Friday, December 29, 2017

The Voice

ဒမတ်စကတ်မြို့ သူပုန် ထိန်းချုပ်နယ်မြေမှ လူနာများ ကယ်ထုတ်မှု စတင် ဒမတ်စကတ်၊ ဒီဇင်ဘာ ၂၈ ဆီးရီးယားမြို့တော် ဒမတ်စကတ် ဆင်ခြေဖုန်း သူပုန် ထိန်းချုပ်နယ်မြေတစ်ခုမှ လူနာများကို ကယ်ထုတ်မှု စတင်လုပ်ဆောင်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။ ဆိုးဆိုးရွားရွား နာမကျန်းဖြစ်နေသော လူနာလေးဦးကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့နှင့် ဆီးရီးယားအာရပ် လခြမ်းနီအဖွဲ့တို့က အရှေ့ပိုင်းဂိုတာအရပ်မှ ညသန်းခေါင်ယံတွင် ကယ်ထုတ်ခဲ့ခြင်း ဖြစ်သည်။ နောက်ရက်ပိုင်းတွင် နောက်ထပ် ၂၅ ဦးကို ဆက်လက်ရွှေ့ပြောင်းမည် ဖြစ်သည်။ သို့သော်လည်း အထူးကုသမှု ခံယူရန် လိုအပ်နေသူမှာ ရာချီရှိနေသည်ဟု သိရသည်။ ဒေသခံ လေးသိန်းခန့်မှာ ၂၀၁၃ ခုနှစ်ကတည်းက အစိုးရတပ်များ၏ ပိတ်ဆို့မှု ခံနေရခြင်းဖြစ်သည်။ အရှေ့ပိုင်း ဂိုတာဒေသကို “တင်းမာမှု လျှော့ချသည့်ဇုန်” ဟု ဆီးရီးယားအစိုးရ၏ မဟာမိတ်ရုရှားနှင့် အီရန် အတိုက်အခံများကို ထောက်ခံသူ တူရကီတို့ နှစ်ဖက်စလုံးက သတ်မှတ်ထားသည်။ သို့သော်လည်း လွန်ခဲ့သော ခြောက်ပတ်ခန့်က တင်းမာမှုမြင့်တာလာခဲ့ပြီး သူပုန်တို့၏ ထိုးစစ်ကို တုံ့ပြန်သည့်အနေနှင့် ဆီးရီးယားစစ်ဘက်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သား ဒါဇင်ချီ သေဆုံးခဲ့သည်။ စားနပ်ရိက္ခာ၊ လောင်စာနှင့် ဆေးဝါးများလည်း ဆိုးဆိုးရွားရွား ပြတ်လပ်နေပြီး အေးလွန်းလှသည့် ဆောင်းရာသီကြောင့် လူနာများ၏ အခြေအနေ ပိုဆိုးလာမည်ကို စိုးရိမ်နေကြသည်။
Source : https://goo.gl/RYuqkm
via IFTTT

No comments:

Post a Comment