Thursday, December 28, 2017

The Mandalay News Journal

မန္တလေးတိုင်းဒေသကြီး မြင်းခြံဒေသတွင် ၂၂၅ မဂ္ဂါဝပ်ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ စမ်းသပ်မောင်းနှင် မန္တလေးတိုင်းဒေသကြီး မြင်းခြံဒေသတွင် Sembcorp Myingyan Power Company Limited မှ IPP/BOT စနစ်ဖြင့် အကောင်အထည်ဖော်လျက် ရှိသော ၂၂၅ မဂ္ဂါဝပ်ထွက်ရှိမည့် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ စမ်းသပ်မောင်းနှင်ခြင်းအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း မှ တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၄ ရက်တွင် မြင်းခြံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက် ရေးလုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးသည်။ အဆိုပါ ၂၂၅ မဂ္ဂါဝပ် ထုတ်လုပ်မည့် မြင်းခြံသဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံ တည်ဆောက် ဆောင် ရွက်ခဲ့မှု၊ စမ်းသပ်မောင်းနှင်လည်ပတ်မှု အခြေ အနေအား စက်ရုံအတွင်းရှိ ရှင်းလင်း ဆောင်တွင် တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။ ဓာတ်အားပေးစက်ရုံ စီမံကိန်းမှာ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ သံမဏိစက်ရုံဝင်းအတွင်း တည်ရှိပြီး သဘာဝဓာတ်ငွေ့သုံးစက်(Gas Turbine)၇၁ ဒသမ ၅ မဂ္ဂါဝပ် နှစ်လုံး၊ စွန့်ပစ် အပူသုံး ဓာတ်အားပေးစက်ရုံ ((Stream Turbine Generation)၈၂ မဂ္ဂါဝပ် တစ်လုံး တည်ဆောက်ခြင်း လုပ်ငန်းကို (၂၉-၃-၂၀၁၆) မှ စတင်ဆောင်ရွက်ခဲ့ပြီး လိုအပ်သော သဘာဝဓာတ်ငွေ့ ကို ရွှေကမ်းလွန်မှ ဖြည့်ဆည်းဆောင် ရွက်ပေးမည်ဖြစ်သည်။ စက်ရုံမှ ထွက်ရှိလာသည့် ဓာတ်အားများကို ၂၃၀ ကေဗွီ မြင်းခြံ(သံမဏိ) ပင်မ ဓာတ်အားခွဲရုံမှတစ်ဆင့် ဓာတ်အားစနစ် ကွန်ရက်အတွင်းသို့ ပို့လွှတ်သွားမည် ဖြစ်သည်။ လက်ရှိ ပထမအဆင့်အနေဖြင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး (Gas Turbine) ၇၁ ဒသမ ၅ မဂ္ဂါဝပ် စက်နှစ်လုံးကို စမ်းသပ်မောင်းနှင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါစက်ရုံမှ ဓာတ်အားများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ ပုံမှန် ထုတ်လုပ်နိုင်ရေးအတွက် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source : http://ift.tt/2llKWh5
via IFTTT

No comments:

Post a Comment