရ အရေးယူဆောင်ရွက်မယ်လို့သိရပါတယ်။ ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော် #၅၂ လမ်း #နေ့ညဈေး #LocalNews #7DayNews #7DayTV (7Day News ဂျာနယ်နှင့် 7Day Daily သတင်းစာရဲ့ ရုပ်သံတင်ဆက်မှုတွေကို 7Day TV ဖေ့စ်ဘွတ်စာမျက်မှာ ဝင်ရောက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။)
Source : http://ift.tt/2zKi7Qu
via IFTTT
No comments:
Post a Comment