Friday, December 29, 2017

The Voice

ရန်ကုန် ဘတ်စ်ကားလိုင်းအချို့တွင် အခမဲ့ အင်တာနက်စလွှင့် ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများအနက် YUPT နှင့် YBPC ကုမ္ပဏီပိုင် ယာဉ်လိုင်းတို့တွင် Wifi တပ်ဆင်ပြေးဆွဲလျက်ရှိပြီး ခရီးသည်များကို အခမဲ့အသုံးပြုခွင့်ပေးထားကြောင်း အဆိုပါကုမ္ပဏီများထံမှ သိရှိရသည်။ ခရီးသည်များအနေနှင့် လက်ကိုင်ဖုန်းမှနေ၍ “YBS Free Wifi” အမည်ကို ရှာဖွေရမည်ဖြစ်ပြီး ဘတ်စ်ကား ဝန်ဆောင်မှုနှင့် ပတ်သက်သော မေးခွန်းများကို ဖြေဆိုကာ အသုံးပြုနိုင်မည်ဖြစ်သည်။ ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီအနေနှင့် YBS ယာဉ်လိုင် ၇ နှင့် ၃၆ ယာဉ်လိုင်းတွင် Wifi ထုတ်လွှင့်ပေးထားပြီး အလိုအလျောက် မှတ်တိုင်အသိပေးစနစ်လည်း တပ်ဆင်မောင်းနှင်နေကြောင်း အဆိုပါ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က ပြောကြားသည်။ တရုတ်နည်းပညာကုမ္ပဏီတစ်ခုက Wifi တပ်ဆင်ပေးထားပြီး ခရီးသွားပြည်သူများကို Wifi အခမဲ့သုံးစွဲခွင့်ပေးသော်လည်း မီဂါဗိုက် (MB) များပြားသည့် ဗီဒီယိုဖိုင်များကိုမူ ဒေါင်းလုဒ်စွဲ၍ ရမည်မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။ Wifi သုံးစွဲခွင့်ပေးထားမှာ ကောင်းမွန်သည့် ဝန်ဆောင်မှုဖြစ်သော်လည်း ထိုင်ခုံ အနည်းငယ်သာ ပါရှိသောကြောင့် ယာဉ်ပေါ်ရှိ ခရီးသည်အားလုံး သုံးစွဲခွင့်မရနိုင်ကြောင်း၊ အင်တာနက်လိုင်းဆွဲအား အားနည်းနေသေးကြောင်း YBS ၃၆ ယာဉ်လိုင်းကို နေ့စဉ်စီးနင်းသည့် ခရီးသည်တစ်ဦးက ပြောကြားသည်။ ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သောကုမ္ပဏီ (YBPC) လက်အောက်ရှိ YBS ၃၇ ယာဉ်လိုင်းအနေနှင့် ခရီးသည်များ အခမဲ့ Wifi သုံးစွဲမှု အဆင်ပြေပါက အခြားယာဉ်လိုင်းများတွင်ပါ Wifi တိုးချဲ့တပ်ဆင်ပေးမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။ “အခုက စမ်းသပ်တဲ့ကာလပဲ ရှိပါသေးတယ်။ အောင်မြင်တယ်ဆို ယာဉ်တွေအကုန် တပ်ပေးမှာပါ။ ကျွန်တော်တို့ ကုမ္ပဏီက သုံးနေတဲ့ Wifi ကို MPT က တပ်ပေးတာ”ဟု YBPC ကုမ္ပဏီတာဝန်ခံ ဦးမောင်သောင်းက ပြောဆိုသည်။ YBPC ကုမ္ပဏီသည် ယာဉ်လိုင်းလေးလိုင်းကို တာဝန်ယူပြေးဆွဲလျက်ရှိပြီး YBS ၃၇ ယာဉ်လိုင်းတွင် ယာဉ်စီးရေ ၁၈၀ ကျော်ဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိသည်။ YUPT ကုမ္ပဏီအနေနှင့် YBS ယာဉ်လိုင်းပေါင်း ၂၀ တာဝန်ယူပြေးဆွဲနေကာ YBS ၃၆ ယာဉ်လိုင်းတွင် ယာဉ်စီးရေ ၁၂၀ ကျော်ဖြင့် နေ့စဉ် ပြေးဆွဲနေကာ၊ YBS ၇ ယာဉ်လိုင်းက ယာဉ်စီးရေ ၁၂၀ စီးဖြင့် ခရီးသည်များကို ပို့ဆောင်လျက်ရှိကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
Source : https://goo.gl/Y7DhEu
via IFTTT

No comments:

Post a Comment